Analysis International World Cup

အမြင့်ကနေ ပြုတ်ကျတဲ့ အင်္ဂလန် 0-0 အမေရိကန်ပွဲက မှတ်မှတ်ရရ ပြောစရာများ

အမြင့်ပျံပြီး ပြုတ်ကျတဲ့ အင်္ဂလန်
ပြီးခဲ့တဲ့ အီရန်နဲ့ ပွဲမှာ ခြောက်ဂိုးသွင်းလိုက်တော့ အင်္ဂလန် ခြင်္သေ့တွေ အမြင့်ပျံပြီလို့ လူတွေက မြှောက်စားခဲ့သမျှ ဒီနေ့ပွဲမှာတော့ ပြုတ်ကျခဲ့တာပါ။ ကံကောင်းလို့ ခွေးကျမကျဘဲ ကြောင်ကျကျခဲ့တာဖြစ်ပြီး အမေရိကန်တွေရဲ့ ကွင်းလယ်ဗျူဟာကို ဖြေရှင်းဖို့ နည်းပြ ဆောက်ဂိတ်မှာ အဖြေမရှိခဲ့ဘဲ ဘောလုံးရတိုင်းမှာလည်း ဖန်တီးမှု မပြုလုပ်နိုင်ခဲ့သလို ပွဲထွက်လူစာရင်း၊ လူစားလဲမှုနဲ့ ပွဲကို ချဉ်းကပ်ပုံ အတွေးအခေါ်တွေအရ တော်တော်လေး နိမ့်ပါးတဲ့ အဆင့်မှာ ရှိနေခဲ့ပြီး ဒီပုံစံနဲ့ဆိုရင် ပိုကောင်းတဲ့ အသင်းကြီးတွေနဲ့ တွေ့ဆုံချိန်မှာ ကျော်ဖြတ်ဖို့ ရုန်းကန်ရနိုင်ပါတယ်။

အကောင်းဆုံးပုံစံကို ရွေးချယ်ခဲ့တဲ့ အမေရိကန်
အမေရိကန်အသင်းအနေနဲ့ စာရွက်ပေါ်မှာ ၄-၄-၂ ပုံစံကို ခင်းကျင်းခဲ့ပေမယ့် တကယ်တမ်းမှာတော့ ၄-၃-၃ ပိုဆန်ခဲ့ပြီး ကွင်းလယ်သုံးဦးဖြစ်တဲ့ တိုင်လာ အက်ဒမ်စ်၊ မက်ကင်နီနဲ့ မူဆာတို့က အင်္ဂလန်ကွင်းလယ် တည်မရအောင် Pressing ကစားသွားခဲ့ကြသလို သူတို့ဆီက ပြန်ရတော့ ဘောလုံးတွေကို ဘယ်တောင်ပံက ပူလီရှစ်ချ်က Left Forward Position ကနေ ထရစ်ပီယာနဲ့ ဂျွန်စတုန်းစ်တို့ကြား ဝင်တိုးပြီး ဖိအားပေးသွားခဲ့တာဖြစ်ပါတယ်။ သူတို့တွေမှာ ထိပ်တန်းတိုက်စစ်မှူးမျိုး ပိုင်ဆိုင်မထားခဲ့လို့သာ အင်္ဂလန်တို့ သရေတစ်မှတ် ရယူနိုင်ခဲ့ကြတာဖြစ်ပြီး နည်းပြ ဘာဟယ်လ်တာရဲ့ ဗျူဟာနဲ့ ပွဲကို ထိန်းချုပ်စီမံပုံတွေက တည်ငြိမ်လွန်းခဲ့တာပါ။

