International World Cup

မက်ဆီ၊ ရော်နယ်လ်ဒိုတို့နဲ့ နေမာကို နှိုင်းယှဉ်ပြီး ပရိသတ်တွေကို ဝေဖန်ခဲ့တဲ့ ရာဖင်ညာ

ဘရာဇီးလ်ကြယ်ပွင့် ရာဖင်ညာက လီယွန်နယ် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ သက်ဆိုင်ရာနိုင်ငံတွေမှာ ချီးကျူးဂုဏ်ပြုခံနေရချိန်မှာ ဘရာဇီးလ်ပရိသတ်တွေက နေမာကို မလေးမစားပြုမူနေတာကို မြင်တွေ့ရတဲ့အတွက် စိတ်ပျက်ခဲ့ပါတယ်။

ဘရာဇီးလ်ဟာ ကြာသပတေးနေ့က ဆားဘီးယားကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကို ၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အဖြစ် စတင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ရစ်ချာလီဆန်ရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် အနိုင် ၃ မှတ် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နေမာဟာ ပွဲကစားချိန် မိနစ် ၈၀ မှာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ကွင်းထဲကနေ ထွက်ခွာခဲ့ရချိန်မှာ ဘရာဇီးလ်အတွက် ခါးသီးတဲ့ညတစ်ညအဖြစ် ပြောင်းလဲသွားခဲ့ပြီး ပီအက်စ်ဂျီကြယ်ပွင့်ကလည်း အသင်းဖော်တွေက ၎င်းရဲ့ကြံ့ခိုင်မှုအတွက် စိုးရိမ်နေကြချိန်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တာဖြစ်ပါတယ်။

ဓာတ်မှန်အရ အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ ခြေကျင်ဝတ်က အရွတ်ပျက်စီးသွားခဲ့ပြီး ဘရာဇီးလ်ရဲ့ လက်ကျန် အုပ်စုပွဲစဉ်တွေဖြစ်တဲ့ ဆွစ်ဇာလန်၊ ကင်မရွန်းတို့နဲ့ပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

နေမာရဲ့ ဒဏ်ရာပြဿနာက ဘရာဇီးလ်အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာခဲ့ပေမယ့်လည်း ရာဖင်ညာက ပရိသတ်အများစုဟာ ပီအက်စ်ဂျီကြယ်ပွင့် ဒဏ်ရာကြောင့် အနားယူရတာကို စိတ်ကျေနပ်နေကြတယ်လို့ ယုံကြည်နေပြီး မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ ၎င်းတို့ရဲ့ ပရိသတ်ဆီကနေ ရရှိနေတဲ့ ဆက်ဆံပုံမျိုးကို ထောက်ပြရင်း ၎င်းရဲ့အသင်းဖော်ဟာ ဘရာဇီးလ်အတွက် ကစားပေးရတာ မတန်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အာဂျင်တီးနားက မက်ဆီကို ဘုရားသခင်လို ဆက်ဆံတယ်။ ပေါ်တူဂီသားတွေက ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဘုရင်တစ်ပါးလို ဆက်ဆံတယ်။ ဘရာဇီးလ်ပရိသတ်တွေကတော့ နေမာ ခြေထောက်ကျိုးသွားတာကို အောင်ပွဲခံနေကြတယ်။ ဘယ်လောက် ဝမ်းနည်းဖို့ကောင်းလဲ။ နေမာရဲ့ ကစားသမားဘဝမှာ အကြီးမားဆုံးအမှားက ဘရာဇီးလ်မှာ မွေးဖွားလာခဲ့တာပဲ။ ဒီနိုင်ငံက သူ့ရဲ့ ပါရမီ၊ သူ့ရဲ့ ဘောလုံးနဲ့ မထိုက်တန်ဘူး”လို့ ပီအက်စ်ဂျီကြယ်ပွင့်ရဲ့ ပရိသတ် ပြောကြားခဲ့တဲ့ စကားလုံးအတိုင်း အင်စတာဂရမ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ ဆားဘီးယားနဲ့ ကစားခဲ့တဲ့ ဘရာဇီးလ်ရဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု တစ်ခုမှ ပြုလုပ်နိုင်ခြင်းမရှိခဲ့ပေမယ့်လည်း အသင်းကို အဓိက ဦးဆောင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ဘရာဇီးလ်အနေနဲ့ လက်ကျန်အုပ်စုပွဲစဉ် ၂ ပွဲမှာ နေမာမပါဘဲ ကစားရတော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္ၾကယ္ပြင့္ ရာဖင္ညာက လီယြန္နယ္ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ဟာ သက္ဆိုင္ရာႏိုင္ငံေတြမွာ ခ်ီးက်ဴးဂုဏ္ျပဳခံေနရခ်ိန္မွာ ဘရာဇီးလ္ပရိသတ္ေတြက ေနမာကို မေလးမစားျပဳမူေနတာကို ျမင္ေတြ႕ရတဲ့အတြက္ စိတ္ပ်က္ခဲ့ပါတယ္။

