International Match Report World Cup

ကူလီဘေလီ ယူပေးတဲ့ နိုင်ပွဲနဲ့ အီကွေဒေါကို ဖြုတ်ပြီး ရှုံးထွက်တက်တဲ့ ဆီနီဂေါ

ဆီနီဂေါအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မန်ဒီ၊ ခံစစ်မှာ ကူလီဘေလီ၊ ဒီယယ်လို၊ ဆာဘာလီနဲ့ ဂျက်ကော့ဘ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာ ပါပီ ဂေးယီ၊ ဂါနာ ဂေးယီ၊ ပါပီ ဆစ္စ၊ အန်ဒီယေးနဲ့ အစ္စမိုင်လာ ဆားရ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဘူလာယေး ဒီယားတစ်ဦးတည်းကိုပဲ တင်ကစားလာခဲ့တာဖြစ်ပါတယ်။

အီကွေဒေါအသင်းကတော့ ဂိုးသမား ဂါလင်ဒက်ဇ်၊ ခံစစ်မှာ တောရက်စ်၊ ဟင်ကာပီ၊ ပရီစီယာဒိုနဲ့ အက်စ်တူပီညန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂရူဇို၊ ကိုင်စီဒိုနဲ့ ဖရန်ကိုတို့ရဲ့ ကစားနေကျ မဟုတ်တဲ့ အတွဲအဖက်ကို ပြောင်းလဲလာခဲ့သလို တိုက်စစ်မှာတော့ အက်စ်ထရာဒါ၊ ပလာတာနဲ့ ဗလင်စီယာတို့ကို ပွဲထုတ်လာခဲ့တာပါ။

ဆီနီဂေါတို့ စောစောစီးစီးမှာ အခွင့်အရေး ရခဲ့ပေမယ့် ဂါနာ ဂေးယီက ဘေးကန်ပစ်ခဲ့သလို အီကွေဒေါတို့ကတော့ High Pressing နဲ့ ဖိကစားဖို့ ကြံခဲ့ပေမယ့် မန်ဒက်ဇ် ပွဲပယ်ခံထားရချိန်မှာ ကွင်းလယ်အသစ်က အရင်လိုမျိုး စွမ်းဆောင်ရည် မရခဲ့လို့ ဆီနီဂေါကောင်တာတွေကိုပဲ ပြန်ပြီး ရင်ဆိုင်နေခဲ့ရပါတယ်။

ဘောလုံးကိုင်ကစားတော့ အီကွေဒေါ၊ ဂိုးပေါက်ကန်သွင်းတော့ ဆီနီဂေါဖြစ်နေခဲ့ပြီး ဗလင်စီယာတို့ရဲ့ တိုက်စစ်ပိုင်းကို ကူလီဘေလီ ဦးဆောင်တဲ့ ခံစစ်အစုအဖွဲ့က ထိန်းချုပ်သွားနိုင်ခဲ့သလို နှစ်သင်းစလုံးရဲ့ ရှေ့တန်းတွေက အဆုံးသတ်ပိုင်းတွေမှာတော့ ချူချာနေခဲ့လို့ ဂိုးရဖို့ ခက်ခဲနေခဲ့တာပါ။

ပွဲချိန် ၄၄ မိနစ်မှာတော့ ဆီနီဂေါတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဧရိယာထဲကို ပြေးဝင်လာခဲ့တဲ့ အစ္စမိုင်လာ ဆားရ်ကို အလောတကြီးနဲ့ ဘောလုံးမထိဘဲ ဖျက်မိတဲ့ အီကွေဒေါနောက်ခံလူ ဟင်ကာပီကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဆားရ်က သူကိုယ်တိုင်ပဲ ကန်သွင်းခဲ့ပြီး ဂိုးသမား ဂါလင်ဒက်ဇ် လှုပ်တောင် မလုပ်နိုင်ခဲ့လို့ ပထမပိုင်းမှာ ဆီနီဂေါတို့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ အလုပ်မဖြစ်တဲ့ ဂရူဇိုနဲ့ ဖရန်ကိုတို့အစား စီဖြူယင်တက်စ်နဲ့ ဆာမီယန်တိုတို့ကို အီကွေဒေါတို့ လူစားပြောင်းလဲလာခဲ့ပြီး တိုက်စစ်မြှင့်ခဲ့သလို ဆီနီဂေါတို့ဘက်ကို ဖိကစားနိုင်ခဲ့ပေမယ့် အရပ်အမောင်း မြင့်မားတဲ့ ကူလီဘေလီတို့ ခံစစ်အတွဲကို ဗလင်စီယာတို့အုပ်စု ကျော်ဖို့က ခက်ခဲနေခဲ့တာပါ။

