International Match Report World Cup

ပိတ်ကစားနေတဲ့ ဆွစ်တို့ကို ကာစီမီရိုရဲ့ အသည်းခွဲဂိုးနဲ့ သုံးမှတ်ယူခဲ့တဲ့ ဘရာဇီးလ်

ဘရာဇီးလ်အသင်းအနေနဲ့ ဒီနေ့မှာ နေမာနဲ့ ဒါနီလိုတို့ မပါဝင်နိုင်ခဲ့လို့ သူတို့ရဲ့ လူစာရင်းကို ပြောင်းလဲခဲ့ရပြီး ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ မားကင်ညို့စ်၊ အယ်ဒါ မီလီတိုနဲ့ အဲလက်စ် ဆန်ဒရိုတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဖရက်ဒ်၊ ကာစီမီရိုနဲ့ ပါကေးတာတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဗီနီးရှပ်စ် ဂျူနီယာ၊ ရစ်ချာလစ်ဆန်နဲ့ ရာဖင်ညာတို့ကို ပွဲထုတ်လာခဲ့ပါတယ်။

ဆွစ်ဇာလန်အသင်းကတော့ ဂိုးသမား ဆွမ်းမား၊ ခံစစ်မှာ အာကန်ဂျီ၊ အယ်လ်ဗီဒီ၊ ဗစ်ဒ်မာနဲ့ ရီကာဒို ရိုဒရီးရက်ဇ်တို့ကို ထားခဲ့ပြီး ကွင်းလယ်မှာ ဖရွိုင်လာ၊ ချာကာ၊ ဂျီဘရီလ် ဆိုး၊ ရိုက်ဒါနဲ့ ဗားဂက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အမ်ဘိုလိုကို တင်ကစားလာခဲ့တဲ့ နည်းပြ မူရတ် ယာကင်ရဲ့ လူစာရင်းက အားနည်းချက်တွေတော့ များခဲ့တာပါ။

ကွင်းလယ်က ဝါရင့်ကစားသမားတွေနဲ့ ပိတ်ကစားပြီး ဘရာဇီးလ်တို့ရဲ့ ပွဲရှိန်ကို စိတ်ကြိုက် အတင်အချ မလုပ်နိုင်အောင် ရင်ဆိုင်သွားခဲ့တဲ့ ဆွစ်ဇာလန်တို့ရဲ့ ကစားဟန်က အတိုင်းအတာတစ်ခုအထိတော့ အလုပ်ဖြစ်ခဲ့ပြီး ရာဖင်ညာနဲ့ ညာခြမ်းက ရုန်းကန်ခဲ့ရသလို ရစ်ချာလစ်ဆန်အနေနဲ့ ဘယ်ခြမ်းက ဗီနီးရှပ်စ်နဲ့ပဲ အလုပ်လုပ်ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာ ညာခြမ်းက ရာဖင်ညာရဲ့ ဖြတ်တင်ဘောကနေ ဗီနီးရှပ်စ်ရဲ့ ပိတ်သွင်းမှုကို ဆွမ်းမား ကာကွယ်နိုင်ခဲ့သလို ရာဖင်ညာရဲ့ အဝေးက ကန်ချက်ကတော့ ဂိုးသမားတည့်တည့်ပဲ ရောက်ခဲ့ပြီး ဆွစ်တို့ရဲ့ ခံစစ်အားပြု ကစားသွားတဲ့ ပုံစံကို ဘရာဇီးလ်တို့ ပထမပိုင်းမှာ ထိထိရောက်ရောက် မထိုးဖောက်နိုင်ခဲ့တာကြောင့် ဂိုးမရှိသရေပဲ ဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ဘရာဇီးလ်တို့ဘက်က ပါကေးတာအစား ရိုဒရီဂိုကို လူစားသွင်းပြီး ၄-၂-၄ အထိုင် ပြောင်းလာခဲ့သလို ဆွစ်ဇာလန်တို့ကတော့ ဖိကစားလာတဲ့ တစ်ဖက်အသင်းကြောင့် ကောင်တာကစားဖို့ပဲ အားသန်နေခဲ့ပြီး သူတို့ရဲ့ ညာခြမ်းက ဗစ်ဒ်မာရဲ့ နေရာယူပုံတွေကတော့ ဘရာဇီးလ်တို့ အကြိုက်ဖြစ်နေခဲ့သလို ဗဟိုခံစစ်သမားတွေနဲ့ ပူးပေါင်းမှု နည်းနေခဲ့တာကြောင့် ဗီနီးရှပ်စ်ဘက်က နေရာလွတ်တွေ ပိုရလာခဲ့ပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာ ဆွစ်ဇာလန်ခံစစ်က မပြတ်မသား ဖျက်ထုတ်ပုံကနေ လွတ်သွားခဲ့တဲ့ ဗီနီးရှပ်စ်က ဂိုးသွင်းခဲ့ပေမယ့် တိုက်စစ်စတင်ချိန်မှာ ဘောလုံးလုယူဖို့ လူကျွံအနေအထားကနေ ကြိုးစားအားထုတ်ခဲ့တဲ့ ရစ်ချာလစ်ဆန်ကြောင့် ပယ်ဖျက်ခံခဲ့ရလို့ ဘရာဇီးလ်တို့ ရင်ခံခဲ့ရသလို ဆွစ်တို့အတွက် သက်ပြင်းချနိုင်ခဲ့ပြီး ဆက်လက်တောင့်ခံသွားခဲ့တာပါ။

