International World Cup

သွင်းဂိုးတွေနဲ့ စိတ်လှုပ်ရှားမှုအပြည့်ပေးနိုင်ခဲ့တဲ့ ကင်မရွန်းနဲ့ ဆားဘီးယားတို့ သရေပွဲ

ယနေ့ညနေ ၄ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကင်မရွန်းနဲ့ ဆားဘီးယားတို့ပွဲစဉ်မှာ အပြန်အလှန် သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့ပြီး တစ်ဖက် ၃ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ဆားဘီးယားအသင်းက ပထမပိုင်း စတင်တာနဲ့ ဖိအားပေး တိုက်စစ်ဆင်ကစားခဲ့ပြီး ၁၀ မိနစ်မှာ မီထရိုဗစ် ဦးဆောင်ဂိုး သွင်းယူနိုင်လုနီးပါးဖြစ်ခဲ့ပေမယ့်လည်း ဖူလ်ဟမ်တိုက်စစ်မှူးရဲ့ ကန်ချက်က ဂိုးတိုင်ကို ထိသွားခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ၇ မိနစ်အကြာမှာလည်း မီထရိုဗစ်ကပဲ တိုလို ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို အနီးကပ် ကန်သွင်းယူခဲ့ရာမှာ ကန်ချက်က ဂိုးဘေးကို ဝိုက်ထွက်သွားခဲ့တာကြောင့် ဆားဘီးယားတို့ နစ်နာခဲ့ရပြန်တာဖြစ်ပါတယ်။

၂၉ မိနစ်မှာ ကင်မရွန်းအသင်းက ထောင့်ကန်ဘောကနေ တိုလိုရဲ့ ဖြတ်တင်ပေးပို့မှုကို ကတ်စတယ်လက်တိုက အလွယ်တကူပဲ အနီးကပ် ပိတ်သွင်းယူပြီး ဦးဆောင်ဂိုး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ပြီးဆုံးခါနီး ၄၃ မိနစ်မှာ ကွန်ဒီ တစ်ကိုယ်ကောင်းဆန်ဆန်ပဲ အသင်းဖော်တွေကို မပေးဘဲ ဂိုးကန်သွင်းမှု ပြုလုပ်ခဲ့ရာမှာ ဆားဘီးယားဂိုးသမား ကာကွယ်ရာကနေ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို နောက်ထပ်တစ်ကြိမ် ထပ်မံပိတ်သွင်းယူခဲ့ရာမှာလည်း ဝိုက်ထွက်သွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၄၆ မိနစ်မှာ တာဒစ်ရဲ့ အလွတ်တည်ကန်ဘောကနေ ပေးပို့မှုကို ပက်ဗ်လိုဗစ်က ခေါင်းတိုက်သွင်းယူပြီး ဆားဘီးယားအတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ နောက်ထပ် ၂ မိနစ်အကြာမှာ ဆားဘီးယားကပဲ ဇစ်ကိုဗစ်က ပင်နယ်တီဧရိယာအပြင်ဘက်မှာ ရှိနေတဲ့ မီလင်ကိုဗစ်-ဆားဗစ်ကို ပေးပို့ခဲ့ရာမှာ လာဇီယိုကွင်းလယ်ကြယ်ပွင့်က ပင်နယ်တီဧရိယာထိပ်ကနေ ဂိုးအောက်ထောင့်ကို အပြင်းကန်သွင်းယူပြီး ဆားဘီးယားအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ကင်မရွန်းနဲ့ ဆားဘီးယားတို့ ၂ သင်းစလုံးဟာ ဘောလုံးပိုင်ဆိုင်မှုကို မထိန်းချုပ်နိုင်ဘဲ အပြန်အလှန်တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၅၃ မိနစ်မှာ မီထရိုဗစ်ကပဲ ဆားဘီးယားတောင်ပံကစားသမား ဇစ်ကိုဗစ် ချိုးပေးလိုက်တဲ့ဘောလုံးကို အနီးကပ်ပိတ်သွင်းယူပြီး ဆားဘီးယားအတွက် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။ ၆၄ မိနစ်မှာ ကင်မရွန်းအသင်းက အဘူကဘာက ဂိုးသမားနဲ့ တစ်ဦးချင်း ကန်သွင်းယူပြီး ချေပဂိုး ရရှိခဲ့ပြီလို့ ထင်မြင်ခဲ့ပေမယ့်လည်း စည်းကြပ်ဒိုင်က လူကျွံအလံထောင်ထားခဲ့တာကြောင့် VAR ပြန်လည်စစ်ဆေးခဲ့ရာမှာ လူကျွံအနေအထားမရှိတာကြောင့် ချေပဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၂ မိနစ်အကြာမှာပဲ ညာတောင်ပံကနေ အဘူကဘာက ချူပို မိုတင်းဆီကို ထိုးပေးခဲ့ရာမှာ ကင်မရွန်းအသင်းခေါင်းဆောင်က အမှားအယွင်းမရှိ အနီးကပ် ပိတ်သွင်းယူပြီး အသင်းအတွက် တစ်ဖက် ၃ ဂိုးစီ ညီမျှသွားစေမယ့် ချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ဆားဘီးယားအသင်းဟာ ၄ မိနစ်အတွင်း ၂ ဂိုးအထိ ပြန်လည်ခွင့်ပြုပေးခဲ့ရတဲ့အတွက် ဦးဆောင်ဂိုး ပြန်လည်သွင်းယူနိုင်ဖို့ အပြင်းအထန် ကြိုးပမ်းခဲ့ပြီး ၇၆ မိနစ်မှာ မီထရိုဗစ်ရဲ့ ကန်သွင်းချက်ကို အီပက်ဆီက အကောင်းဆုံးပုံစံနဲ့ ကာကွယ်ပိတ်ဆို့နိုင်ခဲ့ပါတယ်။

