International World Cup

နာမည်ကြီးအင်္ဂလိပ်ဒိုင် ၂ ဦးကို ပွဲမကိုင်တွယ်စေဘဲ ထားထားတယ်လို့ စွပ်စွဲခံနေရတဲ့ ဖီဖာ

ဖီဖာဟာ OneLove လှုံ့ဆော်မှုကို တုံ့ပြန်ခဲ့တဲ့အတွက် အင်္ဂလိပ်လူမျိုး ဒိုင်လူကြီးတွေဖြစ်တဲ့ မိုက်ကယ် အိုလီဗာနဲ့ အန်သိုနီ တေလာတို့ကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒိုင်လူကြီးအဖြစ် တာဝန်ပေးဖို့ ငြင်းပယ်နေတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

အိုလီဗာနဲ့ တေလာတို့ဟာ ကာတာမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရီးမီးယားလိဂ်ရဲ့ ကိုယ်စားလှယ် ၂ ဦးဖြစ်ပေမယ့်လည်း လက်ရှိအချိန်အထိတော့ ဖီဖာရဲ့ ပွဲကိုင်တွယ်ဖို့ တာဝန်ပေးအပ်ခြင်း မခံသေးတာ ဖြစ်ပါတယ်။ ဥရောပနိုင်ငံ ၇ နိုင်ငံဟာ OneLove လှုပ်ရှားမှုကို အားပေးထောက်ခံခဲ့ပေမယ့်လည်း ဖီဖာရဲ့ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရပြီးနောက် စွန့်ပယ်ဖို့ ဖိအားပေးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအုပ်ချုပ်ရေးအဖွဲ့အစည်းကြီးက ဟာရီ ကိန်း၊ ဂါရတ် ဘေးလ်နဲ့ တခြား ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမား ၅ ဦးကို OneLove လက်ပတ်ကို ဝတ်ဆင်ကစားရင် အဝါကတ်ပြားပြသခြင်းခံရလိမ့်မယ်လို့ သတိပေးခဲ့တာဖြစ်ပြီး OneLove ဟာ ကာတာမှာ တားမြစ်ထားတဲ့ လိင်တူချင်း စုံမက်မှုကို အားပေးထောက်ခံတဲ့လှုပ်ရှားမှုဖြစ်ပါတယ်။

အသင်းခေါင်းဆောင် ၇ ဦးစလုံးဟာ OneLove လက်ပတ်ကို မဝတ်ဆင်ခဲ့ပေမယ့်လည်း ကစားသမားတွေဟာ ဆက်လက် ဆန္ဒပြနေပြီး ဂျာမနီအသင်းသားတွေဟာ ဗုဒ္ဓဟူးနေ့က ဂျပန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမတိုင်ခင် အုပ်စုလိုက် ဓာတ်ပုံရိုက်ကူးရာမှာ ပါးစပ်ပိတ်ထားတဲ့အမူအရာနဲ့ ဆန့်ကျင်ခဲ့တာဖြစ်ပါတယ်။

LGBT+ တွေရဲ့ အခွင့်အရေးကို လူသိများအောင် ဆက်လက် လုပ်ဆောင်နေမှုက အိုလီဗာနဲ့ တေလာတို့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲက ပွဲတာဝန်ယူကြီးကြပ်ခွင့်ကို အနှောင့်အယှက်ပေးနေတယ်လို့ ပြောကြားခြင်းခံခဲ့ရတာဖြစ်ပြီး သတင်းရင်းမြစ်တစ်ဦးက ပရီးမီးယားလိဂ်ဒိုင်လူကြီးတွေဟာ ဖီဖာရဲ့ တမင်ဘေးဖယ်ထားခြင်းကို ခံနေခဲ့ရတယ်လို့ ပြောကြားခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ အိုလီဗာနဲ့ တေလာတို့ဟာ အင်္ဂလန်ရဲ့ အကောင်းဆုံးဒိုင်လူကြီးတွေထဲက ၂ ဦးဖြစ်ပြီး အိုလီဗာဟာ ၂၀၁၀ ခုနှစ်ကတည်းက ပရီးမီးယားလိဂ်မှာ နည်းပြခဲ့ပြီး ၂ နှစ်အကြာမှာ ဖီဖာရဲ့စာရင်းဝင် ဒိုင်လူကြီးဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