ဆွစ်ဇာလန်တို့ရဲ့ လူစားလဲမှုတွေနဲ့ ဗျူဟာတွေက ရှုပ်ထွေးလွန်းခဲ့သလို အရန်ခုံက ကစားသမားတွေအနေနဲ့ ခြေစွမ်းမပြနိုင်ခဲ့ကြဘဲ အမ်ဘိုလို ထွက်သွားချိန်မှာ တိုက်စစ်က လေးစားစရာ မရှိတော့ဘဲဖြစ်ခဲ့ချိန်မှာ ဘရာဇီးလ်တို့ကတော့ ကွင်းလယ်က ဖန်တီးမှု မလုပ်နိုင်တဲ့ ဖရက်ဒ်အစား ဘရူနို ဂီမာရိုင်းစ်ကို ထည့်ခဲ့လို့ ကစားအားပိုကောင်းလာခဲ့ပါတယ်။

ပွဲချိန် ၈၃ မိနစ်မှာတော့ ဘရာဇီးလ်တို့ ဒီနေ့ပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဘယ်ခြမ်းကနေ ဗီနီးရှပ်စ်က အလယ်ကို ပြန်ထည့်ပေးတဲ့ ဘောလုံးကို ရိုဒရီဂိုက တစ်ချက်ထိနဲ့ ဧရိယာထဲကို ပေးပို့ခဲ့ရာမှာ လွတ်နေခဲ့တဲ့ ကာစီမီရိုက Volley ကန်သွင်းခဲ့ပြီး ဆွစ်ဇာလန် ဂိုးသမား ဆွမ်းမားအနေနဲ့ နောက်ခံလူ အာကန်ဂျီနဲ့ မြင်ကွင်းပိတ်နေခဲ့လို့ အချိန်မီ မကာကွယ်နိုင်ခဲ့ဘဲ ငုတ်တုတ်မေ့ခဲ့ရတာပါ။

လက်ကျန်ပွဲချိန်တွေမှာ တစ်လုံးမှ ဂိုးပေါက်မတည့်ဖူးလိုက်တဲ့ ဆွစ်ဇာလန်တို့ဘက်က တိုက်စစ်မှာ ဖန်တီးထိုးဖောက်နိုင်မယ့် လောက်လောက်လားလား ကစားသမားမျိုး မရှိသလို ဘရာဇီးလ်ခံစစ်ကလည်း အမှားအယွင်းမရှိ ထိန်းချုပ်သွားပြီး ဘောလုံးကိုင်ကစားသွားခဲ့ကြတာကြောင့် ပွဲချိန်အပြည့်မှာတော့ ဆမ်ဘာတွေ တစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး အုပ်စု(G)ကနေ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ေနမာနဲ႔ ဒါနီလိုတို႔ မပါဝင္ႏိုင္ခဲ့လို႔ သူတို႔ရဲ႕ လူစာရင္းကို ေျပာင္းလဲခဲ့ရၿပီး ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ သီယာဂို ေဆးလ္ဗား၊ မားကင္ညိဳ႕စ္၊ အယ္ဒါ မီလီတိုနဲ႔ အဲလက္စ္ ဆန္ဒ႐ိုတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ဖရက္ဒ္၊ ကာစီမီ႐ိုနဲ႔ ပါေကးတာတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဗီနီးရွပ္စ္ ဂ်ဴနီယာ၊ ရစ္ခ်ာလစ္ဆန္နဲ႔ ရာဖင္ညာတို႔ကို ပြဲထုတ္လာခဲ့ပါတယ္။

