International Match Report World Cup

မက်ဆီတို့ ရှုံးခဲ့တဲ့ ဆော်ဒီကို ပညာပေးလိုက်တဲ့ လီဗန်ဒေါ့ဗ်စကီးရဲ့ ပိုလန်

ပိုလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရှချက်စနီ၊ ခံစစ်မှာ ဂလစ်ခ်၊ ကီဗီယာ၊ ဘီရီရှင်စကီးနဲ့ မတ်တီကတ်ရှ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ခရာဟိုဗီယက်ခ်၊ ဘီလစ်ခ်၊ ဖရန်ကော့ဗ်စကီးနဲ့ ဇီလင်စကီးတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ လီဗန်ဒေါ့ဗ်စကီးနဲ့ မီလစ်ခ်တို့ကို တွဲပြီး မက္ကဆီကိုနဲ့ပွဲကလို မဟုတ်ဘဲ တိုက်စစ်ကစားဖို့ ပြင်ဆင်လာခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသခံ ဆော်ဒီအသင်းကတော့ ဂိုးသမား အယ်လ်အိုဝေးစ်၊ ခံစစ်မှာ အယ်လ်အမ်မရီ၊ အယ်လ်ဘူလိုင်ဟီ၊ အက်ဘ်ဒူလ်ဟာမစ်နဲ့ အယ်လ်ဘူရက်ခ်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ အယ်လ်မာလ်ကီ၊ ကန်နို၊ အယ်လ်နာဂျီ၊ အယ်လ်ဘရီကန်နဲ့ အယ်လ်ဒေါ်ဆာရီတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အယ်လ်ရှာရီတစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ဆော်ဒီတို့အနေနဲ့ အာဂျင်တီးနားနဲ့တုန်းက ဘောလုံးကိုင်ကစားတဲ့ ပြိုင်ဘက်ကို Pressing ကောင်းကောင်းနဲ့ ဖိအားပေးနိုင်ခဲ့ပေမယ့် ဒီနေ့မှာတော့ သူတို့ကို ဘောလုံးပေးကိုင်တဲ့ ပိုလန်နဲ့ တွေ့ဆုံချိန်မှာ ပရီးမီးယားလိဂ်က Passive အသင်း စပါးစ်လိုပဲ ဖြစ်ခဲ့ပြီး ခြေထဲမှာ ဘောလုံးရှိပေမယ့် ထိထိရောက်ရောက် မကစားနိုင်ဘဲဖြစ်ခဲ့ရပါတယ်။

ဥရောပရဲ့ ဝါရင့်တိုက်စစ်မှူးနှစ်ယောက်ကို တင်ကစားခဲ့တဲ့ ပိုလန်ကတော့ သူတို့အားကိုးနဲ့ တောင်ပံတွေကနေ ဖြတ်တင်ဘောကို ပြုလုပ်ခဲ့ပြီး ဘောလုံးကိုင်ကစားနေတဲ့ ဆော်ဒီတို့ကတော့ ပွဲချိန် ၁၃ မိနစ်မှာ ဧရိယာထိပ်ကနေ အပြင်းကန်သွင်းတဲ့ ကွင်းလယ်လူ ကန်နိုရဲ့ ခြိမ်းခြောက်မှုနဲ့ ရှချက်စနီကို စတင်သွေးတိုးစမ်းခဲ့တာပါ။

ဆော်ဒီတို့အနေနဲ့ ကန်ခွင့်တော်တော်များများကို ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးရသွားတာကတော့ ပိုလန်တို့ပဲဖြစ်ခဲ့ပြီး ပွဲချိန် ၃၉ မိနစ်မှာ ကောင်တာကနေ တောင်ပံက ချိုးပေးတာကို ပြေးပိတ်တဲ့ လီဗန်ဒေါ့ဗ်စကီးက ဂိုးသမားနဲ့ ငြိပြီး ထွက်လာတဲ့ ဘောလုံးကို ဂိုးရှေ့ပြန်ပို့ပေးရာမှာ ကွင်းလယ်လူ ဇီလင်စကီးက ပိတ်သွင်းနိုင်ခဲ့လို့ ဥရောပသားတွေ စတင်ဦးဆောင်နိုင်ခဲ့တာပါ။