ပွဲချိန် ၆၇ မိနစ်မှာတော့ အီကွေဒေါတို့ ချေပဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကို အက်စ်တူပီညန် ကန်တင်ပေးရာမှာ နောက်ခံလူ တောရက်စ်က ခေါင်းတိုက်ချပေးခဲ့တဲ့ ဘောလုံးကို ကိုင်စီဒိုက အနီးကပ် ပိတ်သွင်းယူနိုင်ခဲ့လို့ ဆီနီဂေါခံစစ်နဲ့ ဂိုးသမားတို့ ဘာမှ မတတ်နိုင်ဘဲ တစ်ဂိုးစီသရေ ပြန်ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ ဆီနီဂေါတို့ နောက်တစ်ကြိမ် ထပ်မံ ဦးဆောင်နိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဂါနာ ဂေးယီ ကန်တင်ပေးခဲ့တဲ့ ဖရီးကစ်ကို အီကွေဒေါခံစစ်က ရှင်းထုတ်ပုံ မပီပြင်ဘဲ ဧရိယာထဲမှာ ပြန်ကျလာတဲ့ ဘောလုံးကို ညာဘက်ဂိုးတိုင်နားမှာ စောင့်နေတဲ့ ကူလီဘေလီက အနီးကပ် ကန်သွင်းယူသွားခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ အီကွေဒေါတို့ ဘောလုံးကိုင်ကစားနိုင်တာကလွဲပြီး အစီအစဉ်ကျကျ အကွက်ဆင် ထိုးဖောက်နိုင်တာမျိုး မရှိခဲ့သလို ဆီနီဂေါခံစစ်က ကူလီဘေလီနဲ့ ဂိုးသမား မန်ဒီတို့ကို မကျော်နိုင်ခဲ့တာကြောင့် နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ ပွဲပြီးခဲ့ချိန်မှာ ဆီနီဂေါတို့က အုပ်စု ဒုတိယနေရာနဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြပြီး အီကွေဒေါတို့ကတော့ တတိယနေရာကနေ အိမ်ပြန်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဆီနီေဂါအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား မန္ဒီ၊ ခံစစ္မွာ ကူလီေဘလီ၊ ဒီယယ္လို၊ ဆာဘာလီနဲ႔ ဂ်က္ေကာ့ဘ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာ ပါပီ ေဂးယီ၊ ဂါနာ ေဂးယီ၊ ပါပီ ဆစၥ၊ အန္ဒီေယးနဲ႔ အစၥမိုင္လာ ဆားရ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဘူလာေယး ဒီယားတစ္ဦးတည္းကိုပဲ တင္ကစားလာခဲ့တာျဖစ္ပါတယ္။

အီေကြေဒါအသင္းကေတာ့ ဂိုးသမား ဂါလင္ဒက္ဇ္၊ ခံစစ္မွာ ေတာရက္စ္၊ ဟင္ကာပီ၊ ပရီစီယာဒိုနဲ႔ အက္စ္တူပီညန္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂ႐ူဇို၊ ကိုင္စီဒိုနဲ႔ ဖရန္ကိုတို႔ရဲ႕ ကစားေနက် မဟုတ္တဲ့ အတြဲအဖက္ကို ေျပာင္းလဲလာခဲ့သလို တိုက္စစ္မွာေတာ့ အက္စ္ထရာဒါ၊ ပလာတာနဲ႔ ဗလင္စီယာတို႔ကို ပြဲထုတ္လာခဲ့တာပါ။

ဆီနီေဂါတို႔ ေစာေစာစီးစီးမွာ အခြင့္အေရး ရခဲ့ေပမယ့္ ဂါနာ ေဂးယီက ေဘးကန္ပစ္ခဲ့သလို အီေကြေဒါတို႔ကေတာ့ High Pressing နဲ႔ ဖိကစားဖို႔ ႀကံခဲ့ေပမယ့္ မန္ဒက္ဇ္ ပြဲပယ္ခံထားရခ်ိန္မွာ ကြင္းလယ္အသစ္က အရင္လိုမ်ိဳး စြမ္းေဆာင္ရည္ မရခဲ့လို႔ ဆီနီေဂါေကာင္တာေတြကိုပဲ ျပန္ၿပီး ရင္ဆိုင္ေနခဲ့ရပါတယ္။

