International World Cup

ပင်နယ်တီမရရင် ပေါ်တူဂီနိုင်မှာမဟုတ်ဘူးလို့ ယုံနေတဲ့ ဂါနာနည်းပြ

ဂါနာနည်းပြ အော့တို အက်ဒိုက ကြာသပတေးနေ့ညက ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ ပေါ်တူဂီအသင်းကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ပင်နယ်တီဆုံးဖြတ်ချက်ကို ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ဒုတိယပိုင်းမှာ မိုဟာမက် ဆာလီဆူရဲ့ ပြစ်ဒဏ်ကျူးလွန်ခြင်းခံခဲ့ရပြီး ကမ္ဘာ့ဖလားသမိုင်းမှာ မတူညီတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ခုစလုံးမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး အမျိုးသားကစားသမားဖြစ်လာစေမယ့် ပင်နယ်တီကို ကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဂါနာအသင်းဟာ ပေါ်တူဂီကို အော့စမန် ဘူကာရီရဲ့ ၈၉ မိနစ်က နောက်ကျသွင်းဂိုးနဲ့အတူ ထိတ်လန့်စေခဲ့တာဖြစ်ပေမယ့်လည်း နာကျင်အချိန်ပိုမှာ ချေပဂိုး မသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီး စကားပြောဆိုရမှာ အက်ဒိုက အမေရိကန်ဒိုင်လူကြီး အစ္စမေးလ် အယ်လ်ဖက်ကို ပေါ်တူဂီအသင်းကို ပင်နယ်တီ ပေးအပ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပြစ်တင်ကြိမ်းမောင်းသွားခဲ့တာ ဖြစ်ပါတယ်။

“ဒိုင်လူကြီးက ပင်နယ်တီမဟုတ်တဲ့ ပင်နယ်တီကို ပေးခဲ့တယ်။ အားလုံးလည်း ဘာကြောင့်လဲဆိုတာကို မြင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက ရော်နယ်လ်ဒိုဖြစ်နေလို့ ဒါမှမဟုတ် တစ်ခုခုဖြစ်နေလို့လား”လို့ beIN Sport ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ဂါနာနည်းပြဟာ ပြစ်ဒဏ်ဘောက ရော်နယ်လ်ဒိုဖြစ်နေခဲ့တဲ့အတွက် ပေးခဲ့တာလို့ ယုံကြည်လားလို့ မေးမြန်းခံရချိန်မှာ အက်ဒိုက “ခင်ဗျား အဲဒါကို ဒိုင်သွားမေးရမယ်လို့ ထင်တယ်။ ကျွန်တော့်မှာ အဲဒါနဲ့ပတ်သက်ပြီး သက်သေအထောက်အထားမရှိပါဘူး။ ကျွန်တော်တို့ ဘောလုံးကစားနေခဲ့တာဖြစ်ပြီး ဘောလုံးကစားနေတာဖြစ်လို့ ထိတွေ့မှုကတော့ ရှိခဲ့ပါတယ်။ သူတို့တွေ အာရုံစိုက်ခဲ့လား ကျွန်တော် မသိပါဘူး။ ဒါမှမဟုတ် VAR ကရော အာရုံမစိုက်ခဲ့တာလားဆိုတာ မသိပါဘူး”

