International Match Report World Cup

ဂိုးသွင်းဘုရင်ဖြစ်ဖို့ ရှေ့တက်လာတဲ့ ဂက်ခ်ပိုနဲ့ ကာတာကို သာယာစွာ အနိုင်ယူတဲ့ နယ်သာလန်

နယ်သာလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နော့ပတ်၊ ခံစစ်မှာ တင်မ်ဘာ၊ ဗန်ဒိုက်နဲ့ အာကေတို့ကိုပဲ ဆက်လက်သုံးစွဲခဲ့ပြီး ကွင်းလယ်မှာတော့ ဖရင်ကီ ဒီရွန်း၊ ဒီယုံး၊ ကလာ့စ်ဆန်၊ ဒမ်းဖရီးစ်နဲ့ ဘလင်းဒ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဒီပိုင်းနဲ့ ဂက်ခ်ပိုတို့ကို တွဲဖက် ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ကာတာအသင်းကတော့ ဂိုးသမား ဘာရှမ်၊ ခံစစ်မှာ ခူးခီ၊ ပက်ဒရို မီဂယ်လ်၊ ဟက်ဆန်၊ ဟိုမမ် အာမက်နဲ့ အစ္စမဲလ် မိုဟာမက်တို့ကို စုဖွဲ့လာခဲ့သလို ကွင်းလယ်မှာတော့ ဟာတင်မ်၊ မာဒီဘိုနဲ့ အယ်လ်ဟေးဒို့စ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ အက်ခ်ရမ် အဖစ်ဖ်နဲ့ အယ်လ်မို့ဇ် အလီတို့ကိုပဲ အသုံးပြုခဲ့တာပါ။

ကာတာတို့ဘက်က အယ်လ်ဟေးဒို့စ်က ပွဲချိန် ၃ မိနစ်မှာ ဂိုးပေါက်တည့်အောင် ပထမဆုံး ကန်နိုင်ခဲ့ပေမယ့် ဘောလုံးကိုတော့ ဒတ်ချ်တွေပဲ ထိန်းချုပ်ထားနိုင်ခဲ့ပြီး တစ်မိနစ်အကြာမှာတော့ ဘလင်းဒ်က တုံ့ပြန်နိုင်ခဲ့ပြီး ဂိုးသမား ဘာရှမ် ကာကွယ်နိုင်ခဲ့သလို နယ်သာလန်တို့ ဆက်တိုက်ဆိုသလို တိုက်စစ်ဆင်ကစားနေခဲ့ပေမယ့် အိမ်ရှင်တွေ ခံစစ်က စုစည်းပြီး တောင့်ခံထားနိုင်ခဲ့ပါတယ်။

နယ်သာလန်တိုက်စစ်က ဒီပိုင်းကတော့ ရှိသမျှ ဂုဏ်သိက္ခာတွေ ဒီကမ္ဘာ့ဖလားမှာ ကုန်ပြီလို့ပဲ ပြောရမလိုဖြစ်နေခဲ့ပြီး အဝင်အထွက်နဲ့ အဆုံးသတ်ပိုင်းတွေမှာ စိတ်ပျက်စရာဖြစ်နေခဲ့သလို သူ့ကို ဘာစီလိုနာကသာ စာချုပ်ဖျက်ရင် တခြားဥရောပအသင်းကြီးတွေက ခေါ်ဖို့ထက် ဒတ်ချ်လိဂ်ပဲ ပြန်ရမယ့် ပုံစံမျိုးဖြစ်နေခဲ့တာပါ။

ပွဲချိန် ၂၆ မိနစ်မှာတော့ နယ်သာလန်တို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ကလာ့စ်ဆန် ပေးတဲ့ ဘောလုံးကို ကာတာဖလားမှာ သူများတွေထက်ပိုပြီး ဂိုးလာဘ်ရော ကံပါ ကောင်းနေခဲ့တဲ့ ဒီပိုင်းက ကာတာနောက်တန်းတွေ ဘယ်သူမှ ဝင်မဖျက်ဘဲ တုံ့ဆိုင်းနေတဲ့ ဧရိယာထိပ်တည့်တည့်ကနေ ညာဘက်တိုင်ခြေကို လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းအဆုံးသတ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ကာတာတို့ဘက်က ချေပဂိုးရဖို့ ပြန်ကြိုးစားခဲ့ပေမယ့် ကွင်းလယ်ပိုင်းမှာ အရည်အသွေး နိမ့်ပါးမှုကြောင့် ခပ်ဝေးဝေးကပဲ ဂိုးသမားကို လေ့ကျင့်ပေးတဲ့ အကွက်တွေ ဖြစ်နေခဲ့သလို နယ်သာလန်တို့ကို ကစားကွက်ချင်း ယှဉ်ကစားနိုင်တာမျိုး မရှိတာကြောင့် ဒီနှစ်မှာ အိမ်ရှင်လုပ်ခဲ့တဲ့ ရေနံသူဌေးတွေအတွက် ငွေဟာ ဘောလုံးအဆင့်အတန်း မဟုတ်ကြောင်းကိုလည်း ပညာရသွားခဲ့တာပါ။

