International Match Report World Cup

ဘရူနို ဖာနန်ဒက်စ်ရဲ့ တောက်ပမှုနဲ့ ဥရုဂွေးကို နိုင်ပြီး ရှုံးထွက်တက်တဲ့ ပေါ်တူဂီ

ပေါ်တူဂီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒီယိုဂို ကော့စတာ၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ ပီပီ၊ ဂျာအို ကန်ဆယ်လိုနဲ့ နူနို မန်ဒက်စ်တို့ကို စုဖွဲ့ခဲ့ပြီး ကွင်းလယ်မှာတော့ ဝီလီယမ် ကာဗာလ်ယို၊ ရူဘင် နာဗက်စ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂျာအို ဖဲလစ္စနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကို ပွဲထုတ်လာခဲ့ပါတယ်။

ဥရုဂွေးအသင်းကတော့ ၃-၅-၂ ကစားခဲ့ပြီး ဂိုးသမား ရိုရှက်၊ ခံစစ်မှာ ဟီမီနက်ဇ်၊ ဂိုဒင်နဲ့ ကိုအာတက်စ်တို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဗက်ချီနို၊ ဘင်တန်ကာ၊ ဗယ်လ်ဗာဒီ၊ အိုလီဗီယေးရားနဲ့ ဗာရီးလားတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ကာဗာနီနဲ့ ဒါဝင် နူးညက်ဇ်တို့ကို ကစားစေခဲ့တာပါ။

ပေါ်တူဂီတို့အနေနဲ့ ပွဲကို နည်းစနစ်ကျကျ ချဉ်းကပ်ခဲ့ချိန်မှာ ဥရုဂွေးတို့ကတော့ လုပ်ချင်တာများပြီး ဖရိုဖရဲဖြစ်နေတဲ့ အခြေခံ မညက်သလို ပုံစံမျိုးပဲ ဖြစ်နေခဲ့ပြီး နည်းပြ ဒီယေဂို အလွန်ဆိုအနေနဲ့ သူ့လူတွေရဲ့ အားနည်းချက် အားသာချက်ကို ကောင်းကောင်း တီးခေါက်မိပုံ မပေါ်ဘဲ ဘယ်ခြမ်းက အိုလီဗီယေးရားရဲ့ အတက်အဆင်း ကစားပုံတွေက ဘယ်နောက်ခံလူတစ်ယောက်နဲ့တောင် မတူဘဲဖြစ်နေခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဘင်တန်ကာနဲ့ လာလီဂါရဲ့ အကောင်းဆုံး ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဗယ်လ်ဗာဒီတို့နှစ်ဦးဆီက ဘာမှ မရနိုင်အောင် လုပ်ခဲ့တဲ့ လူစာရင်းမှာ လိုအပ်နေတာ တော်ရဲရားလိုမျိုး ကစားအားကောင်းကောင်းနဲ့ ထိုင်ဖျက်ပေးမယ့်သူမျိုးဖြစ်ပေမယ့် ဥရုဂွေးတို့ရဲ့ ကွင်းလယ်တည်ဆောက်ပုံက မှားယွင်းလွန်းနေသလို ပေါ်တူဂီသားတွေက ဒါကို အကောင်းဆုံး အသာစီးယူထားနိုင်ခဲ့တာပါ။

နူးညက်ဇ်နဲ့ ကာဗာနီတို့ လူပျောက်တိုင်ရမလို ဖြစ်နေတာကြောင့် တစ်ကိုယ်တော် လိမ်ခေါက်ပြီး ကန်တဲ့ ဘင်တန်ကာရဲ့ အနီးကပ် ကန်ချက်ကို ပေါ်တူဂီဂိုးသမား ဒီယိုဂို ကော့စတာ ပိတ်ဆို့သွားနိုင်ခဲ့လို့ ဥရုဂွေးတို့ ရင်ခံခဲ့ရပြီး ပထမပိုင်းမှာတော့ နှစ်သင်းစလုံးရဲ့ ဂိုးဧရိယာနားက လုပ်ဆောင်ချက်တွေ မကောင်းခဲ့ကြလို့ ဂိုးမရှိသရေပဲဖြစ်နေခဲ့ကြပါတယ်။