ဆားဘီးယားအသင်းဟာ ပွဲကစားချိန် မိနစ် ၈၀ ပြည့်ခါနီးမှာ လူစားလဲလှယ်မှုတွေ ပြုလုပ်ပြီး ကစားအားမြှင့်တင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း နောက်ထပ် ဦးဆောင်ဂိုး ထပ်မံမသွင်းယူနိုင်ခဲ့ဘဲ ၃-၃ နဲ့သာ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယေန႔ညေန ၄ နာရီ ၃၀ မိနစ္အခ်ိန္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ကင္မ႐ြန္းနဲ႔ ဆားဘီးယားတို႔ပြဲစဥ္မွာ အျပန္အလွန္ သြင္းဂိုးေတြနဲ႔ ၿမိဳင္ဆိုင္ခဲ့ၿပီး တစ္ဖက္ ၃ ဂိုးစီ သေရရလဒ္ ထြက္ေပၚခဲ့ပါတယ္။

ဆားဘီးယားအသင္းက ပထမပိုင္း စတင္တာနဲ႔ ဖိအားေပး တိုက္စစ္ဆင္ကစားခဲ့ၿပီး ၁၀ မိနစ္မွာ မီထ႐ိုဗစ္ ဦးေဆာင္ဂိုး သြင္းယူႏိုင္လုနီးပါးျဖစ္ခဲ့ေပမယ့္လည္း ဖူလ္ဟမ္တိုက္စစ္မႉးရဲ႕ ကန္ခ်က္က ဂိုးတိုင္ကို ထိသြားခဲ့တာျဖစ္ပါတယ္။ ေနာက္ထပ္ ၇ မိနစ္အၾကာမွာလည္း မီထ႐ိုဗစ္ကပဲ တိုလို ရွင္းထုတ္လိုက္တဲ့ ေဘာလုံးကို အနီးကပ္ ကန္သြင္းယူခဲ့ရာမွာ ကန္ခ်က္က ဂိုးေဘးကို ဝိုက္ထြက္သြားခဲ့တာေၾကာင့္ ဆားဘီးယားတို႔ နစ္နာခဲ့ရျပန္တာျဖစ္ပါတယ္။

