International World Cup

၁၆ သင်းရှုံးထွက်တက်ဖို့ အုပ်စုတိုင်းက အသင်းတွေအတွက် လိုအပ်တဲ့အခင်းအကျင်း

ကမ္ဘာ့ဖလားအုပ်စုအဆင့်နောက်ဆုံးပွဲစဉ်တွေဟာ ယနေ့မှာ ကျင်းပသွားမှာဖြစ်ပြီး အဓိကအသင်းအများအပြားဟာ ၁၆ သင်းရှုံးထွက်အဆင့် တက်ရောက်ဖို့ မသေမချာဖြစ်နေသေးတာဖြစ်ပါတယ်။ ဒါကြောင့် ဒီအပတ်မှာ အုပ်စုတိုင်းက အသင်းကြီးတွေအနေနဲ့ ကမ္ဘာ့ဖလားရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ ဘယ်လိုအခင်းအကျင်းတွေ ဖြစ်လာဖို့ လိုအပ်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

အုပ်စု A

နယ်သာလန်အသင်းဟာ ကာတာနဲ့ ကစားမယ့်ပွဲမှာ သရေ သို့မဟုတ် အနိုင်ရဖို့လိုအပ်ပြီး တကယ်လို့ ရှုံးခဲ့ရင်တောင် အီကွေဒေါက ဆီနီဂေါကို အနိုင်ယူနိုင်မယ်ဆိုရင် နောက်တဆင့် တက်ရောက်နိုင်ဦးမှာဖြစ်ပါတယ်။ အီကွေဒေါဟာ ဆီနီဂေါနဲ့ပွဲမှာ အနိုင် သို့မဟုတ် သရေရဖို့ လိုပေမယ့် ရှုံးနိမ့်ခဲ့ရင်တောင်မှ ကာတာက နယ်သာလန်ကို အနိုင်ရခဲ့မယ်ဆိုရင် ဂိုးကွာခြားချက်နဲ့ နောက်တဆင့် တက်နိုင်ဦးမှာဖြစ်ပါတယ်။ ဆီနီဂေါအသင်းကတော့ အီကွေဒေါကို နိုင်ရင် တက်မှာဖြစ်ပြီး တကယ်လို့ သရေကျခဲ့ရင် ကာတာက နယ်သာလန်ကို နိုင်ရင်လည်း ဂိုးကွာခြားချက်နဲ့ တက်နိုင်ပါသေးတယ်။

အုပ်စု B

အင်္ဂလန်ဟာ အနိုင် သို့မဟုတ် သရေရင် ရှုံးထွက်တက်မှာပါ။ အင်္ဂလန်အနေနဲ့ ဂိုးကွာခြားချက်အပေါ်မူတည်ပြီး အရှုံးနဲ့လည်း နောက်တဆင့်တက်နိုင်ပါသေးတယ်။ ဝေးလ်စ်ကတော့ မနိုင်ရင် ပြုတ်မှာဖြစ်ပြီး ယူအက်စ်အေလည်း အတူတူပါပဲ။ အီရန်ကတော့ ယူအက်စ်အေကို နိုင်တာနဲ့ ရှုံးထွက်တက်ပြီဖြစ်ပြီး တကယ်လို့ ဝေးလ်စ်က အင်္ဂလန်ကို အနိုင်မကစားနိုင်ဘဲ သရေကျခဲ့ရင်တောင် ရှုံးထွက်တက်ဦးမှာပါ။

အုပ်စု C

၄ သင်းစလုံးက ရှုံးထွက်တက်နိုင်တဲ့ အခွင့်အရေးတွေရှိနေတုန်းဖြစ်ပြီး အာဂျင်တီးနားအနေနဲ့ ပိုလန်ကို အနိုင်ရရင် ရှုံးထွက်တက်မှာဖြစ်ပေမယ့် သရေကျရင်တော့ မက္ကဆီကိုနဲ့ ဆော်ဒီတို့ သရေကျမှ ရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဂျင်တီးနားဟာ ပိုလန်နဲ့ သရေကျခဲ့ပြီး ဆော်ဒီက မက္ကဆီကို ကို အနိုင်ရရင်တော့ အုပ်စုက ထွက်ရမှာဖြစ်ပါတယ်။ ပိုလန်အတွက်လည်း နောက်တဆင့်တက်ဖို့ဆို အနိုင် သို့မဟုတ် သရေရဖို့ လိုပါတယ်။ အာဂျင်တီးနားကိုသာ ရှုံးနိမ့်ခဲ့ပြီး ဆော်ဒီ အာရေဗျက မက္ကဆီကိုနဲ့ သရေကျခဲ့ရင် ဂိုးကွာခြားချက်နဲ့ ထွက်ရနိုင်ပါတယ်။ မက္ကဆီကိုကတော့ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် နိုင်ပွဲရဖို့ လိုပါတယ်။

