Match Report Serie A

အဓိကပြိုင်ဘက် အေစီကို အနိုင်ယူပြီး အကြိမ် ၂၀ မြောက် စကူဒက်တိုချန်ပီယံဖြစ်ခဲ့တဲ့ အင်တာ

အင်တာမီလန်ဟာ တနင်္လာနေ့ညက အဓိကပြိုင်ဘက်နဲ့ အနီးကပ်ဆုံး စိန်ခေါ်သူတွေဖြစ်တဲ့ အေစီမီလန်ကို သမိုင်းဝင် ဒါဘီဒယ်လာမက်ဒွန်နီနာမှာ ၂-၁ နဲ့ အနိုင်ယူပြီး အကြိမ် ၂၀ မြောက် စီးရီးအေဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဖရန်ဆက်စ်ကို အေဆာဘီက လူကပ်မခံထားရဘဲ ပါဗက်ရဲ့ ထောင့်ကန်ဘောကနေ ချပေးလိုက်တဲ့ဘောလုံးကို ခေါင်းတိုက်သွင်းယူပြီး အင်တာမီလန်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

မားကပ်စ် သူရမ်က အဝေးဘော ကန်တင်ပေးလိုက်တာကို ရယူပြီး အတွင်းကို ချိုးဝင်ပြီးနောက် ဂိုးအောက်ထောင့်ထဲကို အပြင်းကန်သွင်းယူပြီး ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်နောက်ခံလူ တိုမိုရီက အေစီမီလန်တို့ ပြန်လာနိုင်ဖို့ မျှော်လင့်ချက်ပေးတဲ့အနေနဲ့ အနီးကပ်ခေါင်းတိုက်ချက်နဲ့ ချေပဂိုး သွင်းယူပေးခဲ့ပေမယ့်လည်း ပြန်မလာနိုင်တော့ဘဲ ပွဲက နာကျင်အချိန်ပိုမှာ အနီကတ် ၃ ကတ်ထိခဲ့တဲ့အထိ ပွဲကြမ်းခဲ့ပါတယ်။

သီယို ဟာနန်ဒက်ဇ်နဲ့ ဒန်ဇယ် ဒမ်ဖရီးစ်တို့ဟာ ခိုက်ရန်ဖြစ်ပွားခဲ့မှုကြောင့် ထုတ်ပယ်ခံခဲ့ရပြီး အေစီမီလန်ဘက်က အသင်းခေါင်းဆောင် ကာလာဘရီယာက ကြမ်းတမ်းတဲ့ အပြုအမူကြောင့် ထပ်အထုတ်ခံခဲ့ရလို့ အေစီမီလန်တို့ ၂ ယောက်လျော့ခဲ့ရပါတယ်။

အင်တာမီလန်ကစားသမားတွေနဲ့ နည်းပြတွေဟာ ပွဲပြီး ဝီစီမှုတ်ချိန်မှာတော့ ကွင်းအတွင်းကို ဝင်ရောက်အောင်ပွဲခံခဲ့ပြီး အေစီမီလန်ဟာ ဒီပွဲအတွက် အိမ်ရှင်ဖြစ်ပေမယ့်လည်း အိမ်ကွင်းကို မျှဝေသုံးစွဲနေရတာဖြစ်လို့ အင်တာရဲ့ အိမ်ကွင်းဆိုလည်း ဟုတ်ပါတယ်။

ဒုတိယနေရာက အေစီမီလန်ဟာ ၅ ပွဲကစားဖို့သာ ကျန်တော့ချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးက အင်တာမီလန်နဲ့ ၁၇ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပြီး အင်တာမီလန်ဟာ မာတီနက်ဇ်ရဲ့ အပိုင်အလုံး လွဲချော်မှုနဲ့ ကယ်ဟာနိုလူရဲ့ ကန်ချက် မိုင်နမ် ပုတ်ထုတ်ကာကွယ်သွားနိုင်မှုတို့ကြောင့်သာ နောက်ထပ် ဂိုးတွေ ထပ်မရခဲ့တာဖြစ်ပါတယ်။

တနင်္လာနေ့ညဟာ စီးရီးအေဖလားကို ၁၁၆ နှစ်အတွင်း မီလန်ဒါဘီမှာ ပထမဆုံး အနိုင်ရရှိခဲ့တာဖြစ်ပြီး အင်တာမီလန်ဟာ အေစီမီလန်ရဲ့ စီးရီးအေ ၁၉ ကြိမ်ကို အကြိမ် ၂၀ နဲ့ ကျော်တက်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ အင်တာမီလန်အတွက် ဒီစကူဒက်တိုဖလားဟာ ၂၀၂၁ ခုနှစ်က ကွန်တီ လက်ထက်မှာ နောက်ဆုံးအနိုင်ရရှိခဲ့ပြီးနောက် ၂၀၁၀ နောက်ပိုင်း ဒုတိယအကြိမ်မြောက် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အင္တာမီလန္ဟာ တနလၤာေန႔ညက အဓိကၿပိဳင္ဘက္နဲ႔ အနီးကပ္ဆုံး စိန္ေခၚသူေတြျဖစ္တဲ့ ေအစီမီလန္ကို သမိုင္းဝင္ ဒါဘီဒယ္လာမက္ဒြန္နီနာမွာ ၂-၁ နဲ႔ အႏိုင္ယူၿပီး အႀကိမ္ ၂၀ ေျမာက္ စီးရီးေအဖလားကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဖရန္ဆက္စ္ကို ေအဆာဘီက လူကပ္မခံထားရဘဲ ပါဗက္ရဲ႕ ေထာင့္ကန္ေဘာကေန ခ်ေပးလိုက္တဲ့ေဘာလုံးကို ေခါင္းတိုက္သြင္းယူၿပီး အင္တာမီလန္အတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

