International World Cup

ဝေးလ်စ်ကို မညှာမတာသိပ်ချင်အောင် ဗီဒီယိုတစ်ခု အသင်းသားတွေကို ဖွင့်ပြခဲ့တဲ့ ဆောက်ဂိတ်

အင်္ဂလန်နည်းပြ ဂါးရတ် ဆောက်ဂိတ်ဟာ ယနေ့ည ဝေးလ်စ်နဲ့ ကစားရမယ့် ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်မတိုင်ခင် ၎င်းတို့ရဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲကနေ ထွက်ခွာရမှုအပေါ် ပေါက်ကြားခဲ့တဲ့ ဝေးလ်စ်အသင်းရဲ့ အောင်ပွဲခံခဲ့တဲ့ ဗီဒီယိုဖိုင်ကို ပြသပြီး အသင်းသားတွေကို စိတ်အားတက်ကြွအောင် ပြုလုပ်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် နွေရာသီတုန်းက အင်္ဂလန်အသင်းဟာ အိုက်စလန်အသင်းရဲ့ ၂-၁ နဲ့ နောက်ကနေ လိုက်ကစားပြီး အနိုင်ယူခြင်းကို ခံခဲ့ရချိန်မှာ သမိုင်းတလျှောက် အရှက်ရစရာအကောင်းဆုံး ရှုံးနိမ့်မှုကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။ ရွိုင်း ဟော့ဆင်ရဲ့ အသင်းဟာ ဘယ်လ်ဂျီယမ်၊ မြောက်အိုင်ယာလန်၊ ရုရှားတို့ကို အနိုင်ရရှိခဲ့ပြီးနောက် ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့တဲ့ ဝေးလ်စ်အသင်းအပါအဝင် အများစုရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး အမှန်တကယ်လည်း ဂါရတ် ဘေးလ်နဲ့ အာရွန် ရမ်ဆေးတို့လို ကစားသမားတွေဟာ အင်္ဂလန်ရဲ့ မရှုမလှရှုံးနိမ့်မှုကို တပျော်တပါးအောင်ပွဲခံနေတဲ့ ဗီဒီယိုဖိုင် ပေါက်ကြားခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်မှာ ဝေးလ်စ်အသင်းရဲ့ ၂၆ ဦးလူစာရင်းထဲမှာ ပါဝင်ကစားပေးနေတဲ့ ဂျွန်နီ ဝီလီယံစ်က ၂၀၁၆ ခုနှစ်တုန်းက ဝေးလ်စ်အသင်းသားတွေ အောင်ပွဲခံနေတဲ့ ဗီဒီယိုဖိုင်ကို ရိုက်ကူးပေးခဲ့တာဖြစ်ပြီး မကြာသေးမီက အဲဒီဗီဒီယိုဖိုင်ဟာ ပေါက်ကြားသွားခဲ့တဲ့အကြောင်း ဖွင့်ဟခဲ့ပါတယ်။ “ကျွန်တော်က ကင်မရာ ရိုက်ပေးခဲ့တဲ့သူပါ။ ကျွန်တော် အောင်ပွဲခံနေတာကို ဗီဒီယိုရိုက်ပြီး Whatapp Group ထဲ ပို့လိုက်တယ်။ အဲဒါက ပေါက်ကြားသွားခဲ့ပေမယ့် နည်းပြ ခရစ္စ ကိုးမန်းကလည်း အရမ်းစိတ်အနှောင့်အယှက်မဖြစ်ခဲ့ပါဘူး။ အဲဒီတော့ ကျွန်တော် အဆင်ပြေခဲ့ပါတယ်။ အဲဒီခရီးစဉ်က Group Chat ထဲမှာ ဖြစ်ခဲ့တဲ့အရာတွေက အများကြီးပဲ”

