International World Cup

ရော်နယ်လ်ဒိုရဲ့ဂိုးကို မာရာဒိုနာရဲ့ ဘုရားသခင်ရဲ့လက်နဲ့နှိုင်းယှဉ်ခဲ့တဲ့ ပရိသတ်များ

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဘရူနို ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးကို ၎င်းရဲ့ သွင်းဂိုးအဖြစ် သတ်မှတ်ဖို့ ကြိုးပမ်းခဲ့ပြီးနောက် တွစ်တာလူမှုကွန်ရက်ပေါ်မှာ Hair of God ဆိုတဲ့ ပြောဆိုမှုတွေက စတင် ရေပန်းစားလာခဲ့ပါတယ်။

ရော်နယ်လ်ဒိုပရိသတ်တွေဟာ ဘလွန်ဒေါ ၅ ဆုရှင်ကို အားပေးထောက်ခံကြောင်းကို ပြသဖို့ အချိန်မဖြုန်းဘဲ အာဂျင်တီးနားဂန္တဝင် ဒီယေဂို မာရာဒိုနာရဲ့ ကမ္ဘာကျော် Hand of God နဲ့ ပေါ်တူဂီတိုက်စစ်မှူးရဲ့ သွင်းဂိုးကို နှိုင်းယှဉ်ခဲ့ကြပါတယ်။ အနီးကပ် ရုပ်သံပြကွက်တွေအရ ရော်နယ်လ်ဒိုရဲ့ ဆံပင်ဟာ ဘောလုံးကို ရှပ်ထိသွားခဲ့တာကို မြင်တွေ့ခဲ့တာကြောင့် ရော်နယ်လ်ဒိုပရိသတ်တွေဟာ ပေါ်တူဂီရဲ့ ဦးဆောင်ဂိုးကို သွင်းယူခဲ့တဲ့သူဟာ ပေါ်တူဂီအသင်းခေါင်းဆောင်သာ ဖြစ်တယ်ဆိုတဲ့အကြောင်းကို အပြိုင်အဆိုင် သက်သေပြသဖို့ ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး နောက်ထပ်တစ်ကြိမ် ၂ ခြမ်းကွဲခဲ့ကြပြီး ကမ္ဘာတလွှားက ဘောလုံးပရိသတ်တွေဟာ ဥရုဂွေးနဲ့ပွဲက ပေါ်တူဂီရဲ့အဖွင့်ဂိုးဟာ အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးရဲ့ဂိုးအဖြစ် ခွင့်ပြုသင့်လားဆိုတာကို မဆုံးဖြတ်နိုင်ဖြစ်ခဲ့ကြပါတယ်။

ပေါ်တူဂီလက်ရွေးစင်အသင်းဖော် ဘရူနို ဖာနန်ဒက်စ် ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို ခရစ္စတီယာနို ရော်နယ်လ်ဒိုက လင်းပိုင်တစ်ကောင်လို ခုန်ပျံ ခေါင်းတိုက်ခဲ့တာဖြစ်ပြီး ဘောလုံးက ဥရုဂွေးဂိုးသမား ဘယ်လိုမှ ခန့်မှန်းလို့မရဘဲ ဂိုးထဲကို တန်းတန်းမတ်မတ် ဝင်သွားခဲ့တာဖြစ်ပါတယ်။

အဆုံးမှာတော့ အနီးကပ်စစ်ဆေးမှုတွေပြုလုပ်ပြီးနောက်မှာ တာဝန်ရှိသူတွေက ရော်နယ်လ်ဒိုက ဘောလုံးကို ထိတွေ့ခဲ့ပုံမပေါ်တာကြောင့် ဂိုးသွင်းရှင်စာရင်းမှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ နာမည်ကိုသာ သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရော်နယ်လ်ဒို အမာခံ ပရိသတ်တွေဟာ ပေါ်တူဂီရဲ့ အဖွင့်ဂိုးဟာ ဘလွန်ဒေါ ၅ ဆုရှင်က သွင်းယူခဲ့တာဖြစ်တယ်ဆိုတာကို သက်သေပြသခဲ့ကြပြီး အမှန်တကယ်လည်း အလွန်သေးငယ်တဲ့ ထိတွေ့မှု ရှိခဲ့တာဖြစ်ပါတယ်။