ဆြစ္ဇာလန္အသင္းကေတာ့ ဂိုးသမား ဆြမ္းမား၊ ခံစစ္မွာ အာကန္ဂ်ီ၊ အယ္လ္ဗီဒီ၊ ဗစ္ဒ္မာနဲ႔ ရီကာဒို ႐ိုဒရီးရက္ဇ္တို႔ကို ထားခဲ့ၿပီး ကြင္းလယ္မွာ ဖ႐ြိဳင္လာ၊ ခ်ာကာ၊ ဂ်ီဘရီလ္ ဆိုး၊ ႐ိုက္ဒါနဲ႔ ဗားဂက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အမ္ဘိုလိုကို တင္ကစားလာခဲ့တဲ့ နည္းျပ မူရတ္ ယာကင္ရဲ႕ လူစာရင္းက အားနည္းခ်က္ေတြေတာ့ မ်ားခဲ့တာပါ။

ကြင္းလယ္က ဝါရင့္ကစားသမားေတြနဲ႔ ပိတ္ကစားၿပီး ဘရာဇီးလ္တို႔ရဲ႕ ပြဲရွိန္ကို စိတ္ႀကိဳက္ အတင္အခ် မလုပ္ႏိုင္ေအာင္ ရင္ဆိုင္သြားခဲ့တဲ့ ဆြစ္ဇာလန္တို႔ရဲ႕ ကစားဟန္က အတိုင္းအတာတစ္ခုအထိေတာ့ အလုပ္ျဖစ္ခဲ့ၿပီး ရာဖင္ညာနဲ႔ ညာျခမ္းက ႐ုန္းကန္ခဲ့ရသလို ရစ္ခ်ာလစ္ဆန္အေနနဲ႔ ဘယ္ျခမ္းက ဗီနီးရွပ္စ္နဲ႔ပဲ အလုပ္လုပ္ခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၇ မိနစ္မွာ ညာျခမ္းက ရာဖင္ညာရဲ႕ ျဖတ္တင္ေဘာကေန ဗီနီးရွပ္စ္ရဲ႕ ပိတ္သြင္းမႈကို ဆြမ္းမား ကာကြယ္ႏိုင္ခဲ့သလို ရာဖင္ညာရဲ႕ အေဝးက ကန္ခ်က္ကေတာ့ ဂိုးသမားတည့္တည့္ပဲ ေရာက္ခဲ့ၿပီး ဆြစ္တို႔ရဲ႕ ခံစစ္အားျပဳ ကစားသြားတဲ့ ပုံစံကို ဘရာဇီးလ္တို႔ ပထမပိုင္းမွာ ထိထိေရာက္ေရာက္ မထိုးေဖာက္ႏိုင္ခဲ့တာေၾကာင့္ ဂိုးမရွိသေရပဲ ျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ ဘရာဇီးလ္တို႔ဘက္က ပါေကးတာအစား ႐ိုဒရီဂိုကို လူစားသြင္းၿပီး ၄-၂-၄ အထိုင္ ေျပာင္းလာခဲ့သလို ဆြစ္ဇာလန္တို႔ကေတာ့ ဖိကစားလာတဲ့ တစ္ဖက္အသင္းေၾကာင့္ ေကာင္တာကစားဖို႔ပဲ အားသန္ေနခဲ့ၿပီး သူတို႔ရဲ႕ ညာျခမ္းက ဗစ္ဒ္မာရဲ႕ ေနရာယူပုံေတြကေတာ့ ဘရာဇီးလ္တို႔ အႀကိဳက္ျဖစ္ေနခဲ့သလို ဗဟိုခံစစ္သမားေတြနဲ႔ ပူးေပါင္းမႈ နည္းေနခဲ့တာေၾကာင့္ ဗီနီးရွပ္စ္ဘက္က ေနရာလြတ္ေတြ ပိုရလာခဲ့ပါတယ္။

