International World Cup

ယူအက်စ်အေနဲ့ပွဲက ဆောက်ဂိတ်ရဲ့အမှားကို ထောက်ပြလိုက်တဲ့ ဂယ်ရီ နဗီး

အင်္ဂလန်ဂန္တဝင်နောက်ခံကစားသမား ဂယ်ရီ နဗီးက ဂါးရတ် ဆောက်ဂိတ်ကို ယူအက်စ်အေနဲ့ပွဲစဉ်မှာ အင်္ဂလန်ရဲ့ အကောင်းဆုံးကစားသမား ဖီးလ် ဖိုဒန်ကို ပွဲထွက်ခွင့်မပေးခဲ့တဲ့အတွက် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ဖိုလ်ဒန်ဟာ ယူအက်စ်အေနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် အသုံးပြုခြင်းမခံခဲ့ရဘဲ အသက် ၂၂ နှစ်အရွယ် စီးတီးကြယ်ပွင့်ဟာ အီရန်ကို ၆-၂ နဲ့အနိုင်ရခဲ့ခဲ့တဲ့ ယခုအပတ်အစောပိုင်းပွဲမှာလည်း နောက်ဆုံး မိနစ် ၂၀ သာ လူစားဝင်ကစားပေးခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဂယ်ရီ နဗီးက မန်ချက်စတာစီးတီးကြယ်ပွင့်ရဲ့ ပွဲကစားချိန်ကင်းမဲ့နေမှုကို စိတ်ပျက်ခဲ့ပြီး အင်္ဂလန်အသင်းဟာ သောကြာနေ့ညက အယ်လ် ဘေ့တ်ကွင်းမှာ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးတောင်ပံကြယ်ပွင့် ခရစ်ရှန် ပူလီရှစ်က ပထမပိုင်းမှာ ဂိုးသွင်းယူဖို့ ကြိုးပမ်းခဲ့ရာမှာ ဂိုးတိုင်ထိသွားခဲ့တာကြောင့် ယူအက်စ်အေအသင်း ဦးဆောင်နိုင်မယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ ပူလီရှစ်ဟာ ဂိုးသွင်းယူနိုင်ဖို့ နီးစပ်ခဲ့တဲ့ ယူအက်စ်အေကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး အင်္ဂလန်အသင်းကတော့ အခွင့်အရေးတွေ ဖန်တီးဖို့နဲ့ အီရန်နဲ့ပွဲက အထင်ကြီးဖွယ် နိုင်ပွဲအပေါ်မှာ ဆက်လက်တည်ဆောက်ဖို့အတွက် ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

ပထမပိုင်း နားချိန်အတွင်း စကားပြောဆိုရာမှာ မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရ နဗီးက ဖိုဒန် မပါဝင်မှုအပေါ်မှာ ညည်းတွားခဲ့ပြီး မန်စီးတီးကြယ်ပွင့်ဟာ အင်္ဂလန်အသင်းထဲမှာ အကောင်းဆုံးကစားသမားနဲ့ အကောင်းဆုံးအရည်အချင်းရှိသူဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ “သူ မကစားရဘူးဆိုတာ ကျွန်တော် သိတယ်။ ဒါပေမယ့် ဖီးလ် ဖိုဒန် အင်္ဂလန်အတွက် ပွဲထွက်မပါဝင်နိုင်တာက တကယ့်ကို နှမြောစရာကောင်းပါတယ်။ သူက ကြီးမားတဲ့ အရည်အချင်းရှိတဲ့သူပါ သူက ကျွန်တော်တို့ရဲ့ အကောင်းဆုံးကစားသမားနဲ့ ဒီတစ်နိုင်ငံလုံးမှာ အကောင်းဆုံးအရည်အချင်းရှိသူလို့ ထင်ပါတယ်။ သူ တကယ်ပဲ ဒီအသင်းမှာ ပွဲထွက်ပါဝင်ကစားပေးခွင့် ရသင့်ပါတယ်”