အိုလီဗာဟာ ဥရောပစူပါဖလား၊ ကွန်မြူနတီဒိုင်း၊ ကာရာဘောင်းဖလားဗိုလ်လုပွဲနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲ ၂ ပွဲတို့ကို တာဝန်ယူကိုင်တွယ်ခဲ့ပြီး တေလာကလည်း ၂၀၁၀ ခုနှစ်မှာ ပရီးမီးယားလိဂ်မှာ ဒိုင်စလုပ်ခဲ့သူဖြစ်ပါတယ်။ အန်သိုနီ တေလာဟာ နောက်ထပ် ၃ နှစ်အကြာမှာ ဖီဖာရဲ့ စာရင်းဝင် ဒိုင်လူကြီး ဖြစ်လာခဲ့သူဖြစ်ပြီး ဥရောပစူပါဖလား၊ နေးရှင်းလိဂ်ဖလားဗိုလ်လုပွဲ၊ အက်ဖ်အေဖလားဗိုလ်လုပွဲ၊ ကာရာဘောင်းဖလားဗိုလ်လုပွဲ၊ ကွန်မြူနတီဒိုင်းလုပွဲနဲ့ ချန်ပီယံရှစ် Play-off ဗိုလ်လုပွဲအပါအဝင် ထင်ရှားတဲ့ပွဲအများအပြားကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီး ဖြစ်ပါတယ်။

အိုလီဗာ၊ တေလာတို့နဲ့အတူ ဂျာမနီကိုယ်စားပြု ဒိုင်လူကြီး ဒန်နီရယ် ဆီးဘတ်၊ နယ်သာလန်ကိုယ်စားပြုဒိုင်လူကြီး ဒန်နီ မက်ကလီးတို့ကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲကြီးကြပ်ခွင့် တာဝန်ပေးအပ်မှာကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ ဆီးဘတ်ကတော့ စနေနေ့မှာ ယှဉ်ပြိုင်ကစားသွားမယ့် တူနီးရှားနဲ့ သြစတြေးလျတို့ပွဲစဉ်ကို တာဝန်ယူကိုင်တွယ်သွားဖို့ ပြင်ဆင်နေပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဖီဖာဟာ OneLove လႈံ႕ေဆာ္မႈကို တုံ႔ျပန္ခဲ့တဲ့အတြက္ အဂၤလိပ္လူမ်ိဳး ဒိုင္လူႀကီးေတြျဖစ္တဲ့ မိုက္ကယ္ အိုလီဗာနဲ႔ အန္သိုနီ ေတလာတို႔ကို ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဒိုင္လူႀကီးအျဖစ္ တာဝန္ေပးဖို႔ ျငင္းပယ္ေနတယ္လို႔ စြပ္စြဲခံခဲ့ရပါတယ္။

အိုလီဗာနဲ႔ ေတလာတို႔ဟာ ကာတာမွာ က်င္းပေနတဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပရီးမီးယားလိဂ္ရဲ႕ ကိုယ္စားလွယ္ ၂ ဦးျဖစ္ေပမယ့္လည္း လက္ရွိအခ်ိန္အထိေတာ့ ဖီဖာရဲ႕ ပြဲကိုင္တြယ္ဖို႔ တာဝန္ေပးအပ္ျခင္း မခံေသးတာ ျဖစ္ပါတယ္။ ဥေရာပႏိုင္ငံ ၇ ႏိုင္ငံဟာ OneLove လႈပ္ရွားမႈကို အားေပးေထာက္ခံခဲ့ေပမယ့္လည္း ဖီဖာရဲ႕ ၿခိမ္းေျခာက္ျခင္းကို ခံခဲ့ရၿပီးေနာက္ စြန႔္ပယ္ဖို႔ ဖိအားေပးျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

ကမာၻလုံးဆိုင္ရာ ေဘာလုံးအုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းႀကီးက ဟာရီ ကိန္း၊ ဂါရတ္ ေဘးလ္နဲ႔ တျခား ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ ကစားသမား ၅ ဦးကို OneLove လက္ပတ္ကို ဝတ္ဆင္ကစားရင္ အဝါကတ္ျပားျပသျခင္းခံရလိမ့္မယ္လို႔ သတိေပးခဲ့တာျဖစ္ၿပီး OneLove ဟာ ကာတာမွာ တားျမစ္ထားတဲ့ လိင္တူခ်င္း စုံမက္မႈကို အားေပးေထာက္ခံတဲ့လႈပ္ရွားမႈျဖစ္ပါတယ္။

