International Match Report World Cup

အီရန်ကို ၉၈ ကမ္ဘာ့ဖလားက သမိုင်းကြွေးဆပ်ပြီး နောက်တစ်ဆင့် တက်တဲ့ အမေရိကန်

အမေရိကန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မတ်တာနာ၊ ခံစစ်မှာ တင်မ် ရင်းမ်၊ ကာတာ-ဗစ်ကာစ်၊ ဒက်စ်နဲ့ ရော်ဘင်ဆန်တို့ကို ခံစစ်မှာ အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ တိုင်လာ အက်ဒမ်စ်၊ မူဆာနဲ့ မက်ကင်နီတို့ သုံးယောက်အထိုင်ကိုပဲ ဆက်ချခဲ့သလို တိုက်စစ်မှာတော့ ပူလီရှစ်ချ်၊ ဝီယာနဲ့ ဆားဂျင့်တို့ကို ပွဲထုတ်လာခဲ့ပါတယ်။

အီရန်တို့ကတော့ ဒုတိယပွဲကို လွဲချော်ထားခဲ့တဲ့ ဂိုးသမား ဘီရန်ဗန်း၊ ခံစစ်မှာ ဟော့စိန်နီ၊ ပူရာလီဂန်ဂျီ၊ မိုဟာမက်ဒီနဲ့ ရီဇာအီယန်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ နူရိုလာဟီ၊ အက်ဇ်တိုလာဟီ၊ ဂိုလီဇာဒါးနဲ့ ဟာဂျီဆာဖီတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ တာရီမီနဲ့ အက်ဇ်မုန်တို့ကို အသုံးပြုလာခဲ့တာပါ။

ဇင်မာမန်းကို အနားပေးထားခဲ့တဲ့ အမေရိကန်ခံစစ်က ဒီနေ့မှာ အနည်းငယ် ပျော့ခဲ့တယ်လို့ ဆိုနိုင်ပြီး အီရန်တို့ရဲ့ ထိုးဖောက်မှုတွေကို ကာကွယ်ရာမှာ ပျာယာခတ်မှုတွေ ရှိနေသလို ပွဲအစမှာ ကစားအားကောင်းနေတဲ့ အာရှသားတွေကို မြောက်အမေရိကတိုက်သားတွေအနေနဲ့ ထင်သလို ထိန်းချုပ်ကစားနိုင်ခြင်း မရှိခဲ့တာကို တွေ့ခဲ့ရပါတယ်။

ခေတ်အဆက်ဆက် အထောင်တိုက်စစ်မှူးကောင်း ထွက်ပေါ်လေ့ မရှိတဲ့ အမေရိကန်အသင်းအနေနဲ့ ဂိုးရှေ့က နံပါတ် ၉ ကစားသမားဆီ ဘောလုံးပေးပို့တိုင်း အလဟဿ ဖြစ်နေခဲ့ပြီး ဘယ်သူ့ကို သုံးသုံး အားမကိုးရသလို‌ တောင်ပံတွေနဲ့ ကွင်းလယ်ကစားသမားတွေကိုပဲ မှီခိုနေခဲ့ရချိန်မှာ ဥရောပအသင်းကြီးတွေက ကစားသမားတွေအနေနဲ့ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် တိုက်စစ်က ဆားဂျင့်နဲ့ ဝီယာတို့ကတော့ စိတ်ပျက်စရာတွေပဲ ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၃၈ မိနစ်မှာတော့ အမေရိကန်တို့ အဖွင့်ဂိုးကို စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ မက်ကင်နီက အမြော်အမြင်ရှိရှိနဲ့ ညာတောင်ပံကို ဖြတ်တင်ပေးတာကို ပြေးဝင်လာခဲ့တဲ့ ဒက်စ်က ရသွားပြီး ဂိုးရှေ့ကို ခေါင်းတိုက်ချ ဖန်တီးပေးရာမှာတော့ ပူလီရှစ်ချ်က အီရန်နောက်ခံလူနှစ်ဦးကြားကနေ ပြေးဝင်ပိတ်သွင်း ရယူသွားခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပိုမှာ ကွင်းလယ်ကနေ မက်ကင်နီပေးတာကို ဝီယာက ပြေးထွက်ပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ အဆုံးသတ်နိုင်ခဲ့ပေမယ့် လက်လောက် ကျွံတာကို လူကျွံဘောဖမ်းခဲ့တဲ့ ကမ္ဘာ့ဖလားရဲ့ ရွံစရာ နည်းပညာနဲ့ စည်းမျဉ်းကြောင့် အီရန်တို့အတွက်တော့ သက်သာခဲ့ရပြီး ပထမပိုင်းမှာ အမေရိကန်တို့က တစ်ဂိုးနဲ့ပဲ ဦးဆောင်ထားနိုင်ခဲ့တာပါ။