ပျက်စီးသွားခဲ့တဲ့ အင်္ဂလန်ကွင်းလယ်
အင်္ဂလန်ရဲ့ ဒီနေ့ လူထုတ်ပုံအရ မဖြစ်သင့်တဲ့ ကွင်းလယ်ကို သုံးစွဲခဲ့သလို အီရန်နဲ့ ပွဲကတိုင်း ဒက်ကလန် ရိုက်စ်၊ ဘယ်လင်ဂမ်၊ မေဆန်မောင့်တို့ သုံးယောက်ကို အထိုင်ချခဲ့ပေမယ့် ဟန်ချက်ညီမှု ကင်းမဲ့နေခဲ့ပြီး ပိုခက်ခဲတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်နေရတယ်ဆိုတာကိုလည်း နည်းပြ ဆောက်ဂိတ်အနေနဲ့ မေ့နေပုံရပါတယ်။ နံပါတ် ၆ ကစားသမား ရိုက်စ်ရှေ့ကနေ နံပါတ် ၈ နှစ်ဦးဖြစ်တဲ့ ဘယ်လင်ဂမ်နဲ့ မောင့်တို့ အတွဲညီညီ လှုပ်ရှားသင့်ပြီး လက်ချင်းတောင် တွဲသင့်တွဲထားရမယ့် ပွဲမျိုးမှာ တစ်ယောက်တစ်နေရာစီ ရောက်နေပါသည်ပဲ ဖြစ်နေခဲ့လို့ မောင့်ငယ်ဖော် ဆွေးပြီး အမေရိကန်တွေ လုပ်သမျှခံခဲ့ရတာပါ။

အဆိုးရွားဆုံး မေဆန်မောင့်
အင်္ဂလန်ကွင်းလယ်လူ မေဆန်မောင့်ကတော့ အဆိုးရွားဆုံးဖြစ်ခဲ့ပြီး မသိရင် ဘယ်တောင်ပံတိုက်စစ်မှူးလား နောက်ချန်တိုက်စစ်မှူးလား မေးရအောင် နံပါတ် ၁၁ နဲ့ ၁၀ နေရာတွေကို လျှောက်ပြေးနေပြီး ကွင်းလယ်မှာ တစ်ယောက်တည်း ရှိသလိုဖြစ်နေတဲ့ ဘယ်လင်ဂမ်ကို တန်ဖိုးကျပြီး ခြေစွမ်းမှေးမှိန်အောင်လုပ်ခဲ့တာပါ။ သူ့ရဲ့ နေရာယူမှု အမှားတွေမှာ စတာလင်ကပါ အတွင်းဝင်ကစားနေခဲ့ရပြီး ကစားကွက်ပျက်သွားခဲ့သလို တိုင်လာ အက်ဒမ်စ်နဲ့ မက်ကင်နီတို့ကို ကွင်းလယ်ကို ထိုးအပ်လိုက်သလို ဖြစ်သွားခဲ့ချိန်မှာ ဟာရီကိန်း၊ ဆာကာတို့အနေနဲ့ နောက်ခံအစွန်လူတွေဆီက ဘောလုံးကို မျှော်နေခဲ့ရပြီး ဂိုးသွင်းဖို့ နေနေသာသာ ခြေချုပ်မိသွားခဲ့ကြရတာဖြစ်ပါတယ်။

ဂိုးသွင်းဘုရင် မဖြစ်နိုင်လောက်တဲ့ ကိန်း
ဟာရီကိန်းကတော့ ခြောက်ဂိုးသွင်းတုန်းကလည်း မပါခဲ့သလို လက်ရှိအချိန်အထိ ပင်နယ်တီ မရသေးသလို စပါးစ်မှာ အကျင့်ပါနေတဲ့ ကွင်းလယ်ဆင်းကစားတာကိုပါ အင်္ဂလန်မှာ မဖျောက်နိုင်သေးဘဲဖြစ်နေပြီး တိုက်စစ်အကူးအပြောင်းတွေမှာ အဆုံးသတ်ရမယ့် နေရာမျိုးတွေကို မရောက်ဘဲဖြစ်နေခဲ့ပါတယ်။ အီရန်နဲ့ပွဲမှာ နှစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ အမေရိကန်နောက်ခံလူတွေကို ကျော်ဖြတ်ဖို့ ရုန်းကန်နေခဲ့ရသလို သူနဲ့ တွဲကစားမယ့်သူက ဆာကာတစ်ဦးတည်း ရှိတော့ချိန်မှာ တဖြည်းဖြည်းနဲ့ တိုက်စစ်ပုံဖော်နိုင်မှုတွေကို စွန့်လွှတ်ခဲ့ရတာပါ။ ဒုတိယပိုင်းမှာတော့ ခံစစ်မှာတောင် ဆင်းကစားနေခဲ့ရပြီး ကိန်းအနေနဲ့ တစ်ဖက်ဧရိယာထဲက ဘောလုံးထိချက်ထက် ကိုယ့်ဧရိယာထဲက ထိချက် ပိုများခဲ့သေးတာဖြစ်ပါတယ်။

