Premier League

ပရီးမီးယားလိဂ္ရဲ႕ ေဈးကြက္ပိတ္ခါနီး ေခၚယူမွဳတခ်ဳိ႕ကို ေလ့လာၾကည့္ျခင္း

ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္မွာ တခ်ဳိ႕အသင္းေတြအေနနဲ႔ ေဈးကြက္ပိတ္သိမ္းခါနီးအထိ ကစားသမားသစ္ေတြ မေခၚယူႏုိင္ခဲ့ဘဲ အခ်ိန္ကပ္ၿပီး ဇန္နဝါရီ ၂၉ ကေန ၃၁ အတြင္း ၇၂ နာရီေလာက္မွာ အသည္းအသန္ႀကဳိးစားေခၚယူမွဳေတြ ျပဳလုပ္ခဲ့ရာမွာ ဒီထဲက ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္မွာ ကစားခြင့္ရခဲ့တဲ့ ကစားသမားတခ်ဳိ႕ကို ေလ့လာၾကည့္ျဖစ္ခဲ့ပါတယ္။

ဘ႐ူႏို ဖာနန္ဒက္စ္ (မန္ခ်က္စတာယူႏုိက္တက္)
သရဲနီနည္းျပ အိုလီဂန္နာ ဆုိးလ္ရွားအေနနဲ႔ ဒီကစားသမားကို ဒုတိယပုိင္းမွ Game Changer အျဖစ္ ထည့္သုံးခဲ့သင့္ေပမယ့္ ဒီလို ျမန္ႏွဳန္းျမင့္လိဂ္တစ္ခုမွာ အစမ္းသပ္မခံဖူးေသးတဲ့ ကစားသမားကို ပြဲထြက္ခုိင္းတာက စြန္႔စားလြန္းရာလည္းက်ခဲ့ပါတယ္။ ေပၚတူဂီပေလးမိတ္ကာဟာ အသင္းအတြက္ ဂိုးေပါက္ကန္ခ်က္ေကာင္းေတြနဲ႔ ၿပဳိင္ဘက္ကို ၿခိမ္းေျခာက္ႏုိင္ခဲ့ေပမယ့္ တကယ္တမ္း ဂိုးလိုအပ္ခ်ိန္မွာေတာ့ ကစားအားက်ဆင္းေနခဲ့ၿပီး အဝါကတ္တစ္ကတ္ကိုလည္း ရယူသြားခဲ့ပါတယ္။ ဒါေပမယ့္ ဖာနန္ဒက္စ္ရဲ႕ ေပးပုိ႔မွဳ၊ ျဖန္႔ေဝမွဳေတြကေတာ့ သူ႕ရဲ႕ကစားပုံကို ဆယ္မွတ္မွာ ခုနစ္မွတ္ေလာက္ ေပးႏိုင္မယ္လုိ႔ ယူဆရပါတယ္။

ဒန္နီ႐ို႕စ္၊ ဗလင္တီႏို လာဇာ႐ို (နယူးကာဆယ္လ္ယူႏုိက္တက္)
ဒီကစားသမားႏွစ္ဦးဟာ နယူးကာဆယ္လ္နည္းျပ စတိဗ္ ဘ႐ုစ္အတြက္ေတာ့ အရန္ခုံမွာ စတင္ေခၚယူျခင္းခံခဲ့ရၿပီး လာဇာ႐ုိကို ၅၄ မိနစ္မွာ လူစားသြင္းခဲ့သလို ဒန္နီ႐ို႕စ္ကေတာ့ ေတာင္ပံကစားသမား စိန္႔မက္ဇီမင္အစား ၇၉ မိနစ္မွာမွ ဝင္ကစားခဲ့တာကို ေတြ႕ရပါတယ္။ အဂၤလန္ဘယ္ေနာက္ခံလူအေနနဲ႔ ကစားပုံမဆုိးခဲ့ေပမယ့္ ၾသစႀတီးယားေတာင္ပံကစားသမားကေတာ့ ပရီးမီးယားလိဂ္နဲ႔ အံမဝင္ေသးဘူးလို႔လည္း သုံးသပ္ရမွာျဖစ္ၿပီး Rating ေပးရရင္ေတာ့ ငါးမွတ္စီသာ ရရွိႏုိင္မွာပါ။

