International Match Report World Cup

ဒေးဗီးစ်ဂိုးနဲ့ ဦးဆောင်တဲ့ ကနေဒါကို နောက်က လိုက်သိပ်ပြီး အနိုင်ယူခဲ့တဲ့ ခရိုအေးရှား

ခရိုအေးရှားအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား လီဗာကိုဗစ်ချ်၊ ခံစစ်မှာ လိုဗရန်၊ ဂွါဒီယောလ်၊ ဆိုဆာနဲ့ ယူရာနိုဗစ်ချ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မိုဒရစ်ချ်၊ ကိုဗာချစ်ချ်နဲ့ ဘရိုဇိုဗစ်ချ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပါရီရှစ်ချ်၊ လီဗာယာနဲ့ ကရာမာရစ်ချ်တို့ကို ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။

ကနေဒါအသင်းကတော့ ဂိုးသမား ဘော်ယန်၊ ခံစစ်မှာ မေးလား၊ ဗစ်တိုးရီးယား၊ ဂျွန်စတန်နဲ့ လာရီးယားတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ဟတ်ချင်ဆန်၊ အူစတာကီးယို၊ ဘူချာနန်နဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ်တို့ကို တွဲဖက်ပေးခဲ့ကြပြီး တိုက်စစ်မှာတော့ ဒေးဗစ်နဲ့ လာရင်တို့ကို တင်ကစားလာခဲ့တာပါ။

ပွဲချိန် ၂ မိနစ်မှာကတည်းက ကနေဒါတို့ စောစောစီးစီး ဂိုးရသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ခရိုအေးရှားတို့ ကစားကွက် တည်မရခင်မှာပဲ ညာခြမ်းက ဘူချာနန်ရဲ့ ဖြတ်တင်ပေးပို့မှုကို ဘိုင်ယန်မြူးနစ် နောက်ခံလူ ဒေးဗီးစ်က ဘယ်ခြမ်းကနေ ပြေးဝင်ခေါင်းတိုက်ခဲ့ရာမှာ နောက်ခံလူ ယူရာနိုဗစ်ချ်ရဲ့ မလှုပ်နိုင်ဘဲ ဆွံ့အနေမှုကြောင့် ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ကနေဒါတို့အနေနဲ့ ဒေးဗီးစ်နဲ့ ဒေးဗစ်တို့ရဲ့ အမြန်နှုန်းနဲ့ ခရိုအေးရှားနောက်တန်းကို ဖြိုခွဲဖို့ ကြိုးစားနေပေမယ့် စနစ်တကျ လူကျွံဘော ဖမ်းကစားမှုက အကောင်အထည် မပေါ်ဘဲ ဖြစ်ခဲ့ရပြီး မိုဒရစ်ချ်တို့အုပ်စုရဲ့ အချိတ်အဆက် သိပ်မမိမှုတွေကတော့ သူတို့ကို ချေပဂိုးရဖို့ အတော်လေး အချိန်ယူခဲ့ရစေတာပါ။

ပွဲချိန် ၃၆ မိနစ်မှာတော့ ခရိုအေးရှားတို့ ချေပဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဖိကစားနေတဲ့ ကွင်းလယ်တွဲလုံးရဲ့ ဘယ်ခြမ်းကနေ ပါရီရှစ်ချ်က ဧရိယာထဲကို ခင်းပေးခဲ့ရာမှာ ကရာမာရစ်ချ်က ဘယ်ခြေနဲ့ အနိမ့်ဘော ထောင့်ဖြတ်ကန်သွင်းပြီး ပြီးခဲ့တဲ့ ၁၀ မိနစ်က လူကျွံဘော သတ်မှတ်ပြီး မရခဲ့တဲ့ ဂိုးအတွက် လက်စားပြန်ချေနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၄ မိနစ်မှာတော့ ခရိုအေးရှားတို့ပဲ နောက်ကနေ ပြန်လည်ဦးဆောင်သွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာတောင်ပံကနေ အတွင်းအထိ ဆွဲဝင်သွားခဲ့တဲ့ နောက်ခံအစွန်လူ ယူရာနိုဗစ်ချ်က ကနေဒါခံစစ်တန်းကြားကနေ ထိုးပေးတာကို တိုက်စစ်မှူး လီဗာယာက ဘယ်ဘက်တိုင်ခြေကို အနိမ့်ဘော အပြင်းကန်သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းအစမှာတော့ လာရင်နဲ့ အူစတာကီးယိုတို့အစား အိုဆော်ရီယိုနဲ့ ကိုနေးတို့ကို ကနေဒါဘက်က လဲကစားလာခဲ့ပြီး ၄-၅-၁ ပုံစံ ပြောင်းကစားသွားခဲ့သလို ခရိုအေးရှားတို့နဲ့ ကွင်းလယ်ချင်းပြိုင်ပြီး ချေပဂိုးရဖို့ ကြိုးစားနေခဲ့ပေမယ့် ဥရောပသားတွေအနေနဲ့ အပြန်အလှန်ကစားပြီး ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ ခရိုအေးရှားတို့ အနိုင်သေချာစေမယ့် တတိယဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်က ဘရိုဇိုဗစ်ချ် ပေးတဲ့ ဘောလုံးကို ဘယ်ခြမ်းကနေ ပါရီရှစ်ချ်က ဧရိယာထဲ လှမ်းမ,ပေးခဲ့ရာမှာ ကရာမာရစ်ချ်က သေသပ်တိကျတဲ့ အထိန်းအသိမ်းနဲ့ ကနေဒါနောက်ခံလူ မေးလားကို ခေါက်ပြီးမှ ဘယ်ဘက်တိုင်ခြေကို ကန်သွင်းယူနိုင်ခဲ့လို့ သုံးဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

