International World Cup

ဥရုဂွေးနဲ့ပွဲက အဖွင့်ဂိုးက ဘယ်သူသွင်းခဲ့လဲ ပြောလိုက်တဲ့ ဖာနန်ဒက်စ်

ပေါ်တူဂီကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်ဟာ ဥရုဂွေးနဲ့ပွဲစဉ်က ၎င်းရဲ့ ဖြတ်တင်ပေးပို့မှုဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ထိမိခဲ့တာကြောင့် အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးက ဂိုးသွင်းသူအဖြစ် သတ်မှတ်ခံရသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင်ဟာ တနင်္လာနေ့ညက ဥရုဂွေးကို ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် အားပါးတရ အောင်ပွဲခံခဲ့တာဖြစ်ပြီး ဘရူနို ဖာနန်ဒက်စ်က ပင်နယ်တီဧရိယာထဲကို အလွန်ကောင်းမွန်တဲ့ ဖြတ်တင်ပေးပို့မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီသွင်းဂိုးဟာ ရုပ်သံအနှေးပြကွက်တွေမှာ ရော်နယ်လ်ဒိုနဲ့ ထိတွေ့ခဲ့ခြင်းမရှိခဲ့တဲ့နောက် ဖာနန်ဒက်စ်က သွင်းယူခဲ့တာကို တရားဝင် သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အဲဒီသွင်းဂိုးကို ၎င်းကိုယ်တိုင် သွင်းယူခဲ့တာဖြစ်တယ်လို့ ယုံကြည်နေပြီး ပွဲအပြီးမှာ ဦးဆောင်ဂိုးသွင်းရှင်အဖြစ် သတ်မှတ်ပေးခြင်းမခံခဲ့ရတာကို သိခဲ့ပြီးနောက် ကွင်းထဲမှာ စောဒကတက်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ ဖာနန်ဒက်စ်က နာကျင်အချိန်ပိုမှာ ပင်နယ်တီကနေ ပေါ်တူဂီအတွက် နောက်ထပ် ဦးဆောင်ဂိုး သွင်းယူသွားချိန်မှာ ကွင်းထဲမှာ မရှိတော့တာဖြစ်ပါတယ်။ ဘရူနို ဖာနန်ဒက်စ်ကပွဲအပြီးမှာ ဥရုဂွေးနဲ့ပွဲစဉ်က အဖွင့်ဂိုးကို ရော်နယ်လ်ဒိုက သွင်းယူခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး စိတ်သဘောထား ပြည့်ဝကြောင်း ပြသခဲ့တာ ဖြစ်ပါတယ်။