စတီဗင္ ဘာ့ဂ္ဗိန္း (ေတာ့တင္ဟမ္ေဟာ့စပါးစ္)
ၿပဳိင္ဘက္မန္ခ်က္စတာစီးတီးနဲ႔ပြဲမွာ ဒီကစားသမားကို ေျခစြမ္းျပႏုိင္မယ္လုိ႔ေတာ့ ဘယ္သူကမွ တြက္ဆထားခဲ့မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ သူ႕ကို ၾကည့္ရတာ ပရီးမီးယားလိဂ္ရဲ႕ ကစားပုံမွာ သက္ေတာင့္သက္သာရွိေနခဲ့ၿပီး စပါးစ္အသင္းနဲ႔လည္း အၾကာႀကီး တြဲကစားထားခဲ့သူလိုမ်ဳိး အခ်ိတ္အဆက္မိခဲ့ပါတယ္။ ဘာ့ဂ္ဗိန္းကို ခ်ီးက်ဴးရမွာကေတာ့ သူ႕ရဲ႕ပထမဆုံးပြဲ၊ ပထမဆုံးကန္ခ်က္မွာ လွပတဲ့ ဂိုးတစ္ဂိုးကို လူးကပ္စ္ မူရာရဲ႕ ဖန္တီးမွဳကေန သြင္းယူႏုိင္ခဲ့တာျဖစ္ၿပီး ဆယ္မွတ္မွာ ရွစ္မွတ္ေလာက္ ရရွိႏုိင္ပါတယ္။

ေသာမတ္ ဆူးခ်က္ခ္ (ဝက္စ္ဟမ္းယူႏိုက္တက္)
ဝက္စ္ဟမ္းကို အငွား+အၿပီးသတ္ေခၚယူခြင့္နဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ ဆလားဗီးယား ပရာဟာရဲ႕ ကပၸတိန္ဟာ ဂိုးသြင္းမွတ္တမ္းျမင့္မားသူတစ္ဦးလည္းျဖစ္ၿပီး အသင္းသစ္မွာ လြယ္လြယ္ကူကူပဲ အထုိင္က်ခဲ့ပါတယ္။ ကြင္းလယ္တစ္ေၾကာမွာ ေနရာစုံကစားႏုိင္တဲ့ ခ်က္လက္ေရြးစင္ကစားသမားဟာ ဒီေန႔မွာေတာ့ Attacking Midfield က ကစားသြားခဲ့ၿပီး ခံစစ္ပုိင္းကိုလည္း လုိက္ပါကူညီေပးခဲ့သလို ပရီးမီးယားလိဂ္ရဲ႕ ကစားပုံမွာ အနည္းငယ္ ႐ုန္းကန္ခဲ့ရေပမယ့္လည္း ေက်နပ္ေလာက္စရာျဖစ္ခဲ့ပါတယ္။ နည္းျပ ေဒးဗစ္ မြဳိက္စ္အဖို႔ေတာ့ ဆယ္မွတ္မွာ သူ႕ကို ခုနစ္မွတ္ခြဲေလာက္ ေပးခ်င္မိမွာပါ။

ဆန္ဒါ ဘာ့ဂ်္ (ရွက္ဖီးလ္ဒ္ယူႏုိက္တက္)
ရည္မွန္းခ်က္ေကာင္းေတြကို ျပသေနတဲ့ ရွက္ဖီးလ္ဒ္ဟာ တန္းတက္အသင္းတစ္သင္းနဲ႔ေတာ့ မတူတာ အမွန္ျဖစ္ၿပီး ဒီအရပ္ေျခာက္ေပ ငါးလက္မရွိတဲ့ ကြင္းလယ္လူကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၂ သန္းနဲ႔ ေခၚယူလိုက္တာပါ။ သူ႕ကို နည္းျပ ခရစၥ ဝိုင္လ္ဒါက ကြင္းလယ္လူ ဂၽြန္လန္းစ္ထရမ္ရဲ႕ ေနရာမွာ ကစားေစခဲ့ေပမယ့္ သူ႕ရဲ႕ေမွ်ာ္မွန္းခ်က္ေတြနဲ႔ေတာ့ မကိုက္ညီခဲ့ပါဘူး။ သာမန္ေျခစြမ္းနဲ႔ ၂၁ ႏွစ္သားကို ပြဲခ်ိန္ ၆၈ မိနစ္မွာ သူ႕ရဲ႕ေနရာပုိင္ရွင္ လန္းစ္ထရမ္နဲ႔ လူစားျပန္လဲလုိက္မွ ရွက္ဖီးလ္ဒ္ကစားပုံက ျပန္တက္လာခဲ့တာပါ။ ဆယ္မွတ္ဆိုရင္ ငါးမွတ္ပဲ ထုိက္တန္ခဲ့ပါတယ္။

