International World Cup

အင်္ဂလန်လူစာရင်းထဲမှာ မပါမဖြစ်လို့ကို ကိုယ့်ကိုကိုယ် ယုံကြည်နေတဲ့ မက်ဂွိုင်းယား

မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမား ဟာရီ မက်ဂွိုင်းယားက ကလပ်အသင်းနဲ့အတူ စိတ်ပျက်ဖွယ်ရာသီကို ပိုင်ဆိုင်ခဲ့ရပေမယ့်လည်း အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းထဲမှာ ပါဝင်နိုင်မယ်လို့ ယုံကြည်ချက် ရှိခဲ့ပြီးသားလို့ ပြောကြားခဲ့ပါတယ်။

ဟာရီ မက်ဂွိုင်းယားဟာ အရင်တုန်းက ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် ဂါးရတ် ဆောက်ဂိတ်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ တစ်နေရာ အာမခံချက် ရရှိထားပြီးဖြစ်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

“ခင်ဗျားနိုင်ငံအတွက် ရွေးချယ်ခံရတာက ကြီးမားတဲ့ ဂုဏ်ယူစရာပါ။ အထူးသဖြင့် ကမ္ဘာ့ဖလားအတွက်ပေါ့။ ခင်ဗျား လူစာရင်းထဲမှာ မပါဝင်မှာကို ကြောက်ရွံ့မှုတွေ ရှိနေမှာ သိသာပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော်လုပ်ခဲ့တာတွေအပြီးမှာ အရမ်းကို ယုံကြည်မှုရှိပါတယ်”

“ကျွန်တော် အင်္ဂလန်အတွက် ၄၉ ပွဲကစားပြီးနောက် ကမ္ဘာ့ဖလားလူစာရင်းထဲမှာ ရှိနေဖို့၊ အသင်းအတွက် ကစားပေးနိုင်ဖို့ ရွေးချယ်ခြင်းရဖို့အတွက် ယုံကြည်မှုကို ရရှိထားခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ကိုယ့်ကိုကိုယ် အလွန်ယုံကြည်ချက်ရှိနေမှုနဲ့ လေ့ကျင့်ရေးမှာ အချန်ပို လုပ်ဆောင်ဖို့ စိတ်ဆန္ဒပြင်းပြမှုနဲ့ပတ်သက်ပြီးလည်း မက်ဂွိုင်းယားက “ကျွန်တော့်ကိုယ် ကျွန်တော် အရမ်းကို ယုံကြည်မှု ရှိပါတယ်။ ကျွန်တော် လေ့ကျင့်ရေးကွင်းကို သွားပြီး ပြင်းပြင်းထန်ထန် အလုပ်လုပ်နိုင်သလောက် လုပ်ပါတယ်။ ကျွန်တော့်ရဲ့ အကောင်းဆုံးကို ပေးပြီး အကောင်းဆုံးအဆင့်အတန်းမှာ စွမ်းဆောင်ပြနိုင်ဖို့ ကြိုးစားပါတယ်”

“ပွဲကစားချိန် မရှိမှုနဲ့ပတ်သက်ပြီး ကျွန်တော် အရမ်းမစိုးရိမ်ခဲ့ပါဘူး။ ကျွန်တော် အပတ်တိုင်း ကစားချင်ပြီး အဲဒါက ကျွန်တော် တိုက်ပွဲဝင်ရမယ့် အရာပါ။ အသင်းလူစာရင်းထဲကို ပြန်ပါဝင်ခွင့်ရအောင်ပေါ့။ အရန်ခုံက ကျွန်တော် ရှိနေချင်ခဲ့တဲ့နေရာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ကစားဖို့ အခွင့်အရေးရှိလာတဲ့အခါတိုင်း အဆင်သင့်ဖြစ်နေတာသေချာအောင် အလုပ်လုပ်ခဲ့ပါတယ်။ ကျွန်တော် ပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ပြီး လေ့ကျင့်ရေးမှာ အမြဲတမ်း အချိန်ပိုတွေ ဆင်းခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဟာရီ မက်ဂွိုင်းယားဟာ ယခုရာသီ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲကစားချိန် ၅၁၁ မိနစ်သာ ပါဝင်ကစားပေးထားရသေးသူဖြစ်ပြီး စုစုပေါင်းပြိုင်ပွဲစုံမှာ ၉ ပွဲသာ ပါဝင်ကစားပေးခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံကစားသမား ဟာရီ မက္ဂြိဳင္းယားက ကလပ္အသင္းနဲ႔အတူ စိတ္ပ်က္ဖြယ္ရာသီကို ပိုင္ဆိုင္ခဲ့ရေပမယ့္လည္း အဂၤလန္ရဲ႕ ကမာၻ႔ဖလားလူစာရင္းထဲမွာ ပါဝင္ႏိုင္မယ္လို႔ ယုံၾကည္ခ်က္ ရွိခဲ့ၿပီးသားလို႔ ေျပာၾကားခဲ့ပါတယ္။