ဂယ်ရီ နဗီးက ပွဲအပြီးမှာလည်း ထပ်မံပြီး “ပြိုင်ပွဲတွေက ပန်းခင်းတဲ့လမ်းမျိုး ဖြစ်နေတာ အရမ်းကို ရှားပါးပြီး ဆောက်ဂိတ်လည်း အဲဒါကို သိပါလိမ့်မယ်။ ပေးဂိုးမရှိခဲ့တာက အပေါင်းလက္ခဏာဆောင်ပေမယ့် ကွင်းလယ်က ဖန်တီးနိုင်စွမ်းမရှိဘဲ အချိန်တော်တော်များများမှာ ပင်ပန်းနွမ်းနယ်နေတဲ့ပုံပေါ်ခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ ဖိုဒန်ရဲ့ အရည်အချင်းက ကြီးမားပါတယ်။ ကျွန်တော် အဲဒီလိုမျိုးအရာကို မမြင်တွေ့ခဲ့ဖူးပါဘူး။ ကျွန်တော်တို့ လူစာရင်းထဲမှာ ဂျုဒ် ဘယ်လင်ဟမ်လိုမျိုး ကစားသမားတွေရှိတယ်ဆိုတာကို သိပါတယ်။ ဆောက်ဂိတ်က မေဆန် မောင့်နဲ့ စတားလင်းတို့ကို ပိုပြီး အသုံးပြုချင်တယ်။ ဒါပေမယ့် ဖိုဒန် ပွဲထွက်ခွင့်မရတာရော လူစားဝင်ကစားခွင့်မရတာရောက စိတ်ဝင်စားစရာကောင်းပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ဂိုးသမားဟောင်း ရောဘတ် ဂရင်းကလည်း ယူအက်စ်အေနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်အတွင်း ချဲလ်ဆီးကွင်းလယ်ကစားသမား မေဆန် မောင့်ဟာ လူစားလဲလှယ်ခြင်းမခံရတာကို တုန်လှုပ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ မေဆန် မောင့်ဟာ ယူအက်စ်အေနဲ့ပွဲမှာ အကျိုးသက်ရောက်မှုပြသဖို့ ရုန်းကန်နေခဲ့ရတဲ့ အင်္ဂလန်ကစားသမားတွေထဲက တစ်ဦးဖြစ်ပေမယ့် ဆာကာ၊ ဘယ်လင်ဟမ်၊ စတားလင်းတို့အားလုံးဟာ လူစားလဲလှယ်ခြင်းခံခဲ့ရချိန်မှာ ချဲလ်ဆီးကြယ်ပွင့်က ကွင်းထဲမှာ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။

“အင်္ဂလန်က ပထမဆုံးလူစားလဲလှယ်မှု ပြုလုပ်ခဲ့တဲ့အချိန်မှာ ကျွန်တော်က မေဆန် မောင့်တော့ ထုတ်ခံရပြီပေါ့။ ဒီညက သူ့အတွက်တော့ အဆင်မပြေခဲ့ပါဘူး။ အဲဒါက သူ့ကို မကောင်းတဲ့ကစားသမားမဖြစ်စေပါဘူး။ အဲဒါက ဖြစ်တတ်ပါတယ်။ သူ မိနစ် ၉၀ စလုံး ကွင်းထဲမှာ ဆက်နေခဲ့တာကတော့ တုန်လှုပ်စရာပါပဲ။ အဲဒါက ထူးဆန်းခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္ဂႏၲဝင္ေနာက္ခံကစားသမား ဂယ္ရီ နဗီးက ဂါးရတ္ ေဆာက္ဂိတ္ကို ယူအက္စ္ေအနဲ႔ပြဲစဥ္မွာ အဂၤလန္ရဲ႕ အေကာင္းဆုံးကစားသမား ဖီးလ္ ဖိုဒန္ကို ပြဲထြက္ခြင့္မေပးခဲ့တဲ့အတြက္ ျပစ္တင္ေဝဖန္ခဲ့ပါတယ္။

