International Premier League World Cup

အာဆင်နယ်အသင်းဖော်တွေကို အသေဆော်မယ်လို့ ကတိပေးခဲ့တဲ့ ချာကာ

ဆွစ်ဇာလန်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့် ဂရာနစ် ချာကာက ကာတာမှာ ဆွစ်ဇာလန်က ဘရာဇီးလ်နဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အာဆင်နယ်အသင်းဖော်တွေကို အနိုင်ယူပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆက်ရှိနေမယ်လို့ ကတိပြုခဲ့ပါတယ်။

ဆွစ်ဇာလန်ဟာ ယနေ့ ၉၇၄ ကွင်းမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်တဲ့ ဘရာဇီးလ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ၂ သင်းစလုံးဟာ အုပ်စု G အဖွင့်ပွဲစဉ်က နိုင်ပွဲကို ရှေ့ဆက်ဖို့ ကြိုးပမ်းသွားကြမှာ ဖြစ်ပါတယ်။ ချာကာဟာ ကင်မရွန်းအသင်းကို ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရရှိအောင် ဆွစ်ဇာလန်အသင်းကို ကူညီပေးနိုင်ခဲ့တာဖြစ်ပြီး ဘရာဇီးလ်အသင်းကလည်း ဆားဘီးယားကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆွစ်ကွင်းလယ်လူ ချာကာက အာဆင်နယ်အသင်းဖော် ဂါဘရီယဲလ် ဂျေဆူးစ်၊ မာတီနယ်လီတို့နဲ့ ရင်ဆိုင်ကစားရချိန်မှာ အလျှော့ပေးမှာမဟုတ်ဘဲ ကာတာကို မထွက်ခွာခင် လိုအပ်ရင် ခပ်ကြမ်းကြမ်း ဆော်သွားမှာဖြစ်တယ်လို့ ၂ ယောက်စလုံးကို ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကမ္ဘာ့ဖလား ပြိုင်ပွဲမစတင်ခင်မှာ ကျွန်တော်တို့ နောက်ပြောင်ခဲ့ကြပြီး ခင်ဗျား အသင်းဖော်တွေက ခင်ဗျားနဲ့ ဆန့်ကျင်ဘက်ဖြစ်နေရင် အဲဒါက အမြဲတမ်းကောင်းမွန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ပရော်ဖက်ရှင်နယ်ဘောလုံးသမားတွေဖြစ်ပြီး မိနစ် ၉၀ အတွက်ပါပဲ”

“ကျွန်တော် မာတီနယ်လီနဲ့ ဂျေဆူးစ်တို့ကို ပြောခဲ့တယ်။ မင်းတို့ ငါတို့ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ပြီး ပြေးလွှားနေရင် ငါ မင်းကို ဆော်မှာနော်လို့ ပြောခဲ့တယ်။ ကျွန်တော်တို့ တစ်သင်းတည်းမှာ ကစားနေနေ အဲဒါက အရေးမပါပါဘူး။ ဒါက ကမ္ဘာ့ဖလားပါ။ ခင်ဗျားရဲ့အသင်းအတွက် ခင်ဗျား ကစားရမယ်။ ခင်ဗျားရဲ့ နိုင်ငံအတွက် ခင်ဗျား ကစားရမှာဖြစ်ပြီး ခင်ဗျား အနိုင်ရချင်မှာပါ။ မှန်တာပေ့ါ။ သူတို့တွေ စိုးရိမ်ခဲ့ကြတယ်။ သူတို့ ကျွန်တော့်အကြောင်းသိတယ်။ ကျွန်တော် ခင်ဗျားကို ဆော်ပြီဆိုရင်လည်း အဲဒါက တော်တော်လေး ပြင်းထန်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

ဂျေဆူးစ်ဟာ ဆားဘီးယားကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘရာဇီးလ်အတွက် နောက်ဆုံး ၁၁ မိနစ်သာ ပါဝင်ကစားပေးခဲ့ရချိန်မှာ အာဆင်နယ်အသင်းဖော် မာတီနယ်လီကလည်း ပိုမိုနောက်ကျတဲ့ လူစားဝင်ကစားသမားအဖြစ် ကစားပေးခဲ့တာ ဖြစ်ပါတယ်။

ဂျေဆူးစ်နဲ့ မာတီနယ်လီတို့ ၂ ဦးစလုံးဟာ အာဆင်နယ်ကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ၅ မှတ်အသာနဲ့ ဦးဆောင်နိုင်အောင် ကူညီပေးရာမှာ အဓိကကျခဲ့ပြီး ဂျေဆူးစ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်စီးတီးကနေ ပေါင်သန်း ၅၀ နဲ့ ပြောင်းရွှေ့ပြီးနောက်ပိုင်း ချောမွေ့တဲ့အကူးအပြောင်းကာလကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဆြစ္ဇာလန္လက္ေ႐ြးစင္ကြင္းလယ္ၾကယ္ပြင့္ ဂရာနစ္ ခ်ာကာက ကာတာမွာ ဆြစ္ဇာလန္က ဘရာဇီးလ္နဲ႔ ရင္ဆိုင္ရတဲ့အခ်ိန္မွာ အာဆင္နယ္အသင္းေဖာ္ေတြကို အႏိုင္ယူၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဆက္ရွိေနမယ္လို႔ ကတိျပဳခဲ့ပါတယ္။