ဟာရီ မက္ဂြိဳင္းယားဟာ အရင္တုန္းက ျပသခဲ့တဲ့ စြမ္းေဆာင္ရည္ေတြေၾကာင့္ ဂါးရတ္ ေဆာက္ဂိတ္ရဲ႕ ကမာၻ႔ဖလားလူစာရင္းမွာ တစ္ေနရာ အာမခံခ်က္ ရရွိထားၿပီးျဖစ္တယ္လို႔ ယုံၾကည္ေနတာ ျဖစ္ပါတယ္။

“ခင္ဗ်ားႏိုင္ငံအတြက္ ေ႐ြးခ်ယ္ခံရတာက ႀကီးမားတဲ့ ဂုဏ္ယူစရာပါ။ အထူးသျဖင့္ ကမာၻ႔ဖလားအတြက္ေပါ့။ ခင္ဗ်ား လူစာရင္းထဲမွာ မပါဝင္မွာကို ေၾကာက္႐ြံ႕မႈေတြ ရွိေနမွာ သိသာပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ ကြၽန္ေတာ္လုပ္ခဲ့တာေတြအၿပီးမွာ အရမ္းကို ယုံၾကည္မႈရွိပါတယ္”

“ကြၽန္ေတာ္ အဂၤလန္အတြက္ ၄၉ ပြဲကစားၿပီးေနာက္ ကမာၻ႔ဖလားလူစာရင္းထဲမွာ ရွိေနဖို႔၊ အသင္းအတြက္ ကစားေပးႏိုင္ဖို႔ ေ႐ြးခ်ယ္ျခင္းရဖို႔အတြက္ ယုံၾကည္မႈကို ရရွိထားခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ကိုယ့္ကိုကိုယ္ အလြန္ယုံၾကည္ခ်က္ရွိေနမႈနဲ႔ ေလ့က်င့္ေရးမွာ အခ်န္ပို လုပ္ေဆာင္ဖို႔ စိတ္ဆႏၵျပင္းျပမႈနဲ႔ပတ္သက္ၿပီးလည္း မက္ဂြိဳင္းယားက “ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ အရမ္းကို ယုံၾကည္မႈ ရွိပါတယ္။ ကြၽန္ေတာ္ ေလ့က်င့္ေရးကြင္းကို သြားၿပီး ျပင္းျပင္းထန္ထန္ အလုပ္လုပ္ႏိုင္သေလာက္ လုပ္ပါတယ္။ ကြၽန္ေတာ့္ရဲ႕ အေကာင္းဆုံးကို ေပးၿပီး အေကာင္းဆုံးအဆင့္အတန္းမွာ စြမ္းေဆာင္ျပႏိုင္ဖို႔ ႀကိဳးစားပါတယ္”

“ပြဲကစားခ်ိန္ မရွိမႈနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ အရမ္းမစိုးရိမ္ခဲ့ပါဘူး။ ကြၽန္ေတာ္ အပတ္တိုင္း ကစားခ်င္ၿပီး အဲဒါက ကြၽန္ေတာ္ တိုက္ပြဲဝင္ရမယ့္ အရာပါ။ အသင္းလူစာရင္းထဲကို ျပန္ပါဝင္ခြင့္ရေအာင္ေပါ့။ အရန္ခုံက ကြၽန္ေတာ္ ရွိေနခ်င္ခဲ့တဲ့ေနရာမဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ ကစားဖို႔ အခြင့္အေရးရွိလာတဲ့အခါတိုင္း အဆင္သင့္ျဖစ္ေနတာေသခ်ာေအာင္ အလုပ္လုပ္ခဲ့ပါတယ္။ ကြၽန္ေတာ္ ျပင္းျပင္းထန္ထန္ အလုပ္လုပ္ခဲ့ၿပီး ေလ့က်င့္ေရးမွာ အၿမဲတမ္း အခ်ိန္ပိုေတြ ဆင္းခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဟာရီ မက္ဂြိဳင္းယားဟာ ယခုရာသီ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ပြဲကစားခ်ိန္ ၅၁၁ မိနစ္သာ ပါဝင္ကစားေပးထားရေသးသူျဖစ္ၿပီး စုစုေပါင္းၿပိဳင္ပြဲစုံမွာ ၉ ပြဲသာ ပါဝင္ကစားေပးခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.