International Match Report World Cup

အဆုံးသတ်ညံ့ဖျင်းတဲ့ တူနီးရှားကို ခံစစ်ကစားပုံကောင်းနဲ့ အနိုင်ယူတဲ့ သြစတြေးလျ

ယနေ့ညနေ ၄ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ တူနီးရှားနဲ့ သြစတြေးလျတို့ရဲ့ပွဲစဉ်မှာ သြစတြေးလျအသင်းက ပထမပိုင်းက ဦးဆောင်ဂိုးကြောင့် ၁-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်း ၂၁ မိနစ်မှာ ဒရေဂါရဲ့ ၂၅ ကိုက်အကွာက ကန်ချက်က ကောင်းမွန်ခဲ့ပေမယ့်လည်း ဂိုးဘားတန်းအပေါ်ကို ကျော်သွားခဲ့တာကြောင့် တူနီးရှားတို့ ပထမဆုံးရရှိခဲ့တဲ့ အခွင့်အရေးကို လွဲချော်ခဲ့ပါတယ်။ ၂၃ မိနစ်မှာ ဂွတ်ဒ်ဝင်းက ဘယ်တောင်ပံကနေ ဂိုးရှေ့ကို ဖြတ်တင်ပေးပို့ခဲ့ရာမှာ လူထိလမ်းကြောင်းပြောင်းသွားခဲ့ပြီး ဒုခ်က ဂိုးညာဘက်ထောင့်ကို ခေါင်းတိုက်သွင်းယူပြီး သြစတြေးလျတို့ ဦးဆောင်ဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီးနောက်ပိုင်း သြစတြေးလျအသင်းက ကစားကွက် အသာစီး ပိုမို ရရှိလာခဲ့ပြီး ၃၄ မိနစ်မှာ ဂွတ်ဒ်ဝင်းက ညာတောင်ပံကနေ ချိုးပေးလိုက်တဲ့ဘောလုံးကို အာဗင်းကန်သွင်းယူခဲ့ရာမှာ ညာဘက်ဂိုးတိုင်ဘေးကို ဝိုက်ထွက်သွားခဲ့ပါတယ်။ တူနီးရှားအသင်းကလည်း ချေပဂိုး ပြန်လည်သွင်းယူဖို့ သြစတြေးလျရဲ့ အလစ်ကို ချောင်းကစားနေခဲ့ပြီး ၃၈ မိနစ်မှာ မစ်ဆက်ခ်နီက သြစတြေးလျ ပင်နယ်တီဧရိယာထဲမှာ နောက်ခံလူတွေကို လှည့်ပြီး ဂိုးကန်သွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း သြစတြေးလျနောက်ခံက ပိတ်ဆို့သွားခဲ့ပါတယ်။

၄၁ မိနစ်မှာ သြစတြေးလျနောက်ခံလူ ဆုတာ ဒရေဂါရဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းမှုကို အရေးကြီးတဲ့ ပိတ်ဆို့မှု ပြုလုပ်နိုင်ခဲ့ပြီး တူနီးရှားဟာ ဘယ်တောင်ပံကနေ လျင်လျင်မြန်မြန် လက်ပစ်ဘောပေးခဲ့ရာမှာ ဂျီဘာလီက ဒရေဂါကို ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆုတာက ဒရေဂါရဲ့ ဂိုးကန်သွင်းချက်ကို လျှောထိုးပိတ်ဆို့ခဲ့တာကြောင့် ဂိုးပေါက်ဘေးကို ဝိုက်သွားခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းပြီးဆုံးခါနီးမှာ သြစတြေးလျအသင်းအတွက် အလွတ်တည်ကန်ဘောကနေ ဂွတ်ဒ်ဝင်းက ပင်နယ်တီဧရိယာထဲ ဖြတ်တင်ပေးပို့လိုက်ရာမှာ ဒုခ်က အလွန်ကောင်းမွန်တဲ့ ခေါင်းတိုက်ချက်နဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း တူနီးရှားဂိုးသမား ဒါမန်းဆီ တန်းတန်းမတ်မတ် ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၄၈ မိနစ်မှာ အမ်ဆက်ခ်နီဟာ ညာတောင်ပံကနေ ဂျီဘာလီ ချိုးပေးလိုက်တဲ့ဘောလုံးကို ညာခြေနဲ့ ကန်သွင်းခဲ့ရာမှာ ညာဘက်ဂိုးတိုင်ဘေးကို ဝိုက်ထွက်သွားခဲ့တာကြောင့် တူနီးရှားတို့ နောက်ထပ်အခွင့်အရေးကောင်းတစ်ခုကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ တူနီးရှားက ချေပဂိုးရရှိဖို့အတွက် အရှိန်မြှင့်တင်လာခဲ့ပြီး ၆၆ မိနစ်မှာ အမ်ဆက်ခ်နီက ဂျီဘာလီနဲ့ အလွန်ကောင်းမွန်တဲ့ အပေးအယူပြုလုပ်ပြီး ကန်သွင်းခဲ့ပေမယ့်လည်း သြစတြေးလျကွင်းလယ်လူ မွိုင်းက ပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။

