International Match Report World Cup

လူစားဝင်တိုက်စစ်မှူးတွေရဲ့ ဂိုးတွေနဲ့ သရေတစ်မှတ်စီ ခွဲယူခဲ့ကြတဲ့ ဂျာမနီနဲ့ စပိန်

စပိန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အူနိုင်း ဆီမွန်၊ ခံစစ်မှာ လာပေါ့တ်၊ ရိုဒရီ၊ ကာဗာဟယ်လ်နဲ့ ဂျော်ဒီ အယ်လ်ဘာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဆာဂျီယို ဘူးစ်ကွက်စ်၊ ပက်ဒရီနဲ့ ဂါဗီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အိုလ်မို၊ အဆန်စီယိုနဲ့ ဖယ်ရန် တောရက်စ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဂျာမနီအသင်းကတော့ ဂိုးသမား နွိုင်ယာ၊ ခံစစ်မှာ ရူဒီဂါ၊ ဆူးလား၊ ခယ်ရာနဲ့ ရောင်းမ်တို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ကင်းမစ်ချ်၊ ဂေါ်ရက်ဇ်ကာနဲ့ ဂွန်ဒိုးဝမ်တို့ကို တွဲဖက်ပေးလာခဲ့ပြီး တိုက်စစ်မှာတော့ ဂနာဘရီ၊ မူစီယာလာနဲ့ မူလာတို့ ဘိုင်ယန်မြူးနစ်အတွဲကို ကစားစေခဲ့တာပါ။

ပွဲစကတည်းက စပိန်တို့ ဘောလုံးကိုင်ကစားပြီး ထိုးဖောက်နေခဲ့သလို ဂျာမနီတို့ကတော့ ခံစစ်မှာ သတိကြီးကြီးနဲ့ ပြင်ဆင်လာခဲ့ပြီး ပွဲချိန် ၇ မိနစ်မှာ စပိန်တိုက်စစ်တွဲလုံးကနေ ဘယ်ခြမ်းက ဘောလုံးရတဲ့ အိုလ်မိုရဲ့ ကန်ချက်က ကောင်းခဲ့ပေမယ့် နွိုင်ယာ ပုတ်ထုတ်သွားခဲ့တာက ဘားထိထွက်ပြီး ထောင့်ကန်ဘောဖြစ်သွားခဲ့လို့ ဂျာမနီတို့ သက်သာခဲ့ရတာဖြစ်ပါတယ်။

စပိန်တို့ရဲ့ ကစားဟန်မှာ ဂျာမနီတို့ ကောင်တာအားပြုခဲ့ရပြီး ထိုးဖောက်ဖို့ ခက်နေခဲ့သလို ဧရိယာအပြင်ကနေသာ သွေးတိုးစမ်းခဲ့ရသလို လူးဝစ် အန်ရီကေရဲ့ တိုက်စစ်မှူးစစ်စစ် မပါတဲ့ လူထုတ်ပုံက ဒီနေ့မှာတော့ သိပ်အလုပ်မဖြစ်ခဲ့သလို အဆန်စီယိုက နောက်မှာချည်း ကျန်နေခဲ့တာများပြီး ရှေ့က သူ့သမက် ဖယ်ရန် တောရက်စ်ကလည်း အဆုံးသတ်တွေမှာ လွဲချော်နေခဲ့တာပါ။

ပွဲချိန် ၃၉ မိနစ်မှာ ကင်းမစ်ချ်ရဲ့ ဖရီးကစ်ကနေ ရူဒီဂါ ခေါင်းတိုက်ဂိုးသွင်းခဲ့ပေမယ့် လူကျွံထောင်ချောက်မှာ မိနေခဲ့လို့ စပိန်တို့ သက်သာခဲ့ရသလို ဂျာမန်တွေအတွက်တော့ နစ်နာခဲ့ရပြီး ပထမပိုင်းမှာတော့ တစ်ဖက်နဲ့တစ်ဖက် ထူးထူးခြားခြား အသာစီးရတာမျိုး မရှိခဲ့လို့ ဂိုးမရှိသရေပဲ ဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၄ မိနစ်မှာတော့ အလုပ်မဖြစ်တဲ့ သမက်တော် မောင်ဖယ်ရန်အစား မိုရာတာကို နည်းပြ အန်ရီကေ ထည့်သွင်းသွားခဲ့ပြီး တစ်မိနစ်အကြာမှာတော့ ဘောလုံးအနည်းငယ်ဆိုင်းခဲ့တဲ့ လာပေါ့တ်ဆီကနေ ဧရိယာထိပ်မှာ ပျက်တဲ့ ဘောလုံးကို ဂျာမနီတိုက်စစ်က ကင်းမစ်ချ် ကန်ပေမယ့် ဂိုးသမား အူနိုင်း ဆီမွန် ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာတော့ စပိန်တို့ အဖွင့်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်တွဲလုံးကနေ ဘောလုံးရခဲ့တဲ့ အိုလ်မိုက ဘယ်ခြမ်းကို ခင်းပေးခဲ့ရာမှာ ဂျော်ဒီ အယ်လ်ဘာက ဧရိယာထဲကို လှမ်းချပေးခဲ့တာကို မိုရာတာက အချိန်မဆိုင်းဘဲ ညာခြေနဲ့ အလျင်အမြန် ထောက်ကန်သွင်းယူခဲ့လို့ ဂိုးသမား နွိုင်ယာ အငိုက်မိခဲ့ပြီး ဂိုးပေးလိုက်ရတာပါ။

