Premier League

ကီပါေနရာမွာ အစားထိုးဖို႔ ႀကံစည္ေနတဲ့ လမ္းပတ္

ခ်ဲလ္ဆီးအသင္းနည္းျပ ဖရန္႔ လမ္းပတ္ဟာ အသင္းရဲ႕ အသက္ ၂၅ႏွစ္အ႐ြယ္ စပိန္ဂိုးသမား ကီပါ အာရီဇာဘာလာဂါရဲ႕ စြမ္းေဆာင္ရည္ေတြအေပၚ အားမရျဖစ္ေနတယ္လို႔ နီးစပ္ရာအသိုင္းအဝိုင္းက အသံေတြ ထြက္ခဲ့အၿပီးမွာ ဂိုးသမားသစ္နဲ႔ အစားထိုးမယ္ဆုိတဲ့ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

ဘန္ေလဂိုးသမား နစ္ခ္ပုပ္နဲ႔ ခရစၥတယ္လ္ပဲေလ့စ္ဂိုးသမား ဗီဆင္ေတး ဂြဳိင္တာတို႔ဟာ ဒီအသက္ ၄၂ ႏွစ္အရြယ္ ခ်ဲလ္ဆီးနည္းျပရဲ႕ ေႏြရာသီအေျပာင္းအေရႊ႕မွာ ေခၚယူမယ့္ ဦးစားေပးပစ္မွတ္အျဖစ္ စာရင္းသြင္းထားျခင္းခံထားရတာလည္းျဖစ္ၿပီး ဘီလ္ဘာအုိကစားသမားေဟာင္းရဲ႕ အနာဂတ္ကေတာ့ ေဝဝါးလာခဲ့တာပါ။

ၿပီးခဲ့တဲ့ လက္စ္တာအသင္းနဲ႔ အေဝးကြင္းပြဲစဥ္မွာ ကီပါကို ခ်န္လွပ္ထားခဲ့ၿပီး အရန္ဂိုးသမားျဖစ္တဲ့ ဝီလီ ကာဘယ္လာ႐ိုကို ေနရာေပးခဲ့ေပမယ့္လည္း အာဂ်င္တီးနားဝါရင့္ႀကီးရဲ႕ ပြဲဆက္ျပတ္ေနမႈေၾကာင့္ စိတ္ပ်က္စရာ စြမ္းေဆာင္ရည္မ်ိဳးကိုသာ လမ္းပတ္အေနနဲ႔ ရရွိသြားခဲ့တာျဖစ္ၿပီး ေက်နပ္ေလာက္စရာ မရွိခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ ပြဲအၿပီးမွာ လမ္းပတ္က ကာဘယ္လာ႐ိုကို ေနရာေပးခဲ့မႈအေပၚ ေျဖၾကားရာမွာေတာ့ “ဆုံးျဖတ္ခ်က္တစ္ခုကို လြယ္လြယ္ခ်ခဲ့ရတာေတာ့ မဟုတ္ပါဘူး။ အတူတူ ေလ့က်င့္ေဖာ္ေလ့က်င့္ဖက္လည္းျဖစ္သလို အရမ္းနီးစပ္ေဖာ္ေ႐ြၾကတဲ့ ကစားသမားႏွစ္ေယာက္ထဲက တစ္ေယာက္ကို ဒီပြဲအတြက္ ကြၽန္ေတာ္ ေ႐ြးခ်ယ္ခဲ့ရတာပါ။ ကြၽန္ေတာ္ ဝီလီကို ယုံတယ္ဗ်။ ဝီလီဟာ ပေရာ္ဖက္ရွင္နယ္ဆန္လြန္းတဲ့ ကစားေကာင္းတစ္ေယာက္ပဲေလဗ်ာ”လို႔ ​သူရဲ႕ေ႐ြးခ်ယ္မႈကို ေျပာျပသြားခဲ့ပါတယ္။

