International Match Report World Cup

ဉာဏ်ရည်နိမ့်ပါးတဲ့ ဆောက်ဂိတ်ကြောင့် အမေရိကန်ကို သရေကျခဲ့တဲ့ အင်္ဂလန်

အင်္ဂလန်အသင်းအနေနဲ့ ဒီနေ့မှာလည်း အီရန်နဲ့ ကစားတဲ့ လူစာရင်းအတိုင်းပဲ ပွဲထွက်လာခဲ့ပြီး ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ ထရစ်ပီယာ၊ ဂျွန်စတုန်းစ်၊ မက်ဂွိုင်းယား၊ လုခ်ရှောတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ဘယ်လင်ဟမ်နဲ့ မေဆန်မောင့်တို့ကို တွဲဖက်ပေးခဲ့ပြီး တိုက်စစ်မှာတော့ ဆာကာ၊ ဟာရီကိန်းနဲ့ စတာလင်တို့ ကစားခဲ့ကြတာဖြစ်ပါတယ်။

အမေရိကန်အသင်းကတော့ ဂိုးသမား မတ်တာနာ၊ ခံစစ်မှာ တင်မ် ရင်းမ်၊ ဇင်မာမန်း၊ ဒက်စ်နဲ့ ရော်ဘင်ဆန်တို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ တိုင်လာ အက်ဒမ်စ်၊ မူဆာ၊ မက်ကင်နီနဲ့ ပူလီရှစ်ချ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဟာဂျီရိုက်နဲ့ ဝီယာတို့နှစ်ဦးကို ပွဲထုတ်လာခဲ့တာပါ။

အင်္ဂလန်တို့ရဲ့ ကွင်းလယ်မှာ ရိုက်စ်က အထိုင်နံပါတ် ၆ အဖြစ် ကစားချိန်မှာ သူ့ရှေ့က ဘယ်လင်ဂမ်နဲ့ မေဆန်မောင့်တို့က Double 8 တွေအဖြစ် အတက်အဆင်း ကစားရမယ့်အစား ဘယ်တောင်ပံတိုက်စစ်မှူးလိုလို Luxury No. 10 လိုလိုနဲ့ တိုက်စစ်မှာ ဘယ်နေရာမှာ ဘောင်မဝင်ခဲ့တဲ့ မောင့်ကြောင့် ဆောက်ဂိတ်ရဲ့ ကစားကွက်က ပျက်စီးခဲ့ရပြီး အမေရိကန်တို့အနေနဲ့ ခံစစ်မှာ ပိတ်ဆို့ဖို့ လွယ်ကူသွားခဲ့ပါတယ်။

အမေရိကန်တို့ဘက်ကတော့ ကပ္ပတိန်သစ် တိုင်လာ အက်ဒမ်စ်က ကွင်းလယ်မှာ မက်ကင်နီ၊ မူဆာတို့နဲ့အတူ အင်္ဂလန်တို့ကို တော်တော်လေး ဖရိုဖရဲဖြစ်အောင် Pressing Game ကစားသွားနိုင်ခဲ့ကြပြီး ပြိုင်ဘက်ကို အခွင့်အရေးတွေ ဖန်တီးခွင့် နည်းသထက်နည်းအောင် တားဆီးသွားခဲ့လို့ ကိန်းနဲ့ ဆာကာတို့ အလုပ်လုပ်နိုင်စွမ်း နည်းပါးသွားခဲ့တာပါ။

