International Match Report World Cup

နိုင်ဖတ်ကြီးဖြစ်နေတဲ့ အိမ်ရှင် ကာတာနဲ့ တွေ့မှ သုံးမှတ်စရတဲ့ ဆီနီဂေါ

ဆီနီဂေါအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အေဒူယာ မန်ဒီ၊ ခံစစ်မှာ ကူလီဘေလီ၊ ဒီယယ်လို၊ ဆာဘာလီနဲ့ ဂျက်ကော့ဘ်စ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂါနာ‌ ဂေးယီ၊ နမ်ပလီ မန်ဒီ၊ ဒီယက်တာနဲ့ အစ္စမိုင်လာ ဆားရ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘူလာယေး ဒီယားနဲ့ ဒီယေးဒယူးတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ကာတာတို့ကတော့ ဂိုးသမား ဘာရှမ်၊ ခံစစ်မှာ ခူးခီ၊ ဟက်ဆန်၊ ပက်ဒရို မီဂယ်လ်၊ အစ္စမဲလ် မိုဟာမက်နဲ့ ဟိုမန် အာမက်တို့ကို စုဖွဲ့လာခဲ့ပြီး ကွင်းလယ်မှာတော့ အယ်လ်ဟေးဒိုစ်၊ မာဒီဘိုနဲ့ ဘူဒီယက်ဖ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အက်ခရမ် အဖစ်ဖ်နဲ့ အယ်လ်မို့ဇ် အလီတို့ကို ကစားစေခဲ့တာပါ။

ပွဲစကတည်းက ဆီနီဂေါတို့ ဘောလုံးကိုင်ပြီး ဖိကစားနေပေမယ့် ကာတာခံစစ်က သတိကြီးကြီးထားပြီး ဖျက်ထုတ်နေခဲ့ကြလို့ ဂိုးရဖို့တော့ ခက်နေခဲ့ကြပြီး အိမ်ရှင်တွေအနေနဲ့ ဥရောပမှာ အသားကျပြီးသား ပြင်သစ်ဘီအသင်းလို့တောင် အခေါ်ခံထားရတဲ့ ဧည့်သည်တွေကို အတွေ့အကြုံနဲ့ ချဉ်းကပ်မှုပိုင်းမှာ မယှဉ်နိုင်ဘဲဖြစ်နေခဲ့ကြပါတယ်။

ဂါနာ ဂေးယီနဲ့ အစ္စမိုင်လာ ဆားရ်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ကြလို့ ဆီနီဂေါတို့ ဂိုးမရခဲ့သလို တိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ ဒီယားနဲ့ ဒီယေးဒယူးတို့ကိုတော့ ကာတာခံစစ် ၅ ယောက်တန်းနဲ့ ဂိုးသမားတို့က အလွတ်မခံဘဲ ကစားနေခဲ့ကြသလို ပွဲချိန် ၃၄ မိနစ်မှာ ပင်နယ်တီအခွင့်အရေးကို ပယ်ချခံခဲ့ရလို့ အိမ်ရှင်တွေ နစ်နာခဲ့ရတာပါ။