ဒုတိယပိုင်းမှာတော့ ပေါ်တူဂီတို့ ပိုမိုဖိကစားလာနိုင်ခဲ့ကြပြီး ပွဲချိန် ၅၄ မိနစ်မှာတော့ အဖွင့်ဂိုးကို စတင်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ လူစားဝင်နောက်ခံလူ ဂွါရဲရိုး ပေးတာကို ဘရူနို ဖာနန်ဒက်စ်က ဧရိယာထဲကို ဖြတ်တင်ပေးရာမှာ ရော်နယ်လ်ဒို ခေါင်းတိုက်ဖို့ ကြိုးစားတာ မထိလိုက်ပေမယ့် ဂိုးသမား ရိုရှက်ကို အငိုက်မိစေခဲ့လို့ ဥရုဂွေးကို အလစ်မှာ ခံလိုက်ရတာပါ။

ဒီဂိုးပေးအပြီးမှာတော့ နောက်ခံလူ ဂိုဒင်နဲ့ ကွင်းလယ်လူ ဗက်ချီနိုတို့အစား ပယ်လစ္စထရီနဲ့ ဒီအာရက်စ်ကေတာတို့ကို ထည့်သွင်းခဲ့ပေမယ့် ညာတောင်ပံမှာ ဦးနှောက်မပါဘဲ ကစားနေခဲ့တဲ့ ပယ်လစ္စထရီအနေနဲ့ ကာဗာနီနဲ့ နူးညက်ဇ်တို့ကို ပံ့ပိုးနိုင်စွမ်း မရှိတာကြောင့် သူတို့နှစ်ဦးကိုပါ ထပ်လဲပြီး လူးဝစ် ဆွာရက်ဇ်နဲ့ မက်ဇီ ဂိုမက်ဇ်တို့ကိုပါ ထပ်ထည့်ခဲ့ရသလို ပေါ်တူဂီတို့ကတေ့ ရူဘင် နာဗက်စ်အစား ရာဖေးလ် လီယာအိုကို ထည့်သွင်းခဲ့ပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာတော့ မက်ဇီ ဂိုမက်ဇ်ရဲ့ ကန်ချက်က တိုင်ထိထွက်ခဲ့တာကြောင့် ဥရုဂွေးတို့ အားတက်လာခဲ့သလို ပေါ်တူဂီတို့အတွက်တော့ သတိပေးသံဖြစ်ခဲ့လို့ ဂျာအို ဖဲလစ္စ၊ ရော်နယ်လ်ဒိုနဲ့ ကာဗာလ်ယိုတို့အစား မက်သီယူး နူးနက်စ်၊ ဂွန်ဆာလို ရာမို့စ်နဲ့ ဂျာအို ပယ်လင်ညာတို့ကို ထည့်သွင်းခဲ့ပြီး ပွဲကို ထိန်းကစားဖို့ ပြင်ဆင်လာခဲ့ပါတယ်။