ဆောက်ဂိတ်အနေနဲ့ သူ့ရဲ့ သားတော်လေး မေဆန်မောင့်ရဲ့ ပျက်စီးမှုကို မြင်နေပေမယ့် မပြင်ဆင်တတ်ခဲ့တာကြောင့် ကွင်းလယ်မှာ Star Boy ဘယ်လင်ဂမ်တစ်ယောက်တည်း ယုံကြည်မှုပါ ပျောက်ဆုံးသွားခဲ့ပြီး စတာလင်ကပါ အလယ်ကို ကူကစားနေခဲ့ရသလို ပထမပိုင်းမှာ အခွင့်အရေးတွေကို အသုံးမချတတ်ခဲ့ဘဲ ပူလီရှစ်ချ်ရဲ့ ဖမ်းစားမှုအောက်မှာ ကံကောင်းလို့ ဘားထိထွက်ခဲ့ပြီး ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့သလို ဒုတိယပိုင်းမှာလည်း လူရာမဝင်တဲ့ မေဆန်မောင့်ကို မလဲခဲ့တာကြောင့် အမေရိကန်တို့က ဘောလုံးရတာနဲ့ ထိထိရောက်ရောက် ဖိအားပေးနိုင်ခဲ့ပြီး အင်္ဂလန်တိုက်စစ်ကတော့ အလုပ်မဖြစ်တဲ့ ထိုးဖောက်မှုတွေနဲ့ အာဆင်နယ်အရန်ဂိုးသမား တာနာကို နာမည်ကြီးအောင် လုပ်ပေးသလိုပဲ ဖြစ်နေခဲ့တာပါ။

အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေမှာ ဟာရီကိန်းပါ ခံစစ်ဆင်းကူနေရတဲ့အထိ အင်္ဂလန်တို့ ကြောင်ပျောက်ခဲ့ရတာကြောင့် နည်းပြ ဆောက်ဂိတ်အနေနဲ့ ဘယ်လင်ဟမ်အစား ဟန်ဒါဆန်ကို လဲခဲ့တာ မှန်ခဲ့ပေမယ့် မေဆန်မောင့်ကို အမှာစကားပါးပြီး ကွင်းထဲ ဆက်ထားခဲ့ချိန်မှာ စတာလင်ကို ထုတ်ပြီး ဂရီးလစ်ရှ်ကို ထည့်ခဲ့တာကတော့ တစ်ဖက်က ပြိုင်ဘက်အသင်းဟာ အီရန် မဟုတ်ဘူးဆိုတာ မေ့နေခဲ့လို့လည်းဖြစ်နိုင်ပါတယ်။

ဂိုးကန်သွင်းမှုတွေမှာ Direct Attacking ကစားတဲ့ အမေရိကန်တို့ကတောင် ပိုခဲ့သလို အင်္ဂလန်တို့ကတော့ နောက်ပိုင်းမှာ ဆာကာအစား ရက်ရှ်ဖို့ဒ်ကို ထည့်သွင်းပြီး အပြောင်းအလဲလုပ်တော့မှ နည်းနည်းပြန်ပြီး ရုပ်ထွက်လာခဲ့ပေမယ့် ဂိုးရဖို့တော့ မတတ်နိုင်ခဲ့ဘဲ ဦးစနည်းပြ ဘာဟယ်လ်တာရဲ့ ဗျူဟာမြောက်ကစားပုံကို ကျော်ဖြတ်ဖို့ ဆပ်ကပ်ထဲက ခြင်္သေ့ကြီး ဆောက်ဂိတ်အနေနဲ့ ဉာဏ်မမီဘဲဖြစ်ခဲ့ရတာပါ။

ဒုတိယပိုင်းမှာ စောစောစီးစီးကတည်းက မေဆန်မောင့်ကို ထုတ်ပြီး ဖိုဒန်ကို ထည့်ခဲ့သင့်ပေမယ့် ဆောက်ဂိတ်အနေနဲ့ ဘယ်လိုမှ ပြောင်းလဲလို့ မရတဲ့ ချဲလ်ဆီးကွင်းလယ်လူကို မထုတ်ဘဲ ပွဲချိန်အပြည့်အထိ သုံးသွားခဲ့တာကြောင့် သူ့ရဲ့ Body Language ကို ကြည့်ပြီး ဘာလုပ်မယ်ဆိုတာ ကြိုသိနေတဲ့ အမေရိကန်နောက်ခံလူတွေရဲ့ ကျေးဇူးတင်ကြောင်း အပြောမခံရရုံတမယ်ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ ဂိုးမရှိသရေနဲ့ပဲ ပွဲပြီးသွားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်တို့အနေနဲ့ ပထမပိုင်းမှာ ဇီးဇီးဖြစ်တဲ့ ကမ္ဘာ့ဖလားနောက်ဆုံး ၅ ပွဲမှာ တစ်ပွဲမှ မနိုင်တဲ့ စံချိန်ဆိုးကိုလည်း ဆက်လက်တိုးမြှင့်သွားခဲ့ကြပြီး ဒီနေ့ပွဲမှာ ရလဒ်မကောင်းဘဲဖြစ်ခဲ့ပေမယ့် တစ်ဖက်က အီရန်အသင်းက ဝေးလ်စ်ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် နောက်ဆုံးပွဲမှာ သူတို့တွေအနေနဲ့ ဝေးလ်စ်ကို လေးဂိုးပြတ် မရှုံးရင် နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့အတွက်တော့ အခွင့်အလမ်းရှိနေခဲ့တာပါ။

တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာတဲ့ အမေရိကန်တို့ကတော့ လာမယ့်ပွဲမှာ အီရန်ကို အနိုင်ရရှိရင် နောက်တစ်ဆင့်တက်နိုင်မှာဖြစ်ပြီး လက်ရှိ ခြေစွမ်းအရတော့ သူတို့နဲ့ နိုင်ငံရေး၊ စစ်ရေးတွေအရ တင်းမာဖူးတဲ့ ရန်ဘက်နိုင်ငံကို ၉၈ ပြင်သစ်ကမ္ဘာ့ဖလားမှာ ရှုံးထားတဲ့ ရှုံးကြွေးကို ဂုဏ်သိက္ခာအရ ပြန်ဆပ်နိုင်ဖို့ များနေတာကြောင့် ရှုံးထွက်အဆင့်မှာ တွေ့မြင်နိုင်ဖို့ များနေကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္အသင္းအေနနဲ႔ ဒီေန႔မွာလည္း အီရန္နဲ႔ ကစားတဲ့ လူစာရင္းအတိုင္းပဲ ပြဲထြက္လာခဲ့ၿပီး ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ ထရစ္ပီယာ၊ ဂြၽန္စတုန္းစ္၊ မက္ဂြိဳင္းယား၊ လုခ္ေရွာတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ဘယ္လင္ဟမ္နဲ႔ ေမဆန္ေမာင့္တို႔ကို တြဲဖက္ေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆာကာ၊ ဟာရီကိန္းနဲ႔ စတာလင္တို႔ ကစားခဲ့ၾကတာျဖစ္ပါတယ္။

အေမရိကန္အသင္းကေတာ့ ဂိုးသမား မတ္တာနာ၊ ခံစစ္မွာ တင္မ္ ရင္းမ္၊ ဇင္မာမန္း၊ ဒက္စ္နဲ႔ ေရာ္ဘင္ဆန္တို႔ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ တိုင္လာ အက္ဒမ္စ္၊ မူဆာ၊ မက္ကင္နီနဲ႔ ပူလီရွစ္ခ်္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဟာဂ်ီ႐ိုက္နဲ႔ ဝီယာတို႔ႏွစ္ဦးကို ပြဲထုတ္လာခဲ့တာပါ။

အဂၤလန္တို႔ရဲ႕ ကြင္းလယ္မွာ ႐ိုက္စ္က အထိုင္နံပါတ္ ၆ အျဖစ္ ကစားခ်ိန္မွာ သူ႔ေရွ႕က ဘယ္လင္ဂမ္နဲ႔ ေမဆန္ေမာင့္တို႔က Double 8 ေတြအျဖစ္ အတက္အဆင္း ကစားရမယ့္အစား ဘယ္ေတာင္ပံတိုက္စစ္မႉးလိုလို Luxury No. 10 လိုလိုနဲ႔ တိုက္စစ္မွာ ဘယ္ေနရာမွာ ေဘာင္မဝင္ခဲ့တဲ့ ေမာင့္ေၾကာင့္ ေဆာက္ဂိတ္ရဲ႕ ကစားကြက္က ပ်က္စီးခဲ့ရၿပီး အေမရိကန္တို႔အေနနဲ႔ ခံစစ္မွာ ပိတ္ဆို႔ဖို႔ လြယ္ကူသြားခဲ့ပါတယ္။