ဖိုလ္ဒန္ဟာ ယူအက္စ္ေအနဲ႔ သေရက်ခဲ့တဲ့ပြဲစဥ္မွာ လူစားဝင္ကစားသမားအျဖစ္ အသုံးျပဳျခင္းမခံခဲ့ရဘဲ အသက္ ၂၂ ႏွစ္အ႐ြယ္ စီးတီးၾကယ္ပြင့္ဟာ အီရန္ကို ၆-၂ နဲ႔အႏိုင္ရခဲ့ခဲ့တဲ့ ယခုအပတ္အေစာပိုင္းပြဲမွာလည္း ေနာက္ဆုံး မိနစ္ ၂၀ သာ လူစားဝင္ကစားေပးခြင့္ရရွိခဲ့တာျဖစ္ပါတယ္။ ဂယ္ရီ နဗီးက မန္ခ်က္စတာစီးတီးၾကယ္ပြင့္ရဲ႕ ပြဲကစားခ်ိန္ကင္းမဲ့ေနမႈကို စိတ္ပ်က္ခဲ့ၿပီး အဂၤလန္အသင္းဟာ ေသာၾကာေန႔ညက အယ္လ္ ေဘ့တ္ကြင္းမွာ ဆိုး႐ြားတဲ့ စြမ္းေဆာင္ရည္ကို ျပသခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးေတာင္ပံၾကယ္ပြင့္ ခရစ္ရွန္ ပူလီရွစ္က ပထမပိုင္းမွာ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းခဲ့ရာမွာ ဂိုးတိုင္ထိသြားခဲ့တာေၾကာင့္ ယူအက္စ္ေအအသင္း ဦးေဆာင္ႏိုင္မယ့္အခြင့္အေရး ဆုံးရႈံးခဲ့ရတာ ျဖစ္ပါတယ္။ ပူလီရွစ္ဟာ ဂိုးသြင္းယူႏိုင္ဖို႔ နီးစပ္ခဲ့တဲ့ ယူအက္စ္ေအကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့ၿပီး အဂၤလန္အသင္းကေတာ့ အခြင့္အေရးေတြ ဖန္တီးဖို႔နဲ႔ အီရန္နဲ႔ပြဲက အထင္ႀကီးဖြယ္ ႏိုင္ပြဲအေပၚမွာ ဆက္လက္တည္ေဆာက္ဖို႔အတြက္ ႐ုန္းကန္ခဲ့ရတာ ျဖစ္ပါတယ္။

ပထမပိုင္း နားခ်ိန္အတြင္း စကားေျပာဆိုရာမွာ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဂယ္ရ နဗီးက ဖိုဒန္ မပါဝင္မႈအေပၚမွာ ညည္းတြားခဲ့ၿပီး မန္စီးတီးၾကယ္ပြင့္ဟာ အဂၤလန္အသင္းထဲမွာ အေကာင္းဆုံးကစားသမားနဲ႔ အေကာင္းဆုံးအရည္အခ်င္းရွိသူျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “သူ မကစားရဘူးဆိုတာ ကြၽန္ေတာ္ သိတယ္။ ဒါေပမယ့္ ဖီးလ္ ဖိုဒန္ အဂၤလန္အတြက္ ပြဲထြက္မပါဝင္ႏိုင္တာက တကယ့္ကို ႏွေျမာစရာေကာင္းပါတယ္။ သူက ႀကီးမားတဲ့ အရည္အခ်င္းရွိတဲ့သူပါ သူက ကြၽန္ေတာ္တို႔ရဲ႕ အေကာင္းဆုံးကစားသမားနဲ႔ ဒီတစ္ႏိုင္ငံလုံးမွာ အေကာင္းဆုံးအရည္အခ်င္းရွိသူလို႔ ထင္ပါတယ္။ သူ တကယ္ပဲ ဒီအသင္းမွာ ပြဲထြက္ပါဝင္ကစားေပးခြင့္ ရသင့္ပါတယ္”