လှေနံဓားထစ် ဆောက်ဂိတ်
ကွင်းလယ်လည်း မကောင်း၊ ခံစစ်လည်း ညံ့နေချိန်မှာ အရန်ဂိုးသမားကပါ ဝင်ပြီး ခြောက်ဂိုးပေးလိုက်တဲ့အခါ အီရန်နဲ့ ပွဲအပြီးမှာ ဆောက်ဂိတ်တစ်ယောက် သွေးနားထင်ရောက်သွားခဲ့ပုံ ရပါတယ်။ ဒီနေ့မှာလည်း ဒဏ်ရာရထားတဲ့ မက်ဂွိုင်းယားကိုပါ ပြန်ထည့်ပြီး ပထမပွဲက လူစာရင်းကို အပြောင်းအလဲမရှိဘဲ ဆက်သုံးခဲ့သလို အီရန်နဲ့ ပွဲကတည်းက တိုက်စစ်မှာ အားလုံးကို ၈ မှတ်အထက် ပေးလို့ရချိန်မှာ ၇ မှတ်တန် ဖြစ်နေခဲ့တဲ့ မောင့်ကိုပါ သုံးစွဲခဲ့တာကတော့ ဉာဏ်ရည်မမီဘဲ လှေနံဓားထစ်လုပ်တတ်သူအဖြစ် သိသာစေခဲ့ပါတယ်။ ဒီပွဲမှာ ကွင်းလယ်မှာ ရုန်းအားကောင်းကောင်းနဲ့ ဘောလုံးထွက်မယ့် ဟန်ဒါဆန်နဲ့ ဘယ်လင်ဂမ်ကို တွဲပေးရမယ့်အစား မလုပ်ရဲ မကိုင်ရဲနဲ့ လူစားလဲမှု အမှားတွေပါ ကျူးလွန်ခဲ့ပြီး နိုင်ပွဲနဲ့လည်း မထိုက်တန်ခဲ့ဘူးလို့ ဆိုရမှာပါ။

ကိုယ့်ကံကို ကိုယ်ဖန်တီးခွင့် ရှိသွားတဲ့ အမေရိကန်
အမေရိကန်အသင်းအနေနဲ့ ရှေ့နှစ်ပွဲမှာ နှစ်မှတ်သာ ရထားခဲ့ပေမယ့် အုပ်စုနောက်ဆုံးပွဲမှာ အီရန်နဲ့ တွေ့ဆုံနေခဲ့လို့ အနိုင်ရရင် ရမှတ် ၅ မှတ်နဲ့ အုပ်စုက တက်ဖို့ ဖြစ်လာနိုင်မှာပါ။ အင်္ဂလန်အသင်းကတော့ ဝေးလ်စ်တို့ကို လေးဂိုးပြတ် မရှုံးခဲ့ရင် နောက်တစ်ဆင့် တက်မှာဖြစ်ပြီး ကျန်တဲ့ နှစ်သင်းထဲမှာတော့ အမေရိကန်နဲ့ ကစားမယ့် အီရန်က အခွင့်အရေးသာလွန်နေချိန်မှာ ဝေးလ်စ်တို့ကတော့ ထည့်စဉ်းစားဖို့ ခက်နေတာဖြစ်ပါတယ်။ အမေရိကန်အသင်းကို လက်ရှိကစားပုံနဲ့ဆိုရင် အီရန်ကို အနိုင်ရမယ်လို့ အားလုံးက တစ်ပေးနေကြပြီး အင်္ဂလန်ကို ယှဉ်ကစားနိုင်ခဲ့တဲ့ အသင်းအနေနဲ့ သူတို့လိုမျိုး ၆ ဂိုးမသွင်းရင်တောင် နှစ်ဂိုးလောက်သွင်းပြီး သုံးမှတ်ရဖို့ ကြိုတင်ခန့်မှန်းထားကြတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အျမင့္ပ်ံၿပီး ျပဳတ္က်တဲ့ အဂၤလန္
ၿပီးခဲ့တဲ့ အီရန္နဲ႔ ပြဲမွာ ေျခာက္ဂိုးသြင္းလိုက္ေတာ့ အဂၤလန္ ျခေသၤ့ေတြ အျမင့္ပ်ံၿပီလို႔ လူေတြက ေျမႇာက္စားခဲ့သမွ် ဒီေန႔ပြဲမွာေတာ့ ျပဳတ္က်ခဲ့တာပါ။ ကံေကာင္းလို႔ ေခြးက်မက်ဘဲ ေၾကာင္က်က်ခဲ့တာျဖစ္ၿပီး အေမရိကန္ေတြရဲ႕ ကြင္းလယ္ဗ်ဴဟာကို ေျဖရွင္းဖို႔ နည္းျပ ေဆာက္ဂိတ္မွာ အေျဖမရွိခဲ့ဘဲ ေဘာလုံးရတိုင္းမွာလည္း ဖန္တီးမႈ မျပဳလုပ္ႏိုင္ခဲ့သလို ပြဲထြက္လူစာရင္း၊ လူစားလဲမႈနဲ႔ ပြဲကို ခ်ဥ္းကပ္ပုံ အေတြးအေခၚေတြအရ ေတာ္ေတာ္ေလး နိမ့္ပါးတဲ့ အဆင့္မွာ ရွိေနခဲ့ၿပီး ဒီပုံစံနဲ႔ဆိုရင္ ပိုေကာင္းတဲ့ အသင္းႀကီးေတြနဲ႔ ေတြ႕ဆုံခ်ိန္မွာ ေက်ာ္ျဖတ္ဖို႔ ႐ုန္းကန္ရႏိုင္ပါတယ္။

