International World Cup

ဘန်ဇီးမားပြန်လည်ပါဝင်ကစားပေးနိုင်တော့မယ်ဆိုတဲ့သတင်းတွေကို အဖြေပေးခဲ့တဲ့ ဒက်စ်ချမ့်

ပြင်သစ်လက်ရွေးစင်နည်းပြ ဒက်စ်ချမ့်ဟာ ပြင်သစ်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းထဲကို ကာရင် ဘန်ဇီးမား ပြန်လည်ပါဝင်လာနိုင်တယ်ဆိုတဲ့ ကောလာဟလတွေကို ငြင်းပယ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်နဲ့ ပတ်သက်တဲ့ကောလာဟလတွေကြီးထွားလာနေတာကို သတိမပြုမိဘူးလို့ ပြောကြားခဲ့ပါတယ်။

ဘန်ဇီးမားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ခါနီးမှာ ပြင်သစ်အသင်းနဲ့ ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်မှာပဲ ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပြီး နည်းပြ ဒက်စ်ချမ့်က နောက်ထပ် အစားထိုးခေါ်ယူမှု ပြုလုပ်နိုင်ပေမယ့်လည်း မခေါ်ယူဘဲ ၂၅ ဦးစာရင်းနဲ့သာ ယှဉ်ပြိုင်ကစားသွားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဘလွန်ဒေါဆုရှင်ဟာ အနည်းဆုံး ၄ ပတ်လောက် အနားယူရမယ်လို့ မျှော်မှန်းခြင်းခံခဲ့ရတာဖြစ်ပေမယ့်လည်း တနင်္လာနေ့ညက စပိန်က သတင်းတွေမှာ ဘန်ဇီးမားဟာ မျှော်မှန်းထားတာထက် လျင်လျင်မြန်မြန် ပြန်လည်သက်သာလာခဲ့ပြီး ရီးရဲလ်မက်ဒရစ်နဲ့ လေ့ကျင့်ရေးပြန်ဆင်းဖို့ ပြင်ဆင်နေပြီလို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းဟာ ကာရင် ဘန်ဇီးမားကို ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းထဲမှာ အစားထိုးခဲ့ခြင်းမရှိတာကြောင့် ပြင်သစ်ဝါရင့်တိုက်စ်မှူးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားဖြစ်နေဆဲဖြစ်ပြီး ကြံ့ခိုင်မှုအခြေအနေ တိုးတက်လာမယ်ဆိုရင် ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲကို စိတ်လှုပ်ရှားဖွယ်ပြန်လာနိုင်တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒက်စ်ချမ့်က လက်ရှိမှာတော့ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးက အံ့အားသင့်ဖွယ် ပြန်လည် ပါဝင်ကစားပေးသွားနိုင်ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်ခဲ့ပြီး လက်ရှိ ရှိနေတဲ့ လူစာရင်းနဲ့ ကစားသမားတွေနဲ့ပတ်သက်ပြီး ပျော်ရွှင်နေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဝေါင်း။ အင်း။ ကျွန်တော် ဘာပြောရမလဲ သေချာမသိပါဘူး။ အဲဒါက ကျွန်တော် တွေးနေတဲ့ အရာတော့ တကယ်မဟုတ်ပါဘူး။ ခင်ဗျားက အခြေအနေနဲ့ပတ်သက်ပြီး အများကြီး သိတဲ့ပုံပေါ်ပေမယ့် ကျွန်တော် အဲဒီဟာကို ပြောခဲ့တဲ့လူက ဘယ်သူလဲဆိုတာ ကျွန်တော် တကယ်မသိပါဘူး။ ကျွန်တော် သူ အသင်းကို စွန့်ခွာပြီးနောက် ကာရင်နဲ့ စကားပြောခဲ့တယ်။ ခင်ဗျား အခြေအနေကို သိပါတယ်။ ပြီးတော့ သူ့ဒဏ်ရာက ပြန်သက်သာလာဖို့ ဘယ်လောက်အထိ အချိန်ကြာမလဲဆိုတာကိုလည်း ကျွန်တော်တို့ ကြားခဲ့ရတယ်။ အဲဒီတော့ ခင်ဗျားဘာကို အတည်ပြုဖို့ ကြိုးစားနေလဲဆိုတာကို ကျွန်တော် တကယ်မသိပါဘူး။ ကျွန်တော့်လူစာရင်းထဲမှာ ကစားသမား ၂၄ ဦးရှိပြီး ကျွန်တော်ရှိနေတဲ့လူစာရင်းနဲ့ ပျော်ရွှင်နေပါတယ်”

