Match Report Premier League

အဲဗာတန်ကို အနိုင်ရခဲ့ပေမယ့် အကောင်းဆုံးအရှုံးသမားအဖြစ်နဲ့ ဇာတ်သိမ်းခဲ့ရတဲ့ အာဆင်နယ်

တနင်္ဂနွေနေ့ညမှာ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အမ်းမရိတ်စ်က ပွဲစဉ်မှာ အာဆင်နယ်က အဲဗာတန်ကို ကိုင် ဟာဗတ်ဇ်ရဲ့ နောက်ကျအနိုင်ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့်လည်း မန်စီးတီးက ဝက်စ်ဟမ်းကို ၃-၁ နဲ့ အနိုင်ရခဲ့တာကြောင့် ဒုတိယအဖြစ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အာဆင်နယ်ဟာ အားအကောင်းဆုံးပွဲထွက်လူစာရင်းဖြစ်တဲ့ ဂိုး ရာယာ၊ ခံစစ်မှာ တိုမိယဆု၊ ဂါဘရီယဲလ်၊ ဆာလီဘာ၊ ဘန် ဝှိုက်၊ ကွင်းလယ်မှာ ဒီကလန် ရိုက်၊ ပါတေး၊ အော်ဒီဂွါဒ်၊ ထရော့ဆာ့ဒ်၊ မာတီနယ်လီ၊ ဟာဗတ်ဇ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အိမ်ရှင်ဂန်းနားတွေဟာ ဒီနေ့ပွဲစဉ်မှာ ပွဲကစားချိန်အများစုကို ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ အများအပြား ပြုလုပ်နိုင်ခဲ့ပြီး အပိုင်အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့လို့သာ ဂိုးများများ မသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဧည့်သည် အဲဗာတန်တို့က တည်ကန်ဘောကနေ ပထမပိုင်းပြီးဆုံးခါနီး ၅ မိနစ်အလိုမှာ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး အစ်ဒရစ်ဆာ ဂါနာ ဂေးယီရဲ့ ဖရီးကစ်ကနေ ကန်သွင်းလိုက်တဲ့ဘောလုံးက တံတိုင်းကာထားတဲ့ ဒီကလန် ရိုက်ရဲ့ ခေါင်းတိုက်ထိပြီးနောက် ဆန့်ကျင်ဘက် ညာဘက်ဂိုးထောင့်ထဲကို ဝင်သွားခဲ့တာကြောင့် ရာယာ ရပ်ကြည့်ရုံသာ တတ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်က အိမ်ကွင်းမှာ ဦးဆောင်ဂိုးပေးခဲ့ရမှုကို ချက်ချင်းဆိုသလိုပဲ ချေဖျက်နိုင်ခဲ့ပြီး ၄၃ မိနစ်မှာ တိုမိယဆုက ညာတောင်ပံကနေ အော်ဒီဂွါဒ် ပေးပို့ခဲ့တဲ့ ဘောလုံးကို ပြေးဝင်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း အာဆင်နယ်တို့ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ လွှမ်းမိုးထားနိုင်ခဲ့ပြီး ပွဲပြီးခါနီး ၈၃ မိနစ်မှာ မာတီနယ်လီရဲ့ မြေမကျဘောကန်ချက်က ဂိုးပေါက်ထဲ ဝင်သွားခဲ့ပြီထင်ခဲ့ပေမယ့်လည်း ဂိုးတိုင်ထိထွက်သွားခဲ့ပါတယ်။

ဒါပေမယ့်လည်း နောက်ထပ် ၆ မိနစ်အကြာမှာ အာဆင်နယ်တို့အတွက် အရေးတကြီးလိုအပ်နေတဲ့ အနိုင်ဂိုးကို ကိုင်ဟာဗတ်ဇ်က သွင်းယူပေးသွားခဲ့ပြီး ယန်းရဲ့မသေသပ်တဲ့ ပေးပို့မှုကို ဂျေးဇုက ကြားဖြတ်ရယူပြီးနောက် ပင်နယ်တီဧရိယာထဲက အော်ဒီဂွါဒ်ကို ပေးပို့ခဲ့ပါတယ်။