အေကာင္းဆုံးပုံစံကို ေ႐ြးခ်ယ္ခဲ့တဲ့ အေမရိကန္
အေမရိကန္အသင္းအေနနဲ႔ စာ႐ြက္ေပၚမွာ ၄-၄-၂ ပုံစံကို ခင္းက်င္းခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ ၄-၃-၃ ပိုဆန္ခဲ့ၿပီး ကြင္းလယ္သုံးဦးျဖစ္တဲ့ တိုင္လာ အက္ဒမ္စ္၊ မက္ကင္နီနဲ႔ မူဆာတို႔က အဂၤလန္ကြင္းလယ္ တည္မရေအာင္ Pressing ကစားသြားခဲ့ၾကသလို သူတို႔ဆီက ျပန္ရေတာ့ ေဘာလုံးေတြကို ဘယ္ေတာင္ပံက ပူလီရွစ္ခ်္က Left Forward Position ကေန ထရစ္ပီယာနဲ႔ ဂြၽန္စတုန္းစ္တို႔ၾကား ဝင္တိုးၿပီး ဖိအားေပးသြားခဲ့တာျဖစ္ပါတယ္။ သူတို႔ေတြမွာ ထိပ္တန္းတိုက္စစ္မႉးမ်ိဳး ပိုင္ဆိုင္မထားခဲ့လို႔သာ အဂၤလန္တို႔ သေရတစ္မွတ္ ရယူႏိုင္ခဲ့ၾကတာျဖစ္ၿပီး နည္းျပ ဘာဟယ္လ္တာရဲ႕ ဗ်ဴဟာနဲ႔ ပြဲကို ထိန္းခ်ဳပ္စီမံပုံေတြက တည္ၿငိမ္လြန္းခဲ့တာပါ။

ပ်က္စီးသြားခဲ့တဲ့ အဂၤလန္ကြင္းလယ္
အဂၤလန္ရဲ႕ ဒီေန႔ လူထုတ္ပုံအရ မျဖစ္သင့္တဲ့ ကြင္းလယ္ကို သုံးစြဲခဲ့သလို အီရန္နဲ႔ ပြဲကတိုင္း ဒက္ကလန္ ႐ိုက္စ္၊ ဘယ္လင္ဂမ္၊ ေမဆန္ေမာင့္တို႔ သုံးေယာက္ကို အထိုင္ခ်ခဲ့ေပမယ့္ ဟန္ခ်က္ညီမႈ ကင္းမဲ့ေနခဲ့ၿပီး ပိုခက္ခဲတဲ့ ၿပိဳင္ဘက္ကို ရင္ဆိုင္ေနရတယ္ဆိုတာကိုလည္း နည္းျပ ေဆာက္ဂိတ္အေနနဲ႔ ေမ့ေနပုံရပါတယ္။ နံပါတ္ ၆ ကစားသမား ႐ိုက္စ္ေရွ႕ကေန နံပါတ္ ၈ ႏွစ္ဦးျဖစ္တဲ့ ဘယ္လင္ဂမ္နဲ႔ ေမာင့္တို႔ အတြဲညီညီ လႈပ္ရွားသင့္ၿပီး လက္ခ်င္းေတာင္ တြဲသင့္တြဲထားရမယ့္ ပြဲမ်ိဳးမွာ တစ္ေယာက္တစ္ေနရာစီ ေရာက္ေနပါသည္ပဲ ျဖစ္ေနခဲ့လို႔ ေမာင့္ငယ္ေဖာ္ ေဆြးၿပီး အေမရိကန္ေတြ လုပ္သမွ်ခံခဲ့ရတာပါ။