ဒုတိယပိုင်းပြန်စချိန်မှာလည်း အမေရိကန်တို့ပဲ ထိုးဖောက်ကစားနေခဲ့ပြီး ပူလီရှစ်ချ် ခင်းပေးတာကို ဆားဂျင့်က ဂိုးသမားတည့်တည့်ကို ခပ်ပျော့ပျော့ပဲ ကန်သွင်းခဲ့တာကြောင့် စိတ်ပျက်စရာဖြစ်ခဲ့ရသလို နော့ဝစ်ချ်၊ လီလ်၊ အန်တယ်လ်ယာစပေါ၊ ဒါးလက်စ်နဲ့ ဆီယက်တယ်လ် ဆောင်းဒါးစ်တို့လို အသင်းတွေမှာ ကစားနေခဲ့တဲ့ တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားတဲ့ အသင်းအနေနဲ့ လာမယ့် အဆင့်တွေမှာ ရုန်းကန်ရဖို့ကလည်း သေချာနေခဲ့ပါတယ်။

အီရန်တို့ကတော့ ဒုတိယပိုင်းတစ်ဝက်လောက်ကစပြီး ပြန်လည်ဖိကစားလာနိုင်ခဲ့ကြပြီး ပွဲချိန် ၆၅ မိနစ်မှာ ဂေါ့ဒို့စ်က အခွင့်အရေးကောင်းကို မယုံနိုင်အောင် လွဲချော်ခဲ့သလို အမေရိကန်တို့ရဲ့ တစ်ဂိုးထက် ပိုသွင်းဖို့ မတတ်နိုင်တဲ့ တိုက်စစ်ကြောင့် လက်ကျန်ပွဲချိန်တွေမှာ ခံစစ်ကို ပိတ်ကစားဖို့ပဲ ကြိုးစားလာခဲ့ရတာပါ။


ဒါပေမယ့် အီရန်တို့ရဲ့ နာမည်ကြီးတိုက်စစ်မှူးတွေကလည်း အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ကြသလို နာကျင်အချိန်ပိုမှာ သူ့ဘာသာသူ လျှောထိုးပိတ်ပြီး လွဲတာကို အဆွဲခံရပါတယ်ဆိုပြီး ပင်နယ်တီတောင်းခဲ့တဲ့ တာရီမီရဲ့ လုပ်ရပ်ကတော့ ရယ်စရာဖြစ်ခဲ့ရပြီး ဂိုးသမားသာ နပ်ခဲ့ရင် အဝါပါ ပြနိုင်ခဲ့တဲ့ အဖြစ်မျိုးမှာ ဒိုင်လူကြီးနဲ့ VAR ကတော့ မှန်မှန်ကန်ကန် ကိုင်တွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဝေးလ်စ်တို့ကို တစ်ပွဲနိုင်ထားလို့ ကြွစောင်းစောင်းဖြစ်နေတဲ့ အီရန်တို့ကို အမေရိကန်တို့က ပူလီရှစ်ချ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ တောက်ချနိုင်ခဲ့ကြပြီး တစ်ပွဲနိုင် နှစ်ပွဲသရေ၊ ရမှတ် ၅ မှတ်နဲ့ အုပ်စု(A)ရဲ့ ဒုတိယနေရာကို သိမ်းပိုက်ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ကြသလို လာမယ့် ဒီဇင်ဘာလ ၃ ရက်နေ့မှာတော့ အုပ်စု(B)ရဲ့ ပထမ နယ်သာလန်အသင်းနဲ့ ကစားရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အေမရိကန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား မတ္တာနာ၊ ခံစစ္မွာ တင္မ္ ရင္းမ္၊ ကာတာ-ဗစ္ကာစ္၊ ဒက္စ္နဲ႔ ေရာ္ဘင္ဆန္တို႔ကို ခံစစ္မွာ အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ တိုင္လာ အက္ဒမ္စ္၊ မူဆာနဲ႔ မက္ကင္နီတို႔ သုံးေယာက္အထိုင္ကိုပဲ ဆက္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ပူလီရွစ္ခ်္၊ ဝီယာနဲ႔ ဆားဂ်င့္တို႔ကို ပြဲထုတ္လာခဲ့ပါတယ္။