ဂိုးရအပြီးမှာတော့ စပိန်ဘက်က ဂါဗီနဲ့ အဆန်စီယိုတို့အစား ကိုကီနဲ့ နီကို ဝီလီယမ်စ်တို့ ဝင်လာပြီး ကွင်းလယ်အားဖြည့်ဖို့နဲ့ ဂျာမန်တွေ ဖိကစားရင် ကောင်တာပြန်ထောက်နိုင်ဖို့ နည်းပြ အန်ရီကေ ပြင်ဆင်လာခဲ့သလို ဂျာမန်နည်းပြ ဟန်ဆီ ဖလစ်ခ်ကတော့ ခြေစွမ်းမပြနိုင်တဲ့ ခယ်ရာ၊ ဂွန်ဒိုးဝမ်နဲ့ မူလာတို့အစား ကလိုစတာမန်း၊ ဆာနေးနဲ့ ဖူးလ်ကရပ်ခ်တို့ကို ထည့်သွင်းလာခဲ့ပါတယ်။

ထင်ထားတဲ့အတိုင်းပဲ ဂျာမနီတို့ ဖိကစားလာခဲ့ပြီး တိုက်စစ်က တောင်ပံသမားလူငယ် မူစီယာလာ ရုန်းပြခဲ့သလို ဂျာမန်တိုက်စစ်မှူးစစ်စစ်ပုံစံ ကိုယ်လုံးကိုယ်ထည်ကြီးကြီး ပါဝါကောင်းကောင်းနဲ့ ဖူးလ်ကရပ်ခ်ကလည်း စပိန်ခံစစ်တွေ ဖရိုဖရဲဖြစ်အောင် ဖိအားပေးနိုင်ခဲ့သလို စပိန်ဘက်က ကောင်တာ တိုက်စစ်ပြန်စမှုတွေကိုတော့ ဘောလုံးတွေ ကျွံလာတိုင်း ဂိုးသမား နွိုင်ယာက အသက်အရွယ်နဲ့ မလိုက်အောင် ရှေ့တက်ရှင်းထုတ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၈၃ မိနစ်မှာတော့ ဂျာမနီတို့တွေ ချေပဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံးဆွဲလာပြီး စပိန်ခံစစ်ကြားကနေ ဆာနေး ခင်းပေးလိုက်တဲ့ ဘောလုံးကို မူစီယာလာက ရယူခဲ့ရာမှာ အရှိန်လွန်သွားခဲ့တာကို ဖူးလ်ကရပ်ခ်က ဖြတ်တားပြီး အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား အူနိုင်း ဆီမွန်ရဲ့ အဝေးတိုင်ထောင့်ကို ဝင်သွားခဲ့လို့ တစ်ဂိုးစီသရေကျနေခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ နှစ်သင်းစလုံး ထိန်းကစားသွားခဲ့ကြသလို ဂိုးရဖို့အတွက်တော့ သိပ်မကြိုးစားခဲ့ကြတော့ဘဲ သရေတစ်မှတ်က မျှတတဲ့ ရလဒ်လို့ ယုံကြည်ခဲ့ကြတာကြောင့် တစ်ဂိုးစီသရေနဲ့ပဲ ပြီးဆုံးခဲ့ပြီး တစ်ပွဲနိုင် တစ်ပွဲသရေ စပိန်တို့ကတော့ ဂျပန်ကို သရေကစားနိုင်ရင် အုပ်စုဗိုလ်နဲ့ နောက်တစ်ဆင့်တက်ဖို့ သေချာနိုင်မယ့်အချိန်မှာ ဂျာမနီတို့ကတော့ ကော်စတာရီကာကို တတ်နိုင်သမျှ ဂိုးသွင်းပြီး ဒုတိယနေရာရရေး ကြိုးစားသွားရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စပိန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အူႏိုင္း ဆီမြန္၊ ခံစစ္မွာ လာေပါ့တ္၊ ႐ိုဒရီ၊ ကာဗာဟယ္လ္နဲ႔ ေဂ်ာ္ဒီ အယ္လ္ဘာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆာဂ်ီယို ဘူးစ္ကြက္စ္၊ ပက္ဒရီနဲ႔ ဂါဗီတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အိုလ္မို၊ အဆန္စီယိုနဲ႔ ဖယ္ရန္ ေတာရက္စ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဂ်ာမနီအသင္းကေတာ့ ဂိုးသမား ႏြိဳင္ယာ၊ ခံစစ္မွာ ႐ူဒီဂါ၊ ဆူးလား၊ ခယ္ရာနဲ႔ ေရာင္းမ္တို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ ကင္းမစ္ခ်္၊ ေဂၚရက္ဇ္ကာနဲ႔ ဂြန္ဒိုးဝမ္တို႔ကို တြဲဖက္ေပးလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂနာဘရီ၊ မူစီယာလာနဲ႔ မူလာတို႔ ဘိုင္ယန္ျမဴးနစ္အတြဲကို ကစားေစခဲ့တာပါ။