အသင္းေခါင္းေဆာင္ ၇ ဦးစလုံးဟာ OneLove လက္ပတ္ကို မဝတ္ဆင္ခဲ့ေပမယ့္လည္း ကစားသမားေတြဟာ ဆက္လက္ ဆႏၵျပေနၿပီး ဂ်ာမနီအသင္းသားေတြဟာ ဗုဒၶဟူးေန႔က ဂ်ပန္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲမတိုင္ခင္ အုပ္စုလိုက္ ဓာတ္ပုံ႐ိုက္ကူးရာမွာ ပါးစပ္ပိတ္ထားတဲ့အမူအရာနဲ႔ ဆန႔္က်င္ခဲ့တာျဖစ္ပါတယ္။

LGBT+ ေတြရဲ႕ အခြင့္အေရးကို လူသိမ်ားေအာင္ ဆက္လက္ လုပ္ေဆာင္ေနမႈက အိုလီဗာနဲ႔ ေတလာတို႔ရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲက ပြဲတာဝန္ယူႀကီးၾကပ္ခြင့္ကို အေႏွာင့္အယွက္ေပးေနတယ္လို႔ ေျပာၾကားျခင္းခံခဲ့ရတာျဖစ္ၿပီး သတင္းရင္းျမစ္တစ္ဦးက ပရီးမီးယားလိဂ္ဒိုင္လူႀကီးေတြဟာ ဖီဖာရဲ႕ တမင္ေဘးဖယ္ထားျခင္းကို ခံေနခဲ့ရတယ္လို႔ ေျပာၾကားခဲ့ေၾကာင္း Daily Mail က ေဖာ္ျပခဲ့ပါတယ္။ အိုလီဗာနဲ႔ ေတလာတို႔ဟာ အဂၤလန္ရဲ႕ အေကာင္းဆုံးဒိုင္လူႀကီးေတြထဲက ၂ ဦးျဖစ္ၿပီး အိုလီဗာဟာ ၂၀၁၀ ခုႏွစ္ကတည္းက ပရီးမီးယားလိဂ္မွာ နည္းျပခဲ့ၿပီး ၂ ႏွစ္အၾကာမွာ ဖီဖာရဲ႕စာရင္းဝင္ ဒိုင္လူႀကီးျဖစ္လာခဲ့သူ ျဖစ္ပါတယ္။

အိုလီဗာဟာ ဥေရာပစူပါဖလား၊ ကြန္ျမဴနတီဒိုင္း၊ ကာရာေဘာင္းဖလားဗိုလ္လုပြဲနဲ႔ အက္ဖ္ေအဖလားဗိုလ္လုပြဲ ၂ ပြဲတို႔ကို တာဝန္ယူကိုင္တြယ္ခဲ့ၿပီး ေတလာကလည္း ၂၀၁၀ ခုႏွစ္မွာ ပရီးမီးယားလိဂ္မွာ ဒိုင္စလုပ္ခဲ့သူျဖစ္ပါတယ္။ အန္သိုနီ ေတလာဟာ ေနာက္ထပ္ ၃ ႏွစ္အၾကာမွာ ဖီဖာရဲ႕ စာရင္းဝင္ ဒိုင္လူႀကီး ျဖစ္လာခဲ့သူျဖစ္ၿပီး ဥေရာပစူပါဖလား၊ ေနးရွင္းလိဂ္ဖလားဗိုလ္လုပြဲ၊ အက္ဖ္ေအဖလားဗိုလ္လုပြဲ၊ ကာရာေဘာင္းဖလားဗိုလ္လုပြဲ၊ ကြန္ျမဴနတီဒိုင္းလုပြဲနဲ႔ ခ်န္ပီယံရွစ္ Play-off ဗိုလ္လုပြဲအပါအဝင္ ထင္ရွားတဲ့ပြဲအမ်ားအျပားကို တာဝန္ယူ ကိုင္တြယ္ခဲ့တဲ့ ဒိုင္လူႀကီး ျဖစ္ပါတယ္။

အိုလီဗာ၊ ေတလာတို႔နဲ႔အတူ ဂ်ာမနီကိုယ္စားျပဳ ဒိုင္လူႀကီး ဒန္နီရယ္ ဆီးဘတ္၊ နယ္သာလန္ကိုယ္စားျပဳဒိုင္လူႀကီး ဒန္နီ မက္ကလီးတို႔ကလည္း ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပြဲႀကီးၾကပ္ခြင့္ တာဝန္ေပးအပ္မွာကို ေစာင့္ဆိုင္းေနတယ္လို႔ သိရပါတယ္။ ဆီးဘတ္ကေတာ့ စေနေန႔မွာ ယွဥ္ၿပိဳင္ကစားသြားမယ့္ တူနီးရွားနဲ႔ ၾသစေၾတးလ်တို႔ပြဲစဥ္ကို တာဝန္ယူကိုင္တြယ္သြားဖို႔ ျပင္ဆင္ေနၿပီလို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.