၂၉ မိနစ္မွာ ကင္မ႐ြန္းအသင္းက ေထာင့္ကန္ေဘာကေန တိုလိုရဲ႕ ျဖတ္တင္ေပးပို႔မႈကို ကတ္စတယ္လက္တိုက အလြယ္တကူပဲ အနီးကပ္ ပိတ္သြင္းယူၿပီး ဦးေဆာင္ဂိုး သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။ ပထမပိုင္း ၿပီးဆုံးခါနီး ၄၃ မိနစ္မွာ ကြန္ဒီ တစ္ကိုယ္ေကာင္းဆန္ဆန္ပဲ အသင္းေဖာ္ေတြကို မေပးဘဲ ဂိုးကန္သြင္းမႈ ျပဳလုပ္ခဲ့ရာမွာ ဆားဘီးယားဂိုးသမား ကာကြယ္ရာကေန ျပန္လွ်ံထြက္လာတဲ့ ေဘာလုံးကို ေနာက္ထပ္တစ္ႀကိမ္ ထပ္မံပိတ္သြင္းယူခဲ့ရာမွာလည္း ဝိုက္ထြက္သြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္း ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပို ၄၆ မိနစ္မွာ တာဒစ္ရဲ႕ အလြတ္တည္ကန္ေဘာကေန ေပးပို႔မႈကို ပက္ဗ္လိုဗစ္က ေခါင္းတိုက္သြင္းယူၿပီး ဆားဘီးယားအတြက္ ေခ်ပဂိုးကို ျပန္လည္သြင္းယူေပးခဲ့ပါတယ္။ ေနာက္ထပ္ ၂ မိနစ္အၾကာမွာ ဆားဘီးယားကပဲ ဇစ္ကိုဗစ္က ပင္နယ္တီဧရိယာအျပင္ဘက္မွာ ရွိေနတဲ့ မီလင္ကိုဗစ္-ဆားဗစ္ကို ေပးပို႔ခဲ့ရာမွာ လာဇီယိုကြင္းလယ္ၾကယ္ပြင့္က ပင္နယ္တီဧရိယာထိပ္ကေန ဂိုးေအာက္ေထာင့္ကို အျပင္းကန္သြင္းယူၿပီး ဆားဘီးယားအတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ ကင္မ႐ြန္းနဲ႔ ဆားဘီးယားတို႔ ၂ သင္းစလုံးဟာ ေဘာလုံးပိုင္ဆိုင္မႈကို မထိန္းခ်ဳပ္ႏိုင္ဘဲ အျပန္အလွန္တိုက္စစ္ဖြင့္ကစားခဲ့ၿပီး ၅၃ မိနစ္မွာ မီထ႐ိုဗစ္ကပဲ ဆားဘီးယားေတာင္ပံကစားသမား ဇစ္ကိုဗစ္ ခ်ိဳးေပးလိုက္တဲ့ေဘာလုံးကို အနီးကပ္ပိတ္သြင္းယူၿပီး ဆားဘီးယားအတြက္ တတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့ပါတယ္။ ၆၄ မိနစ္မွာ ကင္မ႐ြန္းအသင္းက အဘူကဘာက ဂိုးသမားနဲ႔ တစ္ဦးခ်င္း ကန္သြင္းယူၿပီး ေခ်ပဂိုး ရရွိခဲ့ၿပီလို႔ ထင္ျမင္ခဲ့ေပမယ့္လည္း စည္းၾကပ္ဒိုင္က လူကြၽံအလံေထာင္ထားခဲ့တာေၾကာင့္ VAR ျပန္လည္စစ္ေဆးခဲ့ရာမွာ လူကြၽံအေနအထားမရွိတာေၾကာင့္ ေခ်ပဂိုး ရရွိသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၂ မိနစ္အၾကာမွာပဲ ညာေတာင္ပံကေန အဘူကဘာက ခ်ဴပို မိုတင္းဆီကို ထိုးေပးခဲ့ရာမွာ ကင္မ႐ြန္းအသင္းေခါင္းေဆာင္က အမွားအယြင္းမရွိ အနီးကပ္ ပိတ္သြင္းယူၿပီး အသင္းအတြက္ တစ္ဖက္ ၃ ဂိုးစီ ညီမွ်သြားေစမယ့္ ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။ ဆားဘီးယားအသင္းဟာ ၄ မိနစ္အတြင္း ၂ ဂိုးအထိ ျပန္လည္ခြင့္ျပဳေပးခဲ့ရတဲ့အတြက္ ဦးေဆာင္ဂိုး ျပန္လည္သြင္းယူႏိုင္ဖို႔ အျပင္းအထန္ ႀကိဳးပမ္းခဲ့ၿပီး ၇၆ မိနစ္မွာ မီထ႐ိုဗစ္ရဲ႕ ကန္သြင္းခ်က္ကို အီပက္ဆီက အေကာင္းဆုံးပုံစံနဲ႔ ကာကြယ္ပိတ္ဆို႔ႏိုင္ခဲ့ပါတယ္။

ဆားဘီးယားအသင္းဟာ ပြဲကစားခ်ိန္ မိနစ္ ၈၀ ျပည့္ခါနီးမွာ လူစားလဲလွယ္မႈေတြ ျပဳလုပ္ၿပီး ကစားအားျမႇင့္တင္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ေနာက္ထပ္ ဦးေဆာင္ဂိုး ထပ္မံမသြင္းယူႏိုင္ခဲ့ဘဲ ၃-၃ နဲ႔သာ ပြဲၿပီးဆုံးသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.