International World Cup

ဂိုးမသွင်းနိုင်လို့ ဝေဖန်နေသူတွေကို တုံ့ပြန်လိုက်တဲ့ ဂျေဆူးစ်

အာဆင်နယ်နဲ့ ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေဆူးစ်က ၎င်းအနေနဲ့ လုံလောက်တဲ့သွင်းဂိုးတွေ သွင်းယူနေခြင်းမရှိဘူးလို့ ယုံကြည်နေတဲ့ ဝေဖန်သူတွေကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ဂျေဆူးစ်ဟာ လက်ရှိ ဘရာဇီးလ်အသင်းရဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ် ၂ ပွဲစလုံးကို လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး ကာတာမှာ ကောင်းကောင်းစွမ်းဆောင်ထားနိုင်ပေမယ့်လည်း ရစ်ချာလီဆန်၊ ဗင်နီးရှပ်စ် ဂျူနီယာတို့အပါအဝင် အသင်းဖော်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် အားနည်းနေတာဖြစ်ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာစီးတီးကနေ အမ်းမရိတ်စ်ကို ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သူတွေဆီကနေ အကောင်းအဆိုးရောထွေးတဲ့ တုံ့ပြန်မှုမျိုး ရရှိခဲ့တာဖြစ်ပါတယ်။

ဂျေဆူးစ်ဟာ ဂန်းနားတို့ရဲ့ တိုက်စစ်မှာ အဓိကဗဟိုချက်ဖြစ်ပြီး အာတီတာရဲ့အသင်းကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးနေပေမယ့်လည်း ဂိုးရှေ့မှာ အဆုံးသတ်နိုင်စွမ်းနဲ့ပတ်သက်ပြီး ပုံမှန်စွမ်းဆောင်ရည်အောက်ကျဆင်းနေမှုအပေါ် စိုးရိမ်မှုတွေ ရှိနေတာဖြစ်ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ နောက်ပိုင်းကတည်းက လိဂ်သွင်းဂိုး ၅ ဂိုးကို တိုးမြှင့်နိုင်ခြင်းမရှိခဲ့တဲ့ ဂျေဆူးစ်ကို အာလင်း ဟာလန်း၊ ဟာရီ ကိန်းတို့လို ကစားသမားတွေက ကျော်တက်သွားခဲ့ကြတာဖြစ်ပေမယ့်လည်း ဂိုးဖန်တီးမှုအပိုင်းမှာတော့ ဘရာဇီးလ်တိုက်စစ်မှူး(၅ ကြိမ်)ထက် ပိုမိုသာလွန်တဲ့သူဆိုရင် ဒီဘရိုင်းနားနဲ့ ဘူကာယို ဆာကာတို့သာ ရှိတာဖြစ်ပါတယ်။

ဆွစ်ဇာလန်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ တနင်္လာနေ့ညနေမှာ Apostagolos ကို စကားပြောဆိုရာမှာ ဂျေဆူးစ်က ၎င်းရဲ့ သွင်းဂိုးတွေ ကင်းမဲ့နေမှုက အရေးမပါဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်က အခုရော နောင်ရော ဂိုးတွေသွင်းယူနေသင့်တဲ့ ကစားသမားဆိုတာ မှန်ပါတယ်။ ကျွန်တော်ဒီမှာ ဂိုးတွေသွင်းဖို့ ရှိနေတာပါ။ ကျွန်တော် ကွင်းထဲမှာ ရှိနေတဲ့အချိန်မှာ ကျွန်တော် ဂိုးသွင်းယူဖို့ ကြိုးစားသလို အကူအညီပေးနိုင်ဖို့လည်း ကြိုးစားပါတယ်။ ကျွန်တော်တို့ အနိုင်ရတဲ့အချိန်မှာ ကျွန်တော်လည်း ပျော်ပါတယ်။ ရိုးရိုးသားသားပြောရရင် ကျွန်တော် အဲဒီအကြောင်းကို မစဉ်းစားနေပါဘူး။ ကျွန်တော် အခွင့်အရေးရင် ကျွန်တော် ဂိုးသွင်းမှာပါ။ ကျွန်တော် အဲဒါတော့ သေချာပါတယ်”

