International World Cup

ရွှေလက်အိတ်၊ ရွှေဘောလုံးနဲ့အကောင်းဆုံးလူငယ်ဆုတွေကို ခန့်မှန်းခဲ့တဲ့ လီဗာပူးလ်ကြယ်ပွင့်ဟောင်း

လီဗာပူးလ်နောက်ခံကစားသမားဟောင်း ဟိုဆေး အန်နရီကေးဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲက ရွှေလက်အိတ်၊ ရွှေဘောလုံနဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုရှင်တွေကို ဟောကိန်းထုတ်ခဲ့ပါတယ်။

အန်နရီကေးဟာ သက်ဆိုင်ရာ ဆုတစ်ခုချင်းစီမှာ အနိုင်ရရှိလိမ့်မယ်လို့ ယုံကြည်ထားတဲ့သူတွေကို အင်စတာဂရမ် အကောင့်မှာ ပုံတင်ထားခဲ့တာ ဖြစ်ပါတယ်။ စပိန်နောက်ခံကစားသမားဟောင်းက ပြင်သစ်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေက ရွှေဘောလုံးဆုကို ရယူသွားလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့်ဟာ အင်္ဂါနေ့က သြစတြေးလျကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပြင်သစ်အတွက် ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ ပြင်သစ်အသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၈ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး ၎င်းရဲ့ ပါဝင်မှုက လက်ရှိ ကမ္ဘာ့ချန်ပီယံဘွဲ့ကို အောင်မြင်စွာ ထိန်းသိမ်းထားချင်တဲ့ ပြင်သစ်ရဲ့မျှော်လင့်ချက်အတွက် အဓိကကျလိမ့်မယ်လို့ မျှော်မှန်းခြင်း ခံထားရတာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ အန်နရီကေးက လီဗာပူးလ်ကြယ်ပွင့် ဘရာဇီးလ်လက်ရွေးစင်ဂိုးသမား အယ်လစ်ဆန် ဘက်ကာကို ရွှေလက်အိတ်ဆုရှင်ဖြစ်လိမ့်မယ်လို့ ရွေးချယ်ထားပြီး ဒီဆုဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အထင်ကြီးစရာအကောင်းဆုံးဂိုးသမားကို ပေးအပ်မယ့်ဆုဖြစ်ပါတယ်။

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ အယ်လစ်ဆန်ဟာ ဆားဘီးယားကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ကြာသပတေးနေ့ညနေပွဲစဉ်မှာ ဘရာဇီးလ်အသင်းအတွက် ပေးဂိုးမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး ပြန်လည်ဆယ်ယူမှု ၁၁ ကြိမ် ပြုလုပ်ခဲ့ပေမယ့်လည်း ဂိုးကာကွယ်မှုတော့ လုပ်ဖို့ မလိုအပ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးဆုဖြစ်တဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကိုတော့ အန်နရီကေးက ဘာစီလိုနာရဲ့ စပိန်ဆယ်ကျော်သက်ကွင်းလယ်ကစားသမား ဇာဗီက အနိုင်ရရှိသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပြီး အသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂါဗီဟာ ကော်စတာရီကာကို ၇-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဂါဗီဟာ ၂၀၂၂ ကိုပါဆုရှင်လည်း ဖြစ်ပြီး စပိန်အသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောက်ပပြနိုင်မယ့် ကစားသမားအဖြစ် တစ်ကြိုပေးခြင်း ခံထားရတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္ေနာက္ခံကစားသမားေဟာင္း ဟိုေဆး အန္နရီေကးဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲက ေ႐ႊလက္အိတ္၊ ေ႐ႊေဘာလုံနဲ႔ အေကာင္းဆုံးလူငယ္ကစားသမားဆုရွင္ေတြကို ေဟာကိန္းထုတ္ခဲ့ပါတယ္။

အန္နရီေကးဟာ သက္ဆိုင္ရာ ဆုတစ္ခုခ်င္းစီမွာ အႏိုင္ရရွိလိမ့္မယ္လို႔ ယုံၾကည္ထားတဲ့သူေတြကို အင္စတာဂရမ္ အေကာင့္မွာ ပုံတင္ထားခဲ့တာ ျဖစ္ပါတယ္။ စပိန္ေနာက္ခံကစားသမားေဟာင္းက ျပင္သစ္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပက ေ႐ႊေဘာလုံးဆုကို ရယူသြားလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ အဂၤါေန႔က ၾသစေၾတးလ်ကို ၄-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ျပင္သစ္အတြက္ ဂိုးသြင္းယူေပးခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ ျပင္သစ္အသင္းအတြက္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ၈ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့ၿပီး ၎ရဲ႕ ပါဝင္မႈက လက္ရွိ ကမာၻ႔ခ်န္ပီယံဘြဲ႕ကို ေအာင္ျမင္စြာ ထိန္းသိမ္းထားခ်င္တဲ့ ျပင္သစ္ရဲ႕ေမွ်ာ္လင့္ခ်က္အတြက္ အဓိကက်လိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္း ခံထားရတာ ျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ အန္နရီေကးက လီဗာပူးလ္ၾကယ္ပြင့္ ဘရာဇီးလ္လက္ေ႐ြးစင္ဂိုးသမား အယ္လစ္ဆန္ ဘက္ကာကို ေ႐ႊလက္အိတ္ဆုရွင္ျဖစ္လိမ့္မယ္လို႔ ေ႐ြးခ်ယ္ထားၿပီး ဒီဆုဟာ ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အထင္ႀကီးစရာအေကာင္းဆုံးဂိုးသမားကို ေပးအပ္မယ့္ဆုျဖစ္ပါတယ္။

အသက္ ၃၀ အ႐ြယ္ရွိၿပီျဖစ္တဲ့ အယ္လစ္ဆန္ဟာ ဆားဘီးယားကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ၾကာသပေတးေန႔ညေနပြဲစဥ္မွာ ဘရာဇီးလ္အသင္းအတြက္ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့သူျဖစ္ၿပီး ျပန္လည္ဆယ္ယူမႈ ၁၁ ႀကိမ္ ျပဳလုပ္ခဲ့ေပမယ့္လည္း ဂိုးကာကြယ္မႈေတာ့ လုပ္ဖို႔ မလိုအပ္ခဲ့တာ ျဖစ္ပါတယ္။

ေနာက္ဆုံးဆုျဖစ္တဲ့ အေကာင္းဆုံးလူငယ္ကစားသမားဆုကိုေတာ့ အန္နရီေကးက ဘာစီလိုနာရဲ႕ စပိန္ဆယ္ေက်ာ္သက္ကြင္းလယ္ကစားသမား ဇာဗီက အႏိုင္ရရွိသြားလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့ၿပီး အသက္ ၁၈ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဂါဗီဟာ ေကာ္စတာရီကာကို ၇-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ဂိုးသြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂါဗီဟာ ၂၀၂၂ ကိုပါဆုရွင္လည္း ျဖစ္ၿပီး စပိန္အသင္းနဲ႔အတူ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေတာက္ပျပႏိုင္မယ့္ ကစားသမားအျဖစ္ တစ္ႀကိဳေပးျခင္း ခံထားရတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.