Premier League

ကေလးေတြနဲ႔ အက္ဖ္ေအဖလားကို ထားၿပီး အပန္းေျဖေနၾကတဲ့ ကေလာ့ပ္နဲ႔ လီဗာပူးလ္အသင္းသားေတြ

စေနေန႔က ေဆာက္သမ္တန္အသင္းကို ေလးဂိုး-ဂိုးမရွိနဲ႔ အႏုိင္ကစားၿပီး ပရီးမီးယားလိဂ္မွာ အနီးဆုံးၿပဳိင္ဘက္ မန္ခ်က္စတာစီးတီးကို ၂၂ မွတ္အထိ အသာရထားခဲ့တဲ့ လီဗာပူးလ္အသင္းဟာ အဂၤါေန႔မွာ ကစားရမယ့္ အက္ဖ္ေအဖလားပြဲစဥ္ကို လူငယ္ေတြနဲ႔ထားၿပီး အပန္းေျဖထြက္သြားခဲ့ၾကတယ္လို႔ သိရပါတယ္။

ပထမအေက်ာ့ အေဝးကြင္းမွာ ႐ွ႐ူးဘူရီေတာင္းနဲ႔ ႏွစ္ဂိုးစီ သေရက်ခဲ့အၿပီး အိမ္ကြင္းအန္းဖီးလ္မွာ Replay ကစားရမယ့္ ပြဲစဥ္အတြက္ နည္းျပ ယာဂန္ ကေလာ့ပ္ဟာ အသင္းကို ယူ-၂၃ နည္းျပ နီးလ္ ခရစ္ခ်္လီရဲ႕ လက္ထဲကို အပ္ပစ္ခဲ့တာျဖစ္ၿပီး ပထမအသင္းသားေတြနဲ႔ အပန္းေျဖခရီး သြားေရာက္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

ေနာက္ခံလူ ဂ်ဳိးဂိုမက္ဇ္၊ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္၊ ဆာဒီယုိ မာေနးနဲ႔ တုိက္စစ္မွဴး ေရာဘတ္တို ဖာမီႏိုတုိ႔ရဲ႕ ဆုိရွယ္မီဒီယာမွာ တင္ထားတဲ့ ပုံေတြကလည္း ပ်ံ႕ႏွံ႔ေနခဲ့ၿပီး သူတုိ႔ဟာ အေမရိကန္ႏုိင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့ဆန္းဂ်လိစ္က ဇိမ္ခံအပန္းေျဖအိမ္ႀကီးတစ္ခုမွာ သြားေရာက္အပန္းေျဖေနခဲ့ၾကတာလုိ႔လည္း သိရပါတယ္။

မာေနးက ဆူပါဆန္းေဒးပရီးမီးယားလိဂ္ပြဲစဥ္ေတြကို ေအးေအးေဆးေဆးၾကည့္ေနတဲ့ ပုံကို တင္ခဲ့သလို အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကလည္း ျပန္အားသြင္းဖို႔က အေရးပါတယ္လို႔ ပုံတင္ခဲ့ၿပီး ဖာမီႏိုကလည္း သူ႕ရဲ႕ဇနီးျဖစ္သူနဲ႔ ပုံကို တင္သြားခဲ့ပါတယ္။

ဒါအျပင္ ဗိုင္နယ္လ္ဒြမ္ကလည္း ကမ္းေျခေနာက္ခံနဲ႔ ေပ်ာ္ရႊင္ေနတဲ့ပုံကို သူ႕ရဲ႕အင္စတာဂရမ္မွာ မွ်ေဝခဲ့ၿပီး ဂ်ဳိးဂိုမက္ဇ္နဲ႔ သူ႕ခ်စ္သူကလည္း အပန္းေျဖအိမ္ႀကီးရဲ႕ အတြင္းပုိင္းပုံေတြကို ျပသခဲ့ၿပီး ဒီထဲမွာ မာေနးကေတာ့ လုိက္ပါမသြားဘဲ အဂၤလန္က အိမ္မွာပဲ က်န္ခဲ့တာလုိ႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: စနေနေ့က ဆောက်သမ်တန်အသင်းကို လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ကစားပြီး ပရီးမီးယားလိဂ်မှာ အနီးဆုံးပြိုင်ဘက် မန်ချက်စတာစီးတီးကို ၂၂ မှတ်အထိ အသာရထားခဲ့တဲ့ လီဗာပူးလ်အသင်းဟာ အင်္ဂါနေ့မှာ ကစားရမယ့် အက်ဖ်အေဖလားပွဲစဉ်ကို လူငယ်တွေနဲ့ထားပြီး အပန်းဖြေထွက်သွားခဲ့ကြတယ်လို့ သိရပါတယ်။

ပထမအကျော့ အဝေးကွင်းမှာ ရှရူးဘူရီတောင်းနဲ့ နှစ်ဂိုးစီ သရေကျခဲ့အပြီး အိမ်ကွင်းအန်းဖီးလ်မှာ Replay ကစားရမယ့် ပွဲစဉ်အတွက် နည်းပြ ယာဂန် ကလော့ပ်ဟာ အသင်းကို ယူ-၂၃ နည်းပြ နီးလ် ခရစ်ချ်လီရဲ့ လက်ထဲကို အပ်ပစ်ခဲ့တာဖြစ်ပြီး ပထမအသင်းသားတွေနဲ့ အပန်းဖြေခရီး သွားရောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

နောက်ခံလူ ဂျိုးဂိုမက်ဇ်၊ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်၊ ဆာဒီယို မာနေးနဲ့ တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုတို့ရဲ့ ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ပုံတွေကလည်း ပျံ့နှံ့နေခဲ့ပြီး သူတို့ဟာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့ဆန်းဂျလိစ်က ဇိမ်ခံအပန်းဖြေအိမ်ကြီးတစ်ခုမှာ သွားရောက်အပန်းဖြေနေခဲ့ကြတာလို့လည်း သိရပါတယ်။

မာနေးက ဆူပါဆန်းဒေးပရီးမီးယားလိဂ်ပွဲစဉ်တွေကို အေးအေးဆေးဆေးကြည့်နေတဲ့ ပုံကို တင်ခဲ့သလို အလက်ဇန်းဒါး-အာနိုးလ်ဒ်ကလည်း ပြန်အားသွင်းဖို့က အရေးပါတယ်လို့ ပုံတင်ခဲ့ပြီး ဖာမီနိုကလည်း သူ့ရဲ့ဇနီးဖြစ်သူနဲ့ ပုံကို တင်သွားခဲ့ပါတယ်။

ဒါအပြင် ဗိုင်နယ်လ်ဒွမ်ကလည်း ကမ်းခြေနောက်ခံနဲ့ ပျော်ရွှင်နေတဲ့ပုံကို သူ့ရဲ့အင်စတာဂရမ်မှာ မျှဝေခဲ့ပြီး ဂျိုးဂိုမက်ဇ်နဲ့ သူ့ချစ်သူကလည်း အပန်းဖြေအိမ်ကြီးရဲ့ အတွင်းပိုင်းပုံတွေကို ပြသခဲ့ပြီး ဒီထဲမှာ မာနေးကတော့ လိုက်ပါမသွားဘဲ အင်္ဂလန်က အိမ်မှာပဲ ကျန်ခဲ့တာလို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.