လူးဝစ် ဆွာရက်ဇ်က အနီးကပ်အခွင့်အရေးကို တိုင်ဘေးကန်ခဲ့အပြီးမှာတော့ ဥရုဂွေးတို့ရဲ့ တိုက်စစ်တွေက ဒီလောက် မဟုတ်တော့ဘဲ ပေါ်တူဂီတို့ ပွဲကို ပြန်လည်ထိန်းချုပ်လာခဲ့သလို လီယာအို၊ ရာမို့စ်တို့ရဲ့ ဘောလုံးကိုင်နိုင်စွမ်းနဲ့ ကွင်းလယ်က လန်းဆန်းနေတဲ့ ပယ်လင်ညာနဲ့ နူးနက်စ်တို့ရဲ့ ကစားအားတွေကြောင့် တိုက်စစ်ပါ ပြန်လိုက်လာနိုင်ခဲ့ကြတာပါ။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ ပေါ်တူဂီတို့ အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာထဲမှာ လျှောထိုးဖျက်တဲ့ ဟီမီနက်ဇ် လက်ထိခဲ့တာကြောင့် VAR နဲ့ ရခဲ့တဲ့ ပင်နယ်တီကိုတော့ ဘရူနို ဖာနန်ဒက်စ်က သူ့ရဲ့ စတိုင်အတိုင်း တစ်ချက်ခုန်ပြီးမှ ဂိုးသမား ရိုရှက်ကို လှည့်စားကန်သွင်းနိုင်ခဲ့လို့ ဥရုဂွေးတို့ ပြန်လာဖို့ အိပ်မက်ပျက်ခဲ့ရပါတယ်။

ဒီနောက်မှာတော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဂိုးရနိုင်ခွင့်နှစ်ကြိမ် လွဲချော်ခဲ့တာကြောင့် ဟက်ထရစ်မရဘဲ ပွဲပြီးခဲ့ပြီး ပွဲချိန်အပြည့်မှာတော့ ပေါ်တူဂီတို့က ဥရုဂွေးတို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့သလို အုပ်စု(H)ကနေ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြပြီး အုပ်စုဗိုလ်အဖြစ်နဲ့ တက်ရောက်နိုင်ဖို့ သေချာသလောက် ရှိနေချိန်မှာ ဥရုဂွေးတို့ကတော့ ဂါနာကို အနိုင်မကန်နိုင်ရင် အုပ်စုက ထွက်ရဖို့ ရှိနေခဲ့ပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပၚတူဂီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒီယိုဂို ေကာ့စတာ၊ ခံစစ္မွာ ႐ူဘင္ ဒီယက္စ္၊ ပီပီ၊ ဂ်ာအို ကန္ဆယ္လိုနဲ႔ ႏူႏို မန္ဒက္စ္တို႔ကို စုဖြဲ႕ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဝီလီယမ္ ကာဗာလ္ယို၊ ႐ူဘင္ နာဗက္စ္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဂ်ာအို ဖဲလစၥနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ကို ပြဲထုတ္လာခဲ့ပါတယ္။

ဥ႐ုေဂြးအသင္းကေတာ့ ၃-၅-၂ ကစားခဲ့ၿပီး ဂိုးသမား ႐ိုရွက္၊ ခံစစ္မွာ ဟီမီနက္ဇ္၊ ဂိုဒင္နဲ႔ ကိုအာတက္စ္တို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ဗက္ခ်ီႏို၊ ဘင္တန္ကာ၊ ဗယ္လ္ဗာဒီ၊ အိုလီဗီေယးရားနဲ႔ ဗာရီးလားတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ကာဗာနီနဲ႔ ဒါဝင္ ႏူးညက္ဇ္တို႔ကို ကစားေစခဲ့တာပါ။

