International World Cup

ဒီအိုဂို ကော်စတာကြောင့် အသက်ထွက်မလို ဖြစ်ခဲ့ကြတဲ့ ပေါ်တူဂီအသင်း

ဒီအိုဂို ကော်စတာ ဖြစ်စဉ်ကို ပေါ်တူဂီအရန်ခုံက အသင်းဖော်တွေရဲ့ တုံ့ပြန်မှုက ရယ်မောဖွယ်ဖြစ်ခဲ့ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကလည်း ကိုယ့်မျက်လုံးကိုယ်မယုံနိုင်ဖြစ်ခဲ့ပုံပေါ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ပေါ်တူဂီအသင်းဟာ ကြာသပတေးနေ့က ဂါနာကို ၃-၂ နဲ့ စိတ်လှုပ်ရှားဖွယ် နိုင်ပွဲနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို စတင်ခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒို၊ ဂျာအို ဖီလစ်၊ ရာဖေးလ် လီအိုတို့ဟာ ပေါ်တူဂီအတွက် ဂိုးသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ အန်ဒရေး အာရူး၊ အော့စမန် ဘူကာရီတို့က ဂါနာအတွက် ဂိုးတွေ သွင်းယူပေးခဲ့ကြပြီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်တွေမှာ ပေါ်တူဂီဂိုးသမားက ကြီးမားတဲ့ လွဲချော်မှုကြီး ပြုလုပ်ခဲ့ချိန်မှာ တစ်ဖက် ၃ ဂိုးစီ ညီမျှလုနီးပါး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအိုဂို ကော်စတာဟာ နောက်မှာ အီနာကီ ဝီလီယံရှိနေတာကို မသိဘဲနဲ့ ဘောလုံးကို မြေပေါ် လှိမ့်ချလိုက်တာပြီး ဂါနာတိုက်စစ်မှူးက ဘောလုံးကို ဝင်လုခဲ့ပေမယ့်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းတော့ မရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကော်စတာဟာ ကွင်းထဲက အသင်းဖော်တွေကိုသာမက အရန်ခုံက ပေါ်တူဂီအသင်းတွေကိုပါ အလွန်ကြီးမားတဲ့ ကြောက်ရွံ့မှုကြီး ဖြစ်စေခဲ့တာဖြစ်ပြီး ကွင်းဘေးက ပေါ်တူဂီကစားသမားတွေရဲ့ တုံ့ပြန်ပုံဟာ မယုံနိုင်လောက်စရာ ကောင်းခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ကော်စတာ ဘောလုံးလှိမ့်ချလိုက်တာကို မြင်တွေ့ခဲ့ရချိန်မှာ ခေါင်းကို လက်နဲ့အုပ်ပြီး မယုံနိုင်လောက်အောင် အံ့အားသင့်နေတဲ့ပုံစံနဲ့ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးကြယ်ပွင့် ဘာနာဒို ဆေးလ်ဗားကလည်း တော်တော်လေး ထိတ်လန့်တုန်လှုပ်နေခဲ့ပုံပေါ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဒါလော့တ်ကလည်း ဘောင်းဘီတိုကို အပေါ်ဆွဲတင်ပြီး ပါးစပ်အဟောင်းသားနဲ့ ကြည့်နေခဲ့တာဖြစ်ပါတယ်။