ဂယ္ရီ နဗီးက ပြဲအၿပီးမွာလည္း ထပ္မံၿပီး “ၿပိဳင္ပြဲေတြက ပန္းခင္းတဲ့လမ္းမ်ိဳး ျဖစ္ေနတာ အရမ္းကို ရွားပါးၿပီး ေဆာက္ဂိတ္လည္း အဲဒါကို သိပါလိမ့္မယ္။ ေပးဂိုးမရွိခဲ့တာက အေပါင္းလကၡဏာေဆာင္ေပမယ့္ ကြင္းလယ္က ဖန္တီးႏိုင္စြမ္းမရွိဘဲ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ပင္ပန္းႏြမ္းနယ္ေနတဲ့ပုံေပၚခဲ့ပါတယ္။ ကြၽန္ေတာ့္အတြက္ေတာ့ ဖိုဒန္ရဲ႕ အရည္အခ်င္းက ႀကီးမားပါတယ္။ ကြၽန္ေတာ္ အဲဒီလိုမ်ိဳးအရာကို မျမင္ေတြ႕ခဲ့ဖူးပါဘူး။ ကြၽန္ေတာ္တို႔ လူစာရင္းထဲမွာ ဂ်ဳဒ္ ဘယ္လင္ဟမ္လိုမ်ိဳး ကစားသမားေတြရွိတယ္ဆိုတာကို သိပါတယ္။ ေဆာက္ဂိတ္က ေမဆန္ ေမာင့္နဲ႔ စတားလင္းတို႔ကို ပိုၿပီး အသုံးျပဳခ်င္တယ္။ ဒါေပမယ့္ ဖိုဒန္ ပြဲထြက္ခြင့္မရတာေရာ လူစားဝင္ကစားခြင့္မရတာေရာက စိတ္ဝင္စားစရာေကာင္းပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဂၤလန္ဂိုးသမားေဟာင္း ေရာဘတ္ ဂရင္းကလည္း ယူအက္စ္ေအနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲစဥ္အတြင္း ခ်ဲလ္ဆီးကြင္းလယ္ကစားသမား ေမဆန္ ေမာင့္ဟာ လူစားလဲလွယ္ျခင္းမခံရတာကို တုန္လႈပ္မိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ေမဆန္ ေမာင့္ဟာ ယူအက္စ္ေအနဲ႔ပြဲမွာ အက်ိဳးသက္ေရာက္မႈျပသဖို႔ ႐ုန္းကန္ေနခဲ့ရတဲ့ အဂၤလန္ကစားသမားေတြထဲက တစ္ဦးျဖစ္ေပမယ့္ ဆာကာ၊ ဘယ္လင္ဟမ္၊ စတားလင္းတို႔အားလုံးဟာ လူစားလဲလွယ္ျခင္းခံခဲ့ရခ်ိန္မွာ ခ်ဲလ္ဆီးၾကယ္ပြင့္က ကြင္းထဲမွာ ဆက္ရွိေနခဲ့တာျဖစ္ပါတယ္။

“အဂၤလန္က ပထမဆုံးလူစားလဲလွယ္မႈ ျပဳလုပ္ခဲ့တဲ့အခ်ိန္မွာ ကြၽန္ေတာ္က ေမဆန္ ေမာင့္ေတာ့ ထုတ္ခံရၿပီေပါ့။ ဒီညက သူ႔အတြက္ေတာ့ အဆင္မေျပခဲ့ပါဘူး။ အဲဒါက သူ႔ကို မေကာင္းတဲ့ကစားသမားမျဖစ္ေစပါဘူး။ အဲဒါက ျဖစ္တတ္ပါတယ္။ သူ မိနစ္ ၉၀ စလုံး ကြင္းထဲမွာ ဆက္ေနခဲ့တာကေတာ့ တုန္လႈပ္စရာပါပဲ။ အဲဒါက ထူးဆန္းခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.