International World Cup

အင်္ဂလန်နဲ့ယူအက်စ်အေပွဲကို အံ့အားသင့်ဖွယ်ခန့်မှန်းလိုက်တဲ့ ဝိန်း ရူနီ

အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး ဝိန်း ရူနီက ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်တွေမှာ နှစ်သင်းစလုံး ဘယ်လိုကစားခဲ့ကြလဲဆိုတာကို မြင်တွေ့ခဲ့ရပြီးနောက် ယူအက်စ်အေက အင်္ဂလန်ကို အံ့အားသင့်အောင် လုပ်ပြနိုင်တဲ့ အခွင့်အရေးရှိတယ်လို့ ယုံကြည်နေပါတယ်။

“ဝေးလ်စ်နဲ့ ကစားခဲ့တဲ့ ပထမပိုင်းမှာ ယူအက်စ်အေက အရမ်းကောင်းမွန်ခဲ့တယ်။ သူတို့တွေ ဘောလုံးကို လျင်လျင်မြန်မြန် ရွေ့လျားနိုင်ခဲ့ပြီး ကြမ်းကြမ်းတမ်းတမ်း ကစားနိုင်ခဲ့တယ်။ သူတို့တွေ ပွဲစဉ်အတွင်းမှာ အင်အားတွေလည်း အများကြီးရှိခဲ့တယ်။ အင်္ဂလန်နဲ့ပွဲမှာလည်း အမေရိကန်တွေရဲ့ ချဉ်းကပ်ပုံက အလားတူပဲဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်”

“သူတို့တွေ ခြေအသာနဲ့ ကစားနိုင်မှာဖြစ်ပြီး အင်္ဂလန်နဲ့ပွဲမှာ အနိုင်ယူဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အဲဒီပွဲက အီရန်နဲ့ ရင်ဆိုင်ခဲ့တဲ့ အင်္ဂလန်အသင်းအတွက် လုံးဝကို ကွဲပြားခြားနားတဲ့ စိန်ခေါ်မှုဖြစ်ပါလိမ့်မယ်။ ခက်ခဲတဲ့ပွဲတစ်ပွဲပါ။ အင်္ဂလန်အနေနဲ့ ပွဲအစကတည်းက အကောင်းဆုံးပုံစံမှာရှိဖို့လိုအပ်ပြီး အဲဒီလိုမှမဟုတ်ရင် သူတို့တွေ အံအားသင့်ကောင်း အံ့အားသင့်ရနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဝိန်း ရူနီက ယူအက်စ်အေအသင်းဘက်မှာ ခရစ်ရှန် ပူလီရှစ်၊ ဝက်စ်တန် မက်ကန်နီ၊ ယူနပ်စ် မူဆာ၊ ဘရန်ဒန် အာရွန်ဆင်၊ တိုင်လာ အဒမ်စ်တို့လို ကစားသမားကောင်းတွေရဲ့ နာမည်ကိုလည်း ထုတ်ပြောခဲ့ပြီး ယူအက်စ်အေလူစာရင်းထဲမှာ အလွန်ကောင်းမွန်တဲ့ မေဂျာလိဂ်ကစားသမားအများအပြား ရှိနေတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မေဂျာလိဂ်ဟာ အင်္ဂလိပ်ပရီးမီးယားလိဂ်ရဲ့ အဆင့်အတန်းမျိုးမှာမရှိနေပေမယ့်လည်း အမေရိကားရဲ့ ပြည်တွင်းလိဂ်အရည်အသွေးတိုးတက်လာမှုက လက်ရှိကစားနေတဲ့ ယူအက်စ်အေအသင်းအတွက် ဘယ်လိုကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်သွားမလဲဆိုတာကို ပြောပြခဲ့ပါတယ်။

“မေဂျာလိဂ်က ပရီးမီးယားလိဂ်မဟုတ်တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အဆင့်အတန်းကတော့ ချန်ပီယံရှစ်ထက် သိသိသာသာ မြင့်မားနေပါတယ်။ မေဂျာလိဂ်က အသင်းတိုင်းဟာ တိုက်စစ်ထိ ဖိအားပေးကစားဖို့ ကြိုးပမ်းနေပြီး နည်းစနစ်ပိုင်းအဆင့်အတန်းက ကောင်းပြီးရင်းကောင်းလာနေတဲ့ လိဂ်ပါ။ တောင်အမေရိကကစားသမားတွေနဲ့ တောင်အမေရိကနည်းပြတွေလည်း အများအပြားရှိတဲ့ လိဂ်ပါ”

“ဂရက်ဂ် ဘာဟော်တာက ကိုလံဘတ်စ် ခရူကို တာဝန်ယူကိုင်တွယ်နေတဲ့အချိန်မှာ သူ့မှာ အတွင်းထဲ ဝင်လာနိုင်တဲ့ နောက်ခံတောင်ပံကစားသမားတွေရှိပြီး အသင်းက ဘောလုံး ရယူပြီး အစပြုမှုလုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့တယ်။ သူက သူ့ရဲ့ ယူအက်စ်အေအသင်းနဲ့လည်း အဲဒီအတိုင်း လုပ်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္ဂႏၲဝင္တိုက္စစ္မႉး ဝိန္း ႐ူနီက ကမာၻ႔ဖလားအဖြင့္ပြဲစဥ္ေတြမွာ ႏွစ္သင္းစလုံး ဘယ္လိုကစားခဲ့ၾကလဲဆိုတာကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ယူအက္စ္ေအက အဂၤလန္ကို အံ့အားသင့္ေအာင္ လုပ္ျပႏိုင္တဲ့ အခြင့္အေရးရွိတယ္လို႔ ယုံၾကည္ေနပါတယ္။