အဆိုး႐ြားဆုံး ေမဆန္ေမာင့္
အဂၤလန္ကြင္းလယ္လူ ေမဆန္ေမာင့္ကေတာ့ အဆိုး႐ြားဆုံးျဖစ္ခဲ့ၿပီး မသိရင္ ဘယ္ေတာင္ပံတိုက္စစ္မႉးလား ေနာက္ခ်န္တိုက္စစ္မႉးလား ေမးရေအာင္ နံပါတ္ ၁၁ နဲ႔ ၁၀ ေနရာေတြကို ေလွ်ာက္ေျပးေနၿပီး ကြင္းလယ္မွာ တစ္ေယာက္တည္း ရွိသလိုျဖစ္ေနတဲ့ ဘယ္လင္ဂမ္ကို တန္ဖိုးက်ၿပီး ေျခစြမ္းေမွးမွိန္ေအာင္လုပ္ခဲ့တာပါ။ သူ႔ရဲ႕ ေနရာယူမႈ အမွားေတြမွာ စတာလင္ကပါ အတြင္းဝင္ကစားေနခဲ့ရၿပီး ကစားကြက္ပ်က္သြားခဲ့သလို တိုင္လာ အက္ဒမ္စ္နဲ႔ မက္ကင္နီတို႔ကို ကြင္းလယ္ကို ထိုးအပ္လိုက္သလို ျဖစ္သြားခဲ့ခ်ိန္မွာ ဟာရီကိန္း၊ ဆာကာတို႔အေနနဲ႔ ေနာက္ခံအစြန္လူေတြဆီက ေဘာလုံးကို ေမွ်ာ္ေနခဲ့ရၿပီး ဂိုးသြင္းဖို႔ ေနေနသာသာ ေျခခ်ဳပ္မိသြားခဲ့ၾကရတာျဖစ္ပါတယ္။

ဂိုးသြင္းဘုရင္ မျဖစ္ႏိုင္ေလာက္တဲ့ ကိန္း
ဟာရီကိန္းကေတာ့ ေျခာက္ဂိုးသြင္းတုန္းကလည္း မပါခဲ့သလို လက္ရွိအခ်ိန္အထိ ပင္နယ္တီ မရေသးသလို စပါးစ္မွာ အက်င့္ပါေနတဲ့ ကြင္းလယ္ဆင္းကစားတာကိုပါ အဂၤလန္မွာ မေဖ်ာက္ႏိုင္ေသးဘဲျဖစ္ေနၿပီး တိုက္စစ္အကူးအေျပာင္းေတြမွာ အဆုံးသတ္ရမယ့္ ေနရာမ်ိဳးေတြကို မေရာက္ဘဲျဖစ္ေနခဲ့ပါတယ္။ အီရန္နဲ႔ပြဲမွာ ႏွစ္ဂိုး ဖန္တီးေပးႏိုင္ခဲ့ေပမယ့္ ဒီေန႔ပြဲမွာေတာ့ အေမရိကန္ေနာက္ခံလူေတြကို ေက်ာ္ျဖတ္ဖို႔ ႐ုန္းကန္ေနခဲ့ရသလို သူနဲ႔ တြဲကစားမယ့္သူက ဆာကာတစ္ဦးတည္း ရွိေတာ့ခ်ိန္မွာ တျဖည္းျဖည္းနဲ႔ တိုက္စစ္ပုံေဖာ္ႏိုင္မႈေတြကို စြန႔္လႊတ္ခဲ့ရတာပါ။ ဒုတိယပိုင္းမွာေတာ့ ခံစစ္မွာေတာင္ ဆင္းကစားေနခဲ့ရၿပီး ကိန္းအေနနဲ႔ တစ္ဖက္ဧရိယာထဲက ေဘာလုံးထိခ်က္ထက္ ကိုယ့္ဧရိယာထဲက ထိခ်က္ ပိုမ်ားခဲ့ေသးတာျဖစ္ပါတယ္။