ပွဲချိန် ၄၃ မိနစ်မှာ ဆော်ဒီတိုက်စစ်မှူး အယ်လ်ရှာရီကို ဧရိယာထဲမှာ နောက်ကနေ လက်နဲ့ ဆွဲတဲ့ ဘီလစ်ခ်ကြောင့် VAR ပြန်ကြည့်ပြီး ပေးခဲ့တဲ့ ပင်နယ်တီကို နာကျင်အချိန်ပို ၁ မိနစ်မှာ ကွင်းလယ်လူ အယ်လ်ဒေါ်ဆာရီက ဘယ်ဘက်အောက်ထောင့်ကို ကန်သွင်းခဲ့ပေမယ့် ဂိုးသမား ရှချက်စနီက မှန်မှန်ကန်ကန် ဒိုက်ပစ်ပြီး ပုတ်ထုတ်ခဲ့သလို နောက်က လိုက်လာတဲ့ အယ်လ်နာဂျီရဲ့ ပိတ်သွင်းမှုကိုပါ ဆက်တိုက်ကာကွယ်သွားခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၁၀ မိနစ်အထိ ပေးခဲ့တဲ့ ပထမပိုင်းမှာ ပိုလန်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ဆော်ဒီတို့ပဲ ဘောလုံး ကိုင်ကစားပြီး ပွဲကို စီးထားခဲ့ပေမယ့် မက္ကဆီကိုနဲ့ပွဲက မတူတဲ့ လူစာရင်းမှာ ကွင်းလယ်အထိုင်ကို ခရာဟိုဗီယက်ခ်နဲ့ ဘီလစ်ခ်တို့ကို တွဲပေးထားခဲ့တဲ့ ပိုလန် အဖျက်ကစားကွက်ကြောင့် ခံစစ်ကစားချိန်မှာ ဗဟိုနောက်ခံလူ လေးယောက်ရှိသလိုဖြစ်နေခဲ့ပြီး ဖြတ်တင်ဘောတွေမှာ အသာစီးမရဘဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၆၃ မိနစ်မှာ ဘယ်ခြမ်းက ဖရန်ကော့ဗ်စကီးရဲ့ ဖြတ်တင်ဘောကနေ မီလစ်ခ် ခေါင်းတိုက်တာ ဘားထိထွက်ခဲ့လို့ ပိုလန်တို့ နစ်နာခဲ့ရပြီး ဆော်ဒီတို့ရဲ့ ပြန်လာဖို့ မျှော်လင့်ချက်တွေ အသက်ဆက်ခဲ့သလို ဒီနောက်မှာတော့ ဇီလင်စကီးအစား ကာမင်စကီးနဲ့ မီလစ်ခ်အစား ပီယွန်တက်ခ်တို့ကို လဲကစားခဲ့ပြီး ပွဲချိန် ၆၅ မိနစ်မှာတော့ လီဗန်ဒေါ့ဗ်စကီးရဲ့ အနီးကပ်ပိတ်သွင်းမှုကို ဂိုးသမား အယ်လ်အူဝေးစ် ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၂ မိနစ်မှာတော့ ဆော်ဒီတို့ ကံဆိုးသွားခဲ့ပြီး ဘယ်သူမပြု မိမိမှုဆိုသလို နောက်ပြန်ပေးတဲ့ ဘောလုံးကို ပေါ့ပေါ့ဆဆ ထိန်းသိမ်းခဲ့တဲ့ ကွင်းလယ်လူ အယ်လ်မာလ်ကီရဲ့ အမှားကနေ ဂိုးထပ်ပေးခဲ့ရသလို ဒီဂိုးကိုတော့ လီဗန်ဒေါ့ဗ်စကီးက စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲဆိုသလိုပဲ လွတ်လာတဲ့ ဘောလုံးကို ဖြတ်ယူပြီး ဂိုးသမား မကာကွယ်နိုင်ခင်မှာ လက်အောက်ကနေ ကန်သွင်းယူသွားခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ဆော်ဒီခံစစ်အမှားကနေ လီဗန်ဒေါ့ဗ်စကီး တစ်ကြိမ် အခွင့်အရေးထပ်ရခဲ့ပေမယ့် ဂိုးသမား အယ်လ်အူဝေးစ် ထပ်မံ ကာကွယ်သွားနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပိုလန်တို့ ကျေနပ်ခဲ့ရပြီး ပွဲချိန်အပြည့်မှာတော့ ဆော်ဒီတို့ကို ကျော်ဖြတ်နိုင်ခဲ့ပြီး နှစ်ပွဲကစား တစ်ပွဲနိုင် တစ်ပွဲသရေ ရမှတ် ၄ မှတ်နဲ့ အာဂျင်တီးနားနဲ့ မတွေ့ခင်မှာ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်တွေ ပိုင်ဆိုင်သွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပိုလန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရွခ်က္စနီ၊ ခံစစ္မွာ ဂလစ္ခ္၊ ကီဗီယာ၊ ဘီရီရွင္စကီးနဲ႔ မတ္တီကတ္ရွ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ခရာဟိုဗီယက္ခ္၊ ဘီလစ္ခ္၊ ဖရန္ေကာ့ဗ္စကီးနဲ႔ ဇီလင္စကီးတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ လီဗန္ေဒါ့ဗ္စကီးနဲ႔ မီလစ္ခ္တို႔ကို တြဲၿပီး မကၠဆီကိုနဲ႔ပြဲကလို မဟုတ္ဘဲ တိုက္စစ္ကစားဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