အော်ဒီဂွါဒ်က ပစ်ဖို့ဒ်ကို ကျော်ပြီး ပေးပို့လိုက်တဲ့ ဘောလုံးကို ဟာဗတ်ဇ်က ဂိုးသမားမရှိတဲ့ ဂိုးပေါက်အလွတ်ထဲကို ပိတ်သွင်းယူသွားခဲ့ပြီး ဂိုးရရှိခဲ့ပေမယ့်လည်း VAR က ဂျေးဇု ဘောလုံးကို လက်ထိခဲ့တယ်လို့ သံသယရှိခဲ့တာကြောင့် ပြန်လည်စစ်ဆေးခဲ့ပြီးနောက် လက်မထိခဲ့တာကြောင့် ဂိုးခွင့်ပြုပေးခဲ့ပါတယ်။

အာဆင်နယ်ဟာ အဲဗာတန်ကို ရာသီပိတ်ပွဲစဉ်မှာ အနိုင်ရယူနိုင်ခဲ့ပေမယ့်လည်း ဖလားပြိုင်ဘက်တွေဖြစ်တဲ့ မန်ချက်စတာစီးတီးက တစ်ဖက်မှာ ဝက်စ်ဟမ်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီး ၂ ရာသီဆက်တိုက် အကောင်းဆုံးအရှုံးသမားဖြစ်ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
တနဂၤေႏြေန႔ညမွာ ပရီးမီးယားလိဂ္ရာသီပိတ္ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အမ္းမရိတ္စ္က ပြဲစဥ္မွာ အာဆင္နယ္က အဲဗာတန္ကို ကိုင္ ဟာဗတ္ဇ္ရဲ႕ ေနာက္က်အႏိုင္ဂိုးနဲ႔ အႏိုင္ရခဲ့ေပမယ့္လည္း မန္စီးတီးက ဝက္စ္ဟမ္းကို ၃-၁ နဲ႔ အႏိုင္ရခဲ့တာေၾကာင့္ ဒုတိယအျဖစ္နဲ႔သာ ေက်နပ္ခဲ့ရပါတယ္။

