Match Report Premier League

တန္းတက္လိဒ္စ္နဲ႔ အၿပဳိင္ျဖစ္ခဲ့တဲ့ ခံစစ္ေၾကာင့္ မိုးထဲေရထဲက ႏုိင္ပြဲရယူခဲ့ရတဲ့ လီဗာပူးလ္

လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဆိုးရြားတဲ့ ခံစစ္ေၾကာင့္ ႏိုင္ပြဲရဖို႔ ေနာက္ဆုံးအခ်ိန္အထိ ႐ုန္းကန္ခဲ့ရၿပီး ဖာဘင္ညဳိရဲ႕ တုိးအားတစ္ခ်က္ေၾကာင့္သာ အိမ္ကြင္း အန္းဖီးလ္ဒ္မွာ မ်က္ႏွာမပ်က္ခဲ့ရတာျဖစ္သလို ဆာလားရဲ႕ ဟက္ထရစ္နဲ႔ အႏုိင္ရလဒ္ကို ရွာေဖြႏုိင္ခဲ့တာ ျဖစ္ပါတယ္။

ဗန္ဒိုက္နဲ႔ တြဲကစားမယ့္သူ မရွိဘူးဆုိတဲ့ ကၽြမ္းက်င္သူေတြရဲ႕ ေထာက္ျပခ်က္ေတြကေတာ့ မွန္ကန္လြန္းေနခဲ့ၿပီး တြဲဖက္ေၾကာင့္ ဖိအားဝင္တဲ့ အခ်ိန္မွ ကိုယ္တုိင္ပါ အမွားလုပ္ခဲ့တဲ့ တတိယအသင္းေခါင္းေဆာင္အတြက္ လီဗာပူးလ္တုိ႔ အခ်ိန္မီ အေျဖရွာတာမ်ဳိး၊ လူသစ္ေခၚတာမ်ဳိး မလုပ္ခဲ့ရင္ေတာ့ မႏွစ္က မန္စီးတီးရဲ႕ ကံၾကမၼာဟာ လက္ရွိခ်န္ပီယံအတြက္ ကလင္ဒါက်လည္းျဖစ္ဦးမွာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄ မိနစ္မွာ ဆာလားရဲ႕ ကန္ခ်က္ကို လိဒ္စ္ယူႏုိက္တက္ရဲ႕ ေနာက္ခံလူသစ္ ဂ်ာမန္သား ေရာ္ဘင္ ကို႔ခ်္ရဲ႕ လက္ဆန္႔ထုတ္ၿပီး တားမိတာကေန ဒိုင္လူႀကီး မုိက္ကယ္ အိုလီဗာက ပင္နယ္တီ သတ္မွတ္ေပးခဲ့တာကို အီဂ်စ္တုိက္စစ္မွဴးက ဂိုးေပါက္အလယ္တည့္တည့္ကို အျပင္းကန္သြင္းၿပီး ဦးေဆာင္ဂိုးရယူႏုိင္ခဲ့ပါတယ္။

ဖာဘင္ညဳိကို အရန္ခုံမွာ ထားခဲ့တဲ့ လီဗာပူးလ္ရဲ႕ ကြင္းလယ္ကေတာ့ ကီတာနဲ႔ ဟန္ဒါဆန္တုိ႔ ခံစစ္ကို ေကာင္းေကာင္း Cover မေပးႏုိင္ခဲ့လုိ႔ ပြဲခ်ိန္ ၁၂ မိနစ္မွာေတာ့ ဖိလစ္ရဲ႕ အေဝးေဘာကို ဟာရစ္ဆန္က ညာေတာင္ပံကေန အာႏုိးလ္ဒ္ကို ေက်ာ္ေျပးၿပီး အတြင္းကို ခ်ဳိးဝင္ရာမွာ တားဆီးဖို႔ ႀကဳိးစားတဲ့ ဂ်ဳိးဂိုမက္ဇ္ကိုပါ ေက်ာ္ျဖတ္ၿပီး ဗန္ဒိုက္ ပိတ္ဆို႔ႏိုင္ဖို႔ စကၠန္႔ပုိင္းအလိုမွာပဲ ဂိုးသမားရဲ႕ ညာဘက္တုိင္ေျခကို ခ်ဳိးကန္သြင္းယူသြားၿပီး လိဒ္စ္တုိ႔အတြက္ ေခ်ပႏုိင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ မွာေတာ့ ေရာဘတ္ဆန္ရဲ႕ ေထာင့္ကန္ေဘာမွာ ဗန္ဒိုက္ကို ကပ္ထားဖို႔ တာဝန္က်တဲ့ လိဒ္စ္ေနာက္ခံလူ ကို႔ခ်္ရဲ႕ အာ႐ုံစူးစိုက္မွဳ ေလ်ာ့နည္းတာကေန ဒတ္ခ်္ေနာက္ခံလူက တစ္ဦးတည္း လြတ္လြတ္ကၽြတ္ကၽြတ္ ခုန္ၿပီး ေခါင္းတုိက္သြင္းယူခဲ့တာမွာ ဂိုးသမား ေမလီေယး မကာကြယ္ႏုိင္ခဲ့ဘဲ သူပါ ဂိုးထဲ ဝင္သြားခဲ့လို႔ လီဗာပူးလ္တုိ႔ ဦးေဆာင္ဂိုးရရွိခဲ့ပါတယ္။

