International Match Report World Cup

အင်္ဂလန်နဲ့ပွဲက အရှုံးကို ဝေးလ်စ်ပြည်နယ်သားတွေအပေါ် ဖောက်ခွဲပြခဲ့တဲ့ အီရန်

ယနေ့ညနေ ၄ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝေးလ်စ်နဲ့ အီရန်တို့ရဲ့ ပွဲစဉ်မှာ အီရန်အသင်းက နောက်ကျ သွင်းဂိုးတွေကြောင့် ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်းစစချင်းမှာ ဝေးလ်စ်အသင်းက ပထမဆုံး ဂိုးကန်သွင်းမှု ပြုလုပ်နိုင်ခဲ့ပြီး အီရန်အသင်းကလည်း တည်တည်ငြိမ်ငြိမ်နဲ့ ပြန်လည်တုံ့ပြန်နိုင်ခဲ့တာကြောင့် အကြိတ်အနယ်ရှိခဲ့ကြပါတယ်။

၁၆ မိနစ်မှာ ဂိုလီဇာဒက်က အက်ဇ်မွန်နဲ့ အပေးအယူလုပ်ပြီး အနီးကပ် ပိတ်သွင်းယူခဲ့ပေမယ့်လည်း VAR က လူကျွံဘောဖြစ်နိုင်ခြေရှိတယ်ဆိုပြီး ပြန်လည်စစ်ဆေးခဲ့ပြီးနောက် အီရန်ရဲ့ သွင်းဂိုးကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ အီရန်အသင်းက တိုက်စစ်ဖွင့်လာခဲ့ပြီး ၅၂ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေတဆင့် အက်ဇ်မွန်ညာတောင်ပံကနေတဆင့် ဆွဲပြေးလာပြီး ကန်သွင်းလိုက်တဲ့ဘောလုံးက တိုင်ထိသွားခဲ့ပြီး ပြန်ထွက်လာတာကို ဂိုလီဇာဒက်က ထပ်မံပိတ်သွင်းရာမှာ နောက်ထပ်တစ်ကြိမ် ဂိုးတိုင်ထိခဲ့ပြီးနောက် အက်ဇ်မွန်က ထပ်မံပိတ်သွင်းခဲ့ရာမှာ ဂိုးသမား ဟန်နက်ဆီ ရင်ဘတ်ထဲ တန်းဝင်သွားခဲ့တာဖြစ်ပါတယ်။ ဝေးလ်စ်အသင်းဟာ ၅၈ မိနစ်မှာ ဘရန်နန် ဂျွန်ဆင်နဲ့ ဒန်နီရယ် ဂျိမ်းစ်တို့ကို ထည့်ပြီး တိုက်စစ်မြှင့်တင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အီရန်နောက်တန်းက အကောင်းဆုံးပိတ်ဆို့ကာကွယ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

၈၄ မိနစ်မှာ ဝေးလ်စ်အသင်းက ဂိုးရရှိဖို့အတွက် အခွင့်အရေးကောင်းတစ်ခု ပိုင်ဆိုင်ခဲ့ပြီး ဝီလီယံပေးပို့လိုက်တဲ့ဘောလုံးကို မိုးက ထိန်းပြီး ဒေးဗီးစ်ကို ပြန်ပေးခဲ့ရာမှာ ဝေးလ်စ်နောက်ခံလူရဲ့ ကန်ချက်က ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာဖြစ်ပါတယ်။ ၈၆ မိနစ်မှာ ဝေးလ်စ် ဂိုးသမား ဝိန်း ဟန်နက်ဆီဟာ တာရေမီကို ပင်နယ်တီဧရိယာအပြင်ဘက်မှာ ဘောလုံးဖျက်ထုတ်ဖို့ ကြိုးပမ်းရင်း ပြစ်ဒဏ်ကျူးလွန်မိခဲ့တာကြောင့် VAR က ပြန်လည်စစ်ဆေးပြီးနောက် အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