ဒန္နီယယ္ ပုိဒင့္စ္ (ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္)
တကယ္တမ္းေတာ့ ဒီေန႔ပြဲမွာ ပိုဒင့္စ္ရဲ႕ ကစားခြင့္က နည္းျပ ႏူႏို ဆန္တိုရဲ႕ အစီအစဥ္ထဲမွာ မပါဝင္ခဲ့ပါဘူး။ ေဘာလုံးယွဥ္လုဖို႔ ႀကဳိးစားရာကေန ေတာင္ပံကစားသမား အဒါမာ ထရာအုိေရး နာသြားခဲ့လို႔ ပြဲခ်ိန္ ၇၆ မိနစ္မွာ ပိုဒင့္စ္က ဝင္ကစားခဲ့ရတာျဖစ္ၿပီး အလိမ္အလွည့္တခ်ဳိ႕နဲ႔ ဂိုးကန္သြင္းမွဳတစ္ခုကေတာ့ ဝုလ္ဗ္စ္ပရိသတ္ေတြနဲ႔ ဂယ္ရီ နဗီးလ္ကို ေက်နပ္ေစခဲ့ပါတယ္။ နဗီးလ္က သူ႕ကို အီဒင္ ဟာဇတ္နဲ႔ ကစားေပါက္ခ်င္းတူတယ္လုိ႔ ႏွဳိင္းယွဥ္သြားခဲ့ၿပီး ပရိသတ္ေတြအတြက္ သူ႕ရဲ႕ ဒီထက္ပုိႏုိင္တဲ့ ေျခစြမ္းကို ေမွ်ာ္လင့္ႏိုင္ၿပီး အရင္ႏွစ္ေတြကေလာက္ မေကာင္းေတာ့တဲ့ ဒီေယဂို ဂ်ဳိတာရဲ႕ ေနရာကို ၿခိမ္းေျခာက္ႏုိင္မလားလည္း ေစာင့္ၾကည့္ရမွာပါ။ ဆယ္မွတ္ေပးရင္ ေျခာက္မွတ္ဆုိ သေဘာတူေလာက္မွာပါ။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်မှာ တချို့အသင်းတွေအနေနဲ့ ဈေးကွက်ပိတ်သိမ်းခါနီးအထိ ကစားသမားသစ်တွေ မခေါ်ယူနိုင်ခဲ့ဘဲ အချိန်ကပ်ပြီး ဇန်နဝါရီ ၂၉ ကနေ ၃၁ အတွင်း ၇၂ နာရီလောက်မှာ အသည်းအသန်ကြိုးစားခေါ်ယူမှုတွေ ပြုလုပ်ခဲ့ရာမှာ ဒီထဲက ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရခဲ့တဲ့ ကစားသမားတချို့ကို လေ့လာကြည့်ဖြစ်ခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်စ် (မန်ချက်စတာယူနိုက်တက်)
သရဲနီနည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ ဒီကစားသမားကို ဒုတိယပိုင်းမှ Game Changer အဖြစ် ထည့်သုံးခဲ့သင့်ပေမယ့် ဒီလို မြန်နှုန်းမြင့်လိဂ်တစ်ခုမှာ အစမ်းသပ်မခံဖူးသေးတဲ့ ကစားသမားကို ပွဲထွက်ခိုင်းတာက စွန့်စားလွန်းရာလည်းကျခဲ့ပါတယ်။ ပေါ်တူဂီပလေးမိတ်ကာဟာ အသင်းအတွက် ဂိုးပေါက်ကန်ချက်ကောင်းတွေနဲ့ ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် တကယ်တမ်း ဂိုးလိုအပ်ချိန်မှာတော့ ကစားအားကျဆင်းနေခဲ့ပြီး အဝါကတ်တစ်ကတ်ကိုလည်း ရယူသွားခဲ့ပါတယ်။ ဒါပေမယ့် ဖာနန်ဒက်စ်ရဲ့ ပေးပို့မှု၊ ဖြန့်ဝေမှုတွေကတော့ သူ့ရဲ့ကစားပုံကို ဆယ်မှတ်မှာ ခုနစ်မှတ်လောက် ပေးနိုင်မယ်လို့ ယူဆရပါတယ်။