၁၀ မိနစ္အၾကာမွာေတာ့ တန္ျပန္တုိက္စစ္ကေန ဖိလစ္ကပဲ အေဝးေဘာပုိ႔ေပးတာကို ဗန္ဒိုက္က ေရွ႕က ဦးေနေပမယ့္လည္း ေဘာလုံးကို ရွင္းထုတ္ရာမွာ ေနာက္က လုိက္လာတဲ့ လိစ္ဒ္တုိက္စစ္မွဴး ဘမ္ဖို႔ဒ္ရဲ႕ ေရွ႕ကို ကြက္တိ ဖန္တီးေပးသလိုျဖစ္ခဲ့ၿပီး သူက ကန္သြင္းရာမွာ အယ္လီဆန္နဲ႔ ထိၿပီး ဝင္သြားခဲ့လို႔ ေခ်ပဂိုး ထပ္ရခဲ့ပါတယ္။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ ကြင္းလယ္တည့္တည့္ေလာက္မွာရတဲ့ ေရာဘတ္ဆန္ရဲ႕ ဖရီးကစ္ကို လိစ္ဒ္ေနာက္ခံလူ ပါစကယ္ စထ႐ိုက္က ေခါင္းတုိက္ဖ်က္ထုတ္ရာမွာ ျပန္က်လာတဲ့ ေဘာလုံးကို ဆာလားက တစ္ခ်က္ထိန္းၿပီး အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးညာဘက္အေပၚ ဆယ္ျပားေစ့ေထာင့္ထဲကို ဝင္သြားခဲ့လုိ႔ ပထမပုိင္းမွာ လီဗာပူးလ္တုိ႔ သုံးဂိုး-ႏွစ္ဂိုးနဲ႔ ဦးေဆာင္ႏုိင္ခဲ့ပါတယ္။

ဒုတိယပုိင္းမွာေတာ့ လီဗာပူးလ္ကြင္းလယ္က ကီတာနဲ႔ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္တုိ႔ေနရာမွာ ဂ်ဳံးစ္နဲ႔ ဖာဘင္ညဳိတုိ႔ ဝင္ကစားခဲ့သလို လိစ္ဒ္ကေတာ့ တုိက္စစ္ပုိင္းက ဟာနန္ဒက္ဇ္နဲ႔ ဘမ္ဖို႔ဒ္တုိ႔ေနရာမွာ ေရာဘတ္စ္နဲ႔ ႐ိုဒရီဂိုတုိ႔ကို လဲလွယ္ခဲ့ၿပီး နည္းျပေတြက အေျပာင္းအလဲလုပ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ လီဗာပူးလ္ရဲ႕ က်စ္လ်စ္မွဳ မရွိတဲ့ ခံစစ္ကို အခြင့္ေကာင္းယူၿပီး ကြင္းလယ္လူ မက္တီးယပ္ရွ္ ကလစ္ခ်္က ေတာင္ပံက ဟဲလ္ဒါ ေကာ္စတာ တင္ေပးလုိက္တဲ့ ေဘာလုံးကို ေနာက္တန္း ၆ ေယာက္ၾကားထဲက ေျပးဝင္ရယူၿပီး ဂ်ဳိးဂိုမက္ဇ္ မဖ်က္ထုတ္ႏုိင္ခင္မွာပဲ ဂိုးသမားရဲ႕ ညာဘက္ကို ေဗာ္လီကန္သြင္းၿပီး ေခ်ပႏုိင္ခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ကလစ္ခ်္ေနရာမွာ ရွက္ကယ္လ္တန္ကို လူစားလဲခဲ့တဲ့ ဘီယယ္လ္ဆာေၾကာင့္ လိဒ္စ္တုိ႔ ခံစစ္ပုိထိုင္သြားခဲ့ၿပီး ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာက ျပန္က်လာတဲ့ ေဘာလုံးကို ဖာဘင္ညဳိ ဆြဲဝင္ရာမွာ ဖ်က္ထုတ္တာ ေနာက္က်တဲ့ ႐ိုဒရီဂိုေၾကာင့္ ပင္နယ္တီ ထပ္ေပးခဲ့ရသလို ဒီေန႔မွာ လိဒ္စ္တုိ႔အေနနဲ႔ ကစားသမားသစ္ႏွစ္ဦးေၾကာင့္ ပင္နယ္တီေပးခဲ့ရတာကလည္း တုိက္ဆိုင္လြန္းေနခဲ့ပါတယ္။