ပြဲခ်ိန္ ၆၄ မိနစ္မွာ ဆြစ္ဇာလန္ခံစစ္က မျပတ္မသား ဖ်က္ထုတ္ပုံကေန လြတ္သြားခဲ့တဲ့ ဗီနီးရွပ္စ္က ဂိုးသြင္းခဲ့ေပမယ့္ တိုက္စစ္စတင္ခ်ိန္မွာ ေဘာလုံးလုယူဖို႔ လူကြၽံအေနအထားကေန ႀကိဳးစားအားထုတ္ခဲ့တဲ့ ရစ္ခ်ာလစ္ဆန္ေၾကာင့္ ပယ္ဖ်က္ခံခဲ့ရလို႔ ဘရာဇီးလ္တို႔ ရင္ခံခဲ့ရသလို ဆြစ္တို႔အတြက္ သက္ျပင္းခ်ႏိုင္ခဲ့ၿပီး ဆက္လက္ေတာင့္ခံသြားခဲ့တာပါ။

ဆြစ္ဇာလန္တို႔ရဲ႕ လူစားလဲမႈေတြနဲ႔ ဗ်ဴဟာေတြက ရႈပ္ေထြးလြန္းခဲ့သလို အရန္ခုံက ကစားသမားေတြအေနနဲ႔ ေျခစြမ္းမျပႏိုင္ခဲ့ၾကဘဲ အမ္ဘိုလို ထြက္သြားခ်ိန္မွာ တိုက္စစ္က ေလးစားစရာ မရွိေတာ့ဘဲျဖစ္ခဲ့ခ်ိန္မွာ ဘရာဇီးလ္တို႔ကေတာ့ ကြင္းလယ္က ဖန္တီးမႈ မလုပ္ႏိုင္တဲ့ ဖရက္ဒ္အစား ဘ႐ူႏို ဂီမာ႐ိုင္းစ္ကို ထည့္ခဲ့လို႔ ကစားအားပိုေကာင္းလာခဲ့ပါတယ္။

ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ ဘရာဇီးလ္တို႔ ဒီေန႔ပြဲရဲ႕ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဘယ္ျခမ္းကေန ဗီနီးရွပ္စ္က အလယ္ကို ျပန္ထည့္ေပးတဲ့ ေဘာလုံးကို ႐ိုဒရီဂိုက တစ္ခ်က္ထိနဲ႔ ဧရိယာထဲကို ေပးပို႔ခဲ့ရာမွာ လြတ္ေနခဲ့တဲ့ ကာစီမီ႐ိုက Volley ကန္သြင္းခဲ့ၿပီး ဆြစ္ဇာလန္ ဂိုးသမား ဆြမ္းမားအေနနဲ႔ ေနာက္ခံလူ အာကန္ဂ်ီနဲ႔ ျမင္ကြင္းပိတ္ေနခဲ့လို႔ အခ်ိန္မီ မကာကြယ္ႏိုင္ခဲ့ဘဲ ငုတ္တုတ္ေမ့ခဲ့ရတာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာ တစ္လုံးမွ ဂိုးေပါက္မတည့္ဖူးလိုက္တဲ့ ဆြစ္ဇာလန္တို႔ဘက္က တိုက္စစ္မွာ ဖန္တီးထိုးေဖာက္ႏိုင္မယ့္ ေလာက္ေလာက္လားလား ကစားသမားမ်ိဳး မရွိသလို ဘရာဇီးလ္ခံစစ္ကလည္း အမွားအယြင္းမရွိ ထိန္းခ်ဳပ္သြားၿပီး ေဘာလုံးကိုင္ကစားသြားခဲ့ၾကတာေၾကာင့္ ပြဲခ်ိန္အျပည့္မွာေတာ့ ဆမ္ဘာေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး အုပ္စု(G)ကေန ေနာက္တစ္ဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.