အုပ်စု D

ပြင်သစ်ဟာ အုပ်စုနောက်ဆုံးပွဲမတိုင်ခင် နောက်တဆင့်တက်ပြီးသားဖြစ်ပြီး အုပ်စုဗိုလ်အဖြစ် နောက်တဆင့်တက်ဖို့ သေချာသလောက်နီးပါးဖြစ်ပါတယ်။ သြစတြေးလျကတော့ ဒိန်းမတ်ကို အနိုင်ရရင် ရှုံးထွက်တက်ပြီဖြစ်ပြီး သရေဆိုရင်လည်း ပြင်သစ်က တူနီးရှားကို နိုင်ရင် တက်နိုင်ပါသေးတယ်။ တူနီးရှားကလည်း သြစတြေးလျအတိုင်းပဲ ရှုံးထွက်အဆင့်တက်ဖို့ ပြင်သစ်ကို မဖြစ်မနေ အနိုင်ကစားဖို့ လိုပါတယ်။

အုပ်စု E

စပိန်အသင်းဟာ ဂျပန်ကို အနိုင် သို့မဟုတ် သရေကျတာနဲ့ နောက်တဆင့်တက်မှာပါ။ ဂျာမနီကတော့ ကော်စတာရီကာကို အနိုင်ရမှ တက်မှာပါ။ တကယ်လို့ အနိုင်ရခဲ့ပြီး ဂျပန်က စပိန်နဲ့ သရေကျရင်တော့ ဂိုးကွာခြားချက်နဲ့ပဲ ကြည့်ရတော့မှာပါ။ ဂျပန်အသင်းဟာ စပိန်အသင်းကို အနိုင်ရခဲ့ရင် ရှုံးထွက်တက်မှာဖြစ်ပေမယ့် ရှုံးရင်တော့ အုပ်စုကပဲ ပြန်ရမှာပါ။ ဂျာမနီနဲ့ ကော်စတာရီကာတို့ထဲက နိုင်တဲ့သူကတော့ တက်သွားမှာပါ။

အုပ်စု F

ဘယ်လ်ဂျီယမ်ဟာ အုပ်စုအဆင့်မှာ စောစောစီးစီးထွက်ရမယ့်အရေးနဲ့ ရင်ဆိုင်နေရပြီး အုပ်စုနောက်ဆုံးပွဲမှာ ခရိုအေးရှားကို အနိုင်ကစားနိုင်မှ ရှုံးထွက်အဆင့်တက်နိုင်ဖို့ မျှော်လင့်လို့ရမှာပါ။ ကနေဒါနဲ့ ပွဲမှာ မော်ရိုကိုက အနိုင် သို့မဟုတ် သရေကျရင် ရှုံးထွက်တက်မှာပါ။ ခရိုအေးရှားကတော့ ဘယ်လ်ဂျီယမ်နဲ့ပွဲမှာ အနိုင် သို့မဟုတ် သရေကျရင် တက်မှာပါ။