ဒီပင္နယ္တီကိုေတာ့ ဆာလားကပဲ ဂိုးသမား ေမလီေယးကို လွည့္စားကန္သြင္းယူခဲ့ၿပီး အသင္းအတြက္ အႏုိင္ဂိုးနဲ႔ သူ႕ရဲ႕ ဟက္ထရစ္အျဖစ္ ရယူသြားခဲ့ၿပီး ဂိုးသြင္းဘုရင္ဆုအတြက္ ေစာေစာစီးစီးပဲ အေမာက္ေထာင္ျပႏိုင္ခဲ့သလို လီဗာပူးလ္တို႔အတြက္ အိမ္ကြင္းမွာ ေအာင္ပြဲခံႏုိင္ခြင့္နဲ႔ အဖိုးတန္ သုံးမွတ္ကို ရွာေဖြေပးႏုိင္ခဲ့ပါတယ္။

လီဗာပူးလ္အသင္းရဲ႕ ဒီေန႔ခံစစ္ကေတာ့ ခ်န္ပီယံအသင္းရဲ႕ ခံစစ္နဲ႔ မတူသလို တန္းတက္ခံစစ္နဲ႔ သူမသာ ကိုယ္မသာ ျဖစ္ေနခဲ့ၿပီး ေျခစြမ္း ေပ်ာက္ဆုံးေနတဲ့ အာႏိုးလ္ဒ္နဲ႔ ကံေကာင္းတဲ့ ေန႔ရက္ေတြ ကုန္ဆုံးသြားတဲ့ ဂ်ဳိးဂိုမက္ဇ္တုိ႔ကေတာ့ သိသာတဲ့ ေထာက္ျပစရာေတြ ျဖစ္ခဲ့သလို ဗန္ဒိုက္ကပါ လိုက္မွားခ်ိန္မွာေတာ့ နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ အခ်ိန္မီျပင္ဆင္ႏုိင္မွ ေတာ္ကာက်လိမ့္မွာျဖစ္ေၾကာင္း သုံးသပ္ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဆိုးရွားတဲ့ ခံစစ်ကြောင့် နိုင်ပွဲရဖို့ နောက်ဆုံးအချိန်အထိ ရုန်းကန်ခဲ့ရပြီး ဖာဘင်ညိုရဲ့ တိုးအားတစ်ချက်ကြောင့်သာ အိမ်ကွင်း အန်းဖီးလ်ဒ်မှာ မျက်နှာမပျက်ခဲ့ရတာဖြစ်သလို ဆာလားရဲ့ ဟက်ထရစ်နဲ့ အနိုင်ရလဒ်ကို ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗန်ဒိုက်နဲ့ တွဲကစားမယ့်သူ မရှိဘူးဆိုတဲ့ ကျွမ်းကျင်သူတွေရဲ့ ထောက်ပြချက်တွေကတော့ မှန်ကန်လွန်းနေခဲ့ပြီး တွဲဖက်ကြောင့် ဖိအားဝင်တဲ့ အချိန်မှ ကိုယ်တိုင်ပါ အမှားလုပ်ခဲ့တဲ့ တတိယအသင်းခေါင်းဆောင်အတွက် လီဗာပူးလ်တို့ အချိန်မီ အဖြေရှာတာမျိုး၊ လူသစ်ခေါ်တာမျိုး မလုပ်ခဲ့ရင်တော့ မနှစ်က မန်စီးတီးရဲ့ ကံကြမ္မာဟာ လက်ရှိချန်ပီယံအတွက် ကလင်ဒါကျလည်းဖြစ်ဦးမှာဖြစ်ပါတယ်။