အေရွ႕အလယ္ပိုင္း ေဒသခံ ေဆာ္ဒီအသင္းကေတာ့ ဂိုးသမား အယ္လ္အိုေဝးစ္၊ ခံစစ္မွာ အယ္လ္အမ္မရီ၊ အယ္လ္ဘူလိုင္ဟီ၊ အက္ဘ္ဒူလ္ဟာမစ္နဲ႔ အယ္လ္ဘူရက္ခ္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ အယ္လ္မာလ္ကီ၊ ကန္ႏို၊ အယ္လ္နာဂ်ီ၊ အယ္လ္ဘရီကန္နဲ႔ အယ္လ္ေဒၚဆာရီတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အယ္လ္ရွာရီတစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

ေဆာ္ဒီတို႔အေနနဲ႔ အာဂ်င္တီးနားနဲ႔တုန္းက ေဘာလုံးကိုင္ကစားတဲ့ ၿပိဳင္ဘက္ကို Pressing ေကာင္းေကာင္းနဲ႔ ဖိအားေပးႏိုင္ခဲ့ေပမယ့္ ဒီေန႔မွာေတာ့ သူတို႔ကို ေဘာလုံးေပးကိုင္တဲ့ ပိုလန္နဲ႔ ေတြ႕ဆုံခ်ိန္မွာ ပရီးမီးယားလိဂ္က Passive အသင္း စပါးစ္လိုပဲ ျဖစ္ခဲ့ၿပီး ေျခထဲမွာ ေဘာလုံးရွိေပမယ့္ ထိထိေရာက္ေရာက္ မကစားႏိုင္ဘဲျဖစ္ခဲ့ရပါတယ္။

ဥေရာပရဲ႕ ဝါရင့္တိုက္စစ္မႉးႏွစ္ေယာက္ကို တင္ကစားခဲ့တဲ့ ပိုလန္ကေတာ့ သူတို႔အားကိုးနဲ႔ ေတာင္ပံေတြကေန ျဖတ္တင္ေဘာကို ျပဳလုပ္ခဲ့ၿပီး ေဘာလုံးကိုင္ကစားေနတဲ့ ေဆာ္ဒီတို႔ကေတာ့ ပြဲခ်ိန္ ၁၃ မိနစ္မွာ ဧရိယာထိပ္ကေန အျပင္းကန္သြင္းတဲ့ ကြင္းလယ္လူ ကန္ႏိုရဲ႕ ၿခိမ္းေျခာက္မႈနဲ႔ ရွခ်က္စနီကို စတင္ေသြးတိုးစမ္းခဲ့တာပါ။