၇၂ မိနစ်မှာ အမ်ဆက်ခ်နီက တစ်မိနစ်အတွင်းမှာ သြစတြေးလျဂိုးသမား ရိုင်ယန်ကို ၂ ကြိမ်အထိ စမ်းသပ်ခဲ့ပြီး ပထမတစ်ကြိမ်မှာ ပင်နယ်တီဧရိယာဘယ်အစွန်က ကန်သွင်းခဲ့ရာမှာ ငြင်းပယ်ခံခဲ့ရပြီးနောက် ပြန်ထွက်လာတဲ့ဘောလုံးကို အတွင်းကို ချိုးဝင်ပြီး ညာခြေနဲ့ ထပ်မံကန်သွင်းရာမှာ ရိုင်ယန်က ကာကွယ်နိုင်ခဲ့ပြန်တာဖြစ်ပါတယ်။

တူနီးရှားအသင်းဟာ ယနေ့ပွဲစဉ်မှာ ဂိုးပေါက်ကန်သွင်းမှု ၁၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေများနေခဲ့တာကြောင့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိဘဲ သြစတြေးလျအသင်းက ဂိုးပေါက် ၂ ကြိမ်သာ တည့်ခဲ့ရာမှာ ၁ ဂိုးရရှိပြီး အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယေန႔ညေန ၄ နာရီ ၃၀ မိနစ္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ တူနီးရွားနဲ႔ ၾသစေၾတးလ်တို႔ရဲ႕ပြဲစဥ္မွာ ၾသစေၾတးလ်အသင္းက ပထမပိုင္းက ဦးေဆာင္ဂိုးေၾကာင့္ ၁-၀ နဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

ပထမပိုင္း ၂၁ မိနစ္မွာ ဒေရဂါရဲ႕ ၂၅ ကိုက္အကြာက ကန္ခ်က္က ေကာင္းမြန္ခဲ့ေပမယ့္လည္း ဂိုးဘားတန္းအေပၚကို ေက်ာ္သြားခဲ့တာေၾကာင့္ တူနီးရွားတို႔ ပထမဆုံးရရွိခဲ့တဲ့ အခြင့္အေရးကို လြဲေခ်ာ္ခဲ့ပါတယ္။ ၂၃ မိနစ္မွာ ဂြတ္ဒ္ဝင္းက ဘယ္ေတာင္ပံကေန ဂိုးေရွ႕ကို ျဖတ္တင္ေပးပို႔ခဲ့ရာမွာ လူထိလမ္းေၾကာင္းေျပာင္းသြားခဲ့ၿပီး ဒုခ္က ဂိုးညာဘက္ေထာင့္ကို ေခါင္းတိုက္သြင္းယူၿပီး ၾသစေၾတးလ်တို႔ ဦးေဆာင္ဂိုး ရရွိသြားခဲ့တာျဖစ္ပါတယ္။

ဦးေဆာင္ဂိုး ရရွိသြားခဲ့ၿပီးေနာက္ပိုင္း ၾသစေၾတးလ်အသင္းက ကစားကြက္ အသာစီး ပိုမို ရရွိလာခဲ့ၿပီး ၃၄ မိနစ္မွာ ဂြတ္ဒ္ဝင္းက ညာေတာင္ပံကေန ခ်ိဳးေပးလိုက္တဲ့ေဘာလုံးကို အာဗင္းကန္သြင္းယူခဲ့ရာမွာ ညာဘက္ဂိုးတိုင္ေဘးကို ဝိုက္ထြက္သြားခဲ့ပါတယ္။ တူနီးရွားအသင္းကလည္း ေခ်ပဂိုး ျပန္လည္သြင္းယူဖို႔ ၾသစေၾတးလ်ရဲ႕ အလစ္ကို ေခ်ာင္းကစားေနခဲ့ၿပီး ၃၈ မိနစ္မွာ မစ္ဆက္ခ္နီက ၾသစေၾတးလ် ပင္နယ္တီဧရိယာထဲမွာ ေနာက္ခံလူေတြကို လွည့္ၿပီး ဂိုးကန္သြင္းယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ၾသစေၾတးလ်ေနာက္ခံက ပိတ္ဆို႔သြားခဲ့ပါတယ္။

