Match Report Premier League

ပရီးမီးယားလိဂ်ဖလားကို ၄ နှစ်ဆက်တိုက် ရယူနိုင်တဲ့ ပထမဆုံးသောအသင်းဖြစ်လာတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးဟာ တနင်္ဂနွေနေ့ညမှာ ဝက်စ်ဟမ်းကို ဖိုဒန်ရဲ့ သွင်းဂိုးတွေနဲ့အတူ ဂိုးပြတ်အနိုင်ယူပြီး ပရီးမီးယားလိဂ်ဖလားကို အင်္ဂလိပ်ထိပ်တန်းပြိုင်ပွဲသမိုင်းတလျှောက် ၄ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်တဲ့ ပထမဆုံးသော အသင်းဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ဂိုး အော်တေဂါ၊ ခံစစ်မှာ ဂဗာဒီယောလ်၊ အကန်းဂျိ၊ ဒီယက်စ်၊ ဝေါ်ကာ၊ ကွင်းလယ်မှာ ရိုဒရီ၊ ဒီဘရိုင်းနား၊ ဆေးလ်ဗား၊ ဖိုဒန်၊ ဒိုကု၊ တိုက်စစ်မှာ ဟာလန်းကို အထောင်ထားပြီး ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းစတယ်ဆိုရင်ပဲ အိမ်ရှင် မန်စီးတီးတို့ကပဲ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ဖိအားပေး တိုက်စစ်ဆင်ခဲ့ပြီး ၂ မိနစ်မှာပဲ မက်ဗရိုပါးနော့ရဲ့ ပေါ့လျော့မှုကနေ ဟာလန်း ပေးပို့လိုက်တဲ့ ဘောလုံးကို ဒီဘရိုင်းနားက ရယူခဲ့ပါတယ်။

ဆေးလ်ဗားက ညာတောင်ပံကို ပြေးသွားခဲ့ပြီး ပင်နယ်တီဧရိယာအစွန်က ဖိုဒန်ကို ပေးပို့ခဲ့ရာမှာ အင်္ဂလန်တောင်ပံကစားသမားက ဂိုးထောင့်ထဲကို သွင်းယူနေကျပုံစံအတိုင်း ဝိုက်ကန်သွင်းယူသွားခဲ့တာကြောင့် အာရီယိုလာ ဘယ်လိုမှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

၁၅ မိနစ်မှာ ဒိုကု ဘယ်တောင်ပံကနေ လိမ်ခေါက်ပြီး ပင်နယ်တီဧရိယာထဲကို ဆွဲပြေးလာခဲ့ပြီး ကန်သွင်းခဲ့မှုကို အာရီယိုလာက အကောင်းဆုံးလက်စွမ်းပြ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့လို့ မန်စီးတီးတို့ နောက်ထပ် ဦးဆောင်ဂိုး မရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ထပ် ၃ မိနစ်အကြာမှာတော့ ဖိုဒန်ကပဲ မန်ချက်စတာစီးတီးအတွက် လိုအပ်နေတဲ့ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပြီး ဂဗာဒီယောလ်က ကွင်းလယ်မှာ ဝက်စ်ဟမ်းကစားသမား ၂ ဦးကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ဟာလန်းကို ပေးပို့ခဲ့ပါတယ်။

ဟာလန်းက ဘယ်တောင်ပံက ဒိုကုဆီ ပေးပို့ခဲ့ရာမှာ မန်စီးတီးတောင်ပံကစားသမား လျင်လျင်မြန်မြန် ခင်းပေးလိုက်တဲ့ ဘောလုံးကို ပင်နယ်တီဧရိယာထဲမှာ ဝက်စ်ဟမ်း နောက်ခံလူ ၃ ဦး ကာကွယ်ထားတဲ့ကြားက ဖိုဒန်က ခြေဦးပြီး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ မန်ချက်စတာစီးတီးက ဂိုးပြတ် ဦးဆောင်နိုင်မယ့် အခွင့်အရေးတွေရရှိခဲ့ပေမယ့်လည်း ဟာလန်းရဲ့ အံ့အားသင့်ဖွယ် လွဲချော်မှုတွေကြောင့် နောက်ထပ် ဦးဆောင်ဂိုးတွေ မရခဲ့တာဖြစ်ပြီး ပွဲပြီးခါနီး ၄၂ မိနစ်မှာ ဝက်စ်ဟမ်းအတွက် မိုဟာမက် ကူးဒက်စ်က ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။

ဝ့ါဒ်-ပရောက်စ်ရဲ့ ထောင့်ကန်ဘောကနေ ဖြတ်တင်ပေးပို့မှုကို ဂဗာဒီယောလ် မရှင်းထုတ်နိုင်ခဲ့ရာကနေ ကူးဒက်စ်က နောက်ပြန်ကန်ချက်နဲ့ အော်တေဂါ မကာကွယ်နိုင်အောင် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း မန်ချက်စတာစီးတီးကပဲ အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ၅၉ မိနစ်မှာ ရိုဒရီက မန်ချက်စတာစီးတီးအတွက် အနိုင်သေချာစေမယ့် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