မယုံနိုင်စရာကောင်းလောက်အောင်ပဲ ပေါ်တူဂီရဲ့ အဖွင့်ဂိုးကို ဘုရားသခင်ရဲ့ ဆံပင်ဆိုတဲ့ အသုံးအနှုန်းမျိုး ပြောဆိုခဲ့ကြပြီး အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး ဂယ်ရီ လိုင်နီကာကလည်း ရော်နယ်လ်ဒိုရဲ့ သွင်းဂိုးဖြစ်တယ်လို့ ထောက်ခံ ပြောဆိုခဲ့ပါတယ်။

“ရော်နယ်လ်ဒိုရဲ့ ဘုရားသခင်ရဲ့ဆံပင် သွင်းဂိုး”လို့ ပရိသတ်တစ်ဦးက အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးရဲ့ ခေါင်းတိုက်ချက်ကို အနီးကပ်ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့အတူ ရေးသားခဲ့ပြီး “ရော်နယ်လ်ဒိုက ဘုရားသခင်ရဲ့ဆံပင်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ဂိုးရဖို့ ကြိုးပမ်းနေတယ်”လို့ နောက်ထပ် အမြင်မတူသူ တွစ်တာအသုံးပြုသူတစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

တစ်ဖက်မှာလည်း လူအချို့က ရော်နယ်လ်ဒိုကို ပေါ်တူဂီရဲ့ အဖွင့်ဂိုးမှာ အောင်ပွဲခံပြီး ၎င်းရဲ့ သွင်းဂိုးအဖြစ် ရယူဖို့ ကြိုးပမ်းခဲ့မှုအပေါ်မှာ ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။ The Mail ရဲ့ အားကစားသတင်းအယ်ဒီတာချုပ် အိုလီဗာ ဟော့တ် ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးအပေါ် အပြင်းထန်ဆုံး ဝေဖန်မှုပြုလုပ်ခဲ့သူ ဖြစ်ကောင်း ဖြစ်နိုင်ပြီး “ရော်နယ်လ်ဒိုက သူ့ ဂိုးမဟုတ်တဲ့ဂိုးကို ဂိုးအဖြစ် အရမ်းသတ်မှတ်စေချင်နေတာက တော်တော်လေး ရယ်စရာကောင်းတယ်။ သူ့ခေါင်းနဲ့ ဘောလုံးကြားက လွတ်နေတဲ့နေရာမှာ ခင်ဗျား ၂ ထပ်ဘတ်စ်ကားတစ်စီးလောက်တောင် ရပ်ထားလို့ရတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ တနင်္လာနေ့ညနေက ဥရုဂွေးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် လက်ရှိမှာတော့ အုပ်စု H မှာ ရမှတ် ၆ မှတ်နဲ့အတူ အုပ်စုဗိုလ်အဖြစ် ဦးဆောင်နေပြီဖြစ်ပြီး ရှုံးထွက်အဆင့်တက်ရောက်နိုင်ဖို့ အာမခံချက် ရရှိခဲ့ပြီ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ သြင္းဂိုးကို ၎ရဲ႕ သြင္းဂိုးအျဖစ္ သတ္မွတ္ဖို႔ ႀကိဳးပမ္းခဲ့ၿပီးေနာက္ တြစ္တာလူမႈကြန္ရက္ေပၚမွာ Hair of God ဆိုတဲ့ ေျပာဆိုမႈေတြက စတင္ ေရပန္းစားလာခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုပရိသတ္ေတြဟာ ဘလြန္ေဒါ ၅ ဆုရွင္ကို အားေပးေထာက္ခံေၾကာင္းကို ျပသဖို႔ အခ်ိန္မျဖဳန္းဘဲ အာဂ်င္တီးနားဂႏၲဝင္ ဒီေယဂို မာရာဒိုနာရဲ႕ ကမာၻေက်ာ္ Hand of God နဲ႔ ေပၚတူဂီတိုက္စစ္မႉးရဲ႕ သြင္းဂိုးကို ႏႈိင္းယွဥ္ခဲ့ၾကပါတယ္။ အနီးကပ္ ႐ုပ္သံျပကြက္ေတြအရ ေရာ္နယ္လ္ဒိုရဲ႕ ဆံပင္ဟာ ေဘာလုံးကို ရွပ္ထိသြားခဲ့တာကို ျမင္ေတြ႕ခဲ့တာေၾကာင့္ ေရာ္နယ္လ္ဒိုပရိသတ္ေတြဟာ ေပၚတူဂီရဲ႕ ဦးေဆာင္ဂိုးကို သြင္းယူခဲ့တဲ့သူဟာ ေပၚတူဂီအသင္းေခါင္းေဆာင္သာ ျဖစ္တယ္ဆိုတဲ့အေၾကာင္းကို အၿပိဳင္အဆိုင္ သက္ေသျပသဖို႔ ႀကိဳးပမ္းခဲ့ၾကတာျဖစ္ပါတယ္။