အုပ်စု G

ဘရာဇီးလ်ကလည်း နေက်တဆင့် တက်ပြီးသားဖြစ်ပြီး ကင်မရွန်းနဲ့ ကစားရမယ့် အုပ်စုနောက်ဆုံးပွဲမတိုင်ခင် အုပ်စု G အုပ်စုဗိုလ်အဖြစ် ပြီးဆုံးနိုင်ဖို့ သေချာသလောက်နီးပါးဖြစ်ပါတယ်။ ဆွစ်ဇာလန်ကတော့ ဆားဘီးယားကို အနိုင်ရရင် ကျိန်းသေတက်မှာဖြစ်ပြီး သရေကျရင်လည်း ဘရာဇီးလ်က ကင်မရွန်းကို အနိုင်ရရင် တက်နိုင်ပါသေးတယ်။ ကင်မရွန်းနဲ့ ဆားဘီးယားတို့ ၂ သင်းစလုံးဟာ နောက်တဆင့်တက်ဖို့ အုပ်စုနောက်ဆုံးပွဲမှာ အနိုင်ရဖို့ မဖြစ်မနေ လိုအပ်ပြီး ၂ သင်းစလုံးနိုင်ခဲ့ရင်တောင် ဘယ်သူတက်မလဲဆိုတာ ဂိုးကွာခြားချက်နဲ့အဆုံးအဖြတ်ခံယူသွားရမှာပါ။

အုပ်စု H

ပေါ်တူဂီဟာ နောက်တဆင့် တက်ပြီးသားဖြစ်ပြီး တောင်ကိုရီးယားနဲ့ပွဲမှာ အနိုင် သို့မဟုတ် သရေကျရင် အုပ်စုဗိုလ်အဖြစ် နောက်တဆင့် တက်နိုင်မှာပါ။ ဂါနာကတော့ ဥရုဂွေးကို အနိုင်ရခဲ့ရင် ရှုံးထွက်တက်နိုင်မှာဖြစ်ပြီး သရေကျရင်တော့ တောင်ကိုရီးယားက ပေါ်တူဂီကို အနိုင်ကစားဖို့ မျှော်လင့်ရမှာဖြစ်ပြီး ဂိုးကွာခြားချက်ကိုလည်း ကြည့်ရဦးမှာပါ။ ဥရုဂွေးနဲ့ တောင်ကိုရီးယားတို့ကတော့ သရေနဲ့ အရှုံးဆို အုပ်စုက ထွက်ရမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကမာၻ႔ဖလားအုပ္စုအဆင့္ေနာက္ဆုံးပြဲစဥ္ေတြဟာ ယေန႔မွာ က်င္းပသြားမွာျဖစ္ၿပီး အဓိကအသင္းအမ်ားအျပားဟာ ၁၆ သင္းရႈံးထြက္အဆင့္ တက္ေရာက္ဖို႔ မေသမခ်ာျဖစ္ေနေသးတာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီအပတ္မွာ အုပ္စုတိုင္းက အသင္းႀကီးေတြအေနနဲ႔ ကမာၻ႔ဖလားရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔ ဘယ္လိုအခင္းအက်င္းေတြ ျဖစ္လာဖို႔ လိုအပ္လဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

အုပ္စု A

နယ္သာလန္အသင္းဟာ ကာတာနဲ႔ ကစားမယ့္ပြဲမွာ သေရ သို႔မဟုတ္ အႏိုင္ရဖို႔လိုအပ္ၿပီး တကယ္လို႔ ရႈံးခဲ့ရင္ေတာင္ အီေကြေဒါက ဆီနီေဂါကို အႏိုင္ယူႏိုင္မယ္ဆိုရင္ ေနာက္တဆင့္ တက္ေရာက္ႏိုင္ဦးမွာျဖစ္ပါတယ္။ အီေကြေဒါဟာ ဆီနီေဂါနဲ႔ပြဲမွာ အႏိုင္ သို႔မဟုတ္ သေရရဖို႔ လိုေပမယ့္ ရႈံးနိမ့္ခဲ့ရင္ေတာင္မွ ကာတာက နယ္သာလန္ကို အႏိုင္ရခဲ့မယ္ဆိုရင္ ဂိုးကြာျခားခ်က္နဲ႔ ေနာက္တဆင့္ တက္ႏိုင္ဦးမွာျဖစ္ပါတယ္။ ဆီနီေဂါအသင္းကေတာ့ အီေကြေဒါကို ႏိုင္ရင္ တက္မွာျဖစ္ၿပီး တကယ္လို႔ သေရက်ခဲ့ရင္ ကာတာက နယ္သာလန္ကို ႏိုင္ရင္လည္း ဂိုးကြာျခားခ်က္နဲ႔ တက္ႏိုင္ပါေသးတယ္။

