International World Cup

စပိန်နဲ့ ဂျာမနီပွဲစဉ်အတွင်း ဒဟေးယားကို လှောင်ပြောင်ခဲ့တဲ့ KFC

KFC ဟာ စပိန်နဲ့ ဂျာမနီတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွင်းမှာ မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒေးဗစ် ဒဟေးယားကို ပြင်းပြင်းထန်ထန် လှောင်ပြောင်ခဲ့ပါတယ်။

ဒဟေးယားဟာ ၂၀၂၂ ကမ္ဘာ့ဖလားအတွက် စပိန်လက်ရွေးစင်လူစာရင်းမှား နည်းပြ လူးဝစ္စ အန်နရီကေးရဲ့ ချန်လှပ်ခြင်းကို ခံခဲ့ရသူဖြစ်ပြီး အူနိုင်း ဆီမွန်က နံပါတ်တစ် ဂိုးသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ကမ္ဘာကျော် စားသောက်ကုန်လုပ်ငန်းစုကြီးဖြစ်တဲ့ KFC က မန်ချက်စတာယူနိုက်တက်ဂိုးသမားကို လှောင်ပြောင်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်မခံခဲ့ဘဲ စပိန်အသင်းအတွက် အန်နရီကေးရဲ့ ကစားကွက်မှာ မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းဖြစ်တဲ့ ခံစစ်ထိတက်ပြီး ကစားနိုင်တဲ့ ဂိုးသမားအဖြစ် ကစားပေးနိုင်စွမ်းမရှိမှုကို ရည်ညွန်းပြီး လှောင်ပြောင်ခဲ့ပုံပေါ်တာကို မြင်တွေ့ခဲ့ပါတယ်။

“ဂိုးသမားက သူ့ဂိုးစည်းကနေ ထွက်လာတာကို မြင်တွေ့ခဲ့တဲ့အချိန်မတိုင်ခင်အထိ ဒဟေးယား ကမ္ဘာ့ဖလားပြိုင်ပွဲကို မသွားခဲ့တာကို ငါ လုံးလုံးကို မေ့နေတာ”လို့ KFC UK ရဲ့ တရားဝင်တွစ်တာစာမျက်နှာက ရေးသားခဲ့တာဖြစ်ပါတယ်။

ဒဟေးယားဟာ ဂိုးကန်သွင်းမှု ကာကွယ်နိုင်တဲ့အရည်အချင်းက ဘယ်တုန်းကမှ သံသယဖြစ်စရာမရှိခဲ့ပေမယ့်လည်း ဘောလုံးဖြန့်ဝေပေးနိုင်မှုစွမ်းရည်က မကြာခဏ ဆွေးနွေးစရာ ကိစ္စတစ်ခု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့်ပဲ အက်သလက်တီကို မက်ဒရစ်ဂိုးသမားဟာ လူးဝစ္စ အန်နရီကေးရဲ့ ယုံကြည်မှုကို ရရှိခဲ့ခြင်းမရှိတာဖြစ်တယ်လို့ အားလုံးက ယုံကြည်ခဲ့ကြပြီး ဆီမွန်ကတော့ ဒဟေးယားမပါဝင်နိုင်ချိန်မှာ အလွန်ကောင်းမွန်တဲ့ လက်စွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ အူနိုင်း ဆီမွန်ဟာ ဂျာမနီနဲ့ပွဲစဉ်မှာ စပိန်အသင်းဂိုးပေါက်မှာ ကျစ်လစ်တဲ့ စွမ်းဆောင်ရည်ပြသခဲ့ပြီး အကြိမ်ပေါင်းများစွာ အရေးပါတဲ့ ကာကွယ်မှုတွေ ပြုလုပ်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အက်သလက်တစ် ဘီလ်ဘာအိုဂိုးသမားဟာ နစ်ကလပ်စ် ဖူးလ်ခရုဂ်က ၈၃ မိနစ်မှာ ဂျာမနီအသင်းအတွက် ချေပဂိုးကို သွင်းယူခဲ့ချိန်မှာတော့ ဘာမှ မလုပ်နိုင်ခဲ့တာဖြစ်ပြီး စပိန်အသင်းဟာ ၆၂ မိနစ်မှာ ရရှိခဲ့တဲ့ မိုရာတာရဲ့ ဦးဆောင်ဂိုးကြောင့်သာ သရေတစ်မှတ် ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

KFC ဟာ စပိန္နဲ႔ ဂ်ာမနီတို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ကမာၻ႔ဖလားပြဲစဥ္အတြင္းမွာ မန္ခ်က္စတာယူႏိုက္တက္ဂိုးသမား ေဒးဗစ္ ဒေဟးယားကို ျပင္းျပင္းထန္ထန္ ေလွာင္ေျပာင္ခဲ့ပါတယ္။