လူမႈကြန္ရက္ေပၚမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ပတ္သက္ၿပီး ေနာက္ထပ္တစ္ႀကိမ္ ၂ ျခမ္းကြဲခဲ့ၾကၿပီး ကမာၻတလႊားက ေဘာလုံးပရိသတ္ေတြဟာ ဥ႐ုေဂြးနဲ႔ပြဲက ေပၚတူဂီရဲ႕အဖြင့္ဂိုးဟာ အသက္ ၃၇ ႏွစ္အ႐ြယ္တိုက္စစ္မႉးရဲ႕ဂိုးအျဖစ္ ခြင့္ျပဳသင့္လားဆိုတာကို မဆုံးျဖတ္ႏိုင္ျဖစ္ခဲ့ၾကပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္အသင္းေဖာ္ ဘ႐ူႏို ဖာနန္ဒက္စ္ ျဖတ္တင္ေပးပို႔လိုက္တဲ့ ေဘာလုံးကို ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက လင္းပိုင္တစ္ေကာင္လို ခုန္ပ်ံ ေခါင္းတိုက္ခဲ့တာျဖစ္ၿပီး ေဘာလုံးက ဥ႐ုေဂြးဂိုးသမား ဘယ္လိုမွ ခန႔္မွန္းလို႔မရဘဲ ဂိုးထဲကို တန္းတန္းမတ္မတ္ ဝင္သြားခဲ့တာျဖစ္ပါတယ္။

အဆုံးမွာေတာ့ အနီးကပ္စစ္ေဆးမႈေတြျပဳလုပ္ၿပီးေနာက္မွာ တာဝန္ရွိသူေတြက ေရာ္နယ္လ္ဒိုက ေဘာလုံးကို ထိေတြ႕ခဲ့ပုံမေပၚတာေၾကာင့္ ဂိုးသြင္းရွင္စာရင္းမွာ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ နာမည္ကိုသာ သတ္မွတ္ဖို႔ ဆုံးျဖတ္ခဲ့ၾကတာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ေရာ္နယ္လ္ဒို အမာခံ ပရိသတ္ေတြဟာ ေပၚတူဂီရဲ႕ အဖြင့္ဂိုးဟာ ဘလြန္ေဒါ ၅ ဆုရွင္က သြင္းယူခဲ့တာျဖစ္တယ္ဆိုတာကို သက္ေသျပသခဲ့ၾကၿပီး အမွန္တကယ္လည္း အလြန္ေသးငယ္တဲ့ ထိေတြ႕မႈ ရွိခဲ့တာျဖစ္ပါတယ္။