ပြဲစကတည္းက စပိန္တို႔ ေဘာလုံးကိုင္ကစားၿပီး ထိုးေဖာက္ေနခဲ့သလို ဂ်ာမနီတို႔ကေတာ့ ခံစစ္မွာ သတိႀကီးႀကီးနဲ႔ ျပင္ဆင္လာခဲ့ၿပီး ပြဲခ်ိန္ ၇ မိနစ္မွာ စပိန္တိုက္စစ္တြဲလုံးကေန ဘယ္ျခမ္းက ေဘာလုံးရတဲ့ အိုလ္မိုရဲ႕ ကန္ခ်က္က ေကာင္းခဲ့ေပမယ့္ ႏြိဳင္ယာ ပုတ္ထုတ္သြားခဲ့တာက ဘားထိထြက္ၿပီး ေထာင့္ကန္ေဘာျဖစ္သြားခဲ့လို႔ ဂ်ာမနီတို႔ သက္သာခဲ့ရတာျဖစ္ပါတယ္။

စပိန္တို႔ရဲ႕ ကစားဟန္မွာ ဂ်ာမနီတို႔ ေကာင္တာအားျပဳခဲ့ရၿပီး ထိုးေဖာက္ဖို႔ ခက္ေနခဲ့သလို ဧရိယာအျပင္ကေနသာ ေသြးတိုးစမ္းခဲ့ရသလို လူးဝစ္ အန္ရီေကရဲ႕ တိုက္စစ္မႉးစစ္စစ္ မပါတဲ့ လူထုတ္ပုံက ဒီေန႔မွာေတာ့ သိပ္အလုပ္မျဖစ္ခဲ့သလို အဆန္စီယိုက ေနာက္မွာခ်ည္း က်န္ေနခဲ့တာမ်ားၿပီး ေရွ႕က သူ႔သမက္ ဖယ္ရန္ ေတာရက္စ္ကလည္း အဆုံးသတ္ေတြမွာ လြဲေခ်ာ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၃၉ မိနစ္မွာ ကင္းမစ္ခ်္ရဲ႕ ဖရီးကစ္ကေန ႐ူဒီဂါ ေခါင္းတိုက္ဂိုးသြင္းခဲ့ေပမယ့္ လူကြၽံေထာင္ေခ်ာက္မွာ မိေနခဲ့လို႔ စပိန္တို႔ သက္သာခဲ့ရသလို ဂ်ာမန္ေတြအတြက္ေတာ့ နစ္နာခဲ့ရၿပီး ပထမပိုင္းမွာေတာ့ တစ္ဖက္နဲ႔တစ္ဖက္ ထူးထူးျခားျခား အသာစီးရတာမ်ိဳး မရွိခဲ့လို႔ ဂိုးမရွိသေရပဲ ျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ အလုပ္မျဖစ္တဲ့ သမက္ေတာ္ ေမာင္ဖယ္ရန္အစား မိုရာတာကို နည္းျပ အန္ရီေက ထည့္သြင္းသြားခဲ့ၿပီး တစ္မိနစ္အၾကာမွာေတာ့ ေဘာလုံးအနည္းငယ္ဆိုင္းခဲ့တဲ့ လာေပါ့တ္ဆီကေန ဧရိယာထိပ္မွာ ပ်က္တဲ့ ေဘာလုံးကို ဂ်ာမနီတိုက္စစ္က ကင္းမစ္ခ်္ ကန္ေပမယ့္ ဂိုးသမား အူႏိုင္း ဆီမြန္ ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ စပိန္တို႔ အဖြင့္ဂိုးကို ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္တြဲလုံးကေန ေဘာလုံးရခဲ့တဲ့ အိုလ္မိုက ဘယ္ျခမ္းကို ခင္းေပးခဲ့ရာမွာ ေဂ်ာ္ဒီ အယ္လ္ဘာက ဧရိယာထဲကို လွမ္းခ်ေပးခဲ့တာကို မိုရာတာက အခ်ိန္မဆိုင္းဘဲ ညာေျခနဲ႔ အလ်င္အျမန္ ေထာက္ကန္သြင္းယူခဲ့လို႔ ဂိုးသမား ႏြိဳင္ယာ အငိုက္မိခဲ့ၿပီး ဂိုးေပးလိုက္ရတာပါ။