ဂျာအို ဖီလစ်နဲ့ ရူဘင် နက်ဗက်စ်တို့ကလည်း မယုံနိုင်ဟန်နဲ့ ကြက်သေ သေနေခဲ့ကြပြီး ပီပီနဲ့ ဖာနန်ဒို ဆန်းတို့စ်တို့လည်း ကော်စတာရဲ့ ဆိုးရွားတဲ့ လွဲချော်မှုကြောင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအိုဂို ကားလို့စ်ရဲ့ အမှားက ဂါနာအသင်းကို ဂိုးမပေးခဲ့ရပေမယ့်လည်း ရော်နယ်လ်ဒိုဟာ ပွဲအပြီးမှာတော့ အသင်းဖော်ဂိုးသမားကို နှစ်သိမ့်ပေးခဲ့တာဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် ပေါ်တိုဂိုးသမားကို “ငါတို့တွေ အနိုင်ရသွားပြီ။ မင်း ရယ်ရမယ်။ ငါတို့တွေ အနိုင်ရခဲ့ပြီ။ နောက်ထပ်နိုင်ပွဲရဖို့ ငါတို့တွေ ဆက်သွားမယ်။ မင်း ရယ်နိုင်ပြီ။ သွားကြရအောင်။ ငါတို့ အနိုင်ရခဲ့ပြီ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီအိုဂို ေကာ္စတာ ျဖစ္စဥ္ကို ေပၚတူဂီအရန္ခုံက အသင္းေဖာ္ေတြရဲ႕ တုံ႔ျပန္မႈက ရယ္ေမာဖြယ္ျဖစ္ခဲ့ၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကလည္း ကိုယ့္မ်က္လုံးကိုယ္မယုံႏိုင္ျဖစ္ခဲ့ပုံေပၚခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ေပၚတူဂီအသင္းဟာ ၾကာသပေတးေန႔က ဂါနာကို ၃-၂ နဲ႔ စိတ္လႈပ္ရွားဖြယ္ ႏိုင္ပြဲနဲ႔အတူ ကမာၻ႔ဖလားၿပိဳင္ပြဲကို စတင္ခဲ့တာျဖစ္ၿပီး ေရာ္နယ္လ္ဒို၊ ဂ်ာအို ဖီလစ္၊ ရာေဖးလ္ လီအိုတို႔ဟာ ေပၚတူဂီအတြက္ ဂိုးသြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။ အန္ဒေရး အာ႐ူး၊ ေအာ့စမန္ ဘူကာရီတို႔က ဂါနာအတြက္ ဂိုးေတြ သြင္းယူေပးခဲ့ၾကၿပီး နာက်င္အခ်ိန္ပို ေနာက္ဆုံးမိနစ္ေတြမွာ ေပၚတူဂီဂိုးသမားက ႀကီးမားတဲ့ လြဲေခ်ာ္မႈႀကီး ျပဳလုပ္ခဲ့ခ်ိန္မွာ တစ္ဖက္ ၃ ဂိုးစီ ညီမွ်လုနီးပါး ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ဒီအိုဂို ေကာ္စတာဟာ ေနာက္မွာ အီနာကီ ဝီလီယံရွိေနတာကို မသိဘဲနဲ႔ ေဘာလုံးကို ေျမေပၚ လွိမ့္ခ်လိုက္တာၿပီး ဂါနာတိုက္စစ္မႉးက ေဘာလုံးကို ဝင္လုခဲ့ေပမယ့္လည္း ဂိုးသြင္းယူႏိုင္ခဲ့ျခင္းေတာ့ မရွိခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေကာ္စတာဟာ ကြင္းထဲက အသင္းေဖာ္ေတြကိုသာမက အရန္ခုံက ေပၚတူဂီအသင္းေတြကိုပါ အလြန္ႀကီးမားတဲ့ ေၾကာက္႐ြံ႕မႈႀကီး ျဖစ္ေစခဲ့တာျဖစ္ၿပီး ကြင္းေဘးက ေပၚတူဂီကစားသမားေတြရဲ႕ တုံ႔ျပန္ပုံဟာ မယုံႏိုင္ေလာက္စရာ ေကာင္းခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ေကာ္စတာ ေဘာလုံးလွိမ့္ခ်လိုက္တာကို ျမင္ေတြ႕ခဲ့ရခ်ိန္မွာ ေခါင္းကို လက္နဲ႔အုပ္ၿပီး မယုံႏိုင္ေလာက္ေအာင္ အံ့အားသင့္ေနတဲ့ပုံစံနဲ႔ ပါးစပ္အေဟာင္းသား ျဖစ္ေနခဲ့တာ ျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးၾကယ္ပြင့္ ဘာနာဒို ေဆးလ္ဗားကလည္း ေတာ္ေတာ္ေလး ထိတ္လန႔္တုန္လႈပ္ေနခဲ့ပုံေပၚခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူ ဒါေလာ့တ္ကလည္း ေဘာင္းဘီတိုကို အေပၚဆြဲတင္ၿပီး ပါးစပ္အေဟာင္းသားနဲ႔ ၾကည့္ေနခဲ့တာျဖစ္ပါတယ္။

ဂ်ာအို ဖီလစ္နဲ႔ ႐ူဘင္ နက္ဗက္စ္တို႔ကလည္း မယုံႏိုင္ဟန္နဲ႔ ၾကက္ေသ ေသေနခဲ့ၾကၿပီး ပီပီနဲ႔ ဖာနန္ဒို ဆန္းတို႔စ္တို႔လည္း ေကာ္စတာရဲ႕ ဆိုး႐ြားတဲ့ လြဲေခ်ာ္မႈေၾကာင့္ ေျခမကိုင္မိ လက္မကိုင္မိ ျဖစ္ခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီအိုဂို ကားလို႔စ္ရဲ႕ အမွားက ဂါနာအသင္းကို ဂိုးမေပးခဲ့ရေပမယ့္လည္း ေရာ္နယ္လ္ဒိုဟာ ပြဲအၿပီးမွာေတာ့ အသင္းေဖာ္ဂိုးသမားကို ႏွစ္သိမ့္ေပးခဲ့တာျဖစ္ၿပီး အသက္ ၂၃ ႏွစ္အ႐ြယ္ ေပၚတိုဂိုးသမားကို “ငါတို႔ေတြ အႏိုင္ရသြားၿပီ။ မင္း ရယ္ရမယ္။ ငါတို႔ေတြ အႏိုင္ရခဲ့ၿပီ။ ေနာက္ထပ္ႏိုင္ပြဲရဖို႔ ငါတို႔ေတြ ဆက္သြားမယ္။ မင္း ရယ္ႏိုင္ၿပီ။ သြားၾကရေအာင္။ ငါတို႔ အႏိုင္ရခဲ့ၿပီ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.