“ခရစ္စတီယာနိုရဲ့ ဂိုးဖြစ်ခဲ့ရင်လည်း ကျွန်တော် အောင်ပွဲခံခဲ့မှာပါ။ ကျွန်တော့်အတွက်တော့ သူက ဘောလုံးကို ထိတွေ့ခဲ့တဲ့ပုံပေါ်ပါတယ်။ ကျွန်တော့်ရဲ့ ရည်မှန်းချက်က သူ့အတွက် ဖြတ်တင်ပေးပို့မှု ပြုလုပ်ခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ထဲက ဘယ်သူသွင်းသွင်း ဒါမှမဟုတ် တခြားသူပဲ သွင်းသွင်း နိုင်ပွဲအတွက် ကျွန်တော်တို့ ပျော်ရွှင်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် တောင်ကိုရီးယားနဲ့ ကစားရမယ့်ပွဲစဉ်မှာ သရေ ၁ မှတ်ရရုံနဲ့ အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့် တက်ရောက်နိုင်တော့မှာဖြစ်ပြီး အဲဒီလို မဖြစ်ဘဲ ဂါနာက ဥရုဂွေးကို အနိုင်ယူသွားခဲ့ရင်တော့ အုပ်စုဗိုလ်နေရာကို ဆုံးရှုံးရနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပၚတူဂီၾကယ္ပြင့္ ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ဥ႐ုေဂြးနဲ႔ပြဲစဥ္က ၎ရဲ႕ ျဖတ္တင္ေပးပို႔မႈဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ထိမိခဲ့တာေၾကာင့္ အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးက ဂိုးသြင္းသူအျဖစ္ သတ္မွတ္ခံရသင့္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္အသင္းေခါင္းေဆာင္ဟာ တနလၤာေန႔ညက ဥ႐ုေဂြးကို ဦးေဆာင္ဂိုး သြင္းယူႏိုင္ခဲ့ၿပီးေနာက္ အားပါးတရ ေအာင္ပြဲခံခဲ့တာျဖစ္ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္က ပင္နယ္တီဧရိယာထဲကို အလြန္ေကာင္းမြန္တဲ့ ျဖတ္တင္ေပးပို႔မႈ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲဒီသြင္းဂိုးဟာ ႐ုပ္သံအေႏွးျပကြက္ေတြမွာ ေရာ္နယ္လ္ဒိုနဲ႔ ထိေတြ႕ခဲ့ျခင္းမရွိခဲ့တဲ့ေနာက္ ဖာနန္ဒက္စ္က သြင္းယူခဲ့တာကို တရားဝင္ သတ္မွတ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ အဲဒီသြင္းဂိုးကို ၎ကိုယ္တိုင္ သြင္းယူခဲ့တာျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး ပြဲအၿပီးမွာ ဦးေဆာင္ဂိုးသြင္းရွင္အျဖစ္ သတ္မွတ္ေပးျခင္းမခံခဲ့ရတာကို သိခဲ့ၿပီးေနာက္ ကြင္းထဲမွာ ေစာဒကတက္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးေဟာင္းဟာ ဖာနန္ဒက္စ္က နာက်င္အခ်ိန္ပိုမွာ ပင္နယ္တီကေန ေပၚတူဂီအတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူသြားခ်ိန္မွာ ကြင္းထဲမွာ မရွိေတာ့တာျဖစ္ပါတယ္။ ဘ႐ူႏို ဖာနန္ဒက္စ္ကပြဲအၿပီးမွာ ဥ႐ုေဂြးနဲ႔ပြဲစဥ္က အဖြင့္ဂိုးကို ေရာ္နယ္လ္ဒိုက သြင္းယူခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး စိတ္သေဘာထား ျပည့္ဝေၾကာင္း ျပသခဲ့တာ ျဖစ္ပါတယ္။

“ခရစၥတီယာႏိုရဲ႕ ဂိုးျဖစ္ခဲ့ရင္လည္း ကြၽန္ေတာ္ ေအာင္ပြဲခံခဲ့မွာပါ။ ကြၽန္ေတာ့္အတြက္ေတာ့ သူက ေဘာလုံးကို ထိေတြ႕ခဲ့တဲ့ပုံေပၚပါတယ္။ ကြၽန္ေတာ့္ရဲ႕ ရည္မွန္းခ်က္က သူ႔အတြက္ ျဖတ္တင္ေပးပို႔မႈ ျပဳလုပ္ခဲ့တာပါ။ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ထဲက ဘယ္သူသြင္းသြင္း ဒါမွမဟုတ္ တျခားသူပဲ သြင္းသြင္း ႏိုင္ပြဲအတြက္ ကြၽန္ေတာ္တို႔ ေပ်ာ္႐ႊင္မိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ေပၚတူဂီအသင္းဟာ အုပ္စု ေနာက္ဆုံးပြဲစဥ္အျဖစ္ ေတာင္ကိုရီးယားနဲ႔ ကစားရမယ့္ပြဲစဥ္မွာ သေရ ၁ မွတ္ရ႐ုံနဲ႔ အုပ္စုဗိုလ္အျဖစ္ ရႈံးထြက္အဆင့္ တက္ေရာက္ႏိုင္ေတာ့မွာျဖစ္ၿပီး အဲဒီလို မျဖစ္ဘဲ ဂါနာက ဥ႐ုေဂြးကို အႏိုင္ယူသြားခဲ့ရင္ေတာ့ အုပ္စုဗိုလ္ေနရာကို ဆုံးရႈံးရႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.