ဂိုးရအၿပီးမွာေတာ့ စပိန္ဘက္က ဂါဗီနဲ႔ အဆန္စီယိုတို႔အစား ကိုကီနဲ႔ နီကို ဝီလီယမ္စ္တို႔ ဝင္လာၿပီး ကြင္းလယ္အားျဖည့္ဖို႔နဲ႔ ဂ်ာမန္ေတြ ဖိကစားရင္ ေကာင္တာျပန္ေထာက္ႏိုင္ဖို႔ နည္းျပ အန္ရီေက ျပင္ဆင္လာခဲ့သလို ဂ်ာမန္နည္းျပ ဟန္ဆီ ဖလစ္ခ္ကေတာ့ ေျခစြမ္းမျပႏိုင္တဲ့ ခယ္ရာ၊ ဂြန္ဒိုးဝမ္နဲ႔ မူလာတို႔အစား ကလိုစတာမန္း၊ ဆာေနးနဲ႔ ဖူးလ္ကရပ္ခ္တို႔ကို ထည့္သြင္းလာခဲ့ပါတယ္။

ထင္ထားတဲ့အတိုင္းပဲ ဂ်ာမနီတို႔ ဖိကစားလာခဲ့ၿပီး တိုက္စစ္က ေတာင္ပံသမားလူငယ္ မူစီယာလာ ႐ုန္းျပခဲ့သလို ဂ်ာမန္တိုက္စစ္မႉးစစ္စစ္ပုံစံ ကိုယ္လုံးကိုယ္ထည္ႀကီးႀကီး ပါဝါေကာင္းေကာင္းနဲ႔ ဖူးလ္ကရပ္ခ္ကလည္း စပိန္ခံစစ္ေတြ ဖ႐ိုဖရဲျဖစ္ေအာင္ ဖိအားေပးႏိုင္ခဲ့သလို စပိန္ဘက္က ေကာင္တာ တိုက္စစ္ျပန္စမႈေတြကိုေတာ့ ေဘာလုံးေတြ ကြၽံလာတိုင္း ဂိုးသမား ႏြိဳင္ယာက အသက္အ႐ြယ္နဲ႔ မလိုက္ေအာင္ ေရွ႕တက္ရွင္းထုတ္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ ဂ်ာမနီတို႔ေတြ ေခ်ပဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေဘာလုံးဆြဲလာၿပီး စပိန္ခံစစ္ၾကားကေန ဆာေနး ခင္းေပးလိုက္တဲ့ ေဘာလုံးကို မူစီယာလာက ရယူခဲ့ရာမွာ အရွိန္လြန္သြားခဲ့တာကို ဖူးလ္ကရပ္ခ္က ျဖတ္တားၿပီး အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား အူႏိုင္း ဆီမြန္ရဲ႕ အေဝးတိုင္ေထာင့္ကို ဝင္သြားခဲ့လို႔ တစ္ဂိုးစီသေရက်ေနခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ႏွစ္သင္းစလုံး ထိန္းကစားသြားခဲ့ၾကသလို ဂိုးရဖို႔အတြက္ေတာ့ သိပ္မႀကိဳးစားခဲ့ၾကေတာ့ဘဲ သေရတစ္မွတ္က မွ်တတဲ့ ရလဒ္လို႔ ယုံၾကည္ခဲ့ၾကတာေၾကာင့္ တစ္ဂိုးစီသေရနဲ႔ပဲ ၿပီးဆုံးခဲ့ၿပီး တစ္ပြဲႏိုင္ တစ္ပြဲသေရ စပိန္တို႔ကေတာ့ ဂ်ပန္ကို သေရကစားႏိုင္ရင္ အုပ္စုဗိုလ္နဲ႔ ေနာက္တစ္ဆင့္တက္ဖို႔ ေသခ်ာႏိုင္မယ့္အခ်ိန္မွာ ဂ်ာမနီတို႔ကေတာ့ ေကာ္စတာရီကာကို တတ္ႏိုင္သမွ် ဂိုးသြင္းၿပီး ဒုတိယေနရာရေရး ႀကိဳးစားသြားရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.