ပွဲချိန် ၄ မိနစ်မှာ ဆာလားရဲ့ ကန်ချက်ကို လိဒ်စ်ယူနိုက်တက်ရဲ့ နောက်ခံလူသစ် ဂျာမန်သား ရော်ဘင် ကို့ချ်ရဲ့ လက်ဆန့်ထုတ်ပြီး တားမိတာကနေ ဒိုင်လူကြီး မိုက်ကယ် အိုလီဗာက ပင်နယ်တီ သတ်မှတ်ပေးခဲ့တာကို အီဂျစ်တိုက်စစ်မှူးက ဂိုးပေါက်အလယ်တည့်တည့်ကို အပြင်းကန်သွင်းပြီး ဦးဆောင်ဂိုးရယူနိုင်ခဲ့ပါတယ်။

ဖာဘင်ညိုကို အရန်ခုံမှာ ထားခဲ့တဲ့ လီဗာပူးလ်ရဲ့ ကွင်းလယ်ကတော့ ကီတာနဲ့ ဟန်ဒါဆန်တို့ ခံစစ်ကို ကောင်းကောင်း Cover မပေးနိုင်ခဲ့လို့ ပွဲချိန် ၁၂ မိနစ်မှာတော့ ဖိလစ်ရဲ့ အဝေးဘောကို ဟာရစ်ဆန်က ညာတောင်ပံကနေ အာနိုးလ်ဒ်ကို ကျော်ပြေးပြီး အတွင်းကို ချိုးဝင်ရာမှာ တားဆီးဖို့ ကြိုးစားတဲ့ ဂျိုးဂိုမက်ဇ်ကိုပါ ကျော်ဖြတ်ပြီး ဗန်ဒိုက် ပိတ်ဆို့နိုင်ဖို့ စက္ကန့်ပိုင်းအလိုမှာပဲ ဂိုးသမားရဲ့ ညာဘက်တိုင်ခြေကို ချိုးကန်သွင်းယူသွားပြီး လိဒ်စ်တို့အတွက် ချေပနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာတော့ ရောဘတ်ဆန်ရဲ့ ထောင့်ကန်ဘောမှာ ဗန်ဒိုက်ကို ကပ်ထားဖို့ တာဝန်ကျတဲ့ လိဒ်စ်နောက်ခံလူ ကို့ချ်ရဲ့ အာရုံစူးစိုက်မှု လျော့နည်းတာကနေ ဒတ်ချ်နောက်ခံလူက တစ်ဦးတည်း လွတ်လွတ်ကျွတ်ကျွတ် ခုန်ပြီး ခေါင်းတိုက်သွင်းယူခဲ့တာမှာ ဂိုးသမား မေလီယေး မကာကွယ်နိုင်ခဲ့ဘဲ သူပါ ဂိုးထဲ ဝင်သွားခဲ့လို့ လီဗာပူးလ်တို့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။