“ကျွန်တော့်ရဲ့ အဆုံးသတ်က ပြဿနာလို့ မထင်ပါဘူး။ ကျွန်တော်တု့ိ အဆုံးသတ်နဲ့ပတ်သက်ပြီး ပြောနိုင်တယ်။ ဒါပေမယ့် အပြောသင့်ဆုံးအရာကတော့ ကျွန်တော်ရခဲ့တဲ့ အခွင့်အရေးတွေပါ။ အာဆင်နယ်က ဘောလုံးက ဒီက ဘောလုံးနဲ့ ကွဲပြားခြားနားပါတယ်။ ကျွန်တော် အခွင့်အရေးအနည်းငယ် ရရှိခဲ့တာတောင်မှပဲ ကျွန်တော် ဆုံးရှုံးခဲ့တယ်။ အဲဒါက ဆုံးဖြတ်ချက်နဲ့ မဆိုင်ပါဘူး။ ကျွန်တော် ရာသီကို ကောင်းကောင်း စတင်နိုင်ခဲ့ပြီး ဘယ်သူကမှ အဲဒီအကြောင်း မပြောကြဘူး။ ဒါပေမယ့် အဲဒါက ပြဿနာမဟုတ်ပါဘူး။ ကျွန်တော် သိပ်မကြာခင် ဘောလုံးကို ဂိုးပိုက်ထဲ ကန်ထည့်မှာဖြစ်ပြီး အဲဒီကျရင် နောက်ထပ်တစ်ကြိမ် ကျွန်တော် ရပ်တန့်တော့မှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္နဲ႔ ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉး ဂါဘရီယဲလ္ ေဂ်ဆူးစ္က ၎အေနနဲ႔ လုံေလာက္တဲ့သြင္းဂိုးေတြ သြင္းယူေနျခင္းမရွိဘူးလို႔ ယုံၾကည္ေနတဲ့ ေဝဖန္သူေတြကို ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။

ေဂ်ဆူးစ္ဟာ လက္ရွိ ဘရာဇီးလ္အသင္းရဲ႕ ကမာၻ႔ဖလားအုပ္စုပြဲစဥ္ ၂ ပြဲစလုံးကို လူစားဝင္ကစားသမားအျဖစ္ ပါဝင္ကစားေပးခဲ့သူျဖစ္ၿပီး ကာတာမွာ ေကာင္းေကာင္းစြမ္းေဆာင္ထားႏိုင္ေပမယ့္လည္း ရစ္ခ်ာလီဆန္၊ ဗင္နီးရွပ္စ္ ဂ်ဴနီယာတို႔အပါအဝင္ အသင္းေဖာ္ေတြနဲ႔ ႏႈိင္းယွဥ္လိုက္ရင္ အားနည္းေနတာျဖစ္ပါတယ္။

ဘရာဇီးလ္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ မန္ခ်က္စတာစီးတီးကေန အမ္းမရိတ္စ္ကို ေပါင္ ၄၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ပရိသတ္ေတြနဲ႔ ေဘာလုံးေဝဖန္သူေတြဆီကေန အေကာင္းအဆိုးေရာေထြးတဲ့ တုံ႔ျပန္မႈမ်ိဳး ရရွိခဲ့တာျဖစ္ပါတယ္။

ေဂ်ဆူးစ္ဟာ ဂန္းနားတို႔ရဲ႕ တိုက္စစ္မွာ အဓိကဗဟိုခ်က္ျဖစ္ၿပီး အာတီတာရဲ႕အသင္းကို အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ႏိုင္ေအာင္ ႀကီးမားတဲ့အခန္းက႑ကေန ပါဝင္ကစားေပးေနေပမယ့္လည္း ဂိုးေရွ႕မွာ အဆုံးသတ္ႏိုင္စြမ္းနဲ႔ပတ္သက္ၿပီး ပုံမွန္စြမ္းေဆာင္ရည္ေအာက္က်ဆင္းေနမႈအေပၚ စိုးရိမ္မႈေတြ ရွိေနတာျဖစ္ပါတယ္။