ဟန်နက်ဆီဟာ ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက တောင်အာဖရိကနဲ့ ဥရုဂွေးတို့ပွဲက ခူနဲ၊ ၁၉၉၄ ကမ္ဘာ့ဖလားတုန်းက အီတလီနဲ့ နော်ဝေတို့ပွဲက ဂျန်လူကာ ပက်ယူကာတို့ပြီးရင် ကမ္ဘာ့ဖလားမှာ အနီကတ်ပြသခံရတဲ့ တတိယမြောက် ဂိုးသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ဒုတိယပိုင်း ပွဲကစားချိန်ပြည့်မြောက်သွားတာကြောင့် တာဝန်ရှိသူတွေက နာကျင်အချိန်ပို ၉ မိနစ် သတ်မှတ်ပေးခဲ့ပြီး ၉၈ မိနစ်မှာ ဂျိုး အလန်ရဲ့ ရှင်းထုတ်မှု မသေသပ်ရာကနေတဆင့် ချက်ရှ်မီက ပင်နယ်တီ ဧရိယာအပြင်ဘက်ကနေ ဂိုးအောက်ထောင့်ကို ကန်သွင်းယူသွားခဲ့ပြီး အီရန်အသင်းက နောက်ကျ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၃ မိနစ်အကြာမှာ ဝေးလ်စ်အသင်းဟာ တန်ပြန်တိုက်စစ်မိသွားခဲ့ပြီး တာရေမီက ဘောလုံးနဲ့အတူ ဂိုးရှေ့ကို ပြေးလွှားသွားခဲ့ပြီးနောက် အကူအညီစောင့်နေချိန်မှာ ညာတောင်ပံကနေ ပြေးတက်လာတဲ့ ရာဇိုင်းအန်က ဝေးလ်စ်ဂိုးသမား ဒန်နီ ဝါ့ဒ်ကို ကျော်ကန်ပြီး နောက်ထပ် ဦးဆောင်ဂိုးနဲ့ ပွဲကို အပြီးဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အီရန်အသင်းဟာ ပြီးခဲ့တဲ့ အင်္ဂလန်နဲ့ပွဲစဉ်မှာ ၆-၂ နဲ့ အပြတ်အသတ် ချေမှုန်းခံရပြီးနောက် ယနေ့ပွဲစဉ်မှာ နာကျင်အချိန်ပို သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ရှုံးထွက်အဆင့်တက်ရောက်နိုင်ဖို့အတွက် ဆက်လက် မျှော်လင့်လို့ ရရှိနိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယေန႔ညေန ၄ နာရီ ၃၀ မိနစ္အခ်ိန္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ေဝးလ္စ္နဲ႔ အီရန္တို႔ရဲ႕ ပြဲစဥ္မွာ အီရန္အသင္းက ေနာက္က် သြင္းဂိုးေတြေၾကာင့္ ၂-၀ နဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

ပထမပိုင္းစစခ်င္းမွာ ေဝးလ္စ္အသင္းက ပထမဆုံး ဂိုးကန္သြင္းမႈ ျပဳလုပ္ႏိုင္ခဲ့ၿပီး အီရန္အသင္းကလည္း တည္တည္ၿငိမ္ၿငိမ္နဲ႔ ျပန္လည္တုံ႔ျပန္ႏိုင္ခဲ့တာေၾကာင့္ အႀကိတ္အနယ္ရွိခဲ့ၾကပါတယ္။

၁၆ မိနစ္မွာ ဂိုလီဇာဒက္က အက္ဇ္မြန္နဲ႔ အေပးအယူလုပ္ၿပီး အနီးကပ္ ပိတ္သြင္းယူခဲ့ေပမယ့္လည္း VAR က လူကြၽံေဘာျဖစ္ႏိုင္ေျခရွိတယ္ဆိုၿပီး ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္ အီရန္ရဲ႕ သြင္းဂိုးကို ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ အီရန္အသင္းက တိုက္စစ္ဖြင့္လာခဲ့ၿပီး ၅၂ မိနစ္မွာ တန္ျပန္တိုက္စစ္ကေနတဆင့္ အက္ဇ္မြန္ညာေတာင္ပံကေနတဆင့္ ဆြဲေျပးလာၿပီး ကန္သြင္းလိုက္တဲ့ေဘာလုံးက တိုင္ထိသြားခဲ့ၿပီး ျပန္ထြက္လာတာကို ဂိုလီဇာဒက္က ထပ္မံပိတ္သြင္းရာမွာ ေနာက္ထပ္တစ္ႀကိမ္ ဂိုးတိုင္ထိခဲ့ၿပီးေနာက္ အက္ဇ္မြန္က ထပ္မံပိတ္သြင္းခဲ့ရာမွာ ဂိုးသမား ဟန္နက္ဆီ ရင္ဘတ္ထဲ တန္းဝင္သြားခဲ့တာျဖစ္ပါတယ္။ ေဝးလ္စ္အသင္းဟာ ၅၈ မိနစ္မွာ ဘရန္နန္ ဂြၽန္ဆင္နဲ႔ ဒန္နီရယ္ ဂ်ိမ္းစ္တို႔ကို ထည့္ၿပီး တိုက္စစ္ျမႇင့္တင္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း အီရန္ေနာက္တန္းက အေကာင္းဆုံးပိတ္ဆို႔ကာကြယ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

