International World Cup

ကမ္ဘာ့ဖလားရဖို့ ရေပန်းအစားဆုံးအသင်းနဲ့ မှော်ဝင်နေတဲ့ မက်ဆီရဲ့ခြေစွမ်းကို တုံ့ပြန်ခဲ့တဲ့ ဂရီးလစ်ရှ်

အင်္ဂလန်ကြယ်ပွင့် ဂျက်ခ် ဂရီးလစ်ရှ်က လီယွန်နယ် မက်ဆီနဲ့ ခီလီယန် အမ်ဘာပေတို့ရဲ့ ကမ္ဘာ့ဖလားက စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပေမယ့်လည်း ဘရာဇီးလ်အသင်းကို ကာတာမှာ ဗိုလ်စွဲမယ့်အသင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ၂၄ သင်းအထိ အုပ်စု ၂ ပွဲ ကစားခဲ့ပြီးချိန်မှာ လက်ရှိကမ္ဘာ့ချန်ပီယံတွေဖြစ်တဲ့ ဒက်စ်ချမ့်ရဲ့ ပြင်သစ်အသင်းသာ အုပ်စုအဆင့်မှာ ရမှတ်အများဆုံး ရယူထားနိုင်သေးတာဖြစ်ပြီး ပြင်သစ်တွေဟာ သြစတြေးလျကို အဖွင့်ပွဲမှာ အနိုင်ယူပြီးနောက် ဒိန်းမတ်ကို ၂-၁ နဲ့ ထပ်မံအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်က ရုရှားမှာ အမ်ဘာပေဟာ အသက် ၁၉ နှစ်အရွယ်မှာပဲ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့ပြီး ဒိန်းမတ်နဲ့ပွဲစဉ်က သွင်းဂိုး ၂ ဂိုးကြောင့် နိုင်ငံတကာသွင်းဂိုး ၃၁ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းကလည်း ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ ဆော်ဒီ အာရေဗျအသင်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီး စနေနေ့က မက္ကဆီကိုအသင်းကိုသာ ရှုံးနိမ့်ခဲ့ရင် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာရတော့မယ်ဆိုတာကို သိနေခဲ့တာ ဖြစ်ပါတယ်။ လူဆေးလ်ကွင်းမှာ စိတ်ပျက်ဖွယ် မိနစ် ၆၀ ကို ဖြတ်သန်းခဲ့ပြီးနောက် လီယွန်နယ် မက်ဆီက မှော်ဆန်တဲ့ ခြေစွမ်းနဲ့အတူ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားအတွက် အနိုင်သေချာစေမယ့် ဒုတိယမြောက် ဦးဆောင်ဂိုးကို အန်ဂို ဖာနန်ဒက်ဇ်သွင်းယူနိုင်အောင်လည်း ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂရီးလစ်ရှ်က မက္ကဆီကိုနဲ့ပွဲစဉ်မှာ မှော်ဝင်တဲ့ ခြေစွမ်း ပြသနိုင်ခဲ့တဲ့ လီယွန်နယ် မက်ဆီဟာ မယုံနိုင်ဖွယ်ကောင်းတဲ့ ကစားသမားလို့ ချီးကျူးခဲ့ပေမယ့်လည်း မန်ချက်စတာစီးတီးကြယ်ပွင့်က အာဂျင်တီးနားရဲ့ တောင်အမေရိကပြိုင်ဘက် ဘရာဇီးလ်က ကာတာမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအဖြစ် ရှုမြင်ထားဆဲဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ဆားဘီးယားကို အနိုင်ယူခဲ့ပြီးနောက် ယနေ့ ဆွစ်ဇာလန်နဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ အုပ်စုပွဲစဉ် ၂ ပွဲမှာ နိုင်ပွဲ ၂ ပွဲအထိ ရရှိအောင် ကြိုးပမ်းသွားတော့မှာဖြစ်ပြီး ကာတာက အင်္ဂလန်ရဲ့ အကြီးမားဆုံးပြိုင်ဘက်တွေထဲက အချို့ကို အကဲဖြတ်ပေးဖို့ မေးမြန်းခဲ့ရာမှာ ဂရီးလစ်ရှ်က talkSPORT ကို အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော် ရိုးရိုးသားသားပြောရရင် ပွဲစဉ်တိုင်းကို ကြည့်ပါတယ်။ ကျွန်တော်တို့ ဟိုတယ်က နေရာတိုင်းမှာ တီဗွီတွေ ရှိပါတယ်။ တစ်နေ့လုံး ပွဲတွေကို ကြည့်နေရတာက ကောင်းပါတယ်။ ကျွန်တော် မက်ဆီကစားတားကို ကြည့်ခဲ့တယ်။ မယုံနိုင်စရာကောင်းပါတယ်။ သူက ဘာလဲဆိုတာကို ဒုတိယပိုင်းမှာ ပြသသွားခဲ့တာဖြစ်ပြီး ပြီးတော့ အမ်ဘာပေလည်း အတူတူပါပဲ”