၄၁ မိနစ္မွာ ၾသစေၾတးလ်ေနာက္ခံလူ ဆုတာ ဒေရဂါရဲ႕ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းမႈကို အေရးႀကီးတဲ့ ပိတ္ဆို႔မႈ ျပဳလုပ္ႏိုင္ခဲ့ၿပီး တူနီးရွားဟာ ဘယ္ေတာင္ပံကေန လ်င္လ်င္ျမန္ျမန္ လက္ပစ္ေဘာေပးခဲ့ရာမွာ ဂ်ီဘာလီက ဒေရဂါကို ေပးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဆုတာက ဒေရဂါရဲ႕ ဂိုးကန္သြင္းခ်က္ကို ေလွ်ာထိုးပိတ္ဆို႔ခဲ့တာေၾကာင့္ ဂိုးေပါက္ေဘးကို ဝိုက္သြားခဲ့တာျဖစ္ပါတယ္။ ပထမပိုင္းၿပီးဆုံးခါနီးမွာ ၾသစေၾတးလ်အသင္းအတြက္ အလြတ္တည္ကန္ေဘာကေန ဂြတ္ဒ္ဝင္းက ပင္နယ္တီဧရိယာထဲ ျဖတ္တင္ေပးပို႔လိုက္ရာမွာ ဒုခ္က အလြန္ေကာင္းမြန္တဲ့ ေခါင္းတိုက္ခ်က္နဲ႔ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း တူနီးရွားဂိုးသမား ဒါမန္းဆီ တန္းတန္းမတ္မတ္ ေရာက္ရွိသြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပို ၄၈ မိနစ္မွာ အမ္ဆက္ခ္နီဟာ ညာေတာင္ပံကေန ဂ်ီဘာလီ ခ်ိဳးေပးလိုက္တဲ့ေဘာလုံးကို ညာေျခနဲ႔ ကန္သြင္းခဲ့ရာမွာ ညာဘက္ဂိုးတိုင္ေဘးကို ဝိုက္ထြက္သြားခဲ့တာေၾကာင့္ တူနီးရွားတို႔ ေနာက္ထပ္အခြင့္အေရးေကာင္းတစ္ခုကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာ တူနီးရွားက ေခ်ပဂိုးရရွိဖို႔အတြက္ အရွိန္ျမႇင့္တင္လာခဲ့ၿပီး ၆၆ မိနစ္မွာ အမ္ဆက္ခ္နီက ဂ်ီဘာလီနဲ႔ အလြန္ေကာင္းမြန္တဲ့ အေပးအယူျပဳလုပ္ၿပီး ကန္သြင္းခဲ့ေပမယ့္လည္း ၾသစေၾတးလ်ကြင္းလယ္လူ မြိဳင္းက ပိတ္ဆို႔ခဲ့တာ ျဖစ္ပါတယ္။

၇၂ မိနစ္မွာ အမ္ဆက္ခ္နီက တစ္မိနစ္အတြင္းမွာ ၾသစေၾတးလ်ဂိုးသမား ႐ိုင္ယန္ကို ၂ ႀကိမ္အထိ စမ္းသပ္ခဲ့ၿပီး ပထမတစ္ႀကိမ္မွာ ပင္နယ္တီဧရိယာဘယ္အစြန္က ကန္သြင္းခဲ့ရာမွာ ျငင္းပယ္ခံခဲ့ရၿပီးေနာက္ ျပန္ထြက္လာတဲ့ေဘာလုံးကို အတြင္းကို ခ်ိဳးဝင္ၿပီး ညာေျခနဲ႔ ထပ္မံကန္သြင္းရာမွာ ႐ိုင္ယန္က ကာကြယ္ႏိုင္ခဲ့ျပန္တာျဖစ္ပါတယ္။

တူနီးရွားအသင္းဟာ ယေန႔ပြဲစဥ္မွာ ဂိုးေပါက္ကန္သြင္းမႈ ၁၄ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း အဆုံးသတ္ပိုင္းမွာ လိုအပ္ခ်က္ေတြမ်ားေနခဲ့တာေၾကာင့္ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ျခင္းမရွိဘဲ ၾသစေၾတးလ်အသင္းက ဂိုးေပါက္ ၂ ႀကိမ္သာ တည့္ခဲ့ရာမွာ ၁ ဂိုးရရွိၿပီး အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.