ေလွနံဓားထစ္ ေဆာက္ဂိတ္
ကြင္းလယ္လည္း မေကာင္း၊ ခံစစ္လည္း ညံ့ေနခ်ိန္မွာ အရန္ဂိုးသမားကပါ ဝင္ၿပီး ေျခာက္ဂိုးေပးလိုက္တဲ့အခါ အီရန္နဲ႔ ပြဲအၿပီးမွာ ေဆာက္ဂိတ္တစ္ေယာက္ ေသြးနားထင္ေရာက္သြားခဲ့ပုံ ရပါတယ္။ ဒီေန႔မွာလည္း ဒဏ္ရာရထားတဲ့ မက္ဂြိဳင္းယားကိုပါ ျပန္ထည့္ၿပီး ပထမပြဲက လူစာရင္းကို အေျပာင္းအလဲမရွိဘဲ ဆက္သုံးခဲ့သလို အီရန္နဲ႔ ပြဲကတည္းက တိုက္စစ္မွာ အားလုံးကို ၈ မွတ္အထက္ ေပးလို႔ရခ်ိန္မွာ ၇ မွတ္တန္ ျဖစ္ေနခဲ့တဲ့ ေမာင့္ကိုပါ သုံးစြဲခဲ့တာကေတာ့ ဉာဏ္ရည္မမီဘဲ ေလွနံဓားထစ္လုပ္တတ္သူအျဖစ္ သိသာေစခဲ့ပါတယ္။ ဒီပြဲမွာ ကြင္းလယ္မွာ ႐ုန္းအားေကာင္းေကာင္းနဲ႔ ေဘာလုံးထြက္မယ့္ ဟန္ဒါဆန္နဲ႔ ဘယ္လင္ဂမ္ကို တြဲေပးရမယ့္အစား မလုပ္ရဲ မကိုင္ရဲနဲ႔ လူစားလဲမႈ အမွားေတြပါ က်ဴးလြန္ခဲ့ၿပီး ႏိုင္ပြဲနဲ႔လည္း မထိုက္တန္ခဲ့ဘူးလို႔ ဆိုရမွာပါ။

ကိုယ့္ကံကို ကိုယ္ဖန္တီးခြင့္ ရွိသြားတဲ့ အေမရိကန္
အေမရိကန္အသင္းအေနနဲ႔ ေရွ႕ႏွစ္ပြဲမွာ ႏွစ္မွတ္သာ ရထားခဲ့ေပမယ့္ အုပ္စုေနာက္ဆုံးပြဲမွာ အီရန္နဲ႔ ေတြ႕ဆုံေနခဲ့လို႔ အႏိုင္ရရင္ ရမွတ္ ၅ မွတ္နဲ႔ အုပ္စုက တက္ဖို႔ ျဖစ္လာႏိုင္မွာပါ။ အဂၤလန္အသင္းကေတာ့ ေဝးလ္စ္တို႔ကို ေလးဂိုးျပတ္ မရႈံးခဲ့ရင္ ေနာက္တစ္ဆင့္ တက္မွာျဖစ္ၿပီး က်န္တဲ့ ႏွစ္သင္းထဲမွာေတာ့ အေမရိကန္နဲ႔ ကစားမယ့္ အီရန္က အခြင့္အေရးသာလြန္ေနခ်ိန္မွာ ေဝးလ္စ္တို႔ကေတာ့ ထည့္စဥ္းစားဖို႔ ခက္ေနတာျဖစ္ပါတယ္။ အေမရိကန္အသင္းကို လက္ရွိကစားပုံနဲ႔ဆိုရင္ အီရန္ကို အႏိုင္ရမယ္လို႔ အားလုံးက တစ္ေပးေနၾကၿပီး အဂၤလန္ကို ယွဥ္ကစားႏိုင္ခဲ့တဲ့ အသင္းအေနနဲ႔ သူတို႔လိုမ်ိဳး ၆ ဂိုးမသြင္းရင္ေတာင္ ႏွစ္ဂိုးေလာက္သြင္းၿပီး သုံးမွတ္ရဖို႔ ႀကိဳတင္ခန႔္မွန္းထားၾကတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.