ဒန်နီရို့စ်၊ ဗလင်တီနို လာဇာရို (နယူးကာဆယ်လ်ယူနိုက်တက်)
ဒီကစားသမားနှစ်ဦးဟာ နယူးကာဆယ်လ်နည်းပြ စတိဗ် ဘရုစ်အတွက်တော့ အရန်ခုံမှာ စတင်ခေါ်ယူခြင်းခံခဲ့ရပြီး လာဇာရိုကို ၅၄ မိနစ်မှာ လူစားသွင်းခဲ့သလို ဒန်နီရို့စ်ကတော့ တောင်ပံကစားသမား စိန့်မက်ဇီမင်အစား ၇၉ မိနစ်မှာမှ ဝင်ကစားခဲ့တာကို တွေ့ရပါတယ်။ အင်္ဂလန်ဘယ်နောက်ခံလူအနေနဲ့ ကစားပုံမဆိုးခဲ့ပေမယ့် သြစတြီးယားတောင်ပံကစားသမားကတော့ ပရီးမီးယားလိဂ်နဲ့ အံမဝင်သေးဘူးလို့လည်း သုံးသပ်ရမှာဖြစ်ပြီး Rating ပေးရရင်တော့ ငါးမှတ်စီသာ ရရှိနိုင်မှာပါ။

စတီဗင် ဘာ့ဂ်ဗိန်း (တော့တင်ဟမ်ဟော့စပါးစ်)
ပြိုင်ဘက်မန်ချက်စတာစီးတီးနဲ့ပွဲမှာ ဒီကစားသမားကို ခြေစွမ်းပြနိုင်မယ်လို့တော့ ဘယ်သူကမှ တွက်ဆထားခဲ့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ကို ကြည့်ရတာ ပရီးမီးယားလိဂ်ရဲ့ ကစားပုံမှာ သက်တောင့်သက်သာရှိနေခဲ့ပြီး စပါးစ်အသင်းနဲ့လည်း အကြာကြီး တွဲကစားထားခဲ့သူလိုမျိုး အချိတ်အဆက်မိခဲ့ပါတယ်။ ဘာ့ဂ်ဗိန်းကို ချီးကျူးရမှာကတော့ သူ့ရဲ့ပထမဆုံးပွဲ၊ ပထမဆုံးကန်ချက်မှာ လှပတဲ့ ဂိုးတစ်ဂိုးကို လူးကပ်စ် မူရာရဲ့ ဖန်တီးမှုကနေ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဆယ်မှတ်မှာ ရှစ်မှတ်လောက် ရရှိနိုင်ပါတယ်။

သောမတ် ဆူးချက်ခ် (ဝက်စ်ဟမ်းယူနိုက်တက်)
ဝက်စ်ဟမ်းကို အငှား+အပြီးသတ်ခေါ်ယူခွင့်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆလားဗီးယား ပရာဟာရဲ့ ကပ္ပတိန်ဟာ ဂိုးသွင်းမှတ်တမ်းမြင့်မားသူတစ်ဦးလည်းဖြစ်ပြီး အသင်းသစ်မှာ လွယ်လွယ်ကူကူပဲ အထိုင်ကျခဲ့ပါတယ်။ ကွင်းလယ်တစ်ကြောမှာ နေရာစုံကစားနိုင်တဲ့ ချက်လက်ရွေးစင်ကစားသမားဟာ ဒီနေ့မှာတော့ Attacking Midfield က ကစားသွားခဲ့ပြီး ခံစစ်ပိုင်းကိုလည်း လိုက်ပါကူညီပေးခဲ့သလို ပရီးမီးယားလိဂ်ရဲ့ ကစားပုံမှာ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့်လည်း ကျေနပ်လောက်စရာဖြစ်ခဲ့ပါတယ်။ နည်းပြ ဒေးဗစ် မွိုက်စ်အဖို့တော့ ဆယ်မှတ်မှာ သူ့ကို ခုနစ်မှတ်ခွဲလောက် ပေးချင်မိမှာပါ။