ခရိုအေးရှားတို့ဘက်က လီဗာယာ၊ ကရာမာရစ်ချ်၊ မိုဒရစ်ချ်၊ ကိုဗာချစ်ချ်နဲ့ ပါရီရှစ်ချ်တို့အစား ပက်ကိုဗစ်ချ်၊ ဗလာရှစ်ချ်၊ ပါရှာလစ်ချ်၊ မေယာနဲ့ အော်ရှစ်ချ်တို့ကို လူစားလဲကစားသွားခဲ့ကြသလို ကနေဒါတို့ဘက်ကတော့ လာရီယာ၊ ဒေးဗစ်နဲ့ ဟတ်ချင်ဆန်တို့အစား ဟွိုင်းလက်၊ ကာဗယ်လီနီနဲ့ အဒီကူဘီတို့ကို ထည့်သွင်းပြီး ဒေးဗီးစ်ကို Inverted Winger ပုံစံနဲ့ လက်ကျန်ပွဲချိန်တွေမှာ ချေပနိုင်ဖို့ ကြိုးစားလာခဲ့ကြပါတယ်။

ဒီအတွက် ခံစစ်မှာ နေရာလွတ်တွေများစွာ ဖြစ်ပေါ်နေခဲ့တာကြောင့် ခရိုအေးရှားတို့ ကောင်တာကနေ အခွင့်အရေးတွေ မကြာခဏ ရရှိနေခဲ့ပြီး နာကျင်အချိန်ပို ၄ မိနစ်မှာတော့ နောက်ခံလူ မေးလားရဲ့ အမှားကနေ အော်ရှစ်ချ်က ဘောလုံးရယူသွားနိုင်ခဲ့ပြီး ဂိုးသမားနဲ့ 2 Vs 1 တွေတဲ့ အနေအထားမှာ တစ်ကိုယ်ကောင်းမဆန်ဘဲ ဖန်တီးပေးခဲ့ရာမှာ ဘေးက လိုက်လာတဲ့ မေယာက ကန်သွင်းအဆုံးသတ်သွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ခရိုအေးရှားတို့က ကနေဒါတို့ကို လေးဂိုး-တစ်ဂိုးနဲ့ အပြတ်အသတ် အနိုင်ယူသွားနိုင်ခဲ့ကြပြီး အုပ်စု(F)ရဲ့ ထိပ်ဆုံးကနေ အဖွင့်ပွဲစဉ်မှာ သူတို့နဲ့ ဂိုးမရှိသရေကျထားတဲ့ မော်ရိုကိုတို့နဲ့ တစ်ပွဲနိုင် တစ်ပွဲသရေ၊ ရမှတ် ၄ မှတ်ချင်း တူညီနေချိန်မှာ ဂိုးကွာခြားချက်နဲ့ ဦးဆောင်လိုက်ပြီး နောက်ဆုံးပွဲမှာ ဘယ်လ်ဂျီယမ်ကို မရှုံးရင် နောက်တစ်ဆင့်တက်ဖို့ သေချာနိုင်မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရိုအေးရှားအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား လီဗာကိုဗစ်ခ်ျ၊ ခံစစ်မှာ လိုဗရန်၊ ဂွါဒီယောလ်၊ ဆိုဆာနဲ့ ယူရာနိုဗစ်ခ်ျတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မိုဒရစ်ခ်ျ၊ ကိုဗာချစ်ခ်ျနဲ့ ဘရိုဇိုဗစ်ခ်ျတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပါရီရှစ်ခ်ျ၊ လီဗာယာနဲ့ ကရာမာရစ်ခ်ျတို့ကို ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။


ပွဲချိန် ၂ မိနစ်မှာကတည်းက ကနေဒါတို့ စောစောစီးစီး ဂိုးရသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ခရိုအေးရှားတို့ ကစားကွက် တည်မရခင်မှာပဲ ညာခြမ်းက ဘူချာနန်ရဲ့ ဖြတ်တင်ပေးပို့မှုကို ဘိုင်ယန်မြူးနစ် နောက်ခံလူ ဒေးဗီးစ်က ဘယ်ခြမ်းကနေ ပြေးဝင်ခေါင်းတိုက်ခဲ့ရာမှာ နောက်ခံလူ ယူရာနိုဗစ်ခ်ျရဲ့ မလှုပ်နိုင်ဘဲ ဆွံ့အနေမှုကြောင့် ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ကနေဒါတို့အနေနဲ့ ဒေးဗီးစ်နဲ့ ဒေးဗစ်တို့ရဲ့ အမြန်နှုန်းနဲ့ ခရိုအေးရှားနောက်တန်းကို ဖြိုခွဲဖို့ ကြိုးစားနေပေမယ့် စနစ်တကျ လူကျွံဘော ဖမ်းကစားမှုက အကောင်အထည် မပေါ်ဘဲ ဖြစ်ခဲ့ရပြီး မိုဒရစ်ခ်ျတို့အုပ်စုရဲ့ အချိတ်အဆက် သိပ်မမိမှုတွေကတော့ သူတို့ကို ချေပဂိုးရဖို့ အတော်လေး အချိန်ယူခဲ့ရစေတာပါ။

