Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၁၃.၉.၂၀၂၀

– မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ပုိင္ရွင္ေတြကို ပရိသတ္ေတြအေနနဲ႔ စိတ္ပ်က္ေနၾကၿပီျဖစ္ၿပီး ေငြေၾကးထုတ္ေပးခ်င္စိတ္မရွိဘူးလို႔ စြပ္စြဲလာခဲ့ၾကသလို ဆန္ခ်ဳိကိစၥထက္ ဆာဂ်ီယို ရက္ဂီလြန္အတြက္ ယူ႐ို သန္း ၃၀ ကို ေပးေခ်လိုစိတ္ မရွိဘူးဆုိတာက အေၾကာင္းရင္းခံျဖစ္ခဲ့တယ္လုိ႔ဆုိ။

– ေဂ်ဒန္ ဆန္ခ်ဳိအတြက္ အက္ဒ္ ဝုဒ္ဝဒ္အေနနဲ႔ ေနာက္ဆုတ္သြားလိမ့္မယ္လို႔ ဗီလာနည္းျပေဟာင္း တင္မ္ ရွားဝုဒ္က ခန္႔မွန္းလုိက္ၿပီး သူတုိ႔အေနနဲ႔ အသင္းေဟာင္းရဲ႕ ကြင္းလယ္လူ ဂ်က္ခ္ ဂရီးလစ္ရွ္နဲ႔ ဂါရက္ ေဘးလ္တုိ႔အတြက္ ေျပာင္းလဲႀကဳိးစားလိမ့္မယ္လို႔ဆုိ။

– အသင္းနည္းျပ အုိလီဂန္နာ ဆုိးလ္ရွားကေတာ့ ရာသီကုန္ အားလပ္ခ်ိန္မွာ သူမ်ားေတြနဲ႔ မတူတဲ့ ဆိုးရြားတဲ့ အေတြ႕အႀကဳံမ်ဳိး ရင္ဆုိင္ခဲ့ရတဲ့ ေနာက္ခံလူ ဟာရီ မက္ဂြဳိင္းယားအတြက္ စာနာမွဳ ျပသခဲ့ၿပီး လူထဲက လူေတြ က်ဴးလြန္တတ္တဲ့ အမွားမ်ဳိးသာျဖစ္လို႔ ယူႏိုက္တက္အသင္းေခါင္းေဆာင္အျဖစ္ ဆက္လက္ရွိေနလိမ့္မယ္လုိ႔ ေျပာၾကား။

– ဆန္ခ်ဳိအတြက္ ေဆြးေႏြးလိုစိတ္ မရွိေတာ့တဲ့ ေဒါ့မြန္ေၾကာင့္ အေျပာင္းအေရႊ႕ျဖစ္မလာႏုိင္ေတာ့ဘူးလို႔ ကၽြမ္းက်င္သူေတြက ခန္႔မွန္းေနၾကၿပီး အစားထိုးမွဳအေနနဲ႔ အက္သလက္တီကိုမက္ဒရစ္ကစားသမား ဂ်ာအုိ ဖီးလစ္ကို ေခၚယူႏုိင္တယ္လို႔ ေဒးလီးစတား ေဖာ္ျပ။

– လက္ေရြးစင္အသင္းမွာ ရရွိခဲ့တဲ့ဒဏ္ရာေၾကာင့္ ႐ုန္းကန္ေနခဲ့ရတယ္လုိ႔ သတင္းထြက္ေပၚေနတဲ့ ယူႏုိက္တက္ တုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္အေနနဲ႔ ဗီလာကို အိုလီ ဝပ္ကင္းစ္ရဲ႕ဂိုးနဲ႔ ရွဳံးနိမ့္ခဲ့တဲ့ ေျခစမ္းပြဲမွာ ျပန္လည္ပါဝင္ႏုိင္ခဲ့ၿပီး ပဲေလ့စ္နဲ႔ ပြဲစဥ္အတြက္ စိတ္ေအးစရာ ျဖစ္လာ။

– အက္စတန္ဗီလာနဲ႔ ေျခစမ္းပြဲမွာ ပြဲထြက္ကစားခဲ့တဲ့ ဂိုးသမား ဒင္းန္ ဟန္ဒါဆန္အေနနဲ႔ လာမယ့္ရာသီအတြက္ ေက်ာနံပါတ္ ၂၆ ကို ဝတ္ဆင္သြားမွာျဖစ္ေၾကာင္း မန္ခ်က္စတာယူႏုိက္တက္အသင္း တရားဝင္ထုတ္ျပန္သြားခဲ့။

