International World Cup

ပထမပိုင်းအတွင်း မက်ဆီအဖြစ် ပုံစံပြောင်းပြခဲ့ပေမယ့် လှောင်ပြောင်ခံခဲ့ရတဲ့ မက်ဂွိုင်းယား

ဟာရီ မက်ဂွိုင်းယားဟာ ယူအက်စ်အေနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ပွဲစဉ်အတွင်းမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ အဆက်မပြတ် လှောင်ပြောင်တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။

ဂါးရတ် ဆောက်ဂိတ်ရဲ့အသင်းဟာ အုပ်စု B ဒုတိယပွဲစဉ်ကို မျှော်လင့်ထားတဲ့အတိုင်း မကစားနိုင်ခဲ့တာဖြစ်ပြီး အယ်လ် ဘေ့တ်ကွင်းမှာ သရေ ၁ မှတ်စီသာ ခွဲဝေယူခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ တော်တော်လေး ပျင်းရိစရာကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး များများစားစား ပြောစရာမရှိခဲ့ပေမယ့်လည်း ပွဲစဉ်အတွင်း ထူးခြားတဲ့အဖြစ်အပျက်တွေထဲကတစ်ခုဟာ အင်္ဂလန်နောက်ခံလူ ဟာရီ မက်ဂွိုင်းယားဟာ ယူအက်စ်အေပရိသတ်တွေဆီကနေ အဆက်မပြတ် နှောင့်ယှက်စော်ကားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းပွဲကစားချိန်အတွင်းက အကြိမ်တော်တော်များများမှာ အမေရိကန်လေသံနဲ့ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ကို အော်ဟစ်နေခဲ့ကြတာကို ကြားခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီပရိသတ်ဟာ ကွင်းဘေးနားက မိုက်ခရိုဖုန်းနားလောက်မှာ ထိုင်နေခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပြီး ဘာလို့အဲဒီလို ပြောရလဲဆိုရင် ITV 1 ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ အချိန်တော်တော်ကြာ ဟာရီ မက်ဂွိုင်းယားကို လှောင်ပြောင်တိုက်ခိုက်နေတဲ့အသံကို ဖမ်းယူနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

“ဟာရီ သောက် မက်ဂွိုင်းယား။ မင်းက စိတ်ပျက်စရာကောင်းတဲ့ကောင်”လို့ ပထမဆုံး အော်ဟစ်ခဲ့ပြီးနောက် အဲဒီ ယူအက်စ်အေပရိသတ်ဟာ လက်စတာစီးတီးကြယ်ပွင့်ဟောင်းကို “နောက်ထပ် ကိုယ့်ဂိုးကိုယ်သွင်းလိုက်စမ်းပါဦး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ နောက်ဆုံး အော်ဟစ်ပြောဆိုလိုက်တဲ့ စကားသံကတော့ ဟာရီ မက်ဂွိုင်းယားနဲ့ပတ်သက်ပြီး ပရိသတ်တွေကြားမှာ နောက်ပြောင်နေတဲ့ ဟာသတစ်ခုဖြစ်ခဲ့ပြီး “နေစမ်းပါဦး။ မင်းရဲ့ ခေါင်းကြီးက ဘာလို့ အဲဒီလောက် ကြီးနေရတာလဲ”လို့ အော်ဟစ်ခဲ့တာဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ ယူအက်စ်အေ ပရိသတ်ရဲ့ အလွန်စိတ်ဓာတ်ပြင်းထန်တဲ့ အပြုအမူကြောင့် အံ့အားသင့် သဘောကျခဲ့ကြပြီး ပရိသတ်တစ်ဦးက “ဟားဟား ဒီအမေရိကန်က ဟာရီ မက်ဂွိုင်းယားကို မင်းက စိတ်ပျက်စရာကောင်းတဲ့ကောင်လို့ ပြောနေတာ ခင်ဗျား ကြားနိုင်တယ်”လို့ ရေးသားခဲ့ပြီး “ဟုတ်တယ်။ ဘာကြောင့် မင်း ကိုယ့်ဂိုးကိုယ် မသွင်းတာလဲလို့ အမေရိကန်ကောင်က အားကြီးနဲ့ အော်ဟစ်နေတယ်”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