ဆန်ဒါ ဘာ့ဂျ် (ရှက်ဖီးလ်ဒ်ယူနိုက်တက်)
ရည်မှန်းချက်ကောင်းတွေကို ပြသနေတဲ့ ရှက်ဖီးလ်ဒ်ဟာ တန်းတက်အသင်းတစ်သင်းနဲ့တော့ မတူတာ အမှန်ဖြစ်ပြီး ဒီအရပ်ခြောက်ပေ ငါးလက်မရှိတဲ့ ကွင်းလယ်လူကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၂ သန်းနဲ့ ခေါ်ယူလိုက်တာပါ။ သူ့ကို နည်းပြ ခရစ္စ ဝိုင်လ်ဒါက ကွင်းလယ်လူ ဂျွန်လန်းစ်ထရမ်ရဲ့ နေရာမှာ ကစားစေခဲ့ပေမယ့် သူ့ရဲ့မျှော်မှန်းချက်တွေနဲ့တော့ မကိုက်ညီခဲ့ပါဘူး။ သာမန်ခြေစွမ်းနဲ့ ၂၁ နှစ်သားကို ပွဲချိန် ၆၈ မိနစ်မှာ သူ့ရဲ့နေရာပိုင်ရှင် လန်းစ်ထရမ်နဲ့ လူစားပြန်လဲလိုက်မှ ရှက်ဖီးလ်ဒ်ကစားပုံက ပြန်တက်လာခဲ့တာပါ။ ဆယ်မှတ်ဆိုရင် ငါးမှတ်ပဲ ထိုက်တန်ခဲ့ပါတယ်။

ဒန်နီယယ် ပိုဒင့်စ် (ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်)
တကယ်တမ်းတော့ ဒီနေ့ပွဲမှာ ပိုဒင့်စ်ရဲ့ ကစားခွင့်က နည်းပြ နူနို ဆန်တိုရဲ့ အစီအစဉ်ထဲမှာ မပါဝင်ခဲ့ပါဘူး။ ဘောလုံးယှဉ်လုဖို့ ကြိုးစားရာကနေ တောင်ပံကစားသမား အဒါမာ ထရာအိုရေး နာသွားခဲ့လို့ ပွဲချိန် ၇၆ မိနစ်မှာ ပိုဒင့်စ်က ဝင်ကစားခဲ့ရတာဖြစ်ပြီး အလိမ်အလှည့်တချို့နဲ့ ဂိုးကန်သွင်းမှုတစ်ခုကတော့ ဝုလ်ဗ်စ်ပရိသတ်တွေနဲ့ ဂယ်ရီ နဗီးလ်ကို ကျေနပ်စေခဲ့ပါတယ်။ နဗီးလ်က သူ့ကို အီဒင် ဟာဇတ်နဲ့ ကစားပေါက်ချင်းတူတယ်လို့ နှိုင်းယှဉ်သွားခဲ့ပြီး ပရိသတ်တွေအတွက် သူ့ရဲ့ ဒီထက်ပိုနိုင်တဲ့ ခြေစွမ်းကို မျှော်လင့်နိုင်ပြီး အရင်နှစ်တွေကလောက် မကောင်းတော့တဲ့ ဒီယေဂို ဂျိုတာရဲ့ နေရာကို ခြိမ်းခြောက်နိုင်မလားလည်း စောင့်ကြည့်ရမှာပါ။ ဆယ်မှတ်ပေးရင် ခြောက်မှတ်ဆို သဘောတူလောက်မှာပါ။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.