International World Cup

ဂျာမနီနဲ့ပွဲက ဘူးစ်ကတ်ရဲ့အဖြစ်ကြောင့် ရယ်ရမလို ငိုရမလိုဖြစ်ခဲ့တဲ့ ပရိသတ်များ

စပိန်ဝါရင့်ကွင်းလယ်ကစားသမား ဆာဂီယို ဘူးစ်ကတ်ဟာ ဂျာမနီနဲ့ ကစားခဲ့တဲ့ တနင်္ဂနွေနေ့ညနေပွဲစဉ်အတွင်း ဂျာမနီ ကွင်းလယ်ကစားသမား လီယွန် ဂိုဟက်စ်ကာကို မတော်တဆ ဝင်တိုက်ခဲ့ပြီးနောက် မျက်နှာကို လက်နဲ့ အုပ်ပြီး ကွင်းထဲမှာ လဲကျသွားခဲ့ပါတယ်။

စပိန်အသင်းဟာ လူစားဝင်ကစားသမား အယ်လ်ဗာရို မိုရာတာက ယော်ဒီ အယ်လ်ဘာရဲ့ ဖြတ်တင်ပေးပို့မှုကို ရယူပြီး နျူအာ ဘယ်လိုမှ မကာကွယ်နိုင်အောင် သွင်းယူနိုင်ခဲ့ပြီးနောက် အုပ်စု E ဒုတိယပိုင်းမှာ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အညံ့မခံတတ်တဲ့ ဂျာမနီအသင်းက ပြန်လည်တိုက်ပွဲဝင်လာခဲ့ပြီး ၈၃ မိနစ်မှာ ချေပဂိုး ရရှိစေမယ့်သွင်းဂိုးကို စပိန်ဂိုးသမား အူနိုင်း ဆီမွန် ဘယ်လိုမှ မတတ်နိုင်ခဲ့တဲ့ အလွန်ကောင်းမွန်တဲ့ကန်ချက်နဲ့ အဆုံးသတ် သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဖူးလ်ခရုဂ်ရဲ့ အရေးကြီးရဲ့ ချေပဂိုးက ဂျာမနီအသင်းကို တနင်္ဂနွေနေ့မှာ အရေးကြီးတဲ့ သရေ ၁ မှတ်ကို ရရှိစေခဲ့ပြီး ဟန်ဆီ ဖလစ်ရဲ့အသင်းဟာ ကမ္ဘာ့ဖလားအုပ်စုအဆင့်ကနေ လှည့်ပြန်ရနိုင်တဲ့ အခြေအနေနဲ့ နီးစပ်နေဆဲ ဖြစ်ပါတယ်။ ဂျာမနီဟာ အုပ်စု E အဖွင့်ပွဲစဉ်မှာ ဂျပန်ကို ၂-၁ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်တာကြောင့် ကြာသပတေးနေ့မှာ ကော်စတာ ရီကာကို မဖြစ်မနေ အနိုင်ကစားသွားရမှာဖြစ်ပြီး စပိန်အသင်းကလည်း အဲဒီနေ့မှာ ဂျပန်ကို အနိုင်ယူနိုင်ဖို့ မျှော်လင့်ရတော့မှာ ဖြစ်ပါတယ်။

စပိန်အသင်းဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးထွက်အဆင့် တက်ရောက်နိုင်ဖို့အတွက် ဂျပန်နဲ့ပွဲစဉ်မှာ အနည်းဆုံး သရေ ၁ မှတ်ရရှိအောင် ကစားဖို့ မဖြစ်မနေ လိုအပ်မှာ ဖြစ်ပါတယ်။ စပိန်အသင်းရဲ့ ဂျာမနီနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ပရိသတ်တွေဟာ ဆာဂီယို ဘူးစ်ကတ်က ဂိုဟက်စ်ကာနဲ့ တိုက်မိခဲ့ပြီး ကွင်းထဲမှာ လဲကျသွားခဲ့တာကို မြင်တွေ့ခဲ့ရပြီး ရယ်မောစရာ အခိုက်အတန့်ကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