ပွဲချိန် ၄၁ မိနစ်မှာတော့ ဆီနီဂေါတို့ အဖွင့်ဂိုး စတင်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဒီယက်တာရဲ့ အနိမ့်ဘော ဖြတ်ပို့တာကို ကာတာနောက်ခံလူ ခူးခီရဲ့ ရှင်းထုတ်မှု မအောင်မြင်ဘဲ ဘောလုံးကို တားပေးသလိုဖြစ်ခဲ့တာကို နောက်က ပြေးဝင်လာတဲ့ တိုက်စစ်မှုး ဒီယားက ဂိုးသမားရဲ့ ခြေထောက်ဘေးကနေ အနိမ့်ဘော အပြင်းကန်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဆီနီဂေါတို့က တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့ကြပြီး ဒုတိယပိုင်း ပြန်စလို့ ၃ မိနစ်အကြာ ပွဲချိန် ၄၈ မိနစ်မှာတော့ ဒုတိယ ဦးဆောင်ဂိုး ထပ်မံရယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ ဂျက်ကော့ဘ်စ်ရဲ့ ညာထောင့်ကန်ဘောကနေ ကာတာနောက်ခံလူတွေကို ခွာပြီး ရှေ့ကို ပြေးထွက်လာခဲ့တဲ့ တိုက်စစ်မှူး ဒီယေးဒယူးက နောက်ပြန်ခေါင်းတိုက်ချက်နဲ့ ဂိုးသမား ဘာရှမ်ကို အနိုင်ယူသွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ အိမ်ရှင်တွေ ဘောလုံးပိုကိုင်ကစားလာခဲ့ကြသလို ဆီနီဂေါတို့ကတော့ ကောင်တာတွေကနေ ဂိုးထပ်ရဖို့ ကြိုးစားနေခဲ့ကြပြီး ဂိုးသမား မန်ဒီကတော့ ကာတာတို့ရဲ့ တိုက်စစ်ဆင်မှုတွေကြောင့် တဖြည်းဖြည်း အလုပ်များလာခဲ့သလို ပွဲချိန် ၆၇ မိနစ်မှာ နောက်ခံလူ အစ္စမဲလ် မိုဟာမက်ရဲ့ အနီးကပ် ပိတ်သွင်းချက်ကို အကောင်းဆုံး ကာကွယ်သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပွဲချိန် ၇၈ မိနစ်မှာတော့ ဆီနီဂေါတို့ တစ်ဂိုးပြန်ခွင့်ပြုသွားခဲ့ရပြီး ဒီဂိုးကိုတော့ ညာတောင်ပံကနေ တိုက်စစ်ဆင်လာခဲ့တဲ့ နောက်ခံလူ အစ္စမဲလ် မိုဟာမက်ရဲ့ ဖြတ်တင်ဘောကို လူစားဝင်တိုက်စစ်မှူး မွန်တာရီက ခုန်ရုံခုန်ပြီး ဘာမှ မလုပ်နိုင်ခဲ့တဲ့ ကူလီဘေလီရဲ့ ရှေ့ကနေ ပြေးဝင်ခေါင်းတိုက်ပြီး ဂိုးသမား မန်ဒီကို ငုတ်တုတ်မေ့စေခဲ့တာပါ။

ဒီနောက်မှာတော့ ဆီနီဂေါတို့ဘက်က လူစားဝင်ကစားသမားတွေဖြစ်ကြတဲ့ ဒီယန်း၊ အန်ဒီယေး၊ ပါပီ ဆားရ်တို့ရဲ့ စုဖွဲ့မှုနဲ့ ကစားအား ပြန်တင်လာခဲ့ပြီး ပွဲချိန် ၈၄ မိနစ်မှာတော့ အနိုင်ရလဒ်ကို သေချာစေမယ့် တတိယဂိုးကို ရယူသွားခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းကနေ နောက်ခံလူ ဆာဘာလီ ပေးတာကို အန်ဒီယေးက ဧရိယာအစပ်ကနေ ချိုးပေးခဲ့ပြီး ဒီယန်းက ဂိုးရှေ့ကနေ ညာခြေနဲ့ အပိုင်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဆီနီဂေါတို့ အနိုင်ရလဒ်ကို ထိန်းသိမ်းဖို့ သတိကြီးကြီး ထားကစားသွားခဲ့ပြီး ပွဲချိန်အပြည့်မှာတော့ အိမ်ရှင် ကာတာတို့ကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ယူသွားခဲ့သလို အုပ်စု(A)မှာ ခေါင်းတစ်လုံးသာနေတဲ့ နယ်သာလန်တို့နောက်ကနေ ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ မျှော်လင့်ချက်တွေကို ရမှတ်သုံးမှတ်နဲ့အတူ ပိုင်ဆိုင်သွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဆီနီေဂါအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေအဒူယာ မန္ဒီ၊ ခံစစ္မွာ ကူလီေဘလီ၊ ဒီယယ္လို၊ ဆာဘာလီနဲ႔ ဂ်က္ေကာ့ဘ္စ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂါနာ‌ ေဂးယီ၊ နမ္ပလီ မန္ဒီ၊ ဒီယက္တာနဲ႔ အစၥမိုင္လာ ဆားရ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဘူလာေယး ဒီယားနဲ႔ ဒီေယးဒယူးတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ကာတာတို႔ကေတာ့ ဂိုးသမား ဘာရွမ္၊ ခံစစ္မွာ ခူးခီ၊ ဟက္ဆန္၊ ပက္ဒ႐ို မီဂယ္လ္၊ အစၥမဲလ္ မိုဟာမက္နဲ႔ ဟိုမန္ အာမက္တို႔ကို စုဖြဲ႕လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ အယ္လ္ေဟးဒိုစ္၊ မာဒီဘိုနဲ႔ ဘူဒီယက္ဖ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အက္ခရမ္ အဖစ္ဖ္နဲ႔ အယ္လ္မို႔ဇ္ အလီတို႔ကို ကစားေစခဲ့တာပါ။

