International World Cup

ဂါနာနဲ့ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် မန်ယူကို ပြင်းထန်တဲ့သတင်းစကားပေးပို့ခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကြာသပတေးနေ့ညက ပေါ်တူဂီအသင်းက ဂါနာကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ မန်ချက်စတာယူနိုက်တက်က အခန်းကဏ္ဍက ပိတ်သိမ်းသွားခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ဂါနာနဲ့ပွဲစဉ်အတွင်း ဒုတိယပိုင်းမှာ ပင်နယ်တီကနေ ဂိုးသွင်းယူပြီး ပေါ်တူဂီကို ဦးဆောင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် သမိုင်းသစ် ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီသွင်းဂိုးကြောင့် ရော်နယ်လ်ဒိုဟာ မတူညီတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ခုမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပြီး ဒီစံချိန်ကို ဘယ်အမျိုးသားကစားသမားကမှ ရရှိခဲ့ဖူးခြင်းမရှိတာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ ပွဲပြီးဆုံးခါနီးအထိ သည်းထိတ်ရင်ဖိုနဲ့ ကစားခဲ့ရပေမယ့်လည်း နောက်ဆုံးမှာတော့ အုပ်စု H ထိပ်ဆုံးမှာ ရပ်တည်စေနိုင်မယ့် နိုင်ပွဲကို ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ အင်္ဂါနေ့ညနေမှာ ၎င်းရဲ့ ပီးယာ့စ် မော်ဂန်နဲ့ အငြင်းပွားဖွယ် အင်တာဗျူးကြောင့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စာချုပ်ဖျက်သိမ်းကြောင်း ကြေညာခြင်းခံခဲ့ရတဲ့အတွက် အသင်းလက်မဲ့ကစားသမားဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာမှုအပြီးမှာ ခက်ခဲတဲ့ ရက်သတ္တပတ်ဖြစ်ခဲ့လားလို့ မေးမြန်းခဲ့တဲ့အချိန်မှာ ရော်နယ်လ်ဒိုက မေးခွန်းမေးနေချိန်အတွင်း ခေါင်းခါခဲ့ပြီး “ကျွန်တော်တို့ အနိုင်ရခဲ့တာက အရေးကြီးပါတယ်။ ဒီအခန်းကဏ္ဍ အဆုံးသတ်သွားခဲ့တ့ ရက်သတ္တပတ်ဖြစ်ခဲ့ပါတယ်။ အဲဒါက ပိတ်သိမ်းသွားခဲ့ပြီဖြစ်ပြီး အခု ကျွန်တော် ကောင်းမွန်တဲ့ခြေနဲ့ စတင်ချင်တယ်။ ကျွန်တော်တို့ စတင်ခဲ့ပြီး အနိုင်ရခဲ့တယ်။ ကျွန်တော် အသင်းကို ကူညီပေးမှာဖြစ်ပြီး ကျန်တာတွေက ဘာမှ အရေးမပါပါဘူး”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ဘာနာဒို ဆေးလ်ဗားက ရော်နယ်လ်ဒိုဟာ ပေါ်တူဂီရဲ့ ကမ္ဘာ့ဖလားကြိုတင်ပြင်ဆင်မှုတွေအတွင်း ပေါ်တူဂီအသင်းဖော်တွေနဲ့ အလွန်ကောင်းမွန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ သူ့အပေါ်မှာ အားထားလို့ရနေဆဲဆိုတာကို သိရလို့ ပျော်ရွှင်မိပါတယ်။ သွင်းဂိုးတွေသာမကဘဲ အသင်းအတွက်လည်း သူ အများကြီး အလုပ်လုပ်ပေးခဲ့ပါတယ်။ နောက် ဘာဆက်ဖြစ်လာမလဲဆိုတာက သူ့ရဲ့ ဆုံးဖြတ်ချက်ပါ။ ဒါက သူ့ကို စာချုပ် ကမ်းလှမ်းတဲ့ သူတွေက ဘယ်သူလဲဆိုတဲ့ ဆုံးဖြတ်ချက်ပါ”