“ခင်ဗျား ရုပ်သံအနှေးပြကွက်ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့က ဘောလုံးကစားနေခဲ့တာပါ။ အဲဒါက အမှန်တကယ်ဆိုရင် ကျွန်တော်တို့တောင် ပြစ်ဒဏ်ဘောရရမှာပါ။ တကယ်လို့ တစ်စုံတယောက်က ဂိုးသွင်းယူခဲ့ရင် ဂုဏ်ပြုပါတယ်။ ဒါပေမယ့် ဒီဂိုးကတော့ တကယ့်ကို လက်ဆောင်ပေးလိုက်ရတာပါ။ ပင်နယ်တီမတိုင်ခင်အထိ အရာအားလုံးက ဖြစ်နိုင်ခဲ့ပါတယ်။ ပင်နယ်တီပေးခဲ့ရပြီးတော့ ပွဲက နည်းနည်း ထိန်းချုပ်မှု မဲ့သွားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂါနာနည္းျပ ေအာ့တို အက္ဒိုက ၾကာသပေတးေန႔ညက ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္မွာ ေပၚတူဂီအသင္းကို ၃-၂ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ပင္နယ္တီဆုံးျဖတ္ခ်က္ကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ဒုတိယပိုင္းမွာ မိုဟာမက္ ဆာလီဆူရဲ႕ ျပစ္ဒဏ္က်ဴးလြန္ျခင္းခံခဲ့ရၿပီး ကမာၻ႔ဖလားသမိုင္းမွာ မတူညီတဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲ ၅ ခုစလုံးမွာ ဂိုးသြင္းယူႏိုင္တဲ့ ပထမဆုံး အမ်ိဳးသားကစားသမားျဖစ္လာေစမယ့္ ပင္နယ္တီကို ကန္သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဂါနာအသင္းဟာ ေပၚတူဂီကို ေအာ့စမန္ ဘူကာရီရဲ႕ ၈၉ မိနစ္က ေနာက္က်သြင္းဂိုးနဲ႔အတူ ထိတ္လန႔္ေစခဲ့တာျဖစ္ေပမယ့္လည္း နာက်င္အခ်ိန္ပိုမွာ ေခ်ပဂိုး မသြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ပြဲအၿပီး စကားေျပာဆိုရမွာ အက္ဒိုက အေမရိကန္ဒိုင္လူႀကီး အစၥေမးလ္ အယ္လ္ဖက္ကို ေပၚတူဂီအသင္းကို ပင္နယ္တီ ေပးအပ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ျပစ္တင္ႀကိမ္းေမာင္းသြားခဲ့တာ ျဖစ္ပါတယ္။

“ဒိုင္လူႀကီးက ပင္နယ္တီမဟုတ္တဲ့ ပင္နယ္တီကို ေပးခဲ့တယ္။ အားလုံးလည္း ဘာေၾကာင့္လဲဆိုတာကို ျမင္ခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒါက ေရာ္နယ္လ္ဒိုျဖစ္ေနလို႔ ဒါမွမဟုတ္ တစ္ခုခုျဖစ္ေနလို႔လား”လို႔ beIN Sport ကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာ ဂါနာနည္းျပဟာ ျပစ္ဒဏ္ေဘာက ေရာ္နယ္လ္ဒိုျဖစ္ေနခဲ့တဲ့အတြက္ ေပးခဲ့တာလို႔ ယုံၾကည္လားလို႔ ေမးျမန္းခံရခ်ိန္မွာ အက္ဒိုက “ခင္ဗ်ား အဲဒါကို ဒိုင္သြားေမးရမယ္လို႔ ထင္တယ္။ ကြၽန္ေတာ့္မွာ အဲဒါနဲ႔ပတ္သက္ၿပီး သက္ေသအေထာက္အထားမရွိပါဘူး။ ကြၽန္ေတာ္တို႔ ေဘာလုံးကစားေနခဲ့တာျဖစ္ၿပီး ေဘာလုံးကစားေနတာျဖစ္လို႔ ထိေတြ႕မႈကေတာ့ ရွိခဲ့ပါတယ္။ သူတို႔ေတြ အာ႐ုံစိုက္ခဲ့လား ကြၽန္ေတာ္ မသိပါဘူး။ ဒါမွမဟုတ္ VAR ကေရာ အာ႐ုံမစိုက္ခဲ့တာလားဆိုတာ မသိပါဘူး”

“ခင္ဗ်ား ႐ုပ္သံအေႏွးျပကြက္ျပန္ၾကည့္မယ္ဆိုရင္ ကြၽန္ေတာ္တို႔က ေဘာလုံးကစားေနခဲ့တာပါ။ အဲဒါက အမွန္တကယ္ဆိုရင္ ကြၽန္ေတာ္တို႔ေတာင္ ျပစ္ဒဏ္ေဘာရရမွာပါ။ တကယ္လို႔ တစ္စုံတေယာက္က ဂိုးသြင္းယူခဲ့ရင္ ဂုဏ္ျပဳပါတယ္။ ဒါေပမယ့္ ဒီဂိုးကေတာ့ တကယ့္ကို လက္ေဆာင္ေပးလိုက္ရတာပါ။ ပင္နယ္တီမတိုင္ခင္အထိ အရာအားလုံးက ျဖစ္ႏိုင္ခဲ့ပါတယ္။ ပင္နယ္တီေပးခဲ့ရၿပီးေတာ့ ပြဲက နည္းနည္း ထိန္းခ်ဳပ္မႈ မဲ့သြားပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.