၁၀ မိနစ်အကြာမှာတော့ တန်ပြန်တိုက်စစ်ကနေ ဖိလစ်ကပဲ အဝေးဘောပို့ပေးတာကို ဗန်ဒိုက်က ရှေ့က ဦးနေပေမယ့်လည်း ဘောလုံးကို ရှင်းထုတ်ရာမှာ နောက်က လိုက်လာတဲ့ လိစ်ဒ်တိုက်စစ်မှူး ဘမ်ဖို့ဒ်ရဲ့ ရှေ့ကို ကွက်တိ ဖန်တီးပေးသလိုဖြစ်ခဲ့ပြီး သူက ကန်သွင်းရာမှာ အယ်လီဆန်နဲ့ ထိပြီး ဝင်သွားခဲ့လို့ ချေပဂိုး ထပ်ရခဲ့ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာတော့ ကွင်းလယ်တည့်တည့်လောက်မှာရတဲ့ ရောဘတ်ဆန်ရဲ့ ဖရီးကစ်ကို လိစ်ဒ်နောက်ခံလူ ပါစကယ် စထရိုက်က ခေါင်းတိုက်ဖျက်ထုတ်ရာမှာ ပြန်ကျလာတဲ့ ဘောလုံးကို ဆာလားက တစ်ချက်ထိန်းပြီး အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးညာဘက်အပေါ် ဆယ်ပြားစေ့ထောင့်ထဲကို ဝင်သွားခဲ့လို့ ပထမပိုင်းမှာ လီဗာပူးလ်တို့ သုံးဂိုး-နှစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူးလ်ကွင်းလယ်က ကီတာနဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်တို့နေရာမှာ ဂျုံးစ်နဲ့ ဖာဘင်ညိုတို့ ဝင်ကစားခဲ့သလို လိစ်ဒ်ကတော့ တိုက်စစ်ပိုင်းက ဟာနန်ဒက်ဇ်နဲ့ ဘမ်ဖို့ဒ်တို့နေရာမှာ ရောဘတ်စ်နဲ့ ရိုဒရီဂိုတို့ကို လဲလှယ်ခဲ့ပြီး နည်းပြတွေက အပြောင်းအလဲလုပ်ခဲ့ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာတော့ လီဗာပူးလ်ရဲ့ ကျစ်လျစ်မှု မရှိတဲ့ ခံစစ်ကို အခွင့်ကောင်းယူပြီး ကွင်းလယ်လူ မက်တီးယပ်ရှ် ကလစ်ချ်က တောင်ပံက ဟဲလ်ဒါ ကော်စတာ တင်ပေးလိုက်တဲ့ ဘောလုံးကို နောက်တန်း ၆ ယောက်ကြားထဲက ပြေးဝင်ရယူပြီး ဂျိုးဂိုမက်ဇ် မဖျက်ထုတ်နိုင်ခင်မှာပဲ ဂိုးသမားရဲ့ ညာဘက်ကို ဗော်လီကန်သွင်းပြီး ချေပနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ကလစ်ချ်နေရာမှာ ရှက်ကယ်လ်တန်ကို လူစားလဲခဲ့တဲ့ ဘီယယ်လ်ဆာကြောင့် လိဒ်စ်တို့ ခံစစ်ပိုထိုင်သွားခဲ့ပြီး ပွဲချိန် ၈၈ မိနစ်မှာတော့ ထောင့်ကန်ဘောက ပြန်ကျလာတဲ့ ဘောလုံးကို ဖာဘင်ညို ဆွဲဝင်ရာမှာ ဖျက်ထုတ်တာ နောက်ကျတဲ့ ရိုဒရီဂိုကြောင့် ပင်နယ်တီ ထပ်ပေးခဲ့ရသလို ဒီနေ့မှာ လိဒ်စ်တို့အနေနဲ့ ကစားသမားသစ်နှစ်ဦးကြောင့် ပင်နယ်တီပေးခဲ့ရတာကလည်း တိုက်ဆိုင်လွန်းနေခဲ့ပါတယ်။

ဒီပင်နယ်တီကိုတော့ ဆာလားကပဲ ဂိုးသမား မေလီယေးကို လှည့်စားကန်သွင်းယူခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးနဲ့ သူ့ရဲ့ ဟက်ထရစ်အဖြစ် ရယူသွားခဲ့ပြီး ဂိုးသွင်းဘုရင်ဆုအတွက် စောစောစီးစီးပဲ အမောက်ထောင်ပြနိုင်ခဲ့သလို လီဗာပူးလ်တို့အတွက် အိမ်ကွင်းမှာ အောင်ပွဲခံနိုင်ခွင့်နဲ့ အဖိုးတန် သုံးမှတ်ကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ဒီနေ့ခံစစ်ကတော့ ချန်ပီယံအသင်းရဲ့ ခံစစ်နဲ့ မတူသလို တန်းတက်ခံစစ်နဲ့ သူမသာ ကိုယ်မသာ ဖြစ်နေခဲ့ပြီး ခြေစွမ်း ပျောက်ဆုံးနေတဲ့ အာနိုးလ်ဒ်နဲ့ ကံကောင်းတဲ့ နေ့ရက်တွေ ကုန်ဆုံးသွားတဲ့ ဂျိုးဂိုမက်ဇ်တို့ကတော့ သိသာတဲ့ ထောက်ပြစရာတွေ ဖြစ်ခဲ့သလို ဗန်ဒိုက်ကပါ လိုက်မှားချိန်မှာတော့ နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ အချိန်မီပြင်ဆင်နိုင်မှ တော်ကာကျလိမ့်မှာဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.