“ဒါပေမယ့် အဲဒီ Chat ထဲက ကစားသမားအများအပြားက အခုအချိန် လူစာရင်းထဲမှာ မရှိကြတော့ပါဘူး။ အဲဒီပေါက်ကြားမှုက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ကစားခဲ့တဲ့ ဝေးလ်စ်ကစားသမားတိုင်းဖြစ်နိုင်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော် အဲဒါကို မသိပါဘူး။ အဲဒါက နွေရာသီဖြစ်ခဲ့ပြီး လူတွေက အားလပ်ရက်မှာ ရှိနေခဲ့ပြီး အဲဒီဗီဒီယိုက ပေါက်ကြားခဲ့ပါတယ်။ Whatsapp Group က လုံခြုံရေးကလည်း ခုချိန်မှာ အများကြီး တင်းကြပ်နေပါပြီ။ ကျွန်တော်တို့ အဲဒီဗီဒီယိုကို ပေါက်ကြားအောင် လုပ်ခဲ့တဲ့သူကို မတွေ့ခဲ့ပါဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ပဲ အပြစ်တင်ခံခဲ့ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂါးရတ် ဆောက်ဂိတ်ကလည်း အဲဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ပြီး အမှန်တော့ အဲဒီဗီဒီယိုဖိုင်ဟာ စိတ်ဓာတ်ခွန်အားပေးတဲ့ အရာအဖြစ် အသုံးချခြင်းခံခဲ့ရလားလို့ မေးမြန်းခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ “ကျွန်တော် မပြောနိုင်ပါဘူး။ ကျွန်တော်တို့ အဲဒီဗီဒီယိုဖိုင်ကို သတိပြုမိပါတယ်”လို့ ဆောက်ဂိတ်က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပြီး ယူရို ၂၀၁၆ ပြိုင်ပွဲတုန်းက ခြေထောက်ကျိုးနေတာကြောင့် မပါဝင်ခဲ့ရတဲ့ အင်္ဂလန်နောက်ခံလူ လုခ်ရှောကလည်း ဝေးလ်စ်အသင်းသားတွေ အောင်ပွဲခံနေတဲ့ ဗီဒီယိုဖိုင်ဟာ ယနေ့ညပွဲမတိုင်ခင် နောက်ထပ် စိတ်ဓာတ်ခွန်အားပေးနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ခင်ဗျား အဲဒါကို ပြောလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ခွန်အားက သူ့အလိုလို အမြင့်မားဆုံးအဆင့်မှာ ရှိနေရမှာပါ။ ကျွန်တော်တို့က ကမ္ဘာ့ဖလားမှာ ရှိနေတာပါ။ ကျွန်တော်တို့ လိုချင်တာအတွက် ကြီးမားတဲ့ ရည်မှန်းချက်တွေ ထားရမှာပါ”

“ကျွန်တော်တို့ ပွဲစဉ်တိုင်းမှာ အမြင့်မားဆုံး စိတ်ဓာတ်ခွန်အားရှိရမှာပါ။ ကျွန်တော်တို့မှာ ရှိနေပြီးသားထက် ဘယ်အရာကမှ စိတ်ဓာတ်ခွန်အားပိုပြီး ပေးနိုင်တာမရှိဘူးလို့ ထင်တယ်။ ကျွန်တော်တို့ လေ့ကျင့်ရေးအစီအစဉ်တိုင်းနဲ့ ကစားရတဲ့ပွဲတိုင်းမှာ ၁၀၀ ရာခိုင်နှုန်း စိတ်ဓာတ်ခွန်အားရှိနေရပါမယ်။ အဲဒီဗီဒီယိုဖိုင်က မကောင်းမွန်ခဲ့ပါဘူး။ အဲဒီကိစ္စကို သိပ်အများကြီး မပြောချင်ပါဘူး။ ကျွန်တော်တို့ ကွင်းထဲမှာ လုပ်နေတဲ့အရာအပေါ်မှာပဲ အာရုံစိုက်ချင်ပါတယ်။ ကျွန်တော်တို့ အင်တာဗျူးမှာ အရာအားလုံးကို ပြောနိုင်ပြီး အပြင်မှာထက် ကျွန်တော်ကတော့ ကွင်းထဲမှာပဲ စကားပိုပြောချင်တယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္နည္းျပ ဂါးရတ္ ေဆာက္ဂိတ္ဟာ ယေန႔ည ေဝးလ္စ္နဲ႔ ကစားရမယ့္ ကမာၻ႔ဖလားအုပ္စုေနာက္ဆုံးပြဲစဥ္မတိုင္ခင္ ၎တို႔ရဲ႕ ယူ႐ို ၂၀၁၆ ၿပိဳင္ပြဲကေန ထြက္ခြာရမႈအေပၚ ေပါက္ၾကားခဲ့တဲ့ ေဝးလ္စ္အသင္းရဲ႕ ေအာင္ပြဲခံခဲ့တဲ့ ဗီဒီယိုဖိုင္ကို ျပသၿပီး အသင္းသားေတြကို စိတ္အားတက္ႂကြေအာင္ ျပဳလုပ္ခဲ့ပါတယ္။