ေအာက္တိုဘာ ၁ ရက္ေန႔ ေနာက္ပိုင္းကတည္းက လိဂ္သြင္းဂိုး ၅ ဂိုးကို တိုးျမႇင့္ႏိုင္ျခင္းမရွိခဲ့တဲ့ ေဂ်ဆူးစ္ကို အာလင္း ဟာလန္း၊ ဟာရီ ကိန္းတို႔လို ကစားသမားေတြက ေက်ာ္တက္သြားခဲ့ၾကတာျဖစ္ေပမယ့္လည္း ဂိုးဖန္တီးမႈအပိုင္းမွာေတာ့ ဘရာဇီးလ္တိုက္စစ္မႉး(၅ ႀကိမ္)ထက္ ပိုမိုသာလြန္တဲ့သူဆိုရင္ ဒီဘ႐ိုင္းနားနဲ႔ ဘူကာယို ဆာကာတို႔သာ ရွိတာျဖစ္ပါတယ္။

ဆြစ္ဇာလန္ကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ တနလၤာေန႔ညေနမွာ Apostagolos ကို စကားေျပာဆိုရာမွာ ေဂ်ဆူးစ္က ၎ရဲ႕ သြင္းဂိုးေတြ ကင္းမဲ့ေနမႈက အေရးမပါဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “ကြၽန္ေတာ္က အခုေရာ ေနာင္ေရာ ဂိုးေတြသြင္းယူေနသင့္တဲ့ ကစားသမားဆိုတာ မွန္ပါတယ္။ ကြၽန္ေတာ္ဒီမွာ ဂိုးေတြသြင္းဖို႔ ရွိေနတာပါ။ ကြၽန္ေတာ္ ကြင္းထဲမွာ ရွိေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္ ဂိုးသြင္းယူဖို႔ ႀကိဳးစားသလို အကူအညီေပးႏိုင္ဖို႔လည္း ႀကိဳးစားပါတယ္။ ကြၽန္ေတာ္တို႔ အႏိုင္ရတဲ့အခ်ိန္မွာ ကြၽန္ေတာ္လည္း ေပ်ာ္ပါတယ္။ ႐ိုး႐ိုးသားသားေျပာရရင္ ကြၽန္ေတာ္ အဲဒီအေၾကာင္းကို မစဥ္းစားေနပါဘူး။ ကြၽန္ေတာ္ အခြင့္အေရးရင္ ကြၽန္ေတာ္ ဂိုးသြင္းမွာပါ။ ကြၽန္ေတာ္ အဲဒါေတာ့ ေသခ်ာပါတယ္”

“ကြၽန္ေတာ့္ရဲ႕ အဆုံးသတ္က ျပႆနာလို႔ မထင္ပါဘူး။ ကြၽန္ေတာ္တု႔ိ အဆုံးသတ္နဲ႔ပတ္သက္ၿပီး ေျပာႏိုင္တယ္။ ဒါေပမယ့္ အေျပာသင့္ဆုံးအရာကေတာ့ ကြၽန္ေတာ္ရခဲ့တဲ့ အခြင့္အေရးေတြပါ။ အာဆင္နယ္က ေဘာလုံးက ဒီက ေဘာလုံးနဲ႔ ကြဲျပားျခားနားပါတယ္။ ကြၽန္ေတာ္ အခြင့္အေရးအနည္းငယ္ ရရွိခဲ့တာေတာင္မွပဲ ကြၽန္ေတာ္ ဆုံးရႈံးခဲ့တယ္။ အဲဒါက ဆုံးျဖတ္ခ်က္နဲ႔ မဆိုင္ပါဘူး။ ကြၽန္ေတာ္ ရာသီကို ေကာင္းေကာင္း စတင္ႏိုင္ခဲ့ၿပီး ဘယ္သူကမွ အဲဒီအေၾကာင္း မေျပာၾကဘူး။ ဒါေပမယ့္ အဲဒါက ျပႆနာမဟုတ္ပါဘူး။ ကြၽန္ေတာ္ သိပ္မၾကာခင္ ေဘာလုံးကို ဂိုးပိုက္ထဲ ကန္ထည့္မွာျဖစ္ၿပီး အဲဒီက်ရင္ ေနာက္ထပ္တစ္ႀကိမ္ ကြၽန္ေတာ္ ရပ္တန႔္ေတာ့မွာမဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.