“သူ ဘာလိုချင်လဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ သူ့ဘဝအတွက် သူ ဘာလိုချင်လဲဆိုတာ ကျွန်တော် မသိပါဘူး။ သူ့မိသားစုနဲ့ သူ စကားပြောရမှာဖြစ်ပြီး သူ့အတွက်သူ ဆုံးဖြတ်ရမှာပါ။ ဟုတ်တယ်မလား။ ကျွန်တော် သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အားပေးထောက်ခံသွားမှာပါ။ အဲဒါက သူ့ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ သူ ပေါ်တူဂီမှာ ကျွန်တော့်ရဲ့အသင်းဖော်ပါ။ သူ ပျော်ရွှင်နေရင် ကျွန်တော်တို့လည်း ပျော်ပါတယ်။ သူ ကျွန်တော်တို့နဲ့ အဆင်ပြေနေခဲ့ပါတယ်။ သူ အရမ်းကောင်းမွန်နေခဲ့ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ မန်ချက်စတာယူနိုက်တက်အသင်းဖော်ဟောင်း ဘရူနို ဖာနန်ဒက်စ်ကလည်း ဂါနာနဲ့ပွဲစဉ်မှာ ဂိုးဖန်တီးမှု ၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဝေဖန်မှုတွေက အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးကို လောင်စာဖြည့်ပေးသလို ဖြစ်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။ “သူက အားလုံးဆီကနေ ဝေဖန်မှုတွေအောက်မှာ အလုပ်လုပ်ရတာကို နှစ်သက်တယ်လို့ ကျွန်တော် ထင်တယ်။ အဲဒီတော့ ခင်ဗျားတို့အားလုံး ဒါကို ဆက်လုပ်နိုင်ဖို့ ဆုတောင်းပေးပါတယ်”လို့ ပြောကြားသွားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၾကာသပေတးေန႔ညက ေပၚတူဂီအသင္းက ဂါနာကို ၃-၂ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္က အခန္းက႑က ပိတ္သိမ္းသြားခဲ့ၿပီလို႔ ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ဂါနာနဲ႔ပြဲစဥ္အတြင္း ဒုတိယပိုင္းမွာ ပင္နယ္တီကေန ဂိုးသြင္းယူၿပီး ေပၚတူဂီကို ဦးေဆာင္ခြင့္ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့ၿပီးေနာက္ သမိုင္းသစ္ ေရးထိုးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီသြင္းဂိုးေၾကာင့္ ေရာ္နယ္လ္ဒိုဟာ မတူညီတဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲ ၅ ခုမွာ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ကစားသမားျဖစ္လာခဲ့ၿပီျဖစ္ၿပီး ဒီစံခ်ိန္ကို ဘယ္အမ်ိဳးသားကစားသမားကမွ ရရွိခဲ့ဖူးျခင္းမရွိတာျဖစ္ပါတယ္။

