International Match Report World Cup

အိုင်းယက်စ်သားလေး ကူဒူးစ်ရဲ့ ခြေစွမ်းနဲ့ ကိုရီးယားဖန်တွေကို ငိုအောင်လုပ်ခဲ့တဲ့ ဂါနာ

ဂါနာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အတီ-ဇီဂီ၊ ခံစစ်မှာ အမာတေ၊ ဆာလီဆူး၊ လမ့်ပ်တေနဲ့ မန်ဆားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ပါတေး၊ အက်ဘ်ဒူလ် ဆာမက်၊ ဂျော်ဒန် အာယူး၊ အွန်ဒရေး အာယူးနဲ့ ကူဒူးစ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အီညာကီ ဝီလီယမ်စ် တစ်ဉီးတည်းကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားအသင်းကတော့ ဂိုးသမား ဂင်ဆောင်းဂျူ၊ ခံစစ်မှာ ဂင်မင်းဂျယ်၊ ဂင်ယောင်ဂဝန်း၊ ဂင်မွန်းဟွမ်နဲ့ ဂင်ဂျင်ဆုတို့ ဂင်မျိုးနွယ် ငါးဦးကိုပဲ ဆက်လက်သုံးစွဲခဲ့သလို ကွင်းလယ်မှာတော့ ဂျောင်ဦးယောင်း၊ ဟွမ်းအင်ဘွမ်၊ ဂွမ်ချန်းဟွန်း၊ ဂျောင်းဝူးယွန်းနဲ့ ဆွန်ဟောင်မင်တို့ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာတော့ ဂျိုဂယူဆောင်းတစ်ဦးတည်းကို ပွဲထုတ်ခဲ့တာပါ။

ဂါနာတို့အနေနဲ့ ဒီနေ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အနည်းငယ်သာ ရရှိခဲ့ပြီး ကိုရီးယားတို့က ဘောလုံးကို ခြေထဲမှာ ထားနိုင်ခဲ့ကြသလို ကွင်းလယ်ကစားအား ပိုကောင်းတဲ့ အသင်းလိုက် စုဖွဲ့မှုမှာ ပါတေး ဦးဆောင်တဲ့ အာဖရိကသားတွေဘက်က ကစားကွက်ချင်း ယှဉ်ဖို့ မဖြစ်နိုင်ခဲ့ဘဲ ခံစစ်နဲ့ ကောင်တာပဲ အားပြုနေခဲ့ရပါတယ်။

ဒါပေမယ့် ပွဲချိန် ၂၄ မိနစ်မှာ ဂါနာတို့ ဦးဆောင်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဂျော်ဒန် အာယူးရဲ့ ဘယ်ခြမ်းက ဖရီးကစ်ကနေ ကိုရီးယားခံစစ်ရဲ့ ရှင်းထုတ်ပုံ မပီပြင်တာကနေ နောက်ခံလူ ဆာလီဆူးက အနီးကပ် ကန်သွင်းယူသွားနိုင်ခဲ့တာဖြစ်သလို ဂါနာကပ္ပတိန် အွန်ဒရေး အာယူး လက်ထိတာကို ဖောင်းမပေးခဲ့တာကတော့ ကစားပုံကောင်းနေတဲ့ ဆွန်ဟောင်မင်တို့ အုပ်စုအတွက် အထိနာခဲ့ရတာပါ။