၂၀၁၆ ခုႏွစ္ ေႏြရာသီတုန္းက အဂၤလန္အသင္းဟာ အိုက္စလန္အသင္းရဲ႕ ၂-၁ နဲ႔ ေနာက္ကေန လိုက္ကစားၿပီး အႏိုင္ယူျခင္းကို ခံခဲ့ရခ်ိန္မွာ သမိုင္းတေလွ်ာက္ အရွက္ရစရာအေကာင္းဆုံး ရႈံးနိမ့္မႈကို ခံစားခဲ့ရတာ ျဖစ္ပါတယ္။ ႐ြိဳင္း ေဟာ့ဆင္ရဲ႕ အသင္းဟာ ဘယ္လ္ဂ်ီယမ္၊ ေျမာက္အိုင္ယာလန္၊ ႐ုရွားတို႔ကို အႏိုင္ရရွိခဲ့ၿပီးေနာက္ ဆီမီးဖိုင္နယ္အဆင့္အထိ တက္ေရာက္ႏိုင္ခဲ့တဲ့ ေဝးလ္စ္အသင္းအပါအဝင္ အမ်ားစုရဲ႕ ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရတာျဖစ္ၿပီး အမွန္တကယ္လည္း ဂါရတ္ ေဘးလ္နဲ႔ အာ႐ြန္ ရမ္ေဆးတို႔လို ကစားသမားေတြဟာ အဂၤလန္ရဲ႕ မရႈမလွရႈံးနိမ့္မႈကို တေပ်ာ္တပါးေအာင္ပြဲခံေနတဲ့ ဗီဒီယိုဖိုင္ ေပါက္ၾကားခဲ့တာျဖစ္ပါတယ္။

၂၀၂၂ ကာတာ ကမာၻ႔ဖလားၿပိဳင္မွာ ေဝးလ္စ္အသင္းရဲ႕ ၂၆ ဦးလူစာရင္းထဲမွာ ပါဝင္ကစားေပးေနတဲ့ ဂြၽန္နီ ဝီလီယံစ္က ၂၀၁၆ ခုႏွစ္တုန္းက ေဝးလ္စ္အသင္းသားေတြ ေအာင္ပြဲခံေနတဲ့ ဗီဒီယိုဖိုင္ကို ႐ိုက္ကူးေပးခဲ့တာျဖစ္ၿပီး မၾကာေသးမီက အဲဒီဗီဒီယိုဖိုင္ဟာ ေပါက္ၾကားသြားခဲ့တဲ့အေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ “ကြၽန္ေတာ္က ကင္မရာ ႐ိုက္ေပးခဲ့တဲ့သူပါ။ ကြၽန္ေတာ္ ေအာင္ပြဲခံေနတာကို ဗီဒီယို႐ိုက္ၿပီး Whatapp Group ထဲ ပို႔လိုက္တယ္။ အဲဒါက ေပါက္ၾကားသြားခဲ့ေပမယ့္ နည္းျပ ခရစၥ ကိုးမန္းကလည္း အရမ္းစိတ္အေႏွာင့္အယွက္မျဖစ္ခဲ့ပါဘူး။ အဲဒီေတာ့ ကြၽန္ေတာ္ အဆင္ေျပခဲ့ပါတယ္။ အဲဒီခရီးစဥ္က Group Chat ထဲမွာ ျဖစ္ခဲ့တဲ့အရာေတြက အမ်ားႀကီးပဲ”