ေပၚတူဂီတို႔အေနနဲ႔ ပြဲကို နည္းစနစ္က်က် ခ်ဥ္းကပ္ခဲ့ခ်ိန္မွာ ဥ႐ုေဂြးတို႔ကေတာ့ လုပ္ခ်င္တာမ်ားၿပီး ဖ႐ိုဖရဲျဖစ္ေနတဲ့ အေျခခံ မညက္သလို ပုံစံမ်ိဳးပဲ ျဖစ္ေနခဲ့ၿပီး နည္းျပ ဒီေယဂို အလြန္ဆိုအေနနဲ႔ သူ႔လူေတြရဲ႕ အားနည္းခ်က္ အားသာခ်က္ကို ေကာင္းေကာင္း တီးေခါက္မိပုံ မေပၚဘဲ ဘယ္ျခမ္းက အိုလီဗီေယးရားရဲ႕ အတက္အဆင္း ကစားပုံေတြက ဘယ္ေနာက္ခံလူတစ္ေယာက္နဲ႔ေတာင္ မတူဘဲျဖစ္ေနခဲ့ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ဘင္တန္ကာနဲ႔ လာလီဂါရဲ႕ အေကာင္းဆုံး ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ဗယ္လ္ဗာဒီတို႔ႏွစ္ဦးဆီက ဘာမွ မရႏိုင္ေအာင္ လုပ္ခဲ့တဲ့ လူစာရင္းမွာ လိုအပ္ေနတာ ေတာ္ရဲရားလိုမ်ိဳး ကစားအားေကာင္းေကာင္းနဲ႔ ထိုင္ဖ်က္ေပးမယ့္သူမ်ိဳးျဖစ္ေပမယ့္ ဥ႐ုေဂြးတို႔ရဲ႕ ကြင္းလယ္တည္ေဆာက္ပုံက မွားယြင္းလြန္းေနသလို ေပၚတူဂီသားေတြက ဒါကို အေကာင္းဆုံး အသာစီးယူထားႏိုင္ခဲ့တာပါ။

ႏူးညက္ဇ္နဲ႔ ကာဗာနီတို႔ လူေပ်ာက္တိုင္ရမလို ျဖစ္ေနတာေၾကာင့္ တစ္ကိုယ္ေတာ္ လိမ္ေခါက္ၿပီး ကန္တဲ့ ဘင္တန္ကာရဲ႕ အနီးကပ္ ကန္ခ်က္ကို ေပၚတူဂီဂိုးသမား ဒီယိုဂို ေကာ့စတာ ပိတ္ဆို႔သြားႏိုင္ခဲ့လို႔ ဥ႐ုေဂြးတို႔ ရင္ခံခဲ့ရၿပီး ပထမပိုင္းမွာေတာ့ ႏွစ္သင္းစလုံးရဲ႕ ဂိုးဧရိယာနားက လုပ္ေဆာင္ခ်က္ေတြ မေကာင္းခဲ့ၾကလို႔ ဂိုးမရွိသေရပဲျဖစ္ေနခဲ့ၾကပါတယ္။

ဒုတိယပိုင္းမွာေတာ့ ေပၚတူဂီတို႔ ပိုမိုဖိကစားလာႏိုင္ခဲ့ၾကၿပီး ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ အဖြင့္ဂိုးကို စတင္သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန လူစားဝင္ေနာက္ခံလူ ဂြါရဲ႐ိုး ေပးတာကို ဘ႐ူႏို ဖာနန္ဒက္စ္က ဧရိယာထဲကို ျဖတ္တင္ေပးရာမွာ ေရာ္နယ္လ္ဒို ေခါင္းတိုက္ဖို႔ ႀကိဳးစားတာ မထိလိုက္ေပမယ့္ ဂိုးသမား ႐ိုရွက္ကို အငိုက္မိေစခဲ့လို႔ ဥ႐ုေဂြးကို အလစ္မွာ ခံလိုက္ရတာပါ။

