International World Cup

အိုနာနာ ဘာလို့ ကင်မရွန်းလူစာရင်းထဲကနေ ပွဲမတိုင်ခင် ထုတ်ခံခဲ့ရတာလဲ

ကင်မရွန်းဂိုးသမား အန်ဒရေး အိုနာနာဟာ ဆားဘီးယားနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မတိုင်ခင် နာရီပိုင်းအလိုမှာ လူစာရင်းထဲကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် ကမ္ဘာ့ဖလားမှာ အသင်းအတွက် နောက်ထပ် ပါဝင်ကစားပေးသွားတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

အင်တာမီလန်ဂိုးသမားဟာ ပြီးခဲ့တဲ့အပတ်က ဆွစ်ဇာလန်နဲ့ ကစားခဲ့တဲ့ ကင်မရွန်းရဲ့ အုပ်စုအဖွင့်ပွဲစဉ်ကို ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး ဘရီးလ် အမ်ဘိုလိုရဲ့ သွင်းဂိုးက ဆွစ်ဇာလန်အတွက် အဆုံးအဖြတ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ အိုနာနာဟာ မဖြစ်မနေ အနိုင်ကစားရမယ့် ဆားဘီယားနဲ့ပွဲစဉ်မှာ ကင်မရွန်းအတွက် ပွဲထွက်ဂိုးသမားနေရာကို ဆက်လက်ထိန်းသိမ်းနိုင်မယ်လို့ မျှော်မှန်းခြင်းခံထားရပေမယ့်လည်း အံ့အားသင့်စရာကောင်းလောက်အောင်ပဲ လူစာရင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ အိုနာနာဟာ နည်းပြ ရီဂိုဘတ် ဆောင်းနဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်ကတည်းက ဆက်ဆံရေး အဆင်မပြေဖြစ်နေခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ အသက် ၂၆ နှစ်အရွယ် ဂိုးသမားအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို စွန့်ခွာသင့်တယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အိုနာနာနဲ့ နည်းပြ ဆောင်းတို့ကြားမှာ စနေနေ့က လေ့ကျင့်ရေးအစီအစဉ်အတွင်းမှာ အချင်းများခဲ့ကြတယ်လို့ ယုံကြည်ရပြီး ကင်မရွန်းလက်ရွေးစင်နည်းပြက အင်တာမီလန်ဂိုးသမားကို ၎င်းရဲ့ ကစားဟန်ကို ပြောင်းလဲဖို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အိုနာနာဟာ ဘာစီလိုနာအကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ကစားသမားဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှုအာရုံစိုက်ပြီး နောက်တန်းကနေ တိုက်စစ်စတင်တဲ့ အိုင်းယက်စ်အသင်းနဲ့အတူ နှစ်အတော်ကြာ အချိန်ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆောင်းက အဲဒီကစားဟန်က ကင်မရွန်းနဲ့ မသင့်တော်ဘူးလို့ ခံစားခဲ့ရတာဖြစ်ပြီး အိုနာနာကို ဂိုးအနားမှာ မစွန့်စားဘဲနဲ့ ရှေ့တန်းကိုသာ တိုက်ရိုက်ကန်တင်မှုတွေ ပြုလုပ်ဖို့ ပြောကြားခဲ့တာကြောင့် အင်တာမီလန်ဂိုးသမားဟာ နည်းပြရဲ့ ပြောကြားချက်ကို သဘောမတူညီခဲ့ဘဲ သိသိသာသာ စကားများခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အဲဒီလို လေ့ကျင့်ရေးမှာ စကားများခဲ့ကြပြီးနောက်ပိုင်း နည်းပြ ရီဂိုဘတ် ဆောင်းက ဆားဘီးယားနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ တနင်္လာနေ့နေ့လယ်ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ အရန်ဂိုးသမား အီပက်ဆီကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပြီး အိုနာနာကိုလည်း အရန်ခုံမှာ ပြိုင်ပွဲပြီးဆုံးတဲ့အထိ ထားတာက ဘာမှမထူးဘူးလို့ ခံစားခဲ့ရတဲ့အတွက် ကလပ်အသင်းဆီကို ပြန်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် အိုနာနာဟာ ကင်မရွန်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်စခန်းကို စွန့်ခွာသွားခဲ့ပြီဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရခြင်းမရှိတဲ့ ကစားသမားတွေနဲ့အတူ ဆောင်းရာသီ စခန်းသွင်းလေ့ကျင့်ရေး ပြုလုပ်နေတဲ့ အင်တာမီလန်အသင်းလူစာရင်းနဲ့ သွားရောက်ပူးပေါင်းလိုက်ပြီလို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကင္မ႐ြန္းဂိုးသမား အန္ဒေရး အိုနာနာဟာ ဆားဘီးယားနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မတိုင္ခင္ နာရီပိုင္းအလိုမွာ လူစာရင္းထဲကေန ထုတ္ပယ္ျခင္းခံခဲ့ရၿပီးေနာက္ ကမာၻ႔ဖလားမွာ အသင္းအတြက္ ေနာက္ထပ္ ပါဝင္ကစားေပးသြားေတာ့မွာမဟုတ္ဘူးလို႔ သိရပါတယ္။