အေမရိကန္တို႔ဘက္ကေတာ့ ကပၸတိန္သစ္ တိုင္လာ အက္ဒမ္စ္က ကြင္းလယ္မွာ မက္ကင္နီ၊ မူဆာတို႔နဲ႔အတူ အဂၤလန္တို႔ကို ေတာ္ေတာ္ေလး ဖ႐ိုဖရဲျဖစ္ေအာင္ Pressing Game ကစားသြားႏိုင္ခဲ့ၾကၿပီး ၿပိဳင္ဘက္ကို အခြင့္အေရးေတြ ဖန္တီးခြင့္ နည္းသထက္နည္းေအာင္ တားဆီးသြားခဲ့လို႔ ကိန္းနဲ႔ ဆာကာတို႔ အလုပ္လုပ္ႏိုင္စြမ္း နည္းပါးသြားခဲ့တာပါ။

ေဆာက္ဂိတ္အေနနဲ႔ သူ႔ရဲ႕ သားေတာ္ေလး ေမဆန္ေမာင့္ရဲ႕ ပ်က္စီးမႈကို ျမင္ေနေပမယ့္ မျပင္ဆင္တတ္ခဲ့တာေၾကာင့္ ကြင္းလယ္မွာ Star Boy ဘယ္လင္ဂမ္တစ္ေယာက္တည္း ယုံၾကည္မႈပါ ေပ်ာက္ဆုံးသြားခဲ့ၿပီး စတာလင္ကပါ အလယ္ကို ကူကစားေနခဲ့ရသလို ပထမပိုင္းမွာ အခြင့္အေရးေတြကို အသုံးမခ်တတ္ခဲ့ဘဲ ပူလီရွစ္ခ်္ရဲ႕ ဖမ္းစားမႈေအာက္မွာ ကံေကာင္းလို႔ ဘားထိထြက္ခဲ့ၿပီး ဂိုးမေပးခဲ့ရတာျဖစ္ပါတယ္။

ပထမပိုင္းမွာ ဂိုးမရွိသေရနဲ႔ ၿပီးဆုံးခဲ့သလို ဒုတိယပိုင္းမွာလည္း လူရာမဝင္တဲ့ ေမဆန္ေမာင့္ကို မလဲခဲ့တာေၾကာင့္ အေမရိကန္တို႔က ေဘာလုံးရတာနဲ႔ ထိထိေရာက္ေရာက္ ဖိအားေပးႏိုင္ခဲ့ၿပီး အဂၤလန္တိုက္စစ္ကေတာ့ အလုပ္မျဖစ္တဲ့ ထိုးေဖာက္မႈေတြနဲ႔ အာဆင္နယ္အရန္ဂိုးသမား တာနာကို နာမည္ႀကီးေအာင္ လုပ္ေပးသလိုပဲ ျဖစ္ေနခဲ့တာပါ။

အေမရိကန္ရဲ႕ ၿခိမ္းေျခာက္မႈေတြမွာ ဟာရီကိန္းပါ ခံစစ္ဆင္းကူေနရတဲ့အထိ အဂၤလန္တို႔ ေၾကာင္ေပ်ာက္ခဲ့ရတာေၾကာင့္ နည္းျပ ေဆာက္ဂိတ္အေနနဲ႔ ဘယ္လင္ဟမ္အစား ဟန္ဒါဆန္ကို လဲခဲ့တာ မွန္ခဲ့ေပမယ့္ ေမဆန္ေမာင့္ကို အမွာစကားပါးၿပီး ကြင္းထဲ ဆက္ထားခဲ့ခ်ိန္မွာ စတာလင္ကို ထုတ္ၿပီး ဂရီးလစ္ရွ္ကို ထည့္ခဲ့တာကေတာ့ တစ္ဖက္က ၿပိဳင္ဘက္အသင္းဟာ အီရန္ မဟုတ္ဘူးဆိုတာ ေမ့ေနခဲ့လို႔လည္းျဖစ္ႏိုင္ပါတယ္။