ပြဲစကတည္းက ဆီနီေဂါတို႔ ေဘာလုံးကိုင္ၿပီး ဖိကစားေနေပမယ့္ ကာတာခံစစ္က သတိႀကီးႀကီးထားၿပီး ဖ်က္ထုတ္ေနခဲ့ၾကလို႔ ဂိုးရဖို႔ေတာ့ ခက္ေနခဲ့ၾကၿပီး အိမ္ရွင္ေတြအေနနဲ႔ ဥေရာပမွာ အသားက်ၿပီးသား ျပင္သစ္ဘီအသင္းလို႔ေတာင္ အေခၚခံထားရတဲ့ ဧည့္သည္ေတြကို အေတြ႕အႀကဳံနဲ႔ ခ်ဥ္းကပ္မႈပိုင္းမွာ မယွဥ္ႏိုင္ဘဲျဖစ္ေနခဲ့ၾကပါတယ္။

ဂါနာ ေဂးယီနဲ႔ အစၥမိုင္လာ ဆားရ္တို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့ၾကလို႔ ဆီနီေဂါတို႔ ဂိုးမရခဲ့သလို တိုက္စစ္မႉးႏွစ္ဦးျဖစ္တဲ့ ဒီယားနဲ႔ ဒီေယးဒယူးတို႔ကိုေတာ့ ကာတာခံစစ္ ၅ ေယာက္တန္းနဲ႔ ဂိုးသမားတို႔က အလြတ္မခံဘဲ ကစားေနခဲ့ၾကသလို ပြဲခ်ိန္ ၃၄ မိနစ္မွာ ပင္နယ္တီအခြင့္အေရးကို ပယ္ခ်ခံခဲ့ရလို႔ အိမ္ရွင္ေတြ နစ္နာခဲ့ရတာပါ။

ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ ဆီနီေဂါတို႔ အဖြင့္ဂိုး စတင္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဒီယက္တာရဲ႕ အနိမ့္ေဘာ ျဖတ္ပို႔တာကို ကာတာေနာက္ခံလူ ခူးခီရဲ႕ ရွင္းထုတ္မႈ မေအာင္ျမင္ဘဲ ေဘာလုံးကို တားေပးသလိုျဖစ္ခဲ့တာကို ေနာက္က ေျပးဝင္လာတဲ့ တိုက္စစ္မႈး ဒီယားက ဂိုးသမားရဲ႕ ေျခေထာက္ေဘးကေန အနိမ့္ေဘာ အျပင္းကန္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ဆီနီေဂါတို႔က တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရေနခဲ့ၾကၿပီး ဒုတိယပိုင္း ျပန္စလို႔ ၃ မိနစ္အၾကာ ပြဲခ်ိန္ ၄၈ မိနစ္မွာေတာ့ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံရယူသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဂ်က္ေကာ့ဘ္စ္ရဲ႕ ညာေထာင့္ကန္ေဘာကေန ကာတာေနာက္ခံလူေတြကို ခြာၿပီး ေရွ႕ကို ေျပးထြက္လာခဲ့တဲ့ တိုက္စစ္မႉး ဒီေယးဒယူးက ေနာက္ျပန္ေခါင္းတိုက္ခ်က္နဲ႔ ဂိုးသမား ဘာရွမ္ကို အႏိုင္ယူသြားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ အိမ္ရွင္ေတြ ေဘာလုံးပိုကိုင္ကစားလာခဲ့ၾကသလို ဆီနီေဂါတို႔ကေတာ့ ေကာင္တာေတြကေန ဂိုးထပ္ရဖို႔ ႀကိဳးစားေနခဲ့ၾကၿပီး ဂိုးသမား မန္ဒီကေတာ့ ကာတာတို႔ရဲ႕ တိုက္စစ္ဆင္မႈေတြေၾကာင့္ တျဖည္းျဖည္း အလုပ္မ်ားလာခဲ့သလို ပြဲခ်ိန္ ၆၇ မိနစ္မွာ ေနာက္ခံလူ အစၥမဲလ္ မိုဟာမက္ရဲ႕ အနီးကပ္ ပိတ္သြင္းခ်က္ကို အေကာင္းဆုံး ကာကြယ္သြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ဆီနီေဂါတို႔ တစ္ဂိုးျပန္ခြင့္ျပဳသြားခဲ့ရၿပီး ဒီဂိုးကိုေတာ့ ညာေတာင္ပံကေန တိုက္စစ္ဆင္လာခဲ့တဲ့ ေနာက္ခံလူ အစၥမဲလ္ မိုဟာမက္ရဲ႕ ျဖတ္တင္ေဘာကို လူစားဝင္တိုက္စစ္မႉး မြန္တာရီက ခုန္႐ုံခုန္ၿပီး ဘာမွ မလုပ္ႏိုင္ခဲ့တဲ့ ကူလီေဘလီရဲ႕ ေရွ႕ကေန ေျပးဝင္ေခါင္းတိုက္ၿပီး ဂိုးသမား မန္ဒီကို ငုတ္တုတ္ေမ့ေစခဲ့တာပါ။

ဒီေနာက္မွာေတာ့ ဆီနီေဂါတို႔ဘက္က လူစားဝင္ကစားသမားေတြျဖစ္ၾကတဲ့ ဒီယန္း၊ အန္ဒီေယး၊ ပါပီ ဆားရ္တို႔ရဲ႕ စုဖြဲ႕မႈနဲ႔ ကစားအား ျပန္တင္လာခဲ့ၿပီး ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ အႏိုင္ရလဒ္ကို ေသခ်ာေစမယ့္ တတိယဂိုးကို ရယူသြားခဲ့သလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန ေနာက္ခံလူ ဆာဘာလီ ေပးတာကို အန္ဒီေယးက ဧရိယာအစပ္ကေန ခ်ိဳးေပးခဲ့ၿပီး ဒီယန္းက ဂိုးေရွ႕ကေန ညာေျခနဲ႔ အပိုင္ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဆီနီေဂါတို႔ အႏိုင္ရလဒ္ကို ထိန္းသိမ္းဖို႔ သတိႀကီးႀကီး ထားကစားသြားခဲ့ၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ အိမ္ရွင္ ကာတာတို႔ကို သုံးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ယူသြားခဲ့သလို အုပ္စု(A)မွာ ေခါင္းတစ္လုံးသာေနတဲ့ နယ္သာလန္တို႔ေနာက္ကေန ရႈံးထြက္အဆင့္ကို တက္ေရာက္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြကို ရမွတ္သုံးမွတ္နဲ႔အတူ ပိုင္ဆိုင္သြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.