ေဘာလုံးကိုင္ကစားေတာ့ အီေကြေဒါ၊ ဂိုးေပါက္ကန္သြင္းေတာ့ ဆီနီေဂါျဖစ္ေနခဲ့ၿပီး ဗလင္စီယာတို႔ရဲ႕ တိုက္စစ္ပိုင္းကို ကူလီေဘလီ ဦးေဆာင္တဲ့ ခံစစ္အစုအဖြဲ႕က ထိန္းခ်ဳပ္သြားႏိုင္ခဲ့သလို ႏွစ္သင္းစလုံးရဲ႕ ေရွ႕တန္းေတြက အဆုံးသတ္ပိုင္းေတြမွာေတာ့ ခ်ဴခ်ာေနခဲ့လို႔ ဂိုးရဖို႔ ခက္ခဲေနခဲ့တာပါ။

ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ ဆီနီေဂါတို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဧရိယာထဲကို ေျပးဝင္လာခဲ့တဲ့ အစၥမိုင္လာ ဆားရ္ကို အေလာတႀကီးနဲ႔ ေဘာလုံးမထိဘဲ ဖ်က္မိတဲ့ အီေကြေဒါေနာက္ခံလူ ဟင္ကာပီေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို ဆားရ္က သူကိုယ္တိုင္ပဲ ကန္သြင္းခဲ့ၿပီး ဂိုးသမား ဂါလင္ဒက္ဇ္ လႈပ္ေတာင္ မလုပ္ႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ဆီနီေဂါတို႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ အလုပ္မျဖစ္တဲ့ ဂ႐ူဇိုနဲ႔ ဖရန္ကိုတို႔အစား စီျဖဴယင္တက္စ္နဲ႔ ဆာမီယန္တိုတို႔ကို အီေကြေဒါတို႔ လူစားေျပာင္းလဲလာခဲ့ၿပီး တိုက္စစ္ျမႇင့္ခဲ့သလို ဆီနီေဂါတို႔ဘက္ကို ဖိကစားႏိုင္ခဲ့ေပမယ့္ အရပ္အေမာင္း ျမင့္မားတဲ့ ကူလီေဘလီတို႔ ခံစစ္အတြဲကို ဗလင္စီယာတို႔အုပ္စု ေက်ာ္ဖို႔က ခက္ခဲေနခဲ့တာပါ။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ အီေကြေဒါတို႔ ေခ်ပဂိုး ျပန္လည္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကို အက္စ္တူပီညန္ ကန္တင္ေပးရာမွာ ေနာက္ခံလူ ေတာရက္စ္က ေခါင္းတိုက္ခ်ေပးခဲ့တဲ့ ေဘာလုံးကို ကိုင္စီဒိုက အနီးကပ္ ပိတ္သြင္းယူႏိုင္ခဲ့လို႔ ဆီနီေဂါခံစစ္နဲ႔ ဂိုးသမားတို႔ ဘာမွ မတတ္ႏိုင္ဘဲ တစ္ဂိုးစီသေရ ျပန္ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ဆီနီေဂါတို႔ ေနာက္တစ္ႀကိမ္ ထပ္မံ ဦးေဆာင္ႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဂါနာ ေဂးယီ ကန္တင္ေပးခဲ့တဲ့ ဖရီးကစ္ကို အီေကြေဒါခံစစ္က ရွင္းထုတ္ပုံ မပီျပင္ဘဲ ဧရိယာထဲမွာ ျပန္က်လာတဲ့ ေဘာလုံးကို ညာဘက္ဂိုးတိုင္နားမွာ ေစာင့္ေနတဲ့ ကူလီေဘလီက အနီးကပ္ ကန္သြင္းယူသြားခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ အီေကြေဒါတို႔ ေဘာလုံးကိုင္ကစားႏိုင္တာကလြဲၿပီး အစီအစဥ္က်က် အကြက္ဆင္ ထိုးေဖာက္ႏိုင္တာမ်ိဳး မရွိခဲ့သလို ဆီနီေဂါခံစစ္က ကူလီေဘလီနဲ႔ ဂိုးသမား မန္ဒီတို႔ကို မေက်ာ္ႏိုင္ခဲ့တာေၾကာင့္ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ပဲ ပြဲၿပီးခဲ့ခ်ိန္မွာ ဆီနီေဂါတို႔က အုပ္စု ဒုတိယေနရာနဲ႔ ရႈံးထြက္ ၁၆ သင္းအဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၾကၿပီး အီေကြေဒါတို႔ကေတာ့ တတိယေနရာကေန အိမ္ျပန္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.