Premier League

အရန္ျဖစ္မွာစိုးလို႔ ဂိုးသမား ကီပါရဲ႕တံု႔ျပန္ပံုေတြကို လမ္းပတ္ေက်နပ္အားရ

အရန္ခံုေပၚပို႔ခံရမွာစိုးလို႔ ဂိုးသမား ကီပါ အာရီဇာဘာလာဂါရဲ႕ တံု႔ျပန္အားထုတ္ပံုေတြကို ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္က ခ်ီးက်ဴးလိုက္ပါတယ္။ စပိန္ဂိုးသမား ကီပါဟာ အာဆင္နယ္နဲ႔(၂)ဂိုးစီသေရက်ခဲ့တဲ့ပြဲတုန္းက ဂိုးေပါက္တည့္တဲ့ ကန္ခ်က္(၂)ႀကိမ္ကေန (၂)ဂိုးေပးခဲ့ရၿပီးေနာက္ လက္စတာစီးတီးနဲ႔ပြဲမွာ အရန္ခံုေပၚပို႔ခံခဲ့ရပါတယ္။

သူကံေကာင္းသြားတာက လက္စတစီးတီးနဲ႔ပြဲမွာလည္း သူ႔အစား ၀င္ဖမ္းတဲ့ အရန္ဂိုးသမား ကာဘာလီယိုက အမွားအယြင္းလုပ္ခဲ့ျပန္ပါတယ္။ ဒါေၾကာင့္ တနလၤာေန႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲမွာ ဦးစားေပးဂိုးသမားအျဖစ္ သူ ျပန္ကစားခြင့္ရဖို႔ နီးစပ္ေနပါတယ္။

“ဒါကျပင္းထန္လြန္တဲ့ ဆံုးျဖတ္ခ်က္တစ္ရပ္လို႔ မေျပာလိုပါဘူး။ လက္စတာနဲ႔ပြဲကိုေျပာရင္ ကၽြန္ေတာ္ယံုၾကည္လက္ခံထားသလို ေရြးခ်ယ္ရမွာပါ။ ဒါက အဲဒီေန႔ပြဲအတြက္ ေရြးခ်ယ္မႈတစ္ရပ္ပဲျဖစ္ပါတယ္။ ကၽြန္ေတာ့္ဘက္ကေတာ့ ေရြးခ်ယ္မႈတစ္ခုရဲ ႕ေနာက္ဆက္တြဲရလဒ္အေနနဲ႔ တစ္ဦးခ်င္းစီရဲ႕တံု႔ျပန္ပံုေတြၾကည့္ရပါမယ္။ တံု႔ျပန္ပံုေတြက ကၽြန္ေတာ္ေမွ်ာ္လင့္ခဲ့သလို ေကာင္းပါတယ္။ ႏွိမ့္ႏွိမ့္ခ်ခ်နဲ႔ သူ ျပင္းျပင္းထန္ထန္ ေလ့က်င့္တာကိုေတြ႔ခဲ့ရပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ့္အတြက္ ဆံုးျဖတ္ေပးရမယ့္အခ်ိန္ျဖစ္ေနပါတယ္”လို႔ လမ္းပတ္က ေျပာပါတယ္။

ကီပါဟာ ၂၁၈ခုႏွစ္ ၾသဂုတ္လက ဂိုးသမားေတြထဲ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္(၇၂)သန္းနဲ႔ေခၚခဲ့သူပါ။ ဒါေပမယ့္ အခုရာသီမွာ လက္စြမ္း မမွန္တာေၾကာင့္ ခ်ဲလ္ဆီးအေနနဲ႔ လာမယ့္ေႏြရာသီမွာ ဂိုးသမားသစ္တစ္ေယာက္ေခၚမယ္လို႔ေတာင္ သတင္းထြက္ေနပါတယ္။