စပိန်ကွင်းလယ်လူဟာ ဘာနာဒို ဆေးလ်ဗားရဲ့ ပါးပါးနပ်နပ် ခင်းပေးလိုက်တဲ့ ဘောလုံးကို ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ဝက်စ်ဟမ်းနောက်ခံလူတွေ ပိတ်ဆို့ထားတဲ့ကြားကနေ အပြင်းကန်သွင်းယူပြီး အာရီယိုလာ ဘယ်လိုမှ မကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ ဒီနေ့ပွဲစဉ်မှာ အပိုင်အခွင့်အရေး အများအပြားကို အသုံးမချနိုင်ခဲ့လို့သာ နောက်ထပ် သွင်းဂိုးတွေ မရခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ပြီးဆုံးခါနီး ၄ မိနစ်အလိုမှာ ဆူးချက် ချေပဂိုး သွင်းယူနိုင်ခဲ့ပြီထင်ခဲ့ပေမယ့်လည်း VAR က ပြန်လည်စစ်ဆေးခဲ့ရာမှာ လက်ကို အသုံးပြုပြီး ဂိုးသွင်းခဲ့တယ်ဆိုပြီး ဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဘယ်အသင်းမှ မလုပ်နိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပြီဖြစ်ပြီး ဂွါဒီယိုလာရဲ့ ၄ နှစ်ဆက် ချန်ပီယံဖြစ်ခဲ့တဲ့အသင်းမတိုင်ခင် ပရီးမီးယားလိဂ်ဖလားကို ဆက်တိုက်အများဆုံး ဆွတ်ခူးနိုင်ခဲ့တဲ့အသင်းဆိုလို့ ဟက်ဒါစ်ဖီးတောင်း၊ အာဆင်နယ်၊ လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်တို့သာ ၃ နှစ်ဆက်တိုက် ဆွတ်ခူးခဲ့ဖူးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးဟာ တနဂၤေႏြေန႔ညမွာ ဝက္စ္ဟမ္းကို ဖိုဒန္ရဲ႕ သြင္းဂိုးေတြနဲ႔အတူ ဂိုးျပတ္အႏိုင္ယူၿပီး ပရီးမီးယားလိဂ္ဖလားကို အဂၤလိပ္ထိပ္တန္းၿပိဳင္ပြဲသမိုင္းတေလွ်ာက္ ၄ ႏွစ္ဆက္တိုက္ ဆြတ္ခူးႏိုင္တဲ့ ပထမဆုံးေသာ အသင္းျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ဂိုး ေအာ္ေတဂါ၊ ခံစစ္မွာ ဂဗာဒီေယာလ္၊ အကန္းဂ်ိ၊ ဒီယက္စ္၊ ေဝၚကာ၊ ကြင္းလယ္မွာ ႐ိုဒရီ၊ ဒီဘ႐ိုင္းနား၊ ေဆးလ္ဗား၊ ဖိုဒန္၊ ဒိုကု၊ တိုက္စစ္မွာ ဟာလန္းကို အေထာင္ထားၿပီး ပြဲထြက္လာခဲ့ပါတယ္။ ပထမပိုင္းစတယ္ဆိုရင္ပဲ အိမ္ရွင္ မန္စီးတီးတို႔ကပဲ ေဘာလုံးပိုင္ဆိုင္မႈအသာစီးနဲ႔ ဖိအားေပး တိုက္စစ္ဆင္ခဲ့ၿပီး ၂ မိနစ္မွာပဲ မက္ဗ႐ိုပါးေနာ့ရဲ႕ ေပါ့ေလ်ာ့မႈကေန ဟာလန္း ေပးပို႔လိုက္တဲ့ ေဘာလုံးကို ဒီဘ႐ိုင္းနားက ရယူခဲ့ပါတယ္။

ေဆးလ္ဗားက ညာေတာင္ပံကို ေျပးသြားခဲ့ၿပီး ပင္နယ္တီဧရိယာအစြန္က ဖိုဒန္ကို ေပးပို႔ခဲ့ရာမွာ အဂၤလန္ေတာင္ပံကစားသမားက ဂိုးေထာင့္ထဲကို သြင္းယူေနက်ပုံစံအတိုင္း ဝိုက္ကန္သြင္းယူသြားခဲ့တာေၾကာင့္ အာရီယိုလာ ဘယ္လိုမွ မတတ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

၁၅ မိနစ္မွာ ဒိုကု ဘယ္ေတာင္ပံကေန လိမ္ေခါက္ၿပီး ပင္နယ္တီဧရိယာထဲကို ဆြဲေျပးလာခဲ့ၿပီး ကန္သြင္းခဲ့မႈကို အာရီယိုလာက အေကာင္းဆုံးလက္စြမ္းျပ ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့လို႔ မန္စီးတီးတို႔ ေနာက္ထပ္ ဦးေဆာင္ဂိုး မရရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေနာက္ထပ္ ၃ မိနစ္အၾကာမွာေတာ့ ဖိုဒန္ကပဲ မန္ခ်က္စတာစီးတီးအတြက္ လိုအပ္ေနတဲ့ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့ၿပီး ဂဗာဒီေယာလ္က ကြင္းလယ္မွာ ဝက္စ္ဟမ္းကစားသမား ၂ ဦးကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီးေနာက္ ဟာလန္းကို ေပးပို႔ခဲ့ပါတယ္။