ပထမပိုင်းမှာ နယ်သာလန်တို့က တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့ကြပြီး ဒုတိယပိုင်း ပွဲချိန် ၄၉ မိနစ်မှာ နောက်ထပ် ဦးဆောင်ဂိုး ရယူသွားနိုင်ခဲ့သလို ညာခြမ်းက ဖြတ်တင်ဘောကို ကာတာနောက်ခံလူတွေ ဘောလုံးရှင်းထုတ်ပုံ ညံ့ခဲ့တာကြောင့် ဘယ်ဘယ်တိုင်ဘေးကနေ ဒီပိုင်း ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဘာရှမ် ကာကွယ်နိုင်ခဲ့ပေမယ့် ကြက်သေသေနေတဲ့ ခံစစ်သမားနှစ်ယောက်ကြားကို ဒီယုံးက ရောက်လာပြီး ထပ်မံပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်မှာတော့ နယ်သာလန်တို့ဘက်က ကလာ့စ်ဆန်၊ ဒီပိုင်း၊ ဂက်ခ်ပို၊ ဒီရွန်းနဲ့ ဒီယုံးတို့အစား ဘာ့ဂ်ဟာ့စ်၊ ယန်ဆန်၊ ဗက်ဂ်ဟော့စ်၊ ကူးပ်မိန်နာစ်နဲ့ တေလာတို့ကို လူစားလဲပြီး အနားပေးသွားခဲ့သလို ပွဲချိန် ၆၈ မိနစ်မှာ ဘာ့ဂ်ဟာ့စ်က တတိယဂိုး သွင်းခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် ကာတာတို့တွေ နှစ်ဂိုးထက် ပိုမပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ နယ်သာလန်တို့က နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး သုံးပွဲကစားအပြီးမှာ နှစ်ပွဲနိုင် တစ်ပွဲသရေ၊ ရမှတ် ၇ မှတ်နဲ့ အုပ်စု(A)ရဲ့ ပထမနေရာကနေ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ချိန်မှာ အိမ်ရှင်အဖြစ်နဲ့ သုံးပွဲစလုံး ရှုံးပြီး စံချိန်သစ်တင်ခဲ့ပြန်တဲ့ ကာတာတို့ကတော့ အုပ်စုရဲ့ အောက်ဆုံးကနေ ဘယ်သူမှ မကယ်နိုင်ဘဲ အောင်ဖျာလိပ်ခဲ့ရပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နယ္သာလန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေနာ့ပတ္၊ ခံစစ္မွာ တင္မ္ဘာ၊ ဗန္ဒိုက္နဲ႔ အာေကတို႔ကိုပဲ ဆက္လက္သုံးစြဲခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖရင္ကီ ဒီ႐ြန္း၊ ဒီယုံး၊ ကလာ့စ္ဆန္၊ ဒမ္းဖရီးစ္နဲ႔ ဘလင္းဒ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဒီပိုင္းနဲ႔ ဂက္ခ္ပိုတို႔ကို တြဲဖက္ ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ကာတာအသင္းကေတာ့ ဂိုးသမား ဘာရွမ္၊ ခံစစ္မွာ ခူးခီ၊ ပက္ဒ႐ို မီဂယ္လ္၊ ဟက္ဆန္၊ ဟိုမမ္ အာမက္နဲ႔ အစၥမဲလ္ မိုဟာမက္တို႔ကို စုဖြဲ႕လာခဲ့သလို ကြင္းလယ္မွာေတာ့ ဟာတင္မ္၊ မာဒီဘိုနဲ႔ အယ္လ္ေဟးဒို႔စ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ အက္ခ္ရမ္ အဖစ္ဖ္နဲ႔ အယ္လ္မို႔ဇ္ အလီတို႔ကိုပဲ အသုံးျပဳခဲ့တာပါ။

ကာတာတို႔ဘက္က အယ္လ္ေဟးဒို႔စ္က ပြဲခ်ိန္ ၃ မိနစ္မွာ ဂိုးေပါက္တည့္ေအာင္ ပထမဆုံး ကန္ႏိုင္ခဲ့ေပမယ့္ ေဘာလုံးကိုေတာ့ ဒတ္ခ်္ေတြပဲ ထိန္းခ်ဳပ္ထားႏိုင္ခဲ့ၿပီး တစ္မိနစ္အၾကာမွာေတာ့ ဘလင္းဒ္က တုံ႔ျပန္ႏိုင္ခဲ့ၿပီး ဂိုးသမား ဘာရွမ္ ကာကြယ္ႏိုင္ခဲ့သလို နယ္သာလန္တို႔ ဆက္တိုက္ဆိုသလို တိုက္စစ္ဆင္ကစားေနခဲ့ေပမယ့္ အိမ္ရွင္ေတြ ခံစစ္က စုစည္းၿပီး ေတာင့္ခံထားႏိုင္ခဲ့ပါတယ္။