ဘရာဇီးလ္ဟာ ၾကာသပေတးေန႔က ဆားဘီးယားကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္ကို ၂၀၂၂ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္အျဖစ္ စတင္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး ရစ္ခ်ာလီဆန္ရဲ႕ သြင္းဂိုး ၂ ဂိုးေၾကာင့္ အႏိုင္ ၃ မွတ္ ရရွိခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေနမာဟာ ပြဲကစားခ်ိန္ မိနစ္ ၈၀ မွာ ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ ကြင္းထဲကေန ထြက္ခြာခဲ့ရခ်ိန္မွာ ဘရာဇီးလ္အတြက္ ခါးသီးတဲ့ညတစ္ညအျဖစ္ ေျပာင္းလဲသြားခဲ့ၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္ကလည္း အသင္းေဖာ္ေတြက ၎ရဲ႕ႀကံ့ခိုင္မႈအတြက္ စိုးရိမ္ေနၾကခ်ိန္မွာ စိတ္ပ်က္လက္ပ်က္ျဖစ္ေနခဲ့တာျဖစ္ပါတယ္။

ဓာတ္မွန္အရ အသက္ ၃၀ အ႐ြယ္ တိုက္စစ္မႉးဟာ ေျခက်င္ဝတ္က အ႐ြတ္ပ်က္စီးသြားခဲ့ၿပီး ဘရာဇီးလ္ရဲ႕ လက္က်န္ အုပ္စုပြဲစဥ္ေတြျဖစ္တဲ့ ဆြစ္ဇာလန္၊ ကင္မ႐ြန္းတို႔နဲ႔ပြဲစဥ္ေတြကို လြဲေခ်ာ္ေတာ့မွာ ျဖစ္ပါတယ္။

ေနမာရဲ႕ ဒဏ္ရာျပႆနာက ဘရာဇီးလ္အတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာခဲ့ေပမယ့္လည္း ရာဖင္ညာက ပရိသတ္အမ်ားစုဟာ ပီအက္စ္ဂ်ီၾကယ္ပြင့္ ဒဏ္ရာေၾကာင့္ အနားယူရတာကို စိတ္ေက်နပ္ေနၾကတယ္လို႔ ယုံၾကည္ေနၿပီး မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ဟာ ၎တို႔ရဲ႕ ပရိသတ္ဆီကေန ရရွိေနတဲ့ ဆက္ဆံပုံမ်ိဳးကို ေထာက္ျပရင္း ၎ရဲ႕အသင္းေဖာ္ဟာ ဘရာဇီးလ္အတြက္ ကစားေပးရတာ မတန္ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အာဂ်င္တီးနားက မက္ဆီကို ဘုရားသခင္လို ဆက္ဆံတယ္။ ေပၚတူဂီသားေတြက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ဘုရင္တစ္ပါးလို ဆက္ဆံတယ္။ ဘရာဇီးလ္ပရိသတ္ေတြကေတာ့ ေနမာ ေျခေထာက္က်ိဳးသြားတာကို ေအာင္ပြဲခံေနၾကတယ္။ ဘယ္ေလာက္ ဝမ္းနည္းဖို႔ေကာင္းလဲ။ ေနမာရဲ႕ ကစားသမားဘဝမွာ အႀကီးမားဆုံးအမွားက ဘရာဇီးလ္မွာ ေမြးဖြားလာခဲ့တာပဲ။ ဒီႏိုင္ငံက သူ႔ရဲ႕ ပါရမီ၊ သူ႔ရဲ႕ ေဘာလုံးနဲ႔ မထိုက္တန္ဘူး”လို႔ ပီအက္စ္ဂ်ီၾကယ္ပြင့္ရဲ႕ ပရိသတ္ ေျပာၾကားခဲ့တဲ့ စကားလုံးအတိုင္း အင္စတာဂရမ္ေပၚမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

အသက္ ၃၀ အ႐ြယ္ တိုက္စစ္မႉးဟာ ဆားဘီးယားနဲ႔ ကစားခဲ့တဲ့ ဘရာဇီးလ္ရဲ႕ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္မွာ သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈ တစ္ခုမွ ျပဳလုပ္ႏိုင္ျခင္းမရွိခဲ့ေပမယ့္လည္း အသင္းကို အဓိက ဦးေဆာင္ခဲ့တဲ့ ကစားသမားျဖစ္ၿပီး ဘရာဇီးလ္အေနနဲ႔ လက္က်န္အုပ္စုပြဲစဥ္ ၂ ပြဲမွာ ေနမာမပါဘဲ ကစားရေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.