– အန္းဖီးလ္မွာ ဟက္ထရစ္သြင္းယူႏုိင္ခဲ့တဲ့ မိုဟာမက္ ဆာလားေၾကာင့္ သူဂိုးသြင္းတဲ့ ပြဲတုိင္း ဆက္တုိက္အႏုိင္ရခဲ့တဲ့ ၃၅ ပြဲစံခ်ိန္ကို တင္ရွိႏုိင္ခဲ့ၿပီး ဝိန္းရြန္နီနဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ၃၄ စံခ်ိန္ကို ေက်ာ္ျဖတ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပိုင်ရှင်တွေကို ပရိသတ်တွေအနေနဲ့ စိတ်ပျက်နေကြပြီဖြစ်ပြီး ငွေကြေးထုတ်ပေးချင်စိတ်မရှိဘူးလို့ စွပ်စွဲလာခဲ့ကြသလို ဆန်ချိုကိစ္စထက် ဆာဂျီယို ရက်ဂီလွန်အတွက် ယူရို သန်း ၃၀ ကို ပေးချေလိုစိတ် မရှိဘူးဆိုတာက အကြောင်းရင်းခံဖြစ်ခဲ့တယ်လို့ဆို။

– ဂျေဒန် ဆန်ချိုအတွက် အက်ဒ် ဝုဒ်ဝဒ်အနေနဲ့ နောက်ဆုတ်သွားလိမ့်မယ်လို့ ဗီလာနည်းပြဟောင်း တင်မ် ရှားဝုဒ်က ခန့်မှန်းလိုက်ပြီး သူတို့အနေနဲ့ အသင်းဟောင်းရဲ့ ကွင်းလယ်လူ ဂျက်ခ် ဂရီးလစ်ရှ်နဲ့ ဂါရက် ဘေးလ်တို့အတွက် ပြောင်းလဲကြိုးစားလိမ့်မယ်လို့ဆို။

– အသင်းနည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကတော့ ရာသီကုန် အားလပ်ချိန်မှာ သူများတွေနဲ့ မတူတဲ့ ဆိုးရွားတဲ့ အတွေ့အကြုံမျိုး ရင်ဆိုင်ခဲ့ရတဲ့ နောက်ခံလူ ဟာရီ မက်ဂွိုင်းယားအတွက် စာနာမှု ပြသခဲ့ပြီး လူထဲက လူတွေ ကျူးလွန်တတ်တဲ့ အမှားမျိုးသာဖြစ်လို့ ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေလိမ့်မယ်လို့ ပြောကြား။

– ဆန်ချိုအတွက် ဆွေးနွေးလိုစိတ် မရှိတော့တဲ့ ဒေါ့မွန်ကြောင့် အပြောင်းအရွှေ့ဖြစ်မလာနိုင်တော့ဘူးလို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပြီး အစားထိုးမှုအနေနဲ့ အက်သလက်တီကိုမက်ဒရစ်ကစားသမား ဂျာအို ဖီးလစ်ကို ခေါ်ယူနိုင်တယ်လို့ ဒေးလီးစတား ဖော်ပြ။

– လက်ရွေးစင်အသင်းမှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ရုန်းကန်နေခဲ့ရတယ်လို့ သတင်းထွက်ပေါ်နေတဲ့ ယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်အနေနဲ့ ဗီလာကို အိုလီ ဝပ်ကင်းစ်ရဲ့ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲမှာ ပြန်လည်ပါဝင်နိုင်ခဲ့ပြီး ပဲလေ့စ်နဲ့ ပွဲစဉ်အတွက် စိတ်အေးစရာ ဖြစ်လာ။

– အက်စတန်ဗီလာနဲ့ ခြေစမ်းပွဲမှာ ပွဲထွက်ကစားခဲ့တဲ့ ဂိုးသမား ဒင်းန် ဟန်ဒါဆန်အနေနဲ့ လာမယ့်ရာသီအတွက် ကျောနံပါတ် ၂၆ ကို ဝတ်ဆင်သွားမှာဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက်အသင်း တရားဝင်ထုတ်ပြန်သွားခဲ့။

– အန်းဖီးလ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ မိုဟာမက် ဆာလားကြောင့် သူဂိုးသွင်းတဲ့ ပွဲတိုင်း ဆက်တိုက်အနိုင်ရခဲ့တဲ့ ၃၅ ပွဲစံချိန်ကို တင်ရှိနိုင်ခဲ့ပြီး ဝိန်းရွန်နီနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ၃၄ စံချိန်ကို ကျော်ဖြတ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.