International World Cup

ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားလွဲချော်မှာစိုးပြီးမျက်ရည်ကျခဲ့ရတဲ့ နေမာ

နေမာဟာ ကြာသပတေးနေ့ညနေက ဆားဘီးယားကို ၂-၀ နဲ့ ဘရာဇီးလ်က အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ ညာဘက်ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့လို့ ကွင်းထဲကနေ ထွက်ခွာခဲ့ရပြီးနောက် အရန်ခုံတန်းမှာ မျက်ရည်တွေနဲ့ မြင်တွေ့ခဲ့ရပါတယ်။

ဘရာဇီးလ်ဟာ နေမာအနေနဲ့ ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆက်လက် ပါဝင်ကစားပေးသွားနိုင်မလားဆိုတာကို သိရှိရဖို့အတွက် ၂၄ နာရီကနေ ၄၈ နာရီကြား စောင့်ဆိုင်းရလိမ့်မယ်လို့ အသင်းဆရာဝန်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ နေမာဟာ ဘရာဇီးလ်ရဲ့ လျှပ်ပြက်သလို လျင်မြန်လှတဲ့ တိုက်စစ်မှာ အဓိကဦးဆောင်ခဲ့သူဖြစ်ပြီး ရစ်ချာလီဆန်က ဘရာဇီးလ်အတွက် သွင်းဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့ပေမယ့်လည်း ဘရာဇီးလ်အသင်းဟာ လက်ရှိမှာ ၎င်းတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူးရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး နောက်ထပ်သတင်းကို စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းရမယ့်အခြေအနေနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးဟာ ရုပ်ပိုင်းဆိုင်ရာအားကောင်းတဲ့ ဆားဘီးယားအသင်းနဲ့ ပွဲစဉ်တလျှောက်လုံး ပြစ်ဒဏ်ကျူးလွန်ခံရမှု ၉ ကြိမ်အထိ ခံခဲ့ရပြီး နီကိုလာ မီလန်ကိုဗစ်ရဲ့ ပြင်းထန်တဲ့ဖျက်ထုတ်မှု ခံခဲ့ရပြီးနောက် ကွင်းထဲမှာ အချိန်အနည်းငယ်ကုသမှု ခံယူခဲ့ပြီး မိနစ် ၈၀ မှာ အန်တိုနီနဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ နေမာဟာ အရန်ခုံတန်းမှာ ရေခဲအုံ ကုသမှု ခံယူခဲ့ရပြီး ပွဲအပြီးမှာတော့ အဝတ်လဲခန်းထဲကို ထော့နဲ့ထော့နဲ့ လျှောက်သွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ပွဲအပြီး မီဒီယာတွေကို ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ဘရာဇီးလ်အသင်းဆရာဝန် ရိုဒရီဂို လက်စ်မာက နေမာရဲ့ဒဏ်ရာက ဘယ်လောက်အထိ ပြင်းထန်လဲဆိုတာကို ဆုံးဖြတ်ဖို့ အရမ်းစောလွန်းသေးတယ်လို့ ပြောကြားခဲ့ပြီး ပိုမိုကောင်းမွန်တဲ့ အကဲဖြတ်မှုတွေ ပြုလုပ်ဖို့အတွက် အနည်းဆုံး ၂၄ နာရီကနေ ၄၈ နာရီအထိ စောင့်ဆိုင်းသွားဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

နေမာရဲ့ ဒဏ်ရာသာ ပြင်းထန်လို့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆက်လက်ပါဝင်ကစားပေးနိုင်ခြင်းမရှိတော့ဘူးဆိုရင် အစားထိုးရွေးချယ်မှုပြုလုပ်ဖို့ ရှိလားလို့ မေးမြန်းခဲ့ရာမှာ ဘရာဇီးလ်နည်းပြတီတီက ပီအက်စ်ဂျီကြယ်ပွင့်အနေနဲ့ ဆက်လက်ကစားပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