အီရန္တို႔ကေတာ့ ဒုတိယပြဲကို လြဲေခ်ာ္ထားခဲ့တဲ့ ဂိုးသမား ဘီရန္ဗန္း၊ ခံစစ္မွာ ေဟာ့စိန္နီ၊ ပူရာလီဂန္ဂ်ီ၊ မိုဟာမက္ဒီနဲ႔ ရီဇာအီယန္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႏူ႐ိုလာဟီ၊ အက္ဇ္တိုလာဟီ၊ ဂိုလီဇာဒါးနဲ႔ ဟာဂ်ီဆာဖီတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ တာရီမီနဲ႔ အက္ဇ္မုန္တို႔ကို အသုံးျပဳလာခဲ့တာပါ။

ဇင္မာမန္းကို အနားေပးထားခဲ့တဲ့ အေမရိကန္ခံစစ္က ဒီေန႔မွာ အနည္းငယ္ ေပ်ာ့ခဲ့တယ္လို႔ ဆိုႏိုင္ၿပီး အီရန္တို႔ရဲ႕ ထိုးေဖာက္မႈေတြကို ကာကြယ္ရာမွာ ပ်ာယာခတ္မႈေတြ ရွိေနသလို ပြဲအစမွာ ကစားအားေကာင္းေနတဲ့ အာရွသားေတြကို ေျမာက္အေမရိကတိုက္သားေတြအေနနဲ႔ ထင္သလို ထိန္းခ်ဳပ္ကစားႏိုင္ျခင္း မရွိခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

ေခတ္အဆက္ဆက္ အေထာင္တိုက္စစ္မႉးေကာင္း ထြက္ေပၚေလ့ မရွိတဲ့ အေမရိကန္အသင္းအေနနဲ႔ ဂိုးေရွ႕က နံပါတ္ ၉ ကစားသမားဆီ ေဘာလုံးေပးပို႔တိုင္း အလဟႆ ျဖစ္ေနခဲ့ၿပီး ဘယ္သူ႔ကို သုံးသုံး အားမကိုးရသလို‌ ေတာင္ပံေတြနဲ႔ ကြင္းလယ္ကစားသမားေတြကိုပဲ မွီခိုေနခဲ့ရခ်ိန္မွာ ဥေရာပအသင္းႀကီးေတြက ကစားသမားေတြအေနနဲ႔ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ တိုက္စစ္က ဆားဂ်င့္နဲ႔ ဝီယာတို႔ကေတာ့ စိတ္ပ်က္စရာေတြပဲ ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ အေမရိကန္တို႔ အဖြင့္ဂိုးကို စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ မက္ကင္နီက အေျမာ္အျမင္ရွိရွိနဲ႔ ညာေတာင္ပံကို ျဖတ္တင္ေပးတာကို ေျပးဝင္လာခဲ့တဲ့ ဒက္စ္က ရသြားၿပီး ဂိုးေရွ႕ကို ေခါင္းတိုက္ခ် ဖန္တီးေပးရာမွာေတာ့ ပူလီရွစ္ခ်္က အီရန္ေနာက္ခံလူႏွစ္ဦးၾကားကေန ေျပးဝင္ပိတ္သြင္း ရယူသြားခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပိုမွာ ကြင္းလယ္ကေန မက္ကင္နီေပးတာကို ဝီယာက ေျပးထြက္ၿပီး ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ အဆုံးသတ္ႏိုင္ခဲ့ေပမယ့္ လက္ေလာက္ ကြၽံတာကို လူကြၽံေဘာဖမ္းခဲ့တဲ့ ကမာၻ႔ဖလားရဲ႕ ႐ြံစရာ နည္းပညာနဲ႔ စည္းမ်ဥ္းေၾကာင့္ အီရန္တို႔အတြက္ေတာ့ သက္သာခဲ့ရၿပီး ပထမပိုင္းမွာ အေမရိကန္တို႔က တစ္ဂိုးနဲ႔ပဲ ဦးေဆာင္ထားႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းျပန္စခ်ိန္မွာလည္း အေမရိကန္တို႔ပဲ ထိုးေဖာက္ကစားေနခဲ့ၿပီး ပူလီရွစ္ခ်္ ခင္းေပးတာကို ဆားဂ်င့္က ဂိုးသမားတည့္တည့္ကို ခပ္ေပ်ာ့ေပ်ာ့ပဲ ကန္သြင္းခဲ့တာေၾကာင့္ စိတ္ပ်က္စရာျဖစ္ခဲ့ရသလို ေနာ့ဝစ္ခ်္၊ လီလ္၊ အန္တယ္လ္ယာစေပါ၊ ဒါးလက္စ္နဲ႔ ဆီယက္တယ္လ္ ေဆာင္းဒါးစ္တို႔လို အသင္းေတြမွာ ကစားေနခဲ့တဲ့ တိုက္စစ္မႉးေတြကို ပိုင္ဆိုင္ထားတဲ့ အသင္းအေနနဲ႔ လာမယ့္ အဆင့္ေတြမွာ ႐ုန္းကန္ရဖို႔ကလည္း ေသခ်ာေနခဲ့ပါတယ္။