အာဆင္နယ္ဟာ အားအေကာင္းဆုံးပြဲထြက္လူစာရင္းျဖစ္တဲ့ ဂိုး ရာယာ၊ ခံစစ္မွာ တိုမိယဆု၊ ဂါဘရီယဲလ္၊ ဆာလီဘာ၊ ဘန္ ဝႈိက္၊ ကြင္းလယ္မွာ ဒီကလန္ ႐ိုက္၊ ပါေတး၊ ေအာ္ဒီဂြါဒ္၊ ထေရာ့ဆာ့ဒ္၊ မာတီနယ္လီ၊ ဟာဗတ္ဇ္တို႔နဲ႔ ပြဲထြက္လာခဲ့ပါတယ္။ အိမ္ရွင္ဂန္းနားေတြဟာ ဒီေန႔ပြဲစဥ္မွာ ပြဲကစားခ်ိန္အမ်ားစုကို ေဘာလုံးပိုင္ဆိုင္မႈအသာစီးနဲ႔ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ အမ်ားအျပား ျပဳလုပ္ႏိုင္ခဲ့ၿပီး အပိုင္အခြင့္အေရးေတြ အသုံးမခ်ႏိုင္ခဲ့လို႔သာ ဂိုးမ်ားမ်ား မသြင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဧည့္သည္ အဲဗာတန္တို႔က တည္ကန္ေဘာကေန ပထမပိုင္းၿပီးဆုံးခါနီး ၅ မိနစ္အလိုမွာ ဦးေဆာင္ဂိုး ရရွိသြားခဲ့ၿပီး အစ္ဒရစ္ဆာ ဂါနာ ေဂးယီရဲ႕ ဖရီးကစ္ကေန ကန္သြင္းလိုက္တဲ့ေဘာလုံးက တံတိုင္းကာထားတဲ့ ဒီကလန္ ႐ိုက္ရဲ႕ ေခါင္းတိုက္ထိၿပီးေနာက္ ဆန႔္က်င္ဘက္ ညာဘက္ဂိုးေထာင့္ထဲကို ဝင္သြားခဲ့တာေၾကာင့္ ရာယာ ရပ္ၾကည့္႐ုံသာ တတ္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္က အိမ္ကြင္းမွာ ဦးေဆာင္ဂိုးေပးခဲ့ရမႈကို ခ်က္ခ်င္းဆိုသလိုပဲ ေခ်ဖ်က္ႏိုင္ခဲ့ၿပီး ၄၃ မိနစ္မွာ တိုမိယဆုက ညာေတာင္ပံကေန ေအာ္ဒီဂြါဒ္ ေပးပို႔ခဲ့တဲ့ ေဘာလုံးကို ေျပးဝင္ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာလည္း အာဆင္နယ္တို႔ကပဲ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ လႊမ္းမိုးထားႏိုင္ခဲ့ၿပီး ပြဲၿပီးခါနီး ၈၃ မိနစ္မွာ မာတီနယ္လီရဲ႕ ေျမမက်ေဘာကန္ခ်က္က ဂိုးေပါက္ထဲ ဝင္သြားခဲ့ၿပီထင္ခဲ့ေပမယ့္လည္း ဂိုးတိုင္ထိထြက္သြားခဲ့ပါတယ္။

ဒါေပမယ့္လည္း ေနာက္ထပ္ ၆ မိနစ္အၾကာမွာ အာဆင္နယ္တို႔အတြက္ အေရးတႀကီးလိုအပ္ေနတဲ့ အႏိုင္ဂိုးကို ကိုင္ဟာဗတ္ဇ္က သြင္းယူေပးသြားခဲ့ၿပီး ယန္းရဲ႕မေသသပ္တဲ့ ေပးပို႔မႈကို ေဂ်းဇုက ၾကားျဖတ္ရယူၿပီးေနာက္ ပင္နယ္တီဧရိယာထဲက ေအာ္ဒီဂြါဒ္ကို ေပးပို႔ခဲ့ပါတယ္။

ေအာ္ဒီဂြါဒ္က ပစ္ဖို႔ဒ္ကို ေက်ာ္ၿပီး ေပးပို႔လိုက္တဲ့ ေဘာလုံးကို ဟာဗတ္ဇ္က ဂိုးသမားမရွိတဲ့ ဂိုးေပါက္အလြတ္ထဲကို ပိတ္သြင္းယူသြားခဲ့ၿပီး ဂိုးရရွိခဲ့ေပမယ့္လည္း VAR က ေဂ်းဇု ေဘာလုံးကို လက္ထိခဲ့တယ္လို႔ သံသယရွိခဲ့တာေၾကာင့္ ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္ လက္မထိခဲ့တာေၾကာင့္ ဂိုးခြင့္ျပဳေပးခဲ့ပါတယ္။

အာဆင္နယ္ဟာ အဲဗာတန္ကို ရာသီပိတ္ပြဲစဥ္မွာ အႏိုင္ရယူႏိုင္ခဲ့ေပမယ့္လည္း ဖလားၿပိဳင္ဘက္ေတြျဖစ္တဲ့ မန္ခ်က္စတာစီးတီးက တစ္ဖက္မွာ ဝက္စ္ဟမ္းကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ ဒုတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရၿပီး ၂ ရာသီဆက္တိုက္ အေကာင္းဆုံးအရႈံးသမားျဖစ္ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.