၂၀၁၈ ေႏြရာသီက စပိန္ကလပ္ အက္သလက္တစ္ ဘီလ္ဘာအိုကေန ကမာၻ႕စံခ်ိန္တင္ေၾကးအႀကီးဆုံး ဂိုးသမားအျဖစ္ မွတ္တမ္းဝင္ခဲ့တဲ့ ေျပာင္းေရႊ႕ေၾကး ယူ႐ုိ သန္း ၈၀ နဲ႔ ေခၚယူခဲ့ေပမယ့္ ဘတ္စ္ေကးသားရဲ႕ လက္စြမ္းနဲ႔ တည္ၿငိမ္မႈကေတာ့ ေပးခဲ့ရတဲ့ ေစ်းႏႈန္းနဲ႔ ထိုက္တန္မႈမ်ဳိး မျပသႏုိင္ခဲ့ဘူးလို႔လည္း အားလုံးက တစ္ညီတစ္ညြတ္တည္း သုံးသပ္ထားၾကေၾကာင္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
DENNIS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းနည်းပြ ဖရန့် လမ်းပတ်ဟာ အသင်းရဲ့ အသက် ၂၅နှစ်အရွယ် စပိန်ဂိုးသမား ကီပါ အာရီဇာဘာလာဂါရဲ့ စွမ်းဆောင်ရည်တွေအပေါ် အားမရဖြစ်နေတယ်လို့ နီးစပ်ရာအသိုင်းအဝိုင်းက အသံတွေ ထွက်ခဲ့အပြီးမှာ ဂိုးသမားသစ်နဲ့ အစားထိုးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဘန်လေဂိုးသမား နစ်ခ်ပုပ်နဲ့ ခရစ္စတယ်လ်ပဲလေ့စ်ဂိုးသမား ဗီဆင်တေး ဂွိုင်တာတို့ဟာ ဒီအသက် ၄၂ နှစ်အရွယ် ချဲလ်ဆီးနည်းပြရဲ့ နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူမယ့် ဦးစားပေးပစ်မှတ်အဖြစ် စာရင်းသွင်းထားခြင်းခံထားရတာလည်းဖြစ်ပြီး ဘီလ်ဘာအိုကစားသမားဟောင်းရဲ့ အနာဂတ်ကတော့ ဝေဝါးလာခဲ့တာပါ။

ပြီးခဲ့တဲ့ လက်စ်တာအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ ကီပါကို ချန်လှပ်ထားခဲ့ပြီး အရန်ဂိုးသမားဖြစ်တဲ့ ဝီလီ ကာဘယ်လာရိုကို နေရာပေးခဲ့ပေမယ့်လည်း အာဂျင်တီးနားဝါရင့်ကြီးရဲ့ ပွဲဆက်ပြတ်နေမှုကြောင့် စိတ်ပျက်စရာ စွမ်းဆောင်ရည်မျိုးကိုသာ လမ်းပတ်အနေနဲ့ ရရှိသွားခဲ့တာဖြစ်ပြီး ကျေနပ်လောက်စရာ မရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ပွဲအပြီးမှာ လမ်းပတ်က ကာဘယ်လာရိုကို နေရာပေးခဲ့မှုအပေါ် ဖြေကြားရာမှာတော့ “ဆုံးဖြတ်ချက်တစ်ခုကို လွယ်လွယ်ချခဲ့ရတာတော့ မဟုတ်ပါဘူး။ အတူတူ လေ့ကျင့်ဖော်လေ့ကျင့်ဖက်လည်းဖြစ်သလို အရမ်းနီးစပ်ဖော်ရွေကြတဲ့ ကစားသမားနှစ်ယောက်ထဲက တစ်ယောက်ကို ဒီပွဲအတွက် ကျွန်တော် ရွေးချယ်ခဲ့ရတာပါ။ ကျွန်တော် ဝီလီကို ယုံတယ်ဗျ။ ဝီလီဟာ ပရော်ဖက်ရှင်နယ်ဆန်လွန်းတဲ့ ကစားကောင်းတစ်ယောက်ပဲလေဗျာ”လို့ သူရဲ့ရွေးချယ်မှုကို ပြောပြသွားခဲ့ပါတယ်။

၂၀၁၈ နွေရာသီက စပိန်ကလပ် အက်သလက်တစ် ဘီလ်ဘာအိုကနေ ကမ္ဘာ့စံချိန်တင်ကြေးအကြီးဆုံး ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ နဲ့ ခေါ်ယူခဲ့ပေမယ့် ဘတ်စ်ကေးသားရဲ့ လက်စွမ်းနဲ့ တည်ငြိမ်မှုကတော့ ပေးခဲ့ရတဲ့ ဈေးနှုန်းနဲ့ ထိုက်တန်မှုမျိုး မပြသနိုင်ခဲ့ဘူးလို့လည်း အားလုံးက တစ်ညီတစ်ညွတ်တည်း သုံးသပ်ထားကြကြောင်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
DENNIS
SPORTS A2Z.