ဟာရီ မက်ဂွိုင်းယားဟာ အီရန်ကို ၆-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အမြင်အာရုံဝေဝါးတဲ့ ဝေဒနာ ခံစားခဲ့ရသူဖြစ်ပြီး ယူအက်စ်အေနဲ့ ပွဲစဉ်မှာ အင်္ဂလန်ရဲ့ ထိပ်တန်းစွမ်းဆောင်ရည်ပြသနိုင်ခဲ့တဲ့ကစားသမားတွေထဲက တစ်ဦး ဖြစ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟာ ပထမပိုင်းက အချိန်တစ်ခုမှာ လှပတဲ့ဘောလုံးစွမ်းရည်နဲ့ ယူအက်စ်အေအသင်းခေါင်းဆောင် တိုင်လာ အဒမ်စ်ကို အရူးဖြစ်စေခဲ့တာအပါအဝင် ကစားသမား ၂ ဦးကို လိမ်ခေါက်ဖြတ်ကျော်ပြီး လီယွန်နယ် မက်ဆီပုံစံ ပြောင်းလဲပြခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်နောက်ခံကစားသမားဟာ အမြင့်ဘောတွေမှာလည်း အသာစီး ရယူနိုင်ခဲ့ပြီး ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်ဆင်မှု အများအပြားကိုလည်း ပိတ်ဆို့ ရှင်းထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဟာရီ မက္ဂြိဳင္းယားဟာ ယူအက္စ္ေအနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ အဂၤလန္အသင္းရဲ႕ ပြဲစဥ္အတြင္းမွာ ၿပိဳင္ဘက္ပရိသတ္ေတြရဲ႕ အဆက္မျပတ္ ေလွာင္ေျပာင္တိုက္ခိုက္ျခင္းကို ခံခဲ့ရပါတယ္။

ဂါးရတ္ ေဆာက္ဂိတ္ရဲ႕အသင္းဟာ အုပ္စု B ဒုတိယပြဲစဥ္ကို ေမွ်ာ္လင့္ထားတဲ့အတိုင္း မကစားႏိုင္ခဲ့တာျဖစ္ၿပီး အယ္လ္ ေဘ့တ္ကြင္းမွာ သေရ ၁ မွတ္စီသာ ခြဲေဝယူခဲ့ရတာျဖစ္ပါတယ္။ ဒီပြဲစဥ္ဟာ ေတာ္ေတာ္ေလး ပ်င္းရိစရာေကာင္းတဲ့ ပြဲတစ္ပြဲျဖစ္ခဲ့ၿပီး မ်ားမ်ားစားစား ေျပာစရာမရွိခဲ့ေပမယ့္လည္း ပြဲစဥ္အတြင္း ထူးျခားတဲ့အျဖစ္အပ်က္ေတြထဲကတစ္ခုဟာ အဂၤလန္ေနာက္ခံလူ ဟာရီ မက္ဂြိဳင္းယားဟာ ယူအက္စ္ေအပရိသတ္ေတြဆီကေန အဆက္မျပတ္ ေႏွာင့္ယွက္ေစာ္ကားျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ပထမပိုင္းပြဲကစားခ်ိန္အတြင္းက အႀကိမ္ေတာ္ေတာ္မ်ားမ်ားမွာ အေမရိကန္ေလသံနဲ႔ မန္ခ်က္စတာယူႏိုက္တက္ အသင္းေခါင္းေဆာင္ကို ေအာ္ဟစ္ေနခဲ့ၾကတာကို ၾကားခဲ့ရတာ ျဖစ္ပါတယ္။ အဲဒီပရိသတ္ဟာ ကြင္းေဘးနားက မိုက္ခ႐ိုဖုန္းနားေလာက္မွာ ထိုင္ေနခဲ့တာျဖစ္ေကာင္းျဖစ္ႏိုင္ၿပီး ဘာလို႔အဲဒီလို ေျပာရလဲဆိုရင္ ITV 1 ရဲ႕ တိုက္႐ိုက္ထုတ္လႊင့္မႈမွာ အခ်ိန္ေတာ္ေတာ္ၾကာ ဟာရီ မက္ဂြိဳင္းယားကို ေလွာင္ေျပာင္တိုက္ခိုက္ေနတဲ့အသံကို ဖမ္းယူႏိုင္ခဲ့လို႔ပဲ ျဖစ္ပါတယ္။