ေဆာ္ဒီတို႔အေနနဲ႔ ကန္ခြင့္ေတာ္ေတာ္မ်ားမ်ားကို ဖန္တီးႏိုင္ခဲ့ေပမယ့္ ဂိုးရသြားတာကေတာ့ ပိုလန္တို႔ပဲျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၃၉ မိနစ္မွာ ေကာင္တာကေန ေတာင္ပံက ခ်ိဳးေပးတာကို ေျပးပိတ္တဲ့ လီဗန္ေဒါ့ဗ္စကီးက ဂိုးသမားနဲ႔ ၿငိၿပီး ထြက္လာတဲ့ ေဘာလုံးကို ဂိုးေရွ႕ျပန္ပို႔ေပးရာမွာ ကြင္းလယ္လူ ဇီလင္စကီးက ပိတ္သြင္းႏိုင္ခဲ့လို႔ ဥေရာပသားေတြ စတင္ဦးေဆာင္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၄၃ မိနစ္မွာ ေဆာ္ဒီတိုက္စစ္မႉး အယ္လ္ရွာရီကို ဧရိယာထဲမွာ ေနာက္ကေန လက္နဲ႔ ဆြဲတဲ့ ဘီလစ္ခ္ေၾကာင့္ VAR ျပန္ၾကည့္ၿပီး ေပးခဲ့တဲ့ ပင္နယ္တီကို နာက်င္အခ်ိန္ပို ၁ မိနစ္မွာ ကြင္းလယ္လူ အယ္လ္ေဒၚဆာရီက ဘယ္ဘက္ေအာက္ေထာင့္ကို ကန္သြင္းခဲ့ေပမယ့္ ဂိုးသမား ရွခ်က္စနီက မွန္မွန္ကန္ကန္ ဒိုက္ပစ္ၿပီး ပုတ္ထုတ္ခဲ့သလို ေနာက္က လိုက္လာတဲ့ အယ္လ္နာဂ်ီရဲ႕ ပိတ္သြင္းမႈကိုပါ ဆက္တိုက္ကာကြယ္သြားခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၁၀ မိနစ္အထိ ေပးခဲ့တဲ့ ပထမပိုင္းမွာ ပိုလန္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့သလို ဒုတိယပိုင္းမွာလည္း ေဆာ္ဒီတို႔ပဲ ေဘာလုံး ကိုင္ကစားၿပီး ပြဲကို စီးထားခဲ့ေပမယ့္ မကၠဆီကိုနဲ႔ပြဲက မတူတဲ့ လူစာရင္းမွာ ကြင္းလယ္အထိုင္ကို ခရာဟိုဗီယက္ခ္နဲ႔ ဘီလစ္ခ္တို႔ကို တြဲေပးထားခဲ့တဲ့ ပိုလန္ အဖ်က္ကစားကြက္ေၾကာင့္ ခံစစ္ကစားခ်ိန္မွာ ဗဟိုေနာက္ခံလူ ေလးေယာက္ရွိသလိုျဖစ္ေနခဲ့ၿပီး ျဖတ္တင္ေဘာေတြမွာ အသာစီးမရဘဲျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၆၃ မိနစ္မွာ ဘယ္ျခမ္းက ဖရန္ေကာ့ဗ္စကီးရဲ႕ ျဖတ္တင္ေဘာကေန မီလစ္ခ္ ေခါင္းတိုက္တာ ဘားထိထြက္ခဲ့လို႔ ပိုလန္တို႔ နစ္နာခဲ့ရၿပီး ေဆာ္ဒီတို႔ရဲ႕ ျပန္လာဖို႔ ေမွ်ာ္လင့္ခ်က္ေတြ အသက္ဆက္ခဲ့သလို ဒီေနာက္မွာေတာ့ ဇီလင္စကီးအစား ကာမင္စကီးနဲ႔ မီလစ္ခ္အစား ပီယြန္တက္ခ္တို႔ကို လဲကစားခဲ့ၿပီး ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ လီဗန္ေဒါ့ဗ္စကီးရဲ႕ အနီးကပ္ပိတ္သြင္းမႈကို ဂိုးသမား အယ္လ္အူေဝးစ္ ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ေဆာ္ဒီတို႔ ကံဆိုးသြားခဲ့ၿပီး ဘယ္သူမျပဳ မိမိမႈဆိုသလို ေနာက္ျပန္ေပးတဲ့ ေဘာလုံးကို ေပါ့ေပါ့ဆဆ ထိန္းသိမ္းခဲ့တဲ့ ကြင္းလယ္လူ အယ္လ္မာလ္ကီရဲ႕ အမွားကေန ဂိုးထပ္ေပးခဲ့ရသလို ဒီဂိုးကိုေတာ့ လီဗန္ေဒါ့ဗ္စကီးက စားရကံႀကဳံေတာ့ မုတ္ဆိတ္ပ်ားစြဲဆိုသလိုပဲ လြတ္လာတဲ့ ေဘာလုံးကို ျဖတ္ယူၿပီး ဂိုးသမား မကာကြယ္ႏိုင္ခင္မွာ လက္ေအာက္ကေန ကန္သြင္းယူသြားခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ေဆာ္ဒီခံစစ္အမွားကေန လီဗန္ေဒါ့ဗ္စကီး တစ္ႀကိမ္ အခြင့္အေရးထပ္ရခဲ့ေပမယ့္ ဂိုးသမား အယ္လ္အူေဝးစ္ ထပ္မံ ကာကြယ္သြားႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ပိုလန္တို႔ ေက်နပ္ခဲ့ရၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ ေဆာ္ဒီတို႔ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီး ႏွစ္ပြဲကစား တစ္ပြဲႏိုင္ တစ္ပြဲသေရ ရမွတ္ ၄ မွတ္နဲ႔ အာဂ်င္တီးနားနဲ႔ မေတြ႕ခင္မွာ ေနာက္တစ္ဆင့္တက္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြ ပိုင္ဆိုင္သြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.