တိုက်စစ်ဆင်တဲ့ အသင်းက ကစားသမားတွေအနေနဲ့ ဘာအကြောင်းနဲ့မှ လက်ထိခွင့် မရှိဘူးဆိုတဲ့ ဖီဖာစည်းမျဉ်းကို VAR က ပြောင်းပြောင်ကြီး ချိုးဖောက်လိုက်တာဖြစ်ပြီး တောင်ကိုရီးယားအတွက်တော့ နစ်နာခဲ့ရသလို ဒီနောက်ပိုင်းမှာ ဂါနာတို့အနေနဲ့ အဝေးဘောတွေနဲ့ တိုက်စစ်ဆင်‌သွားခဲ့သလို ပွဲက ပိုပြီးလှုပ်လာခဲ့ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာ ဂါနာတို့ပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုလည်း ဘယ်ခြမ်းက ဂျော်ဒန် အာယူးရဲ့ ဖြတ်တင်ဘောကိုပဲ ကိုရီးယားခံစစ်က အငိုက်မိခဲ့ပြန်တာဖြစ်ပြီး အဝေးတိုင်ဘက်ကို ကျော်ကျလာတဲ့ ဘောလုံးကို အချိန်မီ မဟန့်တားနိုင်ချိန်မှာ ညာတောင်ပံမှာ ကစားနေတဲ့ ကူဒူးစ်က အလိုက်သင့် ပြေးဝင်ခေါင်းတိုက်သွင်းသွားခဲ့တာပါ။

ပထမပိုင်း လက်ကျန်ပွဲချိန်တွေမှာ ကိုရီးယားတို့ ဖိကစားခဲ့ပေမယ့် အဆုံးသတ်ပိုင်းက သိပ်မကောင်းခဲ့သလို ဂါနာခံစစ်ကလည်း ပိတ်ဆို့ပြီး ကစားသွားနိုင်ခဲ့တာကြောင့် နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ ကိုရီးယားတို့ဘက်က ဂျောင်းဝူးယွန်းအစား နာဆန်းဟို ဝင်ကစားခဲ့ပြီး ဂွမ်ချန်းဟွန်းအစား လီဂန်းအင်းကို ထည့်ပြီး တိုက်စစ်ပိုမြှင့်လာခဲ့ပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာတော့ ကိုရီးယားတို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ လမ့်ပ်တေဆီက ဘောလုံးကို လုယူနိုင်ခဲ့တဲ့ ဘယ်တောင်ပံကစားသမား လီဂန်းအင်းက ဂိုးရှေ့ကို အမြန်ဖြတ်တင်ပေးခဲ့ရာမှာ အန္တရာယ်ကို မတွက်ဆတတ်တဲ့ လက်စတာနောက်ခံလူ အမာတေရဲ့ နှေးကွေးမှုကနေ နောက်က လိုက်လာတဲ့ တိုက်စစ်မှူး ဂျိုဂယူးဆောင်းက ပြေးဝင်ခေါင်းတိုက်သွင်းသွားခဲ့တာပါ။

ပွဲချိန် ၆၁ မိနစ်မှာ တောင်ကိုရီးယားတို့ပဲ သရေကျစေမယ့် ဒုတိယ ချေပဂိုးကို သွင်းယူနိုင်ခဲ့ပြန်ပြီး ဘယ်ခြမ်းကနေ ဆွန်ဟောင်မင် ခင်းပေးတဲ့ ဘောလုံးကို ဂိုးစည်းနားအထိ ပြေးလိုက်ပြီးမှ ဖြတ်တင်ပေးခဲ့တဲ့ ဂင်ဂျင်ဆုရဲ့ ပေးပို့မှုကို အမြင့်ဆုံး ခုန်နိုင်ခဲ့တဲ့ ဂျိုဂယူးဆောင်းကပဲ ခေါင်းတိုက်သွင်းယူပြီး ဘုရားစူး ဂါနာဂိုးသမား အတီ-ဇီဂီကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ဆွစ်ဇာလန်ကလပ် စိန့်ဂယ်လင်မှာ ကစားနေတယ်လို့ သိရတဲ့ အသက် ၂၉ နှစ်အရွယ် ဂိုးသမား အတီ-ဇီဂီအနေနဲ့ နှစ်ပွဲမှာ ဂါနာတို့ ပေးခဲ့ရတဲ့ ငါးဂိုးစလုံးကို ထိထိရောက်ရောက် ကာကွယ်နိုင်ခြင်း မရှိဘဲဖြစ်ခဲ့သလို ပေးလိုက်ရတဲ့ ဂိုးတွေမှာ သူ့အနေနဲ့ ဒီထက်ပိုပြီး ကောင်းကောင်းကာကွယ်သင့်ခဲ့ပြီး ဂိုးသမားတစ်ဦးအတွက် ပိုလွန်းနေတဲ့ ဆံပင်ဖက်ရှင်ကလည်း လက်စွမ်းနဲ့တော့ လိုက်ဖက်ညီခြင်း မရှိခဲ့တာပါ။