အီရန္တို႔ကေတာ့ ဒုတိယပိုင္းတစ္ဝက္ေလာက္ကစၿပီး ျပန္လည္ဖိကစားလာႏိုင္ခဲ့ၾကၿပီး ပြဲခ်ိန္ ၆၅ မိနစ္မွာ ေဂါ့ဒို႔စ္က အခြင့္အေရးေကာင္းကို မယုံႏိုင္ေအာင္ လြဲေခ်ာ္ခဲ့သလို အေမရိကန္တို႔ရဲ႕ တစ္ဂိုးထက္ ပိုသြင္းဖို႔ မတတ္ႏိုင္တဲ့ တိုက္စစ္ေၾကာင့္ လက္က်န္ပြဲခ်ိန္ေတြမွာ ခံစစ္ကို ပိတ္ကစားဖို႔ပဲ ႀကိဳးစားလာခဲ့ရတာပါ။


ဒါေပမယ့္ အီရန္တို႔ရဲ႕ နာမည္ႀကီးတိုက္စစ္မႉးေတြကလည္း အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့ၾကသလို နာက်င္အခ်ိန္ပိုမွာ သူ႔ဘာသာသူ ေလွ်ာထိုးပိတ္ၿပီး လြဲတာကို အဆြဲခံရပါတယ္ဆိုၿပီး ပင္နယ္တီေတာင္းခဲ့တဲ့ တာရီမီရဲ႕ လုပ္ရပ္ကေတာ့ ရယ္စရာျဖစ္ခဲ့ရၿပီး ဂိုးသမားသာ နပ္ခဲ့ရင္ အဝါပါ ျပႏိုင္ခဲ့တဲ့ အျဖစ္မ်ိဳးမွာ ဒိုင္လူႀကီးနဲ႔ VAR ကေတာ့ မွန္မွန္ကန္ကန္ ကိုင္တြယ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ေဝးလ္စ္တို႔ကို တစ္ပြဲႏိုင္ထားလို႔ ႂကြေစာင္းေစာင္းျဖစ္ေနတဲ့ အီရန္တို႔ကို အေမရိကန္တို႔က ပူလီရွစ္ခ်္ရဲ႕ တစ္လုံးတည္းေသာ ဂိုးနဲ႔ ေတာက္ခ်ႏိုင္ခဲ့ၾကၿပီး တစ္ပြဲႏိုင္ ႏွစ္ပြဲသေရ၊ ရမွတ္ ၅ မွတ္နဲ႔ အုပ္စု(A)ရဲ႕ ဒုတိယေနရာကို သိမ္းပိုက္ၿပီး ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၾကသလို လာမယ့္ ဒီဇင္ဘာလ ၃ ရက္ေန႔မွာေတာ့ အုပ္စု(B)ရဲ႕ ပထမ နယ္သာလန္အသင္းနဲ႔ ကစားရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.