နယ္သာလန္တိုက္စစ္က ဒီပိုင္းကေတာ့ ရွိသမွ် ဂုဏ္သိကၡာေတြ ဒီကမာၻ႔ဖလားမွာ ကုန္ၿပီလို႔ပဲ ေျပာရမလိုျဖစ္ေနခဲ့ၿပီး အဝင္အထြက္နဲ႔ အဆုံးသတ္ပိုင္းေတြမွာ စိတ္ပ်က္စရာျဖစ္ေနခဲ့သလို သူ႔ကို ဘာစီလိုနာကသာ စာခ်ဳပ္ဖ်က္ရင္ တျခားဥေရာပအသင္းႀကီးေတြက ေခၚဖို႔ထက္ ဒတ္ခ်္လိဂ္ပဲ ျပန္ရမယ့္ ပုံစံမ်ိဳးျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ နယ္သာလန္တို႔ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ကလာ့စ္ဆန္ ေပးတဲ့ ေဘာလုံးကို ကာတာဖလားမွာ သူမ်ားေတြထက္ပိုၿပီး ဂိုးလာဘ္ေရာ ကံပါ ေကာင္းေနခဲ့တဲ့ ဒီပိုင္းက ကာတာေနာက္တန္းေတြ ဘယ္သူမွ ဝင္မဖ်က္ဘဲ တုံ႔ဆိုင္းေနတဲ့ ဧရိယာထိပ္တည့္တည့္ကေန ညာဘက္တိုင္ေျခကို လြတ္လြတ္ကြၽတ္ကြၽတ္ ကန္သြင္းအဆုံးသတ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ကာတာတို႔ဘက္က ေခ်ပဂိုးရဖို႔ ျပန္ႀကိဳးစားခဲ့ေပမယ့္ ကြင္းလယ္ပိုင္းမွာ အရည္အေသြး နိမ့္ပါးမႈေၾကာင့္ ခပ္ေဝးေဝးကပဲ ဂိုးသမားကို ေလ့က်င့္ေပးတဲ့ အကြက္ေတြ ျဖစ္ေနခဲ့သလို နယ္သာလန္တို႔ကို ကစားကြက္ခ်င္း ယွဥ္ကစားႏိုင္တာမ်ိဳး မရွိတာေၾကာင့္ ဒီႏွစ္မွာ အိမ္ရွင္လုပ္ခဲ့တဲ့ ေရနံသူေဌးေတြအတြက္ ေငြဟာ ေဘာလုံးအဆင့္အတန္း မဟုတ္ေၾကာင္းကိုလည္း ပညာရသြားခဲ့တာပါ။

ပထမပိုင္းမွာ နယ္သာလန္တို႔က တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရေနခဲ့ၾကၿပီး ဒုတိယပိုင္း ပြဲခ်ိန္ ၄၉ မိနစ္မွာ ေနာက္ထပ္ ဦးေဆာင္ဂိုး ရယူသြားႏိုင္ခဲ့သလို ညာျခမ္းက ျဖတ္တင္ေဘာကို ကာတာေနာက္ခံလူေတြ ေဘာလုံးရွင္းထုတ္ပုံ ညံ့ခဲ့တာေၾကာင့္ ဘယ္ဘယ္တိုင္ေဘးကေန ဒီပိုင္း ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဘာရွမ္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ၾကက္ေသေသေနတဲ့ ခံစစ္သမားႏွစ္ေယာက္ၾကားကို ဒီယုံးက ေရာက္လာၿပီး ထပ္မံပိတ္သြင္းခဲ့တာ ျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ နယ္သာလန္တို႔ဘက္က ကလာ့စ္ဆန္၊ ဒီပိုင္း၊ ဂက္ခ္ပို၊ ဒီ႐ြန္းနဲ႔ ဒီယုံးတို႔အစား ဘာ့ဂ္ဟာ့စ္၊ ယန္ဆန္၊ ဗက္ဂ္ေဟာ့စ္၊ ကူးပ္မိန္နာစ္နဲ႔ ေတလာတို႔ကို လူစားလဲၿပီး အနားေပးသြားခဲ့သလို ပြဲခ်ိန္ ၆၈ မိနစ္မွာ ဘာ့ဂ္ဟာ့စ္က တတိယဂိုး သြင္းခဲ့ေပမယ့္ လူကြၽံေနခဲ့တာေၾကာင့္ ကာတာတို႔ေတြ ႏွစ္ဂိုးထက္ ပိုမေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ နယ္သာလန္တို႔က ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့ၿပီး သုံးပြဲကစားအၿပီးမွာ ႏွစ္ပြဲႏိုင္ တစ္ပြဲသေရ၊ ရမွတ္ ၇ မွတ္နဲ႔ အုပ္စု(A)ရဲ႕ ပထမေနရာကေန ရႈံးထြက္အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ခ်ိန္မွာ အိမ္ရွင္အျဖစ္နဲ႔ သုံးပြဲစလုံး ရႈံးၿပီး စံခ်ိန္သစ္တင္ခဲ့ျပန္တဲ့ ကာတာတို႔ကေတာ့ အုပ္စုရဲ႕ ေအာက္ဆုံးကေန ဘယ္သူမွ မကယ္ႏိုင္ဘဲ ေအာင္ဖ်ာလိပ္ခဲ့ရၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.