“ကစားသမားအချို့က ပျောက်ဆုံးနေတယ်။ ကင်ပန်ဘီ၊ ပေါ့ဂ်ဘာတို့လည်း ပျောက်ဆုံးနေပါတယ်။ သူတို့နဲ့လည်း ကျွန်တော် စကားပြောခဲ့တာပေါ့။ ဒါပေမယ့် ခင်ဗျား အခြေအနေတွေကို မှန်းဆပြီး စိတ်ကူးယဉ်ချင်နေတယ်ဆိုရင် ခင်ဗျား အပေါ်မှာပဲ မူတည်တယ်။ အဲဒါက ကျွန်တော် ခုအချိန်မှာ အာရုံစိုက်နေတဲ့အရာမဟုတ်ဘူး”လို့ တုံ့ပြန်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ျပင္သစ္လက္ေ႐ြးစင္နည္းျပ ဒက္စ္ခ်မ့္ဟာ ျပင္သစ္ရဲ႕ ကမာၻ႔ဖလားလူစာရင္းထဲကို ကာရင္ ဘန္ဇီးမား ျပန္လည္ပါဝင္လာႏိုင္တယ္ဆိုတဲ့ ေကာလာဟလေတြကို ျငင္းပယ္ခဲ့ၿပီး ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္နဲ႔ ပတ္သက္တဲ့ေကာလာဟလေတြႀကီးထြားလာေနတာကို သတိမျပဳမိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ဘန္ဇီးမားဟာ ကမာၻ႔ဖလားၿပိဳင္ပြဲစတင္ခါနီးမွာ ျပင္သစ္အသင္းနဲ႔ ပထမဆုံးေလ့က်င့္ေရးအစီအစဥ္မွာပဲ ဒဏ္ရာ ရရွိသြားခဲ့တာျဖစ္ၿပီး နည္းျပ ဒက္စ္ခ်မ့္က ေနာက္ထပ္ အစားထိုးေခၚယူမႈ ျပဳလုပ္ႏိုင္ေပမယ့္လည္း မေခၚယူဘဲ ၂၅ ဦးစာရင္းနဲ႔သာ ယွဥ္ၿပိဳင္ကစားသြားဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