အုပ္စု B

အဂၤလန္ဟာ အႏိုင္ သို႔မဟုတ္ သေရရင္ ရႈံးထြက္တက္မွာပါ။ အဂၤလန္အေနနဲ႔ ဂိုးကြာျခားခ်က္အေပၚမူတည္ၿပီး အရႈံးနဲ႔လည္း ေနာက္တဆင့္တက္ႏိုင္ပါေသးတယ္။ ေဝးလ္စ္ကေတာ့ မႏိုင္ရင္ ျပဳတ္မွာျဖစ္ၿပီး ယူအက္စ္ေအလည္း အတူတူပါပဲ။ အီရန္ကေတာ့ ယူအက္စ္ေအကို ႏိုင္တာနဲ႔ ရႈံးထြက္တက္ၿပီျဖစ္ၿပီး တကယ္လို႔ ေဝးလ္စ္က အဂၤလန္ကို အႏိုင္မကစားႏိုင္ဘဲ သေရက်ခဲ့ရင္ေတာင္ ရႈံးထြက္တက္ဦးမွာပါ။

အုပ္စု C

၄ သင္းစလုံးက ရႈံးထြက္တက္ႏိုင္တဲ့ အခြင့္အေရးေတြရွိေနတုန္းျဖစ္ၿပီး အာဂ်င္တီးနားအေနနဲ႔ ပိုလန္ကို အႏိုင္ရရင္ ရႈံးထြက္တက္မွာျဖစ္ေပမယ့္ သေရက်ရင္ေတာ့ မကၠဆီကိုနဲ႔ ေဆာ္ဒီတို႔ သေရက်မွ ရမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာဂ်င္တီးနားဟာ ပိုလန္နဲ႔ သေရက်ခဲ့ၿပီး ေဆာ္ဒီက မကၠဆီကို ကို အႏိုင္ရရင္ေတာ့ အုပ္စုက ထြက္ရမွာျဖစ္ပါတယ္။ ပိုလန္အတြက္လည္း ေနာက္တဆင့္တက္ဖို႔ဆို အႏိုင္ သို႔မဟုတ္ သေရရဖို႔ လိုပါတယ္။ အာဂ်င္တီးနားကိုသာ ရႈံးနိမ့္ခဲ့ၿပီး ေဆာ္ဒီ အာေရဗ်က မကၠဆီကိုနဲ႔ သေရက်ခဲ့ရင္ ဂိုးကြာျခားခ်က္နဲ႔ ထြက္ရႏိုင္ပါတယ္။ မကၠဆီကိုကေတာ့ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔အတြက္ ႏိုင္ပြဲရဖို႔ လိုပါတယ္။

အုပ္စု D

ျပင္သစ္ဟာ အုပ္စုေနာက္ဆုံးပြဲမတိုင္ခင္ ေနာက္တဆင့္တက္ၿပီးသားျဖစ္ၿပီး အုပ္စုဗိုလ္အျဖစ္ ေနာက္တဆင့္တက္ဖို႔ ေသခ်ာသေလာက္နီးပါးျဖစ္ပါတယ္။ ၾသစေၾတးလ်ကေတာ့ ဒိန္းမတ္ကို အႏိုင္ရရင္ ရႈံးထြက္တက္ၿပီျဖစ္ၿပီး သေရဆိုရင္လည္း ျပင္သစ္က တူနီးရွားကို ႏိုင္ရင္ တက္ႏိုင္ပါေသးတယ္။ တူနီးရွားကလည္း ၾသစေၾတးလ်အတိုင္းပဲ ရႈံးထြက္အဆင့္တက္ဖို႔ ျပင္သစ္ကို မျဖစ္မေန အႏိုင္ကစားဖို႔ လိုပါတယ္။

အုပ္စု E

စပိန္အသင္းဟာ ဂ်ပန္ကို အႏိုင္ သို႔မဟုတ္ သေရက်တာနဲ႔ ေနာက္တဆင့္တက္မွာပါ။ ဂ်ာမနီကေတာ့ ေကာ္စတာရီကာကို အႏိုင္ရမွ တက္မွာပါ။ တကယ္လို႔ အႏိုင္ရခဲ့ၿပီး ဂ်ပန္က စပိန္နဲ႔ သေရက်ရင္ေတာ့ ဂိုးကြာျခားခ်က္နဲ႔ပဲ ၾကည့္ရေတာ့မွာပါ။ ဂ်ပန္အသင္းဟာ စပိန္အသင္းကို အႏိုင္ရခဲ့ရင္ ရႈံးထြက္တက္မွာျဖစ္ေပမယ့္ ရႈံးရင္ေတာ့ အုပ္စုကပဲ ျပန္ရမွာပါ။ ဂ်ာမနီနဲ႔ ေကာ္စတာရီကာတို႔ထဲက ႏိုင္တဲ့သူကေတာ့ တက္သြားမွာပါ။