“အရမ်းကောင်းတဲ့ အသင်းတွေအများကြီးရှိနေတယ်လို့ ကျွန်တော်ထင်ပြီး အချို့အသင်းတွေက ရပ်တန့်လို့မရနိုင်တဲ့ ကစားသမားတစ်ဦးရှိကြတယ်။ ဒါပေမယ့် ဘရာဇီးလ်က ကျွန်တော်လက်ရှိအချိန်အထိ မြင်တွေ့ခဲ့သမျှထဲမှာ အထင်ကြီးစရာအကောင်းဆုံးအသင်းတွေထဲက တစ်သင်းလို့ ထင်ပါတယ်”

“သူတို့မှာ အရည်အချင်းရှိတဲ့ ကစားသမားတွေ အများကြီးရှိပြီး အထူးသဖြင့် တိုက်စစ်ဧရိယာတွေမှာပါ။ ခင်ဗျား ဘယ်သူက အကြီးမားဆုံးခြိမ်းခြောက်မှုလဲလို့ ကျွန်တော့်ကို လာမေးရင် ဘရာဇီးလ်လို့ပဲ ကျွန်တော် ပြောကောင်း ပြောရပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္ၾကယ္ပြင့္ ဂ်က္ခ္ ဂရီးလစ္ရွ္က လီယြန္နယ္ မက္ဆီနဲ႔ ခီလီယန္ အမ္ဘာေပတို႔ရဲ႕ ကမာၻ႔ဖလားက စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးခဲ့ေပမယ့္လည္း ဘရာဇီးလ္အသင္းကို ကာတာမွာ ဗိုလ္စြဲမယ့္အသင္းအျဖစ္ သတ္မွတ္ခဲ့ပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ ၂၄ သင္းအထိ အုပ္စု ၂ ပြဲ ကစားခဲ့ၿပီးခ်ိန္မွာ လက္ရွိကမာၻ႔ခ်န္ပီယံေတြျဖစ္တဲ့ ဒက္စ္ခ်မ့္ရဲ႕ ျပင္သစ္အသင္းသာ အုပ္စုအဆင့္မွာ ရမွတ္အမ်ားဆုံး ရယူထားႏိုင္ေသးတာျဖစ္ၿပီး ျပင္သစ္ေတြဟာ ၾသစေၾတးလ်ကို အဖြင့္ပြဲမွာ အႏိုင္ယူၿပီးေနာက္ ဒိန္းမတ္ကို ၂-၁ နဲ႔ ထပ္မံအႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၄ ႏွစ္က ႐ုရွားမွာ အမ္ဘာေပဟာ အသက္ ၁၉ ႏွစ္အ႐ြယ္မွာပဲ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ျပင္သစ္အသင္းအတြက္ ဂိုးသြင္းႏိုင္တဲ့ အသက္အငယ္ဆုံး ကစားသမားျဖစ္လာခဲ့ၿပီး ဒိန္းမတ္နဲ႔ပြဲစဥ္က သြင္းဂိုး ၂ ဂိုးေၾကာင့္ ႏိုင္ငံတကာသြင္းဂိုး ၃၁ ဂိုးအထိ ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းကလည္း ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္မွာ ေဆာ္ဒီ အာေရဗ်အသင္းကို အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့ၿပီး စေနေန႔က မကၠဆီကိုအသင္းကိုသာ ရႈံးနိမ့္ခဲ့ရင္ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲကေန ထြက္ခြာရေတာ့မယ္ဆိုတာကို သိေနခဲ့တာ ျဖစ္ပါတယ္။ လူေဆးလ္ကြင္းမွာ စိတ္ပ်က္ဖြယ္ မိနစ္ ၆၀ ကို ျဖတ္သန္းခဲ့ၿပီးေနာက္ လီယြန္နယ္ မက္ဆီက ေမွာ္ဆန္တဲ့ ေျခစြမ္းနဲ႔အတူ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားအတြက္ အႏိုင္ေသခ်ာေစမယ့္ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို အန္ဂို ဖာနန္ဒက္ဇ္သြင္းယူႏိုင္ေအာင္လည္း ဂိုးဖန္တီးမႈ ျပဳလုပ္ေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဂရီးလစ္ရွ္က မကၠဆီကိုနဲ႔ပြဲစဥ္မွာ ေမွာ္ဝင္တဲ့ ေျခစြမ္း ျပသႏိုင္ခဲ့တဲ့ လီယြန္နယ္ မက္ဆီဟာ မယုံႏိုင္ဖြယ္ေကာင္းတဲ့ ကစားသမားလို႔ ခ်ီးက်ဴးခဲ့ေပမယ့္လည္း မန္ခ်က္စတာစီးတီးၾကယ္ပြင့္က အာဂ်င္တီးနားရဲ႕ ေတာင္အေမရိကၿပိဳင္ဘက္ ဘရာဇီးလ္က ကာတာမွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးအျဖစ္ ရႈျမင္ထားဆဲျဖစ္ပါတယ္။