“သူ့ရဲ့ ခြေကျင်းဝတ်ဒဏ်ရာကို ခံစားနေရတာတောင်မှ ကျွန်တော်တို့ သွင်းယူခဲ့တဲ့ ၂ ဂိုးအတွက် သူ ဆက်နေခဲ့သေးတယ်။ ဘာလို့လဲဆိုတော့ အသင်းက သူ့ကို လိုအပ်ခဲ့လို့ပါ။ အခွင့်အရေး ၂ ခုမှာ သူ ရခဲ့တဲ့အခွင့်အရေးမှာ နာကျင်မှုကို ကျော်ဖြတ်နိုင်တဲ့ အရည်အချင်းရှိခဲ့ပါတယ်။ ၂ ဂိုးစလုံးမှာ သူ ဒဏ်ရာကို ခံစားနေခဲ့ရပြီးဖြစ်ပါတယ်။ နေမာအနေနဲ့ ကမ္ဘာ့ဖလားကို ကစားလိမ့်မယ်ဆိုတာ ခင်ဗျား သေချာယုံကြည်ထားနိုင်ပါတယ်။ ကျွန်တော်လည်း အဲဒါနဲ့ပတ်သက်ပြီး လုံးဝကို သေချာပါတယ်။ သူ ကမ္ဘာ့ဖလားမှာ ကစားပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ ပွဲအပြီးမှာ ၎င်းရဲ့ တွစ်တာအကောင့်မှာ ဒဏ်ရာကိစ္စနဲ့ ၎င်းရဲ့အခြေအနေအကြောင်း ဘာမှ မပြောဘဲ “ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပေမယ့် နိုင်ပွဲရရှိခဲ့တာက အရမ်း အရေးပါခဲ့တယ်။ အသင်းကို ဂုဏ်ပြုပါတယ်။ ပထမခြေလှမ်း လှမ်းနိုင်ခဲ့ပြီ။ နောက်ထပ် ခြေလှမ်း ၆ လှမ်း ဆက်လှမ်းရမယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ နေမာဟာ ဒဏ်ရာကြောင့် လူစားလဲလှယ်ခြင်းခံရပြီးနောက် အရန်ခုံတန်းကို လျှောက်သွားခဲ့ချိန်မှာ စိတ်ပျက်ဝမ်းနည်းနေတာကို မြင်တွေ့ခဲ့ရပြီး ရှပ်အင်္ကျီနဲ့ မျက်နှာကို မကွယ်ခင်မှာ မျက်ရည်တွေ ကျနေခဲ့ပုံပေါ်တာကို မြင်တွေ့ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေနမာဟာ ၾကာသပေတးေန႔ညေနက ဆားဘီးယားကို ၂-၀ နဲ႔ ဘရာဇီးလ္က အႏိုင္ရရွိခဲ့တဲ့ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္မွာ ညာဘက္ေျခက်င္းဝတ္ ဒဏ္ရာရရွိခဲ့လို႔ ကြင္းထဲကေန ထြက္ခြာခဲ့ရၿပီးေနာက္ အရန္ခုံတန္းမွာ မ်က္ရည္ေတြနဲ႔ ျမင္ေတြ႕ခဲ့ရပါတယ္။

ဘရာဇီးလ္ဟာ ေနမာအေနနဲ႔ ယခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဆက္လက္ ပါဝင္ကစားေပးသြားႏိုင္မလားဆိုတာကို သိရွိရဖို႔အတြက္ ၂၄ နာရီကေန ၄၈ နာရီၾကား ေစာင့္ဆိုင္းရလိမ့္မယ္လို႔ အသင္းဆရာဝန္ေတြရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။ ေနမာဟာ ဘရာဇီးလ္ရဲ႕ လွ်ပ္ျပက္သလို လ်င္ျမန္လွတဲ့ တိုက္စစ္မွာ အဓိကဦးေဆာင္ခဲ့သူျဖစ္ၿပီး ရစ္ခ်ာလီဆန္က ဘရာဇီးလ္အတြက္ သြင္းဂိုး ၂ ဂိုးစလုံးကို သြင္းယူေပးခဲ့ေပမယ့္လည္း ဘရာဇီးလ္အသင္းဟာ လက္ရွိမွာ ၎တို႔ရဲ႕ ၾကယ္ပြင့္တိုက္စစ္မႉးရဲ႕ ႀကံ့ခိုင္မႈနဲ႔ပတ္သက္ၿပီး ေနာက္ထပ္သတင္းကို စိတ္လႈပ္ရွားစြာနဲ႔ ေစာင့္ဆိုင္းရမယ့္အေျခအေနနဲ႔ ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။