ကိုရီးယားတို့တွေ နောက်ကလိုက်ပြီး Come Back နိုင်ပွဲယူတော့မလားလို့ ထင်နေတုန်းမှာပဲ ပွဲချိန် ၆၈ မိနစ်မှာတော့ ဂါနာတို့ နောက်ထပ် ဦးဆောင်ဂိုးတစ်ဂိုး ထပ်မံရယူသွားခဲ့ပြန်ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ နောက်ခံလူ မန်ဆား ဖြတ်ပို့ပေးရာမှာ အီညာကီ ဝီလီယမ်စ် ပိတ်ဖို့ ကြိုးစားတာ လွဲချော်ပြီး ထွက်လာတဲ့ ဘောလုံးကို ညာဘက်မှာ ရှိနေတဲ့ ကူဒူးစ်က အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ကိုရီးယားတို့ဘက်က ဘောလုံးကိုင်ပြီး ဖိကစားခဲ့ပေမယ့် ဂါနာတို့ကတော့ ခံစစ်သမားတွေကို ထပ်ထည့်ပြီး အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့သလို ပွဲချိန်အပြည့်မှာတော့ သုံးဂိုး-နှစ်ဂိုးနဲ့ အာဖရိက ကြယ်နက်တွေ အောင်ပွဲခံနိုင်ခဲ့ကြပြီး နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်တွေ ရှိလာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂါနာအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အတီ-ဇီဂီ၊ ခံစစ္မွာ အမာေတ၊ ဆာလီဆူး၊ လမ့္ပ္ေတနဲ႔ မန္ဆားတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ပါေတး၊ အက္ဘ္ဒူလ္ ဆာမက္၊ ေဂ်ာ္ဒန္ အာယူး၊ အြန္ဒေရး အာယူးနဲ႔ ကူဒူးစ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အီညာကီ ဝီလီယမ္စ္ တစ္ဉီးတည္းကို တင္ကစားလာခဲ့တာျဖစ္ပါတယ္။

ေတာင္ကိုရီးယားအသင္းကေတာ့ ဂိုးသမား ဂင္ေဆာင္းဂ်ဴ၊ ခံစစ္မွာ ဂင္မင္းဂ်ယ္၊ ဂင္ေယာင္ဂဝန္း၊ ဂင္မြန္းဟြမ္နဲ႔ ဂင္ဂ်င္ဆုတို႔ ဂင္မ်ိဳးႏြယ္ ငါးဦးကိုပဲ ဆက္လက္သုံးစြဲခဲ့သလို ကြင္းလယ္မွာေတာ့ ေဂ်ာင္ဦးေယာင္း၊ ဟြမ္းအင္ဘြမ္၊ ဂြမ္ခ်န္းဟြန္း၊ ေဂ်ာင္းဝူးယြန္းနဲ႔ ဆြန္ေဟာင္မင္တို႔ကို ခင္းက်င္းခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂ်ိဳဂယူေဆာင္းတစ္ဦးတည္းကို ပြဲထုတ္ခဲ့တာပါ။