ဘရာဇီးလ္အသင္းဟာ အုပ္စုအဖြင့္ပြဲစဥ္မွာ ဆားဘီးယားကို အႏိုင္ယူခဲ့ၿပီးေနာက္ ယေန႔ ဆြစ္ဇာလန္နဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ပြဲစဥ္မွာ အုပ္စုပြဲစဥ္ ၂ ပြဲမွာ ႏိုင္ပြဲ ၂ ပြဲအထိ ရရွိေအာင္ ႀကိဳးပမ္းသြားေတာ့မွာျဖစ္ၿပီး ကာတာက အဂၤလန္ရဲ႕ အႀကီးမားဆုံးၿပိဳင္ဘက္ေတြထဲက အခ်ိဳ႕ကို အကဲျဖတ္ေပးဖို႔ ေမးျမန္းခဲ့ရာမွာ ဂရီးလစ္ရွ္က talkSPORT ကို အခုလိုပဲ ေျပာၾကားသြားခဲ့ပါတယ္။

“ကြၽန္ေတာ္ ႐ိုး႐ိုးသားသားေျပာရရင္ ပြဲစဥ္တိုင္းကို ၾကည့္ပါတယ္။ ကြၽန္ေတာ္တို႔ ဟိုတယ္က ေနရာတိုင္းမွာ တီဗြီေတြ ရွိပါတယ္။ တစ္ေန႔လုံး ပြဲေတြကို ၾကည့္ေနရတာက ေကာင္းပါတယ္။ ကြၽန္ေတာ္ မက္ဆီကစားတားကို ၾကည့္ခဲ့တယ္။ မယုံႏိုင္စရာေကာင္းပါတယ္။ သူက ဘာလဲဆိုတာကို ဒုတိယပိုင္းမွာ ျပသသြားခဲ့တာျဖစ္ၿပီး ၿပီးေတာ့ အမ္ဘာေပလည္း အတူတူပါပဲ”

“အရမ္းေကာင္းတဲ့ အသင္းေတြအမ်ားႀကီးရွိေနတယ္လို႔ ကြၽန္ေတာ္ထင္ၿပီး အခ်ိဳ႕အသင္းေတြက ရပ္တန႔္လို႔မရႏိုင္တဲ့ ကစားသမားတစ္ဦးရွိၾကတယ္။ ဒါေပမယ့္ ဘရာဇီးလ္က ကြၽန္ေတာ္လက္ရွိအခ်ိန္အထိ ျမင္ေတြ႕ခဲ့သမွ်ထဲမွာ အထင္ႀကီးစရာအေကာင္းဆုံးအသင္းေတြထဲက တစ္သင္းလို႔ ထင္ပါတယ္”

“သူတို႔မွာ အရည္အခ်င္းရွိတဲ့ ကစားသမားေတြ အမ်ားႀကီးရွိၿပီး အထူးသျဖင့္ တိုက္စစ္ဧရိယာေတြမွာပါ။ ခင္ဗ်ား ဘယ္သူက အႀကီးမားဆုံးၿခိမ္းေျခာက္မႈလဲလို႔ ကြၽန္ေတာ့္ကို လာေမးရင္ ဘရာဇီးလ္လို႔ပဲ ကြၽန္ေတာ္ ေျပာေကာင္း ေျပာရပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.