ဘလြန္ေဒါဆုရွင္ဟာ အနည္းဆုံး ၄ ပတ္ေလာက္ အနားယူရမယ္လို႔ ေမွ်ာ္မွန္းျခင္းခံခဲ့ရတာျဖစ္ေပမယ့္လည္း တနလၤာေန႔ညက စပိန္က သတင္းေတြမွာ ဘန္ဇီးမားဟာ ေမွ်ာ္မွန္းထားတာထက္ လ်င္လ်င္ျမန္ျမန္ ျပန္လည္သက္သာလာခဲ့ၿပီး ရီးရဲလ္မက္ဒရစ္နဲ႔ ေလ့က်င့္ေရးျပန္ဆင္းဖို႔ ျပင္ဆင္ေနၿပီလို႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္အသင္းဟာ ကာရင္ ဘန္ဇီးမားကို ကမာၻ႔ဖလားၿပိဳင္ပြဲဝင္လူစာရင္းထဲမွာ အစားထိုးခဲ့ျခင္းမရွိတာေၾကာင့္ ျပင္သစ္ဝါရင့္တိုက္စ္မႉးဟာ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ ကစားသမားျဖစ္ေနဆဲျဖစ္ၿပီး ႀကံ့ခိုင္မႈအေျခအေန တိုးတက္လာမယ္ဆိုရင္ ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲကို စိတ္လႈပ္ရွားဖြယ္ျပန္လာႏိုင္တယ္လို႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒက္စ္ခ်မ့္က လက္ရွိမွာေတာ့ အသက္ ၃၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးက အံ့အားသင့္ဖြယ္ ျပန္လည္ ပါဝင္ကစားေပးသြားႏိုင္ဖြယ္ရွိတယ္ဆိုတဲ့ သတင္းေတြကို ျငင္းပယ္ခဲ့ၿပီး လက္ရွိ ရွိေနတဲ့ လူစာရင္းနဲ႔ ကစားသမားေတြနဲ႔ပတ္သက္ၿပီး ေပ်ာ္႐ႊင္ေနတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ေဝါင္း။ အင္း။ ကြၽန္ေတာ္ ဘာေျပာရမလဲ ေသခ်ာမသိပါဘူး။ အဲဒါက ကြၽန္ေတာ္ ေတြးေနတဲ့ အရာေတာ့ တကယ္မဟုတ္ပါဘူး။ ခင္ဗ်ားက အေျခအေနနဲ႔ပတ္သက္ၿပီး အမ်ားႀကီး သိတဲ့ပုံေပၚေပမယ့္ ကြၽန္ေတာ္ အဲဒီဟာကို ေျပာခဲ့တဲ့လူက ဘယ္သူလဲဆိုတာ ကြၽန္ေတာ္ တကယ္မသိပါဘူး။ ကြၽန္ေတာ္ သူ အသင္းကို စြန႔္ခြာၿပီးေနာက္ ကာရင္နဲ႔ စကားေျပာခဲ့တယ္။ ခင္ဗ်ား အေျခအေနကို သိပါတယ္။ ၿပီးေတာ့ သူ႔ဒဏ္ရာက ျပန္သက္သာလာဖို႔ ဘယ္ေလာက္အထိ အခ်ိန္ၾကာမလဲဆိုတာကိုလည္း ကြၽန္ေတာ္တို႔ ၾကားခဲ့ရတယ္။ အဲဒီေတာ့ ခင္ဗ်ားဘာကို အတည္ျပဳဖို႔ ႀကိဳးစားေနလဲဆိုတာကို ကြၽန္ေတာ္ တကယ္မသိပါဘူး။ ကြၽန္ေတာ့္လူစာရင္းထဲမွာ ကစားသမား ၂၄ ဦးရွိၿပီး ကြၽန္ေတာ္ရွိေနတဲ့လူစာရင္းနဲ႔ ေပ်ာ္႐ႊင္ေနပါတယ္”

“ကစားသမားအခ်ိဳ႕က ေပ်ာက္ဆုံးေနတယ္။ ကင္ပန္ဘီ၊ ေပါ့ဂ္ဘာတို႔လည္း ေပ်ာက္ဆုံးေနပါတယ္။ သူတို႔နဲ႔လည္း ကြၽန္ေတာ္ စကားေျပာခဲ့တာေပါ့။ ဒါေပမယ့္ ခင္ဗ်ား အေျခအေနေတြကို မွန္းဆၿပီး စိတ္ကူးယဥ္ခ်င္ေနတယ္ဆိုရင္ ခင္ဗ်ား အေပၚမွာပဲ မူတည္တယ္။ အဲဒါက ကြၽန္ေတာ္ ခုအခ်ိန္မွာ အာ႐ုံစိုက္ေနတဲ့အရာမဟုတ္ဘူး”လို႔ တုံ႔ျပန္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.