အခုလည္းေျပာင္းေရႊ႕ေၾကးေတြကိုေမ့ထားၿပီး ပံုမွန္လက္စြမ္းမရရင္ ဘယ္ကစားသမားကိုမွ အရန္ခံုေပၚပို႔ဖို႔ ၀န္မေလးဘူးဆိုတာကို လမ္းပတ္ဘက္က သက္ေသျပလိုက္တာေၾကာင့္ ျပန္ကစားခြင့္ရတဲ့ပြဲေတြမွာသာ လက္စြမ္းမတိုးတက္လာရင္ သူ႔ရဲ႕အနာဂတ္က စိုးရိမ္စရပါပဲ။ လမ္းပတ္ကိုယ္တိုင္ကလည္း ကစားသမားေတြကို ေရြးခ်ယ္ရာမွာ တန္ေၾကးၾကည့္ၿပီး ေရြးခ်ယ္ေလ့ရွိသူမဟုတ္ဘူးလို႔ ေျပာထားပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: အရန်ခုံပေါ်ပို့ခံရမှာစိုးလို့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါရဲ့ တုံ့ပြန်အားထုတ်ပုံတွေကို ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်က ချီးကျူးလိုက်ပါတယ်။ စပိန်ဂိုးသမား ကီပါဟာ အာဆင်နယ်နဲ့(၂)ဂိုးစီသရေကျခဲ့တဲ့ပွဲတုန်းက ဂိုးပေါက်တည့်တဲ့ ကန်ချက်(၂)ကြိမ်ကနေ (၂)ဂိုးပေးခဲ့ရပြီးနောက် လက်စတာစီးတီးနဲ့ပွဲမှာ အရန်ခုံပေါ်ပို့ခံခဲ့ရပါတယ်။

သူကံကောင်းသွားတာက လက်စတစီးတီးနဲ့ပွဲမှာလည်း သူ့အစား ဝင်ဖမ်းတဲ့ အရန်ဂိုးသမား ကာဘာလီယိုက အမှားအယွင်းလုပ်ခဲ့ပြန်ပါတယ်။ ဒါကြောင့် တနင်္လာနေ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ဦးစားပေးဂိုးသမားအဖြစ် သူ ပြန်ကစားခွင့်ရဖို့ နီးစပ်နေပါတယ်။

“ဒါကပြင်းထန်လွန်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်လို့ မပြောလိုပါဘူး။ လက်စတာနဲ့ပွဲကိုပြောရင် ကျွန်တော်ယုံကြည်လက်ခံထားသလို ရွေးချယ်ရမှာပါ။ ဒါက အဲဒီနေ့ပွဲအတွက် ရွေးချယ်မှုတစ်ရပ်ပဲဖြစ်ပါတယ်။ ကျွန်တော့်ဘက်ကတော့ ရွေးချယ်မှုတစ်ခုရဲ့နောက်ဆက်တွဲရလဒ်အနေနဲ့ တစ်ဦးချင်းစီရဲ့တုံ့ပြန်ပုံတွေကြည့်ရပါမယ်။ တုံ့ပြန်ပုံတွေက ကျွန်တော်မျှော်လင့်ခဲ့သလို ကောင်းပါတယ်။ နှိမ့်နှိမ့်ချချနဲ့ သူ ပြင်းပြင်းထန်ထန် လေ့ကျင့်တာကိုတွေ့ခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော့်အတွက် ဆုံးဖြတ်ပေးရမယ့်အချိန်ဖြစ်နေပါတယ်”လို့ လမ်းပတ်က ပြောပါတယ်။

ကီပါဟာ ၂၁၈ခုနှစ် သြဂုတ်လက ဂိုးသမားတွေထဲ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၇၂)သန်းနဲ့ခေါ်ခဲ့သူပါ။ ဒါပေမယ့် အခုရာသီမှာ လက်စွမ်း မမှန်တာကြောင့် ချဲလ်ဆီးအနေနဲ့ လာမယ့်နွေရာသီမှာ ဂိုးသမားသစ်တစ်ယောက်ခေါ်မယ်လို့တောင် သတင်းထွက်နေပါတယ်။

အခုလည်းပြောင်းရွှေ့ကြေးတွေကိုမေ့ထားပြီး ပုံမှန်လက်စွမ်းမရရင် ဘယ်ကစားသမားကိုမှ အရန်ခုံပေါ်ပို့ဖို့ ဝန်မလေးဘူးဆိုတာကို လမ်းပတ်ဘက်က သက်သေပြလိုက်တာကြောင့် ပြန်ကစားခွင့်ရတဲ့ပွဲတွေမှာသာ လက်စွမ်းမတိုးတက်လာရင် သူ့ရဲ့အနာဂတ်က စိုးရိမ်စရပါပဲ။ လမ်းပတ်ကိုယ်တိုင်ကလည်း ကစားသမားတွေကို ရွေးချယ်ရာမှာ တန်ကြေးကြည့်ပြီး ရွေးချယ်လေ့ရှိသူမဟုတ်ဘူးလို့ ပြောထားပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.