ဂါနာတို႔အေနနဲ႔ ဒီေန႔ပြဲမွာ ေဘာလုံးပိုင္ဆိုင္မႈ အနည္းငယ္သာ ရရွိခဲ့ၿပီး ကိုရီးယားတို႔က ေဘာလုံးကို ေျခထဲမွာ ထားႏိုင္ခဲ့ၾကသလို ကြင္းလယ္ကစားအား ပိုေကာင္းတဲ့ အသင္းလိုက္ စုဖြဲ႕မႈမွာ ပါေတး ဦးေဆာင္တဲ့ အာဖရိကသားေတြဘက္က ကစားကြက္ခ်င္း ယွဥ္ဖို႔ မျဖစ္ႏိုင္ခဲ့ဘဲ ခံစစ္နဲ႔ ေကာင္တာပဲ အားျပဳေနခဲ့ရပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ ၂၄ မိနစ္မွာ ဂါနာတို႔ ဦးေဆာင္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေဂ်ာ္ဒန္ အာယူးရဲ႕ ဘယ္ျခမ္းက ဖရီးကစ္ကေန ကိုရီးယားခံစစ္ရဲ႕ ရွင္းထုတ္ပုံ မပီျပင္တာကေန ေနာက္ခံလူ ဆာလီဆူးက အနီးကပ္ ကန္သြင္းယူသြားႏိုင္ခဲ့တာျဖစ္သလို ဂါနာကပၸတိန္ အြန္ဒေရး အာယူး လက္ထိတာကို ေဖာင္းမေပးခဲ့တာကေတာ့ ကစားပုံေကာင္းေနတဲ့ ဆြန္ေဟာင္မင္တို႔ အုပ္စုအတြက္ အထိနာခဲ့ရတာပါ။

တိုက္စစ္ဆင္တဲ့ အသင္းက ကစားသမားေတြအေနနဲ႔ ဘာအေၾကာင္းနဲ႔မွ လက္ထိခြင့္ မရွိဘူးဆိုတဲ့ ဖီဖာစည္းမ်ဥ္းကို VAR က ေျပာင္းေျပာင္ႀကီး ခ်ိဳးေဖာက္လိုက္တာျဖစ္ၿပီး ေတာင္ကိုရီးယားအတြက္ေတာ့ နစ္နာခဲ့ရသလို ဒီေနာက္ပိုင္းမွာ ဂါနာတို႔အေနနဲ႔ အေဝးေဘာေတြနဲ႔ တိုက္စစ္ဆင္‌သြားခဲ့သလို ပြဲက ပိုၿပီးလႈပ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၃၄ မိနစ္မွာ ဂါနာတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံသြင္းယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုလည္း ဘယ္ျခမ္းက ေဂ်ာ္ဒန္ အာယူးရဲ႕ ျဖတ္တင္ေဘာကိုပဲ ကိုရီးယားခံစစ္က အငိုက္မိခဲ့ျပန္တာျဖစ္ၿပီး အေဝးတိုင္ဘက္ကို ေက်ာ္က်လာတဲ့ ေဘာလုံးကို အခ်ိန္မီ မဟန႔္တားႏိုင္ခ်ိန္မွာ ညာေတာင္ပံမွာ ကစားေနတဲ့ ကူဒူးစ္က အလိုက္သင့္ ေျပးဝင္ေခါင္းတိုက္သြင္းသြားခဲ့တာပါ။

ပထမပိုင္း လက္က်န္ပြဲခ်ိန္ေတြမွာ ကိုရီးယားတို႔ ဖိကစားခဲ့ေပမယ့္ အဆုံးသတ္ပိုင္းက သိပ္မေကာင္းခဲ့သလို ဂါနာခံစစ္ကလည္း ပိတ္ဆို႔ၿပီး ကစားသြားႏိုင္ခဲ့တာေၾကာင့္ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းအစမွာေတာ့ ကိုရီးယားတို႔ဘက္က ေဂ်ာင္းဝူးယြန္းအစား နာဆန္းဟို ဝင္ကစားခဲ့ၿပီး ဂြမ္ခ်န္းဟြန္းအစား လီဂန္းအင္းကို ထည့္ၿပီး တိုက္စစ္ပိုျမႇင့္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ ကိုရီးယားတို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ လမ့္ပ္ေတဆီက ေဘာလုံးကို လုယူႏိုင္ခဲ့တဲ့ ဘယ္ေတာင္ပံကစားသမား လီဂန္းအင္းက ဂိုးေရွ႕ကို အျမန္ျဖတ္တင္ေပးခဲ့ရာမွာ အႏၲရာယ္ကို မတြက္ဆတတ္တဲ့ လက္စတာေနာက္ခံလူ အမာေတရဲ႕ ေႏွးေကြးမႈကေန ေနာက္က လိုက္လာတဲ့ တိုက္စစ္မႉး ဂ်ိဳဂယူးေဆာင္းက ေျပးဝင္ေခါင္းတိုက္သြင္းသြားခဲ့တာပါ။