မယုံႏိုင္စရာေကာင္းေလာက္ေအာင္ပဲ ေပၚတူဂီရဲ႕ အဖြင့္ဂိုးကို ဘုရားသခင္ရဲ႕ ဆံပင္ဆိုတဲ့ အသုံးအႏႈန္းမ်ိဳး ေျပာဆိုခဲ့ၾကၿပီး အဂၤလန္ဂႏၲဝင္တိုက္စစ္မႉး ဂယ္ရီ လိုင္နီကာကလည္း ေရာ္နယ္လ္ဒိုရဲ႕ သြင္းဂိုးျဖစ္တယ္လို႔ ေထာက္ခံ ေျပာဆိုခဲ့ပါတယ္။

“ေရာ္နယ္လ္ဒိုရဲ႕ ဘုရားသခင္ရဲ႕ဆံပင္ သြင္းဂိုး”လို႔ ပရိသတ္တစ္ဦးက အသက္ ၃၇ ႏွစ္အ႐ြယ္တိုက္စစ္မႉးရဲ႕ ေခါင္းတိုက္ခ်က္ကို အနီးကပ္႐ိုက္ကူးထားတဲ့ ဓာတ္ပုံနဲ႔အတူ ေရးသားခဲ့ၿပီး “ေရာ္နယ္လ္ဒိုက ဘုရားသခင္ရဲ႕ဆံပင္ဆိုတဲ့ ေျပာဆိုမႈေတြနဲ႔ ဂိုးရဖို႔ ႀကိဳးပမ္းေနတယ္”လို႔ ေနာက္ထပ္ အျမင္မတူသူ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

တစ္ဖက္မွာလည္း လူအခ်ိဳ႕က ေရာ္နယ္လ္ဒိုကို ေပၚတူဂီရဲ႕ အဖြင့္ဂိုးမွာ ေအာင္ပြဲခံၿပီး ၎ရဲ႕ သြင္းဂိုးအျဖစ္ ရယူဖို႔ ႀကိဳးပမ္းခဲ့မႈအေပၚမွာ ျပစ္တင္ ေဝဖန္ခဲ့ၾကပါတယ္။ The Mail ရဲ႕ အားကစားသတင္းအယ္ဒီတာခ်ဳပ္ အိုလီဗာ ေဟာ့တ္ ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးအေပၚ အျပင္းထန္ဆုံး ေဝဖန္မႈျပဳလုပ္ခဲ့သူ ျဖစ္ေကာင္း ျဖစ္ႏိုင္ၿပီး “ေရာ္နယ္လ္ဒိုက သူ႔ ဂိုးမဟုတ္တဲ့ဂိုးကို ဂိုးအျဖစ္ အရမ္းသတ္မွတ္ေစခ်င္ေနတာက ေတာ္ေတာ္ေလး ရယ္စရာေကာင္းတယ္။ သူ႔ေခါင္းနဲ႔ ေဘာလုံးၾကားက လြတ္ေနတဲ့ေနရာမွာ ခင္ဗ်ား ၂ ထပ္ဘတ္စ္ကားတစ္စီးေလာက္ေတာင္ ရပ္ထားလို႔ရတယ္”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီအသင္းဟာ တနလၤာေန႔ညေနက ဥ႐ုေဂြးကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ လက္ရွိမွာေတာ့ အုပ္စု H မွာ ရမွတ္ ၆ မွတ္နဲ႔အတူ အုပ္စုဗိုလ္အျဖစ္ ဦးေဆာင္ေနၿပီျဖစ္ၿပီး ရႈံးထြက္အဆင့္တက္ေရာက္ႏိုင္ဖို႔ အာမခံခ်က္ ရရွိခဲ့ၿပီ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.