အင္တာမီလန္ဂိုးသမားဟာ ၿပီးခဲ့တဲ့အပတ္က ဆြစ္ဇာလန္နဲ႔ ကစားခဲ့တဲ့ ကင္မ႐ြန္းရဲ႕ အုပ္စုအဖြင့္ပြဲစဥ္ကို ပြဲထြက္ပါဝင္ကစားေပးခဲ့ၿပီး ဘရီးလ္ အမ္ဘိုလိုရဲ႕ သြင္းဂိုးက ဆြစ္ဇာလန္အတြက္ အဆုံးအျဖတ္ျဖစ္ခဲ့တာျဖစ္ပါတယ္။ အိုနာနာဟာ မျဖစ္မေန အႏိုင္ကစားရမယ့္ ဆားဘီယားနဲ႔ပြဲစဥ္မွာ ကင္မ႐ြန္းအတြက္ ပြဲထြက္ဂိုးသမားေနရာကို ဆက္လက္ထိန္းသိမ္းႏိုင္မယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရေပမယ့္လည္း အံ့အားသင့္စရာေကာင္းေလာက္ေအာင္ပဲ လူစာရင္းကေန ထုတ္ပယ္ျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။

The Athletic ရဲ႕ ေဖာ္ျပခ်က္အရ အိုနာနာဟာ နည္းျပ ရီဂိုဘတ္ ေဆာင္းနဲ႔ ၿပီးခဲ့တဲ့ရက္သတၱပတ္ကတည္းက ဆက္ဆံေရး အဆင္မေျပျဖစ္ေနခဲ့တာျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ အသက္ ၂၆ ႏွစ္အ႐ြယ္ ဂိုးသမားအေနနဲ႔ ကမာၻ႔ဖလားၿပိဳင္ပြဲကို စြန႔္ခြာသင့္တယ္လို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ အိုနာနာနဲ႔ နည္းျပ ေဆာင္းတို႔ၾကားမွာ စေနေန႔က ေလ့က်င့္ေရးအစီအစဥ္အတြင္းမွာ အခ်င္းမ်ားခဲ့ၾကတယ္လို႔ ယုံၾကည္ရၿပီး ကင္မ႐ြန္းလက္ေ႐ြးစင္နည္းျပက အင္တာမီလန္ဂိုးသမားကို ၎ရဲ႕ ကစားဟန္ကို ေျပာင္းလဲဖို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အိုနာနာဟာ ဘာစီလိုနာအကယ္ဒမီကေန ထြက္ေပၚလာခဲ့တဲ့ ကစားသမားျဖစ္ၿပီး ေဘာလုံးပိုင္ဆိုင္မႈအာ႐ုံစိုက္ၿပီး ေနာက္တန္းကေန တိုက္စစ္စတင္တဲ့ အိုင္းယက္စ္အသင္းနဲ႔အတူ ႏွစ္အေတာ္ၾကာ အခ်ိန္ကုန္ဆုံးခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေဆာင္းက အဲဒီကစားဟန္က ကင္မ႐ြန္းနဲ႔ မသင့္ေတာ္ဘူးလို႔ ခံစားခဲ့ရတာျဖစ္ၿပီး အိုနာနာကို ဂိုးအနားမွာ မစြန႔္စားဘဲနဲ႔ ေရွ႕တန္းကိုသာ တိုက္႐ိုက္ကန္တင္မႈေတြ ျပဳလုပ္ဖို႔ ေျပာၾကားခဲ့တာေၾကာင့္ အင္တာမီလန္ဂိုးသမားဟာ နည္းျပရဲ႕ ေျပာၾကားခ်က္ကို သေဘာမတူညီခဲ့ဘဲ သိသိသာသာ စကားမ်ားခဲ့ၾကတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အဲဒီလို ေလ့က်င့္ေရးမွာ စကားမ်ားခဲ့ၾကၿပီးေနာက္ပိုင္း နည္းျပ ရီဂိုဘတ္ ေဆာင္းက ဆားဘီးယားနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ တနလၤာေန႔ေန႔လယ္ပြဲစဥ္အတြက္ ပြဲထြက္လူစာရင္းမွာ အရန္ဂိုးသမား အီပက္ဆီကို အသုံးျပဳဖို႔ ဆုံးျဖတ္ခဲ့ၿပီး အိုနာနာကိုလည္း အရန္ခုံမွာ ၿပိဳင္ပြဲၿပီးဆုံးတဲ့အထိ ထားတာက ဘာမွမထူးဘူးလို႔ ခံစားခဲ့ရတဲ့အတြက္ ကလပ္အသင္းဆီကို ျပန္ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ အိုနာနာဟာ ကင္မ႐ြန္းရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္စခန္းကို စြန႔္ခြာသြားခဲ့ၿပီျဖစ္ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ရျခင္းမရွိတဲ့ ကစားသမားေတြနဲ႔အတူ ေဆာင္းရာသီ စခန္းသြင္းေလ့က်င့္ေရး ျပဳလုပ္ေနတဲ့ အင္တာမီလန္အသင္းလူစာရင္းနဲ႔ သြားေရာက္ပူးေပါင္းလိုက္ၿပီလို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.