ပြဲခ်ိန္ ၆၁ မိနစ္မွာ ေတာင္ကိုရီးယားတို႔ပဲ သေရက်ေစမယ့္ ဒုတိယ ေခ်ပဂိုးကို သြင္းယူႏိုင္ခဲ့ျပန္ၿပီး ဘယ္ျခမ္းကေန ဆြန္ေဟာင္မင္ ခင္းေပးတဲ့ ေဘာလုံးကို ဂိုးစည္းနားအထိ ေျပးလိုက္ၿပီးမွ ျဖတ္တင္ေပးခဲ့တဲ့ ဂင္ဂ်င္ဆုရဲ႕ ေပးပို႔မႈကို အျမင့္ဆုံး ခုန္ႏိုင္ခဲ့တဲ့ ဂ်ိဳဂယူးေဆာင္းကပဲ ေခါင္းတိုက္သြင္းယူၿပီး ဘုရားစူး ဂါနာဂိုးသမား အတီ-ဇီဂီကို အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။

ဆြစ္ဇာလန္ကလပ္ စိန႔္ဂယ္လင္မွာ ကစားေနတယ္လို႔ သိရတဲ့ အသက္ ၂၉ ႏွစ္အ႐ြယ္ ဂိုးသမား အတီ-ဇီဂီအေနနဲ႔ ႏွစ္ပြဲမွာ ဂါနာတို႔ ေပးခဲ့ရတဲ့ ငါးဂိုးစလုံးကို ထိထိေရာက္ေရာက္ ကာကြယ္ႏိုင္ျခင္း မရွိဘဲျဖစ္ခဲ့သလို ေပးလိုက္ရတဲ့ ဂိုးေတြမွာ သူ႔အေနနဲ႔ ဒီထက္ပိုၿပီး ေကာင္းေကာင္းကာကြယ္သင့္ခဲ့ၿပီး ဂိုးသမားတစ္ဦးအတြက္ ပိုလြန္းေနတဲ့ ဆံပင္ဖက္ရွင္ကလည္း လက္စြမ္းနဲ႔ေတာ့ လိုက္ဖက္ညီျခင္း မရွိခဲ့တာပါ။

ကိုရီးယားတို႔ေတြ ေနာက္ကလိုက္ၿပီး Come Back ႏိုင္ပြဲယူေတာ့မလားလို႔ ထင္ေနတုန္းမွာပဲ ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ ဂါနာတို႔ ေနာက္ထပ္ ဦးေဆာင္ဂိုးတစ္ဂိုး ထပ္မံရယူသြားခဲ့ျပန္ၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေနာက္ခံလူ မန္ဆား ျဖတ္ပို႔ေပးရာမွာ အီညာကီ ဝီလီယမ္စ္ ပိတ္ဖို႔ ႀကိဳးစားတာ လြဲေခ်ာ္ၿပီး ထြက္လာတဲ့ ေဘာလုံးကို ညာဘက္မွာ ရွိေနတဲ့ ကူဒူးစ္က အနိမ့္ေဘာ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ကိုရီးယားတို႔ဘက္က ေဘာလုံးကိုင္ၿပီး ဖိကစားခဲ့ေပမယ့္ ဂါနာတို႔ကေတာ့ ခံစစ္သမားေတြကို ထပ္ထည့္ၿပီး အႏိုင္ရလဒ္ကို ထိန္းကစားသြားခဲ့သလို ပြဲခ်ိန္အျပည့္မွာေတာ့ သုံးဂိုး-ႏွစ္ဂိုးနဲ႔ အာဖရိက ၾကယ္နက္ေတြ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ေနာက္တစ္ဆင့္တက္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြ ရွိလာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.