ဆြစ္ဇာလန္ဟာ ယေန႔ ၉၇၄ ကြင္းမွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးျဖစ္တဲ့ ဘရာဇီးလ္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ၂ သင္းစလုံးဟာ အုပ္စု G အဖြင့္ပြဲစဥ္က ႏိုင္ပြဲကို ေရွ႕ဆက္ဖို႔ ႀကိဳးပမ္းသြားၾကမွာ ျဖစ္ပါတယ္။ ခ်ာကာဟာ ကင္မ႐ြန္းအသင္းကို က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ အႏိုင္ရရွိေအာင္ ဆြစ္ဇာလန္အသင္းကို ကူညီေပးႏိုင္ခဲ့တာျဖစ္ၿပီး ဘရာဇီးလ္အသင္းကလည္း ဆားဘီးယားကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။

ဆြစ္ကြင္းလယ္လူ ခ်ာကာက အာဆင္နယ္အသင္းေဖာ္ ဂါဘရီယဲလ္ ေဂ်ဆူးစ္၊ မာတီနယ္လီတို႔နဲ႔ ရင္ဆိုင္ကစားရခ်ိန္မွာ အေလွ်ာ့ေပးမွာမဟုတ္ဘဲ ကာတာကို မထြက္ခြာခင္ လိုအပ္ရင္ ခပ္ၾကမ္းၾကမ္း ေဆာ္သြားမွာျဖစ္တယ္လို႔ ၂ ေယာက္စလုံးကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကမာၻ႔ဖလား ၿပိဳင္ပြဲမစတင္ခင္မွာ ကြၽန္ေတာ္တို႔ ေနာက္ေျပာင္ခဲ့ၾကၿပီး ခင္ဗ်ား အသင္းေဖာ္ေတြက ခင္ဗ်ားနဲ႔ ဆန႔္က်င္ဘက္ျဖစ္ေနရင္ အဲဒါက အၿမဲတမ္းေကာင္းမြန္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔က ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားေတြျဖစ္ၿပီး မိနစ္ ၉၀ အတြက္ပါပဲ”

“ကြၽန္ေတာ္ မာတီနယ္လီနဲ႔ ေဂ်ဆူးစ္တို႔ကို ေျပာခဲ့တယ္။ မင္းတို႔ ငါတို႔ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းေတြ႕ၿပီး ေျပးလႊားေနရင္ ငါ မင္းကို ေဆာ္မွာေနာ္လို႔ ေျပာခဲ့တယ္။ ကြၽန္ေတာ္တို႔ တစ္သင္းတည္းမွာ ကစားေနေန အဲဒါက အေရးမပါပါဘူး။ ဒါက ကမာၻ႔ဖလားပါ။ ခင္ဗ်ားရဲ႕အသင္းအတြက္ ခင္ဗ်ား ကစားရမယ္။ ခင္ဗ်ားရဲ႕ ႏိုင္ငံအတြက္ ခင္ဗ်ား ကစားရမွာျဖစ္ၿပီး ခင္ဗ်ား အႏိုင္ရခ်င္မွာပါ။ မွန္တာေပ့ါ။ သူတို႔ေတြ စိုးရိမ္ခဲ့ၾကတယ္။ သူတို႔ ကြၽန္ေတာ့္အေၾကာင္းသိတယ္။ ကြၽန္ေတာ္ ခင္ဗ်ားကို ေဆာ္ၿပီဆိုရင္လည္း အဲဒါက ေတာ္ေတာ္ေလး ျပင္းထန္ပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ေဂ်ဆူးစ္ဟာ ဆားဘီးယားကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ဘရာဇီးလ္အတြက္ ေနာက္ဆုံး ၁၁ မိနစ္သာ ပါဝင္ကစားေပးခဲ့ရခ်ိန္မွာ အာဆင္နယ္အသင္းေဖာ္ မာတီနယ္လီကလည္း ပိုမိုေနာက္က်တဲ့ လူစားဝင္ကစားသမားအျဖစ္ ကစားေပးခဲ့တာ ျဖစ္ပါတယ္။

ေဂ်ဆူးစ္နဲ႔ မာတီနယ္လီတို႔ ၂ ဦးစလုံးဟာ အာဆင္နယ္ကို ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးေနရာမွာ ၅ မွတ္အသာနဲ႔ ဦးေဆာင္ႏိုင္ေအာင္ ကူညီေပးရာမွာ အဓိကက်ခဲ့ၿပီး ေဂ်ဆူးစ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ မန္စီးတီးကေန ေပါင္သန္း ၅၀ နဲ႔ ေျပာင္းေ႐ႊ႕ၿပီးေနာက္ပိုင္း ေခ်ာေမြ႕တဲ့အကူးအေျပာင္းကာလကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.