၈၄ မိနစ္မွာ ေဝးလ္စ္အသင္းက ဂိုးရရွိဖို႔အတြက္ အခြင့္အေရးေကာင္းတစ္ခု ပိုင္ဆိုင္ခဲ့ၿပီး ဝီလီယံေပးပို႔လိုက္တဲ့ေဘာလုံးကို မိုးက ထိန္းၿပီး ေဒးဗီးစ္ကို ျပန္ေပးခဲ့ရာမွာ ေဝးလ္စ္ေနာက္ခံလူရဲ႕ ကန္ခ်က္က ဂိုးဘားတန္းေပၚ ေက်ာ္သြားခဲ့တာျဖစ္ပါတယ္။ ၈၆ မိနစ္မွာ ေဝးလ္စ္ ဂိုးသမား ဝိန္း ဟန္နက္ဆီဟာ တာေရမီကို ပင္နယ္တီဧရိယာအျပင္ဘက္မွာ ေဘာလုံးဖ်က္ထုတ္ဖို႔ ႀကိဳးပမ္းရင္း ျပစ္ဒဏ္က်ဴးလြန္မိခဲ့တာေၾကာင့္ VAR က ျပန္လည္စစ္ေဆးၿပီးေနာက္ အနီကတ္နဲ႔ ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။

ဟန္နက္ဆီဟာ ၂၀၁၀ ကမာၻ႔ဖလားတုန္းက ေတာင္အာဖရိကနဲ႔ ဥ႐ုေဂြးတို႔ပြဲက ခူနဲ၊ ၁၉၉၄ ကမာၻ႔ဖလားတုန္းက အီတလီနဲ႔ ေနာ္ေဝတို႔ပြဲက ဂ်န္လူကာ ပက္ယူကာတို႔ၿပီးရင္ ကမာၻ႔ဖလားမွာ အနီကတ္ျပသခံရတဲ့ တတိယေျမာက္ ဂိုးသမားျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

ဒုတိယပိုင္း ပြဲကစားခ်ိန္ျပည့္ေျမာက္သြားတာေၾကာင့္ တာဝန္ရွိသူေတြက နာက်င္အခ်ိန္ပို ၉ မိနစ္ သတ္မွတ္ေပးခဲ့ၿပီး ၉၈ မိနစ္မွာ ဂ်ိဳး အလန္ရဲ႕ ရွင္းထုတ္မႈ မေသသပ္ရာကေနတဆင့္ ခ်က္ရွ္မီက ပင္နယ္တီ ဧရိယာအျပင္ဘက္ကေန ဂိုးေအာက္ေထာင့္ကို ကန္သြင္းယူသြားခဲ့ၿပီး အီရန္အသင္းက ေနာက္က် ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၃ မိနစ္အၾကာမွာ ေဝးလ္စ္အသင္းဟာ တန္ျပန္တိုက္စစ္မိသြားခဲ့ၿပီး တာေရမီက ေဘာလုံးနဲ႔အတူ ဂိုးေရွ႕ကို ေျပးလႊားသြားခဲ့ၿပီးေနာက္ အကူအညီေစာင့္ေနခ်ိန္မွာ ညာေတာင္ပံကေန ေျပးတက္လာတဲ့ ရာဇိုင္းအန္က ေဝးလ္စ္ဂိုးသမား ဒန္နီ ဝါ့ဒ္ကို ေက်ာ္ကန္ၿပီး ေနာက္ထပ္ ဦးေဆာင္ဂိုးနဲ႔ ပြဲကို အၿပီးျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အီရန္အသင္းဟာ ၿပီးခဲ့တဲ့ အဂၤလန္နဲ႔ပြဲစဥ္မွာ ၆-၂ နဲ႔ အျပတ္အသတ္ ေခ်မႈန္းခံရၿပီးေနာက္ ယေန႔ပြဲစဥ္မွာ နာက်င္အခ်ိန္ပို သြင္းဂိုး ၂ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ ရႈံးထြက္အဆင့္တက္ေရာက္ႏိုင္ဖို႔အတြက္ ဆက္လက္ ေမွ်ာ္လင့္လို႔ ရရွိႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.