ဒီဂိုးေပးအၿပီးမွာေတာ့ ေနာက္ခံလူ ဂိုဒင္နဲ႔ ကြင္းလယ္လူ ဗက္ခ်ီႏိုတို႔အစား ပယ္လစၥထရီနဲ႔ ဒီအာရက္စ္ေကတာတို႔ကို ထည့္သြင္းခဲ့ေပမယ့္ ညာေတာင္ပံမွာ ဦးေႏွာက္မပါဘဲ ကစားေနခဲ့တဲ့ ပယ္လစၥထရီအေနနဲ႔ ကာဗာနီနဲ႔ ႏူးညက္ဇ္တို႔ကို ပံ့ပိုးႏိုင္စြမ္း မရွိတာေၾကာင့္ သူတို႔ႏွစ္ဦးကိုပါ ထပ္လဲၿပီး လူးဝစ္ ဆြာရက္ဇ္နဲ႔ မက္ဇီ ဂိုမက္ဇ္တို႔ကိုပါ ထပ္ထည့္ခဲ့ရသလို ေပၚတူဂီတို႔ကေတ့ ႐ူဘင္ နာဗက္စ္အစား ရာေဖးလ္ လီယာအိုကို ထည့္သြင္းခဲ့ပါတယ္။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ မက္ဇီ ဂိုမက္ဇ္ရဲ႕ ကန္ခ်က္က တိုင္ထိထြက္ခဲ့တာေၾကာင့္ ဥ႐ုေဂြးတို႔ အားတက္လာခဲ့သလို ေပၚတူဂီတို႔အတြက္ေတာ့ သတိေပးသံျဖစ္ခဲ့လို႔ ဂ်ာအို ဖဲလစၥ၊ ေရာ္နယ္လ္ဒိုနဲ႔ ကာဗာလ္ယိုတို႔အစား မက္သီယူး ႏူးနက္စ္၊ ဂြန္ဆာလို ရာမို႔စ္နဲ႔ ဂ်ာအို ပယ္လင္ညာတို႔ကို ထည့္သြင္းခဲ့ၿပီး ပြဲကို ထိန္းကစားဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

လူးဝစ္ ဆြာရက္ဇ္က အနီးကပ္အခြင့္အေရးကို တိုင္ေဘးကန္ခဲ့အၿပီးမွာေတာ့ ဥ႐ုေဂြးတို႔ရဲ႕ တိုက္စစ္ေတြက ဒီေလာက္ မဟုတ္ေတာ့ဘဲ ေပၚတူဂီတို႔ ပြဲကို ျပန္လည္ထိန္းခ်ဳပ္လာခဲ့သလို လီယာအို၊ ရာမို႔စ္တို႔ရဲ႕ ေဘာလုံးကိုင္ႏိုင္စြမ္းနဲ႔ ကြင္းလယ္က လန္းဆန္းေနတဲ့ ပယ္လင္ညာနဲ႔ ႏူးနက္စ္တို႔ရဲ႕ ကစားအားေတြေၾကာင့္ တိုက္စစ္ပါ ျပန္လိုက္လာႏိုင္ခဲ့ၾကတာပါ။

နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ ေပၚတူဂီတို႔ အႏိုင္ေသခ်ာေစမယ့္ ဒုတိယဂိုးကို ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဧရိယာထဲမွာ ေလွ်ာထိုးဖ်က္တဲ့ ဟီမီနက္ဇ္ လက္ထိခဲ့တာေၾကာင့္ VAR နဲ႔ ရခဲ့တဲ့ ပင္နယ္တီကိုေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္က သူ႔ရဲ႕ စတိုင္အတိုင္း တစ္ခ်က္ခုန္ၿပီးမွ ဂိုးသမား ႐ိုရွက္ကို လွည့္စားကန္သြင္းႏိုင္ခဲ့လို႔ ဥ႐ုေဂြးတို႔ ျပန္လာဖို႔ အိပ္မက္ပ်က္ခဲ့ရပါတယ္။

ဒီေနာက္မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ဂိုးရႏိုင္ခြင့္ႏွစ္ႀကိမ္ လြဲေခ်ာ္ခဲ့တာေၾကာင့္ ဟက္ထရစ္မရဘဲ ပြဲၿပီးခဲ့ၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ ေပၚတူဂီတို႔က ဥ႐ုေဂြးတို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့သလို အုပ္စု(H)ကေန ေနာက္တစ္ဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၾကၿပီး အုပ္စုဗိုလ္အျဖစ္နဲ႔ တက္ေရာက္ႏိုင္ဖို႔ ေသခ်ာသေလာက္ ရွိေနခ်ိန္မွာ ဥ႐ုေဂြးတို႔ကေတာ့ ဂါနာကို အႏိုင္မကန္ႏိုင္ရင္ အုပ္စုက ထြက္ရဖို႔ ရွိေနခဲ့ၿပီျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.