ဟာလန္းက ဘယ္ေတာင္ပံက ဒိုကုဆီ ေပးပို႔ခဲ့ရာမွာ မန္စီးတီးေတာင္ပံကစားသမား လ်င္လ်င္ျမန္ျမန္ ခင္းေပးလိုက္တဲ့ ေဘာလုံးကို ပင္နယ္တီဧရိယာထဲမွာ ဝက္စ္ဟမ္း ေနာက္ခံလူ ၃ ဦး ကာကြယ္ထားတဲ့ၾကားက ဖိုဒန္က ေျခဦးၿပီး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ မန္ခ်က္စတာစီးတီးက ဂိုးျပတ္ ဦးေဆာင္ႏိုင္မယ့္ အခြင့္အေရးေတြရရွိခဲ့ေပမယ့္လည္း ဟာလန္းရဲ႕ အံ့အားသင့္ဖြယ္ လြဲေခ်ာ္မႈေတြေၾကာင့္ ေနာက္ထပ္ ဦးေဆာင္ဂိုးေတြ မရခဲ့တာျဖစ္ၿပီး ပြဲၿပီးခါနီး ၄၂ မိနစ္မွာ ဝက္စ္ဟမ္းအတြက္ မိုဟာမက္ ကူးဒက္စ္က ေခ်ပဂိုး သြင္းယူေပးခဲ့ပါတယ္။

ဝ့ါဒ္-ပေရာက္စ္ရဲ႕ ေထာင့္ကန္ေဘာကေန ျဖတ္တင္ေပးပို႔မႈကို ဂဗာဒီေယာလ္ မရွင္းထုတ္ႏိုင္ခဲ့ရာကေန ကူးဒက္စ္က ေနာက္ျပန္ကန္ခ်က္နဲ႔ ေအာ္ေတဂါ မကာကြယ္ႏိုင္ေအာင္ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာလည္း မန္ခ်က္စတာစီးတီးကပဲ အသာစီးနဲ႔ ကစားႏိုင္ခဲ့ၿပီး ၅၉ မိနစ္မွာ ႐ိုဒရီက မန္ခ်က္စတာစီးတီးအတြက္ အႏိုင္ေသခ်ာေစမယ့္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့ပါတယ္။

စပိန္ကြင္းလယ္လူဟာ ဘာနာဒို ေဆးလ္ဗားရဲ႕ ပါးပါးနပ္နပ္ ခင္းေပးလိုက္တဲ့ ေဘာလုံးကို ပင္နယ္တီဧရိယာအျပင္ဘက္ကေန ဝက္စ္ဟမ္းေနာက္ခံလူေတြ ပိတ္ဆို႔ထားတဲ့ၾကားကေန အျပင္းကန္သြင္းယူၿပီး အာရီယိုလာ ဘယ္လိုမွ မကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာ ဒီေန႔ပြဲစဥ္မွာ အပိုင္အခြင့္အေရး အမ်ားအျပားကို အသုံးမခ်ႏိုင္ခဲ့လို႔သာ ေနာက္ထပ္ သြင္းဂိုးေတြ မရခဲ့တာျဖစ္ၿပီး ဒုတိယပိုင္း ၿပီးဆုံးခါနီး ၄ မိနစ္အလိုမွာ ဆူးခ်က္ ေခ်ပဂိုး သြင္းယူႏိုင္ခဲ့ၿပီထင္ခဲ့ေပမယ့္လည္း VAR က ျပန္လည္စစ္ေဆးခဲ့ရာမွာ လက္ကို အသုံးျပဳၿပီး ဂိုးသြင္းခဲ့တယ္ဆိုၿပီး ဂိုးကို ပယ္ဖ်က္ခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ဝက္စ္ဟမ္းကို အႏိုင္ရရွိခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္သမိုင္းတေလွ်ာက္ ဘယ္အသင္းမွ မလုပ္ႏိုင္ခဲ့တဲ့ စံခ်ိန္မွတ္တမ္းသစ္ ေရးထိုးႏိုင္ခဲ့ၿပီျဖစ္ၿပီး ဂြါဒီယိုလာရဲ႕ ၄ ႏွစ္ဆက္ ခ်န္ပီယံျဖစ္ခဲ့တဲ့အသင္းမတိုင္ခင္ ပရီးမီးယားလိဂ္ဖလားကို ဆက္တိုက္အမ်ားဆုံး ဆြတ္ခူးႏိုင္ခဲ့တဲ့အသင္းဆိုလို႔ ဟက္ဒါစ္ဖီးေတာင္း၊ အာဆင္နယ္၊ လီဗာပူးလ္၊ မန္ခ်က္စတာယူႏိုက္တက္တို႔သာ ၃ ႏွစ္ဆက္တိုက္ ဆြတ္ခူးခဲ့ဖူးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.