“ဟာရီ ေသာက္ မက္ဂြိဳင္းယား။ မင္းက စိတ္ပ်က္စရာေကာင္းတဲ့ေကာင္”လို႔ ပထမဆုံး ေအာ္ဟစ္ခဲ့ၿပီးေနာက္ အဲဒီ ယူအက္စ္ေအပရိသတ္ဟာ လက္စတာစီးတီးၾကယ္ပြင့္ေဟာင္းကို “ေနာက္ထပ္ ကိုယ့္ဂိုးကိုယ္သြင္းလိုက္စမ္းပါဦး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ေနာက္ဆုံး ေအာ္ဟစ္ေျပာဆိုလိုက္တဲ့ စကားသံကေတာ့ ဟာရီ မက္ဂြိဳင္းယားနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြၾကားမွာ ေနာက္ေျပာင္ေနတဲ့ ဟာသတစ္ခုျဖစ္ခဲ့ၿပီး “ေနစမ္းပါဦး။ မင္းရဲ႕ ေခါင္းႀကီးက ဘာလို႔ အဲဒီေလာက္ ႀကီးေနရတာလဲ”လို႔ ေအာ္ဟစ္ခဲ့တာျဖစ္ပါတယ္။

လူမႈကြန္ရက္ေပၚက ပရိသတ္ေတြဟာ ယူအက္စ္ေအ ပရိသတ္ရဲ႕ အလြန္စိတ္ဓာတ္ျပင္းထန္တဲ့ အျပဳအမူေၾကာင့္ အံ့အားသင့္ သေဘာက်ခဲ့ၾကၿပီး ပရိသတ္တစ္ဦးက “ဟားဟား ဒီအေမရိကန္က ဟာရီ မက္ဂြိဳင္းယားကို မင္းက စိတ္ပ်က္စရာေကာင္းတဲ့ေကာင္လို႔ ေျပာေနတာ ခင္ဗ်ား ၾကားႏိုင္တယ္”လို႔ ေရးသားခဲ့ၿပီး “ဟုတ္တယ္။ ဘာေၾကာင့္ မင္း ကိုယ့္ဂိုးကိုယ္ မသြင္းတာလဲလို႔ အေမရိကန္ေကာင္က အားႀကီးနဲ႔ ေအာ္ဟစ္ေနတယ္”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

ဟာရီ မက္ဂြိဳင္းယားဟာ အီရန္ကို ၆-၂ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အျမင္အာ႐ုံေဝဝါးတဲ့ ေဝဒနာ ခံစားခဲ့ရသူျဖစ္ၿပီး ယူအက္စ္ေအနဲ႔ ပြဲစဥ္မွာ အဂၤလန္ရဲ႕ ထိပ္တန္းစြမ္းေဆာင္ရည္ျပသႏိုင္ခဲ့တဲ့ကစားသမားေတြထဲက တစ္ဦး ျဖစ္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ဟာ ပထမပိုင္းက အခ်ိန္တစ္ခုမွာ လွပတဲ့ေဘာလုံးစြမ္းရည္နဲ႔ ယူအက္စ္ေအအသင္းေခါင္းေဆာင္ တိုင္လာ အဒမ္စ္ကို အ႐ူးျဖစ္ေစခဲ့တာအပါအဝင္ ကစားသမား ၂ ဦးကို လိမ္ေခါက္ျဖတ္ေက်ာ္ၿပီး လီယြန္နယ္ မက္ဆီပုံစံ ေျပာင္းလဲျပခဲ့တာျဖစ္ပါတယ္။ အဂၤလန္ေနာက္ခံကစားသမားဟာ အျမင့္ေဘာေတြမွာလည္း အသာစီး ရယူႏိုင္ခဲ့ၿပီး ၿပိဳင္ဘက္အသင္းရဲ႕ တိုက္စစ္ဆင္မႈ အမ်ားအျပားကိုလည္း ပိတ္ဆို႔ ရွင္းထုတ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.