စပိန်အသင်းခေါင်းဆောင် ဘူးစ်ကတ်ဟာ နာကျင်အချိန်ပိုမှာ စပိန်အသင်းက ထောင့်ကန်ဘောကန်တင်ဖို့ လုပ်ဆောင်နေချိန်အတွင်း ရူဒီဂါကို လူကပ်ဖို့ ကြိုးပမ်းနေခဲ့တာကို မြင်တွေ့ခဲ့ရပြီး ရီးရဲလ်မက်ဒရစ်နောက်ခံလူဟာ လူကပ်ထားမှုကနေ လွတ်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘူးစ်ကတ်ကတော့ ရူဒီဂါကို လူကပ်ဖို့ ကြိုးပမ်းမှုဟာ ဂိုဟက်စ်ကာ နောက်မှာ ထီးထီးကြီးရပ်နေတာကို မမြင်ဘဲ ပြေးတိုက်မိတဲ့အချိန်မှာ မအောင်မြင်ခဲ့ဘဲ မျက်နှာကို လက်နဲ့အုပ်ပြီး မြက်ခင်းပေါ်မှာ လဲကျကျန်ရစ်ခဲ့ရတာဖြစ်ပါတယ်။

“ဂိုဟက်စ်ကာက သူ့ကို ကြည့်တောင်ကြည့်မနေခဲ့ဘူး”လို့ ပရိသတ်တစ်ဦးက ဖြစ်စဉ်ကို တုံ့ပြန်ခဲ့ပြီး “ဘက်စကတ်ဘောကစားသမားဟောင်းတစ်ယောက်အနေနဲ့ ကျွန်တော် ဂိုဟက်စ်ကာကို သူ့ရဲ့ ပိတ်ဆို့မှုအတွက် ချီးကျူးပါတယ်။ လုံးဝကို အကြမ်းစားကြီး”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စပိန္ဝါရင့္ကြင္းလယ္ကစားသမား ဆာဂီယို ဘူးစ္ကတ္ဟာ ဂ်ာမနီနဲ႔ ကစားခဲ့တဲ့ တနဂၤေႏြေန႔ညေနပြဲစဥ္အတြင္း ဂ်ာမနီ ကြင္းလယ္ကစားသမား လီယြန္ ဂိုဟက္စ္ကာကို မေတာ္တဆ ဝင္တိုက္ခဲ့ၿပီးေနာက္ မ်က္ႏွာကို လက္နဲ႔ အုပ္ၿပီး ကြင္းထဲမွာ လဲက်သြားခဲ့ပါတယ္။

စပိန္အသင္းဟာ လူစားဝင္ကစားသမား အယ္လ္ဗာ႐ို မိုရာတာက ေယာ္ဒီ အယ္လ္ဘာရဲ႕ ျဖတ္တင္ေပးပို႔မႈကို ရယူၿပီး န်ဴအာ ဘယ္လိုမွ မကာကြယ္ႏိုင္ေအာင္ သြင္းယူႏိုင္ခဲ့ၿပီးေနာက္ အုပ္စု E ဒုတိယပိုင္းမွာ ပြဲကို ထိန္းခ်ဳပ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အညံ့မခံတတ္တဲ့ ဂ်ာမနီအသင္းက ျပန္လည္တိုက္ပြဲဝင္လာခဲ့ၿပီး ၈၃ မိနစ္မွာ ေခ်ပဂိုး ရရွိေစမယ့္သြင္းဂိုးကို စပိန္ဂိုးသမား အူႏိုင္း ဆီမြန္ ဘယ္လိုမွ မတတ္ႏိုင္ခဲ့တဲ့ အလြန္ေကာင္းမြန္တဲ့ကန္ခ်က္နဲ႔ အဆုံးသတ္ သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ဖူးလ္ခ႐ုဂ္ရဲ႕ အေရးႀကီးရဲ႕ ေခ်ပဂိုးက ဂ်ာမနီအသင္းကို တနဂၤေႏြေန႔မွာ အေရးႀကီးတဲ့ သေရ ၁ မွတ္ကို ရရွိေစခဲ့ၿပီး ဟန္ဆီ ဖလစ္ရဲ႕အသင္းဟာ ကမာၻ႔ဖလားအုပ္စုအဆင့္ကေန လွည့္ျပန္ရႏိုင္တဲ့ အေျခအေနနဲ႔ နီးစပ္ေနဆဲ ျဖစ္ပါတယ္။ ဂ်ာမနီဟာ အုပ္စု E အဖြင့္ပြဲစဥ္မွာ ဂ်ပန္ကို ၂-၁ နဲ႔ အံ့အားသင့္ဖြယ္ ရႈံးနိမ့္တာေၾကာင့္ ၾကာသပေတးေန႔မွာ ေကာ္စတာ ရီကာကို မျဖစ္မေန အႏိုင္ကစားသြားရမွာျဖစ္ၿပီး စပိန္အသင္းကလည္း အဲဒီေန႔မွာ ဂ်ပန္ကို အႏိုင္ယူႏိုင္ဖို႔ ေမွ်ာ္လင့္ရေတာ့မွာ ျဖစ္ပါတယ္။