ေပၚတူဂီအသင္းဟာ ပြဲၿပီးဆုံးခါနီးအထိ သည္းထိတ္ရင္ဖိုနဲ႔ ကစားခဲ့ရေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ အုပ္စု H ထိပ္ဆုံးမွာ ရပ္တည္ေစႏိုင္မယ့္ ႏိုင္ပြဲကို ရယူသြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ အဂၤါေန႔ညေနမွာ ၎ရဲ႕ ပီးယာ့စ္ ေမာ္ဂန္နဲ႔ အျငင္းပြားဖြယ္ အင္တာဗ်ဴးေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကာင္း ေၾကညာျခင္းခံခဲ့ရတဲ့အတြက္ အသင္းလက္မဲ့ကစားသမားျဖစ္လာခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကေန ထြက္ခြာမႈအၿပီးမွာ ခက္ခဲတဲ့ ရက္သတၱပတ္ျဖစ္ခဲ့လားလို႔ ေမးျမန္းခဲ့တဲ့အခ်ိန္မွာ ေရာ္နယ္လ္ဒိုက ေမးခြန္းေမးေနခ်ိန္အတြင္း ေခါင္းခါခဲ့ၿပီး “ကြၽန္ေတာ္တို႔ အႏိုင္ရခဲ့တာက အေရးႀကီးပါတယ္။ ဒီအခန္းက႑ အဆုံးသတ္သြားခဲ့တ့ ရက္သတၱပတ္ျဖစ္ခဲ့ပါတယ္။ အဲဒါက ပိတ္သိမ္းသြားခဲ့ၿပီျဖစ္ၿပီး အခု ကြၽန္ေတာ္ ေကာင္းမြန္တဲ့ေျခနဲ႔ စတင္ခ်င္တယ္။ ကြၽန္ေတာ္တို႔ စတင္ခဲ့ၿပီး အႏိုင္ရခဲ့တယ္။ ကြၽန္ေတာ္ အသင္းကို ကူညီေပးမွာျဖစ္ၿပီး က်န္တာေတြက ဘာမွ အေရးမပါပါဘူး”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ မန္ခ်က္စတာစီးတီးကြင္းလယ္ၾကယ္ပြင့္ ဘာနာဒို ေဆးလ္ဗားက ေရာ္နယ္လ္ဒိုဟာ ေပၚတူဂီရဲ႕ ကမာၻ႔ဖလားႀကိဳတင္ျပင္ဆင္မႈေတြအတြင္း ေပၚတူဂီအသင္းေဖာ္ေတြနဲ႔ အလြန္ေကာင္းမြန္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ “ကြၽန္ေတာ္တို႔ သူ႔အေပၚမွာ အားထားလို႔ရေနဆဲဆိုတာကို သိရလို႔ ေပ်ာ္႐ႊင္မိပါတယ္။ သြင္းဂိုးေတြသာမကဘဲ အသင္းအတြက္လည္း သူ အမ်ားႀကီး အလုပ္လုပ္ေပးခဲ့ပါတယ္။ ေနာက္ ဘာဆက္ျဖစ္လာမလဲဆိုတာက သူ႔ရဲ႕ ဆုံးျဖတ္ခ်က္ပါ။ ဒါက သူ႔ကို စာခ်ဳပ္ ကမ္းလွမ္းတဲ့ သူေတြက ဘယ္သူလဲဆိုတဲ့ ဆုံးျဖတ္ခ်က္ပါ”

“သူ ဘာလိုခ်င္လဲဆိုတဲ့အေပၚမွာ မူတည္ပါတယ္။ သူ႔ဘဝအတြက္ သူ ဘာလိုခ်င္လဲဆိုတာ ကြၽန္ေတာ္ မသိပါဘူး။ သူ႔မိသားစုနဲ႔ သူ စကားေျပာရမွာျဖစ္ၿပီး သူ႔အတြက္သူ ဆုံးျဖတ္ရမွာပါ။ ဟုတ္တယ္မလား။ ကြၽန္ေတာ္ သူ႔ရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး အားေပးေထာက္ခံသြားမွာပါ။ အဲဒါက သူ႔ရဲ႕ ဆုံးျဖတ္ခ်က္ပါပဲ။ သူ ေပၚတူဂီမွာ ကြၽန္ေတာ့္ရဲ႕အသင္းေဖာ္ပါ။ သူ ေပ်ာ္႐ႊင္ေနရင္ ကြၽန္ေတာ္တို႔လည္း ေပ်ာ္ပါတယ္။ သူ ကြၽန္ေတာ္တို႔နဲ႔ အဆင္ေျပေနခဲ့ပါတယ္။ သူ အရမ္းေကာင္းမြန္ေနခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုရဲ႕ မန္ခ်က္စတာယူႏိုက္တက္အသင္းေဖာ္ေဟာင္း ဘ႐ူႏို ဖာနန္ဒက္စ္ကလည္း ဂါနာနဲ႔ပြဲစဥ္မွာ ဂိုးဖန္တီးမႈ ၂ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ ေဝဖန္မႈေတြက အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ေလာင္စာျဖည့္ေပးသလို ျဖစ္ခဲ့တယ္လို႔ ယုံၾကည္ေနပါတယ္။ “သူက အားလုံးဆီကေန ေဝဖန္မႈေတြေအာက္မွာ အလုပ္လုပ္ရတာကို ႏွစ္သက္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ အဲဒီေတာ့ ခင္ဗ်ားတို႔အားလုံး ဒါကို ဆက္လုပ္ႏိုင္ဖို႔ ဆုေတာင္းေပးပါတယ္”လို႔ ေျပာၾကားသြားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.