ဘရာဇီးလ္တိုက္စစ္မႉးဟာ ႐ုပ္ပိုင္းဆိုင္ရာအားေကာင္းတဲ့ ဆားဘီးယားအသင္းနဲ႔ ပြဲစဥ္တေလွ်ာက္လုံး ျပစ္ဒဏ္က်ဴးလြန္ခံရမႈ ၉ ႀကိမ္အထိ ခံခဲ့ရၿပီး နီကိုလာ မီလန္ကိုဗစ္ရဲ႕ ျပင္းထန္တဲ့ဖ်က္ထုတ္မႈ ခံခဲ့ရၿပီးေနာက္ ကြင္းထဲမွာ အခ်ိန္အနည္းငယ္ကုသမႈ ခံယူခဲ့ၿပီး မိနစ္ ၈၀ မွာ အန္တိုနီနဲ႔ လူစားလဲလွယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။ ေနမာဟာ အရန္ခုံတန္းမွာ ေရခဲအုံ ကုသမႈ ခံယူခဲ့ရၿပီး ပြဲအၿပီးမွာေတာ့ အဝတ္လဲခန္းထဲကို ေထာ့နဲ႔ေထာ့နဲ႔ ေလွ်ာက္သြားခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ပြဲအၿပီး မီဒီယာေတြကို ထုတ္ျပန္ခဲ့တဲ့ ထုတ္ျပန္ေၾကညာခ်က္ထဲမွာ ဘရာဇီးလ္အသင္းဆရာဝန္ ႐ိုဒရီဂို လက္စ္မာက ေနမာရဲ႕ဒဏ္ရာက ဘယ္ေလာက္အထိ ျပင္းထန္လဲဆိုတာကို ဆုံးျဖတ္ဖို႔ အရမ္းေစာလြန္းေသးတယ္လို႔ ေျပာၾကားခဲ့ၿပီး ပိုမိုေကာင္းမြန္တဲ့ အကဲျဖတ္မႈေတြ ျပဳလုပ္ဖို႔အတြက္ အနည္းဆုံး ၂၄ နာရီကေန ၄၈ နာရီအထိ ေစာင့္ဆိုင္းသြားဖို႔ လိုအပ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ေနမာရဲ႕ ဒဏ္ရာသာ ျပင္းထန္လို႔ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဆက္လက္ပါဝင္ကစားေပးႏိုင္ျခင္းမရွိေတာ့ဘူးဆိုရင္ အစားထိုးေ႐ြးခ်ယ္မႈျပဳလုပ္ဖို႔ ရွိလားလို႔ ေမးျမန္းခဲ့ရာမွာ ဘရာဇီးလ္နည္းျပတီတီက ပီအက္စ္ဂ်ီၾကယ္ပြင့္အေနနဲ႔ ဆက္လက္ကစားေပးႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနေသးတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“သူ႔ရဲ႕ ေျခက်င္းဝတ္ဒဏ္ရာကို ခံစားေနရတာေတာင္မွ ကြၽန္ေတာ္တို႔ သြင္းယူခဲ့တဲ့ ၂ ဂိုးအတြက္ သူ ဆက္ေနခဲ့ေသးတယ္။ ဘာလို႔လဲဆိုေတာ့ အသင္းက သူ႔ကို လိုအပ္ခဲ့လို႔ပါ။ အခြင့္အေရး ၂ ခုမွာ သူ ရခဲ့တဲ့အခြင့္အေရးမွာ နာက်င္မႈကို ေက်ာ္ျဖတ္ႏိုင္တဲ့ အရည္အခ်င္းရွိခဲ့ပါတယ္။ ၂ ဂိုးစလုံးမွာ သူ ဒဏ္ရာကို ခံစားေနခဲ့ရၿပီးျဖစ္ပါတယ္။ ေနမာအေနနဲ႔ ကမာၻ႔ဖလားကို ကစားလိမ့္မယ္ဆိုတာ ခင္ဗ်ား ေသခ်ာယုံၾကည္ထားႏိုင္ပါတယ္။ ကြၽန္ေတာ္လည္း အဲဒါနဲ႔ပတ္သက္ၿပီး လုံးဝကို ေသခ်ာပါတယ္။ သူ ကမာၻ႔ဖလားမွာ ကစားပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အသက္ ၃၀ အ႐ြယ္ တိုက္စစ္မႉးဟာ ပြဲအၿပီးမွာ ၎ရဲ႕ တြစ္တာအေကာင့္မွာ ဒဏ္ရာကိစၥနဲ႔ ၎ရဲ႕အေျခအေနအေၾကာင္း ဘာမွ မေျပာဘဲ “ခက္ခဲတဲ့ပြဲျဖစ္ခဲ့ေပမယ့္ ႏိုင္ပြဲရရွိခဲ့တာက အရမ္း အေရးပါခဲ့တယ္။ အသင္းကို ဂုဏ္ျပဳပါတယ္။ ပထမေျခလွမ္း လွမ္းႏိုင္ခဲ့ၿပီ။ ေနာက္ထပ္ ေျခလွမ္း ၆ လွမ္း ဆက္လွမ္းရမယ္”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။ ေနမာဟာ ဒဏ္ရာေၾကာင့္ လူစားလဲလွယ္ျခင္းခံရၿပီးေနာက္ အရန္ခုံတန္းကို ေလွ်ာက္သြားခဲ့ခ်ိန္မွာ စိတ္ပ်က္ဝမ္းနည္းေနတာကို ျမင္ေတြ႕ခဲ့ရၿပီး ရွပ္အက်ႌနဲ႔ မ်က္ႏွာကို မကြယ္ခင္မွာ မ်က္ရည္ေတြ က်ေနခဲ့ပုံေပၚတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.