စပိန္အသင္းဟာ ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ရႈံးထြက္အဆင့္ တက္ေရာက္ႏိုင္ဖို႔အတြက္ ဂ်ပန္နဲ႔ပြဲစဥ္မွာ အနည္းဆုံး သေရ ၁ မွတ္ရရွိေအာင္ ကစားဖို႔ မျဖစ္မေန လိုအပ္မွာ ျဖစ္ပါတယ္။ စပိန္အသင္းရဲ႕ ဂ်ာမနီနဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္အတြင္း ပရိသတ္ေတြဟာ ဆာဂီယို ဘူးစ္ကတ္က ဂိုဟက္စ္ကာနဲ႔ တိုက္မိခဲ့ၿပီး ကြင္းထဲမွာ လဲက်သြားခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ရယ္ေမာစရာ အခိုက္အတန႔္ကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

စပိန္အသင္းေခါင္းေဆာင္ ဘူးစ္ကတ္ဟာ နာက်င္အခ်ိန္ပိုမွာ စပိန္အသင္းက ေထာင့္ကန္ေဘာကန္တင္ဖို႔ လုပ္ေဆာင္ေနခ်ိန္အတြင္း ႐ူဒီဂါကို လူကပ္ဖို႔ ႀကိဳးပမ္းေနခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ရီးရဲလ္မက္ဒရစ္ေနာက္ခံလူဟာ လူကပ္ထားမႈကေန လြတ္ေျမာက္သြားခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘူးစ္ကတ္ကေတာ့ ႐ူဒီဂါကို လူကပ္ဖို႔ ႀကိဳးပမ္းမႈဟာ ဂိုဟက္စ္ကာ ေနာက္မွာ ထီးထီးႀကီးရပ္ေနတာကို မျမင္ဘဲ ေျပးတိုက္မိတဲ့အခ်ိန္မွာ မေအာင္ျမင္ခဲ့ဘဲ မ်က္ႏွာကို လက္နဲ႔အုပ္ၿပီး ျမက္ခင္းေပၚမွာ လဲက်က်န္ရစ္ခဲ့ရတာျဖစ္ပါတယ္။

“ဂိုဟက္စ္ကာက သူ႔ကို ၾကည့္ေတာင္ၾကည့္မေနခဲ့ဘူး”လို႔ ပရိသတ္တစ္ဦးက ျဖစ္စဥ္ကို တုံ႔ျပန္ခဲ့ၿပီး “ဘက္စကတ္ေဘာကစားသမားေဟာင္းတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္ ဂိုဟက္စ္ကာကို သူ႔ရဲ႕ ပိတ္ဆို႔မႈအတြက္ ခ်ီးက်ဴးပါတယ္။ လုံးဝကို အၾကမ္းစားႀကီး”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.