ပွဲချိန် ၃၆ မိနစ်မှာတော့ ခရိုအေးရှားတို့ ချေပဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဖိကစားနေတဲ့ ကွင်းလယ်တွဲလုံးရဲ့ ဘယ်ခြမ်းကနေ ပါရီရှစ်ခ်ျက ဧရိယာထဲကို ခင်းပေးခဲ့ရာမှာ ကရာမာရစ်ခ်ျက ဘယ်ခြေနဲ့ အနိမ့်ဘော ထောင့်ဖြတ်ကန်သွင်းပြီး ပြီးခဲ့တဲ့ ၁၀ မိနစ်က လူကျွံဘော သတ်မှတ်ပြီး မရခဲ့တဲ့ ဂိုးအတွက် လက်စားပြန်ချေနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၄ မိနစ်မှာတော့ ခရိုအေးရှားတို့ပဲ နောက်ကနေ ပြန်လည်ဦးဆောင်သွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာတောင်ပံကနေ အတွင်းအထိ ဆွဲဝင်သွားခဲ့တဲ့ နောက်ခံအစွန်လူ ယူရာနိုဗစ်ခ်ျက ကနေဒါခံစစ်တန်းကြားကနေ ထိုးပေးတာကို တိုက်စစ်မှူး လီဗာယာက ဘယ်ဘက်တိုင်ခြေကို အနိမ့်ဘော အပြင်းကန်သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။


ပွဲချိန် မိနစ် ၇၀ မှာတော့ ခရိုအေးရှားတို့ အနိုင်သေချာစေမယ့် တတိယဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်က ဘရိုဇိုဗစ်ခ်ျ ပေးတဲ့ ဘောလုံးကို ဘယ်ခြမ်းကနေ ပါရီရှစ်ခ်ျက ဧရိယာထဲ လှမ်းမ,ပေးခဲ့ရာမှာ ကရာမာရစ်ခ်ျက သေသပ်တိကျတဲ့ အထိန်းအသိမ်းနဲ့ ကနေဒါနောက်ခံလူ မေးလားကို ခေါက်ပြီးမှ ဘယ်ဘက်တိုင်ခြေကို ကန်သွင်းယူနိုင်ခဲ့လို့ သုံးဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

ခရိုအေးရှားတို့ဘက်က လီဗာယာ၊ ကရာမာရစ်ခ်ျ၊ မိုဒရစ်ခ်ျ၊ ကိုဗာချစ်ခ်ျနဲ့ ပါရီရှစ်ခ်ျတို့အစား ပက်ကိုဗစ်ခ်ျ၊ ဗလာရှစ်ခ်ျ၊ ပါရှာလစ်ခ်ျ၊ မေယာနဲ့ အော်ရှစ်ခ်ျတို့ကို လူစားလဲကစားသွားခဲ့ကြသလို ကနေဒါတို့ဘက်ကတော့ လာရီယာ၊ ဒေးဗစ်နဲ့ ဟတ်ချင်ဆန်တို့အစား ဟွိုင်းလက်၊ ကာဗယ်လီနီနဲ့ အဒီကူဘီတို့ကို ထည့်သွင်းပြီး ဒေးဗီးစ်ကို Inverted Winger ပုံစံနဲ့ လက်ကျန်ပွဲချိန်တွေမှာ ချေပနိုင်ဖို့ ကြိုးစားလာခဲ့ကြပါတယ်။

ဒီအတွက် ခံစစ်မှာ နေရာလွတ်တွေများစွာ ဖြစ်ပေါ်နေခဲ့တာကြောင့် ခရိုအေးရှားတို့ ကောင်တာကနေ အခွင့်အရေးတွေ မကြာခဏ ရရှိနေခဲ့ပြီး နာကျင်အချိန်ပို ၄ မိနစ်မှာတော့ နောက်ခံလူ မေးလားရဲ့ အမှားကနေ အော်ရှစ်ခ်ျက ဘောလုံးရယူသွားနိုင်ခဲ့ပြီး ဂိုးသမားနဲ့ 2 Vs 1 တွေတဲ့ အနေအထားမှာ တစ်ကိုယ်ကောင်းမဆန်ဘဲ ဖန်တီးပေးခဲ့ရာမှာ ဘေးက လိုက်လာတဲ့ မေယာက ကန်သွင်းအဆုံးသတ်သွားနိုင်ခဲ့တာပါ။


REF: INTERNET SOURCES
SPORTS A2Z.