“ဒါေပမယ့္ အဲဒီ Chat ထဲက ကစားသမားအမ်ားအျပားက အခုအခ်ိန္ လူစာရင္းထဲမွာ မရွိၾကေတာ့ပါဘူး။ အဲဒီေပါက္ၾကားမႈက ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္းမွာ ကစားခဲ့တဲ့ ေဝးလ္စ္ကစားသမားတိုင္းျဖစ္ႏိုင္ခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ္ အဲဒါကို မသိပါဘူး။ အဲဒါက ေႏြရာသီျဖစ္ခဲ့ၿပီး လူေတြက အားလပ္ရက္မွာ ရွိေနခဲ့ၿပီး အဲဒီဗီဒီယိုက ေပါက္ၾကားခဲ့ပါတယ္။ Whatsapp Group က လုံၿခဳံေရးကလည္း ခုခ်ိန္မွာ အမ်ားႀကီး တင္းၾကပ္ေနပါၿပီ။ ကြၽန္ေတာ္တို႔ အဲဒီဗီဒီယိုကို ေပါက္ၾကားေအာင္ လုပ္ခဲ့တဲ့သူကို မေတြ႕ခဲ့ပါဘူး။ ဒါေပမယ့္ ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ္ပဲ အျပစ္တင္ခံခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဂါးရတ္ ေဆာက္ဂိတ္ကလည္း အဲဒီဗီဒီယိုဖိုင္နဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးခဲ့ၿပီး အမွန္ေတာ့ အဲဒီဗီဒီယိုဖိုင္ဟာ စိတ္ဓာတ္ခြန္အားေပးတဲ့ အရာအျဖစ္ အသုံးခ်ျခင္းခံခဲ့ရလားလို႔ ေမးျမန္းျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။ “ကြၽန္ေတာ္ မေျပာႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔ အဲဒီဗီဒီယိုဖိုင္ကို သတိျပဳမိပါတယ္”လို႔ ေဆာက္ဂိတ္က ျပန္လည္ေျဖၾကားခဲ့တာျဖစ္ၿပီး ယူ႐ို ၂၀၁၆ ၿပိဳင္ပြဲတုန္းက ေျခေထာက္က်ိဳးေနတာေၾကာင့္ မပါဝင္ခဲ့ရတဲ့ အဂၤလန္ေနာက္ခံလူ လုခ္ေရွာကလည္း ေဝးလ္စ္အသင္းသားေတြ ေအာင္ပြဲခံေနတဲ့ ဗီဒီယိုဖိုင္ဟာ ယေန႔ညပြဲမတိုင္ခင္ ေနာက္ထပ္ စိတ္ဓာတ္ခြန္အားေပးႏိုင္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ခင္ဗ်ား အဲဒါကို ေျပာလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ရဲ႕ စိတ္ဓာတ္ခြန္အားက သူ႔အလိုလို အျမင့္မားဆုံးအဆင့္မွာ ရွိေနရမွာပါ။ ကြၽန္ေတာ္တို႔က ကမာၻ႔ဖလားမွာ ရွိေနတာပါ။ ကြၽန္ေတာ္တို႔ လိုခ်င္တာအတြက္ ႀကီးမားတဲ့ ရည္မွန္းခ်က္ေတြ ထားရမွာပါ”

“ကြၽန္ေတာ္တို႔ ပြဲစဥ္တိုင္းမွာ အျမင့္မားဆုံး စိတ္ဓာတ္ခြန္အားရွိရမွာပါ။ ကြၽန္ေတာ္တို႔မွာ ရွိေနၿပီးသားထက္ ဘယ္အရာကမွ စိတ္ဓာတ္ခြန္အားပိုၿပီး ေပးႏိုင္တာမရွိဘူးလို႔ ထင္တယ္။ ကြၽန္ေတာ္တို႔ ေလ့က်င့္ေရးအစီအစဥ္တိုင္းနဲ႔ ကစားရတဲ့ပြဲတိုင္းမွာ ၁၀၀ ရာခိုင္ႏႈန္း စိတ္ဓာတ္ခြန္အားရွိေနရပါမယ္။ အဲဒီဗီဒီယိုဖိုင္က မေကာင္းမြန္ခဲ့ပါဘူး။ အဲဒီကိစၥကို သိပ္အမ်ားႀကီး မေျပာခ်င္ပါဘူး။ ကြၽန္ေတာ္တို႔ ကြင္းထဲမွာ လုပ္ေနတဲ့အရာအေပၚမွာပဲ အာ႐ုံစိုက္ခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ အင္တာဗ်ဴးမွာ အရာအားလုံးကို ေျပာႏိုင္ၿပီး အျပင္မွာထက္ ကြၽန္ေတာ္ကေတာ့ ကြင္းထဲမွာပဲ စကားပိုေျပာခ်င္တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.