ဂိုးကန္သြင္းမႈေတြမွာ Direct Attacking ကစားတဲ့ အေမရိကန္တို႔ကေတာင္ ပိုခဲ့သလို အဂၤလန္တို႔ကေတာ့ ေနာက္ပိုင္းမွာ ဆာကာအစား ရက္ရွ္ဖို႔ဒ္ကို ထည့္သြင္းၿပီး အေျပာင္းအလဲလုပ္ေတာ့မွ နည္းနည္းျပန္ၿပီး ႐ုပ္ထြက္လာခဲ့ေပမယ့္ ဂိုးရဖို႔ေတာ့ မတတ္ႏိုင္ခဲ့ဘဲ ဦးစနည္းျပ ဘာဟယ္လ္တာရဲ႕ ဗ်ဴဟာေျမာက္ကစားပုံကို ေက်ာ္ျဖတ္ဖို႔ ဆပ္ကပ္ထဲက ျခေသၤ့ႀကီး ေဆာက္ဂိတ္အေနနဲ႔ ဉာဏ္မမီဘဲျဖစ္ခဲ့ရတာပါ။

ဒုတိယပိုင္းမွာ ေစာေစာစီးစီးကတည္းက ေမဆန္ေမာင့္ကို ထုတ္ၿပီး ဖိုဒန္ကို ထည့္ခဲ့သင့္ေပမယ့္ ေဆာက္ဂိတ္အေနနဲ႔ ဘယ္လိုမွ ေျပာင္းလဲလို႔ မရတဲ့ ခ်ဲလ္ဆီးကြင္းလယ္လူကို မထုတ္ဘဲ ပြဲခ်ိန္အျပည့္အထိ သုံးသြားခဲ့တာေၾကာင့္ သူ႔ရဲ႕ Body Language ကို ၾကည့္ၿပီး ဘာလုပ္မယ္ဆိုတာ ႀကိဳသိေနတဲ့ အေမရိကန္ေနာက္ခံလူေတြရဲ႕ ေက်းဇူးတင္ေၾကာင္း အေျပာမခံရ႐ုံတမယ္ျဖစ္ခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ဂိုးမရွိသေရနဲ႔ပဲ ပြဲၿပီးသြားခဲ့တာျဖစ္ပါတယ္။

အဂၤလန္တို႔အေနနဲ႔ ပထမပိုင္းမွာ ဇီးဇီးျဖစ္တဲ့ ကမာၻ႔ဖလားေနာက္ဆုံး ၅ ပြဲမွာ တစ္ပြဲမွ မႏိုင္တဲ့ စံခ်ိန္ဆိုးကိုလည္း ဆက္လက္တိုးျမႇင့္သြားခဲ့ၾကၿပီး ဒီေန႔ပြဲမွာ ရလဒ္မေကာင္းဘဲျဖစ္ခဲ့ေပမယ့္ တစ္ဖက္က အီရန္အသင္းက ေဝးလ္စ္ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ ေနာက္ဆုံးပြဲမွာ သူတို႔ေတြအေနနဲ႔ ေဝးလ္စ္ကို ေလးဂိုးျပတ္ မရႈံးရင္ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ဖို႔အတြက္ေတာ့ အခြင့္အလမ္းရွိေနခဲ့တာပါ။

တစ္ပြဲထက္တစ္ပြဲ ပိုေကာင္းလာတဲ့ အေမရိကန္တို႔ကေတာ့ လာမယ့္ပြဲမွာ အီရန္ကို အႏိုင္ရရွိရင္ ေနာက္တစ္ဆင့္တက္ႏိုင္မွာျဖစ္ၿပီး လက္ရွိ ေျခစြမ္းအရေတာ့ သူတို႔နဲ႔ ႏိုင္ငံေရး၊ စစ္ေရးေတြအရ တင္းမာဖူးတဲ့ ရန္ဘက္ႏိုင္ငံကို ၉၈ ျပင္သစ္ကမာၻ႔ဖလားမွာ ရႈံးထားတဲ့ ရႈံးေႂကြးကို ဂုဏ္သိကၡာအရ ျပန္ဆပ္ႏိုင္ဖို႔ မ်ားေနတာေၾကာင့္ ရႈံးထြက္အဆင့္မွာ ေတြ႕ျမင္ႏိုင္ဖို႔ မ်ားေနေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.