အုပ္စု F

ဘယ္လ္ဂ်ီယမ္ဟာ အုပ္စုအဆင့္မွာ ေစာေစာစီးစီးထြက္ရမယ့္အေရးနဲ႔ ရင္ဆိုင္ေနရၿပီး အုပ္စုေနာက္ဆုံးပြဲမွာ ခ႐ိုေအးရွားကို အႏိုင္ကစားႏိုင္မွ ရႈံးထြက္အဆင့္တက္ႏိုင္ဖို႔ ေမွ်ာ္လင့္လို႔ရမွာပါ။ ကေနဒါနဲ႔ ပြဲမွာ ေမာ္႐ိုကိုက အႏိုင္ သို႔မဟုတ္ သေရက်ရင္ ရႈံးထြက္တက္မွာပါ။ ခ႐ိုေအးရွားကေတာ့ ဘယ္လ္ဂ်ီယမ္နဲ႔ပြဲမွာ အႏိုင္ သို႔မဟုတ္ သေရက်ရင္ တက္မွာပါ။

အုပ္စု G

ဘရာဇီးလ္ကလည္း ေနက္တဆင့္ တက္ၿပီးသားျဖစ္ၿပီး ကင္မ႐ြန္းနဲ႔ ကစားရမယ့္ အုပ္စုေနာက္ဆုံးပြဲမတိုင္ခင္ အုပ္စု G အုပ္စုဗိုလ္အျဖစ္ ၿပီးဆုံးႏိုင္ဖို႔ ေသခ်ာသေလာက္နီးပါးျဖစ္ပါတယ္။ ဆြစ္ဇာလန္ကေတာ့ ဆားဘီးယားကို အႏိုင္ရရင္ က်ိန္းေသတက္မွာျဖစ္ၿပီး သေရက်ရင္လည္း ဘရာဇီးလ္က ကင္မ႐ြန္းကို အႏိုင္ရရင္ တက္ႏိုင္ပါေသးတယ္။ ကင္မ႐ြန္းနဲ႔ ဆားဘီးယားတို႔ ၂ သင္းစလုံးဟာ ေနာက္တဆင့္တက္ဖို႔ အုပ္စုေနာက္ဆုံးပြဲမွာ အႏိုင္ရဖို႔ မျဖစ္မေန လိုအပ္ၿပီး ၂ သင္းစလုံးႏိုင္ခဲ့ရင္ေတာင္ ဘယ္သူတက္မလဲဆိုတာ ဂိုးကြာျခားခ်က္နဲ႔အဆုံးအျဖတ္ခံယူသြားရမွာပါ။

အုပ္စု H

ေပၚတူဂီဟာ ေနာက္တဆင့္ တက္ၿပီးသားျဖစ္ၿပီး ေတာင္ကိုရီးယားနဲ႔ပြဲမွာ အႏိုင္ သို႔မဟုတ္ သေရက်ရင္ အုပ္စုဗိုလ္အျဖစ္ ေနာက္တဆင့္ တက္ႏိုင္မွာပါ။ ဂါနာကေတာ့ ဥ႐ုေဂြးကို အႏိုင္ရခဲ့ရင္ ရႈံးထြက္တက္ႏိုင္မွာျဖစ္ၿပီး သေရက်ရင္ေတာ့ ေတာင္ကိုရီးယားက ေပၚတူဂီကို အႏိုင္ကစားဖို႔ ေမွ်ာ္လင့္ရမွာျဖစ္ၿပီး ဂိုးကြာျခားခ်က္ကိုလည္း ၾကည့္ရဦးမွာပါ။ ဥ႐ုေဂြးနဲ႔ ေတာင္ကိုရီးယားတို႔ကေတာ့ သေရနဲ႔ အရႈံးဆို အုပ္စုက ထြက္ရမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.