“ေဝးလ္စ္နဲ႔ ကစားခဲ့တဲ့ ပထမပိုင္းမွာ ယူအက္စ္ေအက အရမ္းေကာင္းမြန္ခဲ့တယ္။ သူတို႔ေတြ ေဘာလုံးကို လ်င္လ်င္ျမန္ျမန္ ေ႐ြ႕လ်ားႏိုင္ခဲ့ၿပီး ၾကမ္းၾကမ္းတမ္းတမ္း ကစားႏိုင္ခဲ့တယ္။ သူတို႔ေတြ ပြဲစဥ္အတြင္းမွာ အင္အားေတြလည္း အမ်ားႀကီးရွိခဲ့တယ္။ အဂၤလန္နဲ႔ပြဲမွာလည္း အေမရိကန္ေတြရဲ႕ ခ်ဥ္းကပ္ပုံက အလားတူပဲျဖစ္လိမ့္မယ္လို႔ ကြၽန္ေတာ္ထင္တယ္”

“သူတို႔ေတြ ေျခအသာနဲ႔ ကစားႏိုင္မွာျဖစ္ၿပီး အဂၤလန္နဲ႔ပြဲမွာ အႏိုင္ယူဖို႔ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။ အဲဒီပြဲက အီရန္နဲ႔ ရင္ဆိုင္ခဲ့တဲ့ အဂၤလန္အသင္းအတြက္ လုံးဝကို ကြဲျပားျခားနားတဲ့ စိန္ေခၚမႈျဖစ္ပါလိမ့္မယ္။ ခက္ခဲတဲ့ပြဲတစ္ပြဲပါ။ အဂၤလန္အေနနဲ႔ ပြဲအစကတည္းက အေကာင္းဆုံးပုံစံမွာရွိဖို႔လိုအပ္ၿပီး အဲဒီလိုမွမဟုတ္ရင္ သူတို႔ေတြ အံအားသင့္ေကာင္း အံ့အားသင့္ရႏိုင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဝိန္း ႐ူနီက ယူအက္စ္ေအအသင္းဘက္မွာ ခရစ္ရွန္ ပူလီရွစ္၊ ဝက္စ္တန္ မက္ကန္နီ၊ ယူနပ္စ္ မူဆာ၊ ဘရန္ဒန္ အာ႐ြန္ဆင္၊ တိုင္လာ အဒမ္စ္တို႔လို ကစားသမားေကာင္းေတြရဲ႕ နာမည္ကိုလည္း ထုတ္ေျပာခဲ့ၿပီး ယူအက္စ္ေအလူစာရင္းထဲမွာ အလြန္ေကာင္းမြန္တဲ့ ေမဂ်ာလိဂ္ကစားသမားအမ်ားအျပား ရွိေနတယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ေမဂ်ာလိဂ္ဟာ အဂၤလိပ္ပရီးမီးယားလိဂ္ရဲ႕ အဆင့္အတန္းမ်ိဳးမွာမရွိေနေပမယ့္လည္း အေမရိကားရဲ႕ ျပည္တြင္းလိဂ္အရည္အေသြးတိုးတက္လာမႈက လက္ရွိကစားေနတဲ့ ယူအက္စ္ေအအသင္းအတြက္ ဘယ္လိုႀကီးမားတဲ့အစိတ္အပိုင္းအျဖစ္ ပါဝင္သြားမလဲဆိုတာကို ေျပာျပခဲ့ပါတယ္။

“ေမဂ်ာလိဂ္က ပရီးမီးယားလိဂ္မဟုတ္တာျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ အဆင့္အတန္းကေတာ့ ခ်န္ပီယံရွစ္ထက္ သိသိသာသာ ျမင့္မားေနပါတယ္။ ေမဂ်ာလိဂ္က အသင္းတိုင္းဟာ တိုက္စစ္ထိ ဖိအားေပးကစားဖို႔ ႀကိဳးပမ္းေနၿပီး နည္းစနစ္ပိုင္းအဆင့္အတန္းက ေကာင္းၿပီးရင္းေကာင္းလာေနတဲ့ လိဂ္ပါ။ ေတာင္အေမရိကကစားသမားေတြနဲ႔ ေတာင္အေမရိကနည္းျပေတြလည္း အမ်ားအျပားရွိတဲ့ လိဂ္ပါ”

“ဂရက္ဂ္ ဘာေဟာ္တာက ကိုလံဘတ္စ္ ခ႐ူကို တာဝန္ယူကိုင္တြယ္ေနတဲ့အခ်ိန္မွာ သူ႔မွာ အတြင္းထဲ ဝင္လာႏိုင္တဲ့ ေနာက္ခံေတာင္ပံကစားသမားေတြရွိၿပီး အသင္းက ေဘာလုံး ရယူၿပီး အစျပဳမႈလုပ္ေဆာင္ဖို႔ ႀကိဳးပမ္းခဲ့တယ္။ သူက သူ႔ရဲ႕ ယူအက္စ္ေအအသင္းနဲ႔လည္း အဲဒီအတိုင္း လုပ္ေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.