ဒေဟးယားဟာ ၂၀၂၂ ကမာၻ႔ဖလားအတြက္ စပိန္လက္ေ႐ြးစင္လူစာရင္းမွား နည္းျပ လူးဝစၥ အန္နရီေကးရဲ႕ ခ်န္လွပ္ျခင္းကို ခံခဲ့ရသူျဖစ္ၿပီး အူႏိုင္း ဆီမြန္က နံပါတ္တစ္ ဂိုးသမားအျဖစ္ ေ႐ြးခ်ယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ကမာၻေက်ာ္ စားေသာက္ကုန္လုပ္ငန္းစုႀကီးျဖစ္တဲ့ KFC က မန္ခ်က္စတာယူႏိုက္တက္ဂိုးသမားကို ေလွာင္ေျပာင္ႏိုင္မယ့္ အခြင့္အေရးကို လက္လႊတ္မခံခဲ့ဘဲ စပိန္အသင္းအတြက္ အန္နရီေကးရဲ႕ ကစားကြက္မွာ မရွိမျဖစ္လိုအပ္တဲ့ အရည္အခ်င္းျဖစ္တဲ့ ခံစစ္ထိတက္ၿပီး ကစားႏိုင္တဲ့ ဂိုးသမားအျဖစ္ ကစားေပးႏိုင္စြမ္းမရွိမႈကို ရည္ၫြန္းၿပီး ေလွာင္ေျပာင္ခဲ့ပုံေပၚတာကို ျမင္ေတြ႕ခဲ့ပါတယ္။

“ဂိုးသမားက သူ႔ဂိုးစည္းကေန ထြက္လာတာကို ျမင္ေတြ႕ခဲ့တဲ့အခ်ိန္မတိုင္ခင္အထိ ဒေဟးယား ကမာၻ႔ဖလားၿပိဳင္ပြဲကို မသြားခဲ့တာကို ငါ လုံးလုံးကို ေမ့ေနတာ”လို႔ KFC UK ရဲ႕ တရားဝင္တြစ္တာစာမ်က္ႏွာက ေရးသားခဲ့တာျဖစ္ပါတယ္။

ဒေဟးယားဟာ ဂိုးကန္သြင္းမႈ ကာကြယ္ႏိုင္တဲ့အရည္အခ်င္းက ဘယ္တုန္းကမွ သံသယျဖစ္စရာမရွိခဲ့ေပမယ့္လည္း ေဘာလုံးျဖန႔္ေဝေပးႏိုင္မႈစြမ္းရည္က မၾကာခဏ ေဆြးေႏြးစရာ ကိစၥတစ္ခု ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ပဲ အက္သလက္တီကို မက္ဒရစ္ဂိုးသမားဟာ လူးဝစၥ အန္နရီေကးရဲ႕ ယုံၾကည္မႈကို ရရွိခဲ့ျခင္းမရွိတာျဖစ္တယ္လို႔ အားလုံးက ယုံၾကည္ခဲ့ၾကၿပီး ဆီမြန္ကေတာ့ ဒေဟးယားမပါဝင္ႏိုင္ခ်ိန္မွာ အလြန္ေကာင္းမြန္တဲ့ လက္စြမ္းျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ အူႏိုင္း ဆီမြန္ဟာ ဂ်ာမနီနဲ႔ပြဲစဥ္မွာ စပိန္အသင္းဂိုးေပါက္မွာ က်စ္လစ္တဲ့ စြမ္းေဆာင္ရည္ျပသခဲ့ၿပီး အႀကိမ္ေပါင္းမ်ားစြာ အေရးပါတဲ့ ကာကြယ္မႈေတြ ျပဳလုပ္ျပႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အက္သလက္တစ္ ဘီလ္ဘာအိုဂိုးသမားဟာ နစ္ကလပ္စ္ ဖူးလ္ခ႐ုဂ္က ၈၃ မိနစ္မွာ ဂ်ာမနီအသင္းအတြက္ ေခ်ပဂိုးကို သြင္းယူခဲ့ခ်ိန္မွာေတာ့ ဘာမွ မလုပ္ႏိုင္ခဲ့တာျဖစ္ၿပီး စပိန္အသင္းဟာ ၆၂ မိနစ္မွာ ရရွိခဲ့တဲ့ မိုရာတာရဲ႕ ဦးေဆာင္ဂိုးေၾကာင့္သာ သေရတစ္မွတ္ ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.