မားကပ္စ္ သူရမ္က အေဝးေဘာ ကန္တင္ေပးလိုက္တာကို ရယူၿပီး အတြင္းကို ခ်ိဳးဝင္ၿပီးေနာက္ ဂိုးေအာက္ေထာင့္ထဲကို အျပင္းကန္သြင္းယူၿပီး ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အဂၤလန္ေနာက္ခံလူ တိုမိုရီက ေအစီမီလန္တို႔ ျပန္လာႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေပးတဲ့အေနနဲ႔ အနီးကပ္ေခါင္းတိုက္ခ်က္နဲ႔ ေခ်ပဂိုး သြင္းယူေပးခဲ့ေပမယ့္လည္း ျပန္မလာႏိုင္ေတာ့ဘဲ ပြဲက နာက်င္အခ်ိန္ပိုမွာ အနီကတ္ ၃ ကတ္ထိခဲ့တဲ့အထိ ပြဲၾကမ္းခဲ့ပါတယ္။

သီယို ဟာနန္ဒက္ဇ္နဲ႔ ဒန္ဇယ္ ဒမ္ဖရီးစ္တို႔ဟာ ခိုက္ရန္ျဖစ္ပြားခဲ့မႈေၾကာင့္ ထုတ္ပယ္ခံခဲ့ရၿပီး ေအစီမီလန္ဘက္က အသင္းေခါင္းေဆာင္ ကာလာဘရီယာက ၾကမ္းတမ္းတဲ့ အျပဳအမူေၾကာင့္ ထပ္အထုတ္ခံခဲ့ရလို႔ ေအစီမီလန္တို႔ ၂ ေယာက္ေလ်ာ့ခဲ့ရပါတယ္။

အင္တာမီလန္ကစားသမားေတြနဲ႔ နည္းျပေတြဟာ ပြဲၿပီး ဝီစီမႈတ္ခ်ိန္မွာေတာ့ ကြင္းအတြင္းကို ဝင္ေရာက္ေအာင္ပြဲခံခဲ့ၿပီး ေအစီမီလန္ဟာ ဒီပြဲအတြက္ အိမ္ရွင္ျဖစ္ေပမယ့္လည္း အိမ္ကြင္းကို မွ်ေဝသုံးစြဲေနရတာျဖစ္လို႔ အင္တာရဲ႕ အိမ္ကြင္းဆိုလည္း ဟုတ္ပါတယ္။

ဒုတိယေနရာက ေအစီမီလန္ဟာ ၅ ပြဲကစားဖို႔သာ က်န္ေတာ့ခ်ိန္မွာ အမွတ္ေပးဇယားထိပ္ဆုံးက အင္တာမီလန္နဲ႔ ၁၇ မွတ္အထိ ကြာဟသြားခဲ့ၿပီျဖစ္ၿပီး အင္တာမီလန္ဟာ မာတီနက္ဇ္ရဲ႕ အပိုင္အလုံး လြဲေခ်ာ္မႈနဲ႔ ကယ္ဟာႏိုလူရဲ႕ ကန္ခ်က္ မိုင္နမ္ ပုတ္ထုတ္ကာကြယ္သြားႏိုင္မႈတို႔ေၾကာင့္သာ ေနာက္ထပ္ ဂိုးေတြ ထပ္မရခဲ့တာျဖစ္ပါတယ္။

တနလၤာေန႔ညဟာ စီးရီးေအဖလားကို ၁၁၆ ႏွစ္အတြင္း မီလန္ဒါဘီမွာ ပထမဆုံး အႏိုင္ရရွိခဲ့တာျဖစ္ၿပီး အင္တာမီလန္ဟာ ေအစီမီလန္ရဲ႕ စီးရီးေအ ၁၉ ႀကိမ္ကို အႀကိမ္ ၂၀ နဲ႔ ေက်ာ္တက္ႏိုင္ခဲ့ၿပီလည္း ျဖစ္ပါတယ္။ အင္တာမီလန္အတြက္ ဒီစကူဒက္တိုဖလားဟာ ၂၀၂၁ ခုႏွစ္က ကြန္တီ လက္ထက္မွာ ေနာက္ဆုံးအႏိုင္ရရွိခဲ့ၿပီးေနာက္ ၂၀၁၀ ေနာက္ပိုင္း ဒုတိယအႀကိမ္ေျမာက္ ရရွိခဲ့တာလည္း ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.