Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၁၃.၉.၂၀၂၀

– ေအဒူယာ မန္ဒီအတြက္ ခ်ဲလ္ဆီးအသင္းက ေျပာင္းေရႊ႕ေၾကး သေဘာတူညီခဲ့ၿပီးတဲ့ေနာက္ ရင္းေနးအသင္းရဲ႕ ထရိန္နင္နဲ႔ အသင္းလူစာရင္းက ေပ်ာက္ကြယ္ေနခဲ့တဲ့ ဂိုးသမားအေနနဲ႔ လန္ဒန္ကို လာေရာက္ႏုိင္ဖို႔ လိုအပ္တာေတြကို လုပ္ေဆာင္ေနၿပီလို႔ ဆိုေနၾက။

– ခ်ဲလ္ဆီးအသင္းရဲ႕ အပယ္ခံကြင္းလယ္လူ တီမူး ဘာကာယုိကို,ကုိ ေခၚယူႏုိင္ဖို႔အတြက္ အသင္းရဲ႕ ေဘာ့စနီးယားကြင္းလယ္လူ ရာဒီ က႐ူးနစ္ခ်္ကို တိုရီႏိုအသင္းဆီ ယူ႐ို ၈ သန္းနဲ႔ ေအစီမီလန္ ေရာင္းခ်သြားဖို႔ ရွိေန။

– လက္စတာအသင္းကေန ဘယ္ေနာက္ခံလူ ေခ်းလ္ဝဲလ္ ေရာက္ရွိလာအၿပီးမွာ အရန္ကစားသမားအျဖစ္ အခ်ိန္ကုန္ဆုံးရေတာ့မယ့္ မားကို႔စ္ အလြန္ဆုိကို ေခၚယူဖို႔ အင္တာမီလန္နည္းျပ ကြန္တီ စိတ္ဝင္စားေနၿပီး အန္ဂိုလို ကြန္ေတကိုလည္း လက္မေလွ်ာ့ေသးေၾကာင္းဆုိ။

– အသင္းကို ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိလာခဲ့တဲ့ ခိုင္ ဟာဗတ္ဇ္ေၾကာင့္ ကြင္းလယ္ကစားသမား ေမဆန္ေမာင့္က စိတ္ပ်က္ေနတယ္ဆုိတဲ့ သတင္းေတြဟာ မဟုတ္မွန္ေၾကာင္း နည္းျပ ဖရန္႔ လမ္းပတ္ ရွင္းလင္းေျပာၾကား။

– ဂ်ာမနီရဲ႕ အျပင္ကို ခုမွ ထြက္လာဖူးၿပီး ခ်ဲလ္ဆီးကို ေရာက္ရွိလာတဲ့ တီမို ဗာနာနဲ႔ ဟာဗတ္ဇ္တုိ႔အတြက္ တစ္ႏုိင္ငံတည္းသားေတြပီပီ အစစအရာရာ ကူညီၿပီး ၾကည့္ရွဳေစာင့္ေရွာက္ေပးသြားဖို႔ အဆင္သင့္ရွိတယ္လုိ႔ အသင္းရဲ႕ ဂ်ာမန္ကစားသမားေတြထဲမွာ အသက္အႀကီးဆုံးျဖစ္တဲ့ အန္တိုနီယို ႐ူဒီဂါဆုိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အေဒူယာ မန်ဒီအတွက် ချဲလ်ဆီးအသင်းက ပြောင်းရွှေ့ကြေး သဘောတူညီခဲ့ပြီးတဲ့နောက် ရင်းနေးအသင်းရဲ့ ထရိန်နင်နဲ့ အသင်းလူစာရင်းက ပျောက်ကွယ်နေခဲ့တဲ့ ဂိုးသမားအနေနဲ့ လန်ဒန်ကို လာရောက်နိုင်ဖို့ လိုအပ်တာတွေကို လုပ်ဆောင်နေပြီလို့ ဆိုနေကြ။

– ချဲလ်ဆီးအသင်းရဲ့ အပယ်ခံကွင်းလယ်လူ တီမူး ဘာကာယိုကို,ကို ခေါ်ယူနိုင်ဖို့အတွက် အသင်းရဲ့ ဘော့စနီးယားကွင်းလယ်လူ ရာဒီ ကရူးနစ်ချ်ကို တိုရီနိုအသင်းဆီ ယူရို ၈ သန်းနဲ့ အေစီမီလန် ရောင်းချသွားဖို့ ရှိနေ။

– လက်စတာအသင်းကနေ ဘယ်နောက်ခံလူ ချေးလ်ဝဲလ် ရောက်ရှိလာအပြီးမှာ အရန်ကစားသမားအဖြစ် အချိန်ကုန်ဆုံးရတော့မယ့် မားကို့စ် အလွန်ဆိုကို ခေါ်ယူဖို့ အင်တာမီလန်နည်းပြ ကွန်တီ စိတ်ဝင်စားနေပြီး အန်ဂိုလို ကွန်တေကိုလည်း လက်မလျှော့သေးကြောင်းဆို။

– အသင်းကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ခိုင် ဟာဗတ်ဇ်ကြောင့် ကွင်းလယ်ကစားသမား မေဆန်မောင့်က စိတ်ပျက်နေတယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ကြောင်း နည်းပြ ဖရန့် လမ်းပတ် ရှင်းလင်းပြောကြား။

– ဂျာမနီရဲ့ အပြင်ကို ခုမှ ထွက်လာဖူးပြီး ချဲလ်ဆီးကို ရောက်ရှိလာတဲ့ တီမို ဗာနာနဲ့ ဟာဗတ်ဇ်တို့အတွက် တစ်နိုင်ငံတည်းသားတွေပီပီ အစစအရာရာ ကူညီပြီး ကြည့်ရှုစောင့်ရှောက်ပေးသွားဖို့ အဆင်သင့်ရှိတယ်လို့ အသင်းရဲ့ ဂျာမန်ကစားသမားတွေထဲမှာ အသက်အကြီးဆုံးဖြစ်တဲ့ အန်တိုနီယို ရူဒီဂါဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.