ဘရာဇီးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ မားကင်ညို့စ်၊ ဒါနီလိုနဲ့ အဲလက်စ် ဆန်ဒရိုတို့ကို ပွဲထုတ်လာခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ လူးကပ်စ် ပါကေးတာတို့ကို တွဲပေးခဲ့သလို တိုက်စစ်မှာတော့ ဗီနီးရှပ်စ် ဂျူနီယာ၊ ရာဖင်ညာ၊ နေမာနဲ့ ရစ်ချာလစ်ဆန်တို့ကို တိုက်စစ်ဦးစားပေး ကစားလာခဲ့ကြတာဖြစ်ပါတယ်။
ဆားဘီးယားအသင်းကတော့ ဂိုးသမား ဗားညာ မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်၊ ခံစစ်မှာ မီလင်ကိုဗစ်ချ်၊ ဗယ်လီကိုဗစ်ချ်နဲ့ ပဗ်လိုဗစ်ချ်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ လူကစ်ချ်၊ ဂူဒယ်လီ၊ မလာဒင်နိုဗစ်ချ်၊ ဂျိဗ်ကိုဗစ်ချ်၊ တာဒစ်ချ်၊ ဆာဂေး မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်တို့ကို ခင်းကျင်းခဲ့သလို တိုက်စစ်မှာတော့ မီထရိုဗစ်ချ်တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။
နှစ်သင်းစလုံးရဲ့ ကစားကွက် ကစားဟန်နဲ့ ရည်ရွယ်ချက်ကတော့ ဆန့်ကျင်ဘက်ဖြစ်ခဲ့ပြီး ဆားဘီးယားတို့အနေနဲ့ ခံစစ်အားပြုရင်း ကြီးကြီးမားမား ခြိမ်းခြောက်နိုင်မှု နည်းခဲ့ပေမယ့် ဘရာဇီးလ်တို့ကတော့ တောင်ပံတွေကနေ တိုက်စစ်ကစားခဲ့ပြီး ညာတောင်ပံ ရာဖင်ညာကတော့ စကေးလ်နဲ့ လျင်မြန်မှုကို ပြနိုင်တာလွဲရင် ဖန်တီးမှုပိုင်းမှာ ဘာစီလိုနာက အရန်ခုံထိုင်ရတဲ့ ပုံစံအတိုင်း ဆိုးရွားနေဆဲဖြစ်ခဲ့ပါတယ်။
ဘယ်ခြမ်းက ဗီနီးရှပ်စ်ကို ဆားဘီးယားတို့ အသည်းအသန် ထိန်းခဲ့ရပြီး ပွဲချိန် ၁၃ မိနစ်မှာ ထောင့်ကန်ဘောကို ဂိုးထဲ တိုက်ရိုက်ကန်ထည့်ခဲ့တဲ့ နေမာရဲ့ ဉာဏ်ကြီးရှင်အကွက်က တိကျပြီး ချီးကျူးစရာဖြစ်ခဲ့ပေမယ့် ဂိုးသမား မီလင်ကိုဗစ်ချ်-ဆာဗစ်ချ် ကာကွယ်သွားနိုင်ခဲ့သလို လာဇီယိုကွင်းလယ်လူရဲ့ ညီဖြစ်သူအနေနဲ့ ပွဲချိန် ၂၇ မိနစ်မှာ ဗီနီးရှပ်စ်ရဲ့ ခြေထဲက ဘောလုံးကိုလည်း ဆွဲလုရဲခဲ့တာပါ။
ပွဲချိန် ၃၄ မိနစ်မှာ လှပတဲ့ တွဲလုံးကနေ လွတ်ထွက်သွားပြီး တစ်ယောက်တည်း ကန်ခွင့်ရတာကို ဂိုးသမားတည့်တည့် ခပ်ပျော့ပျော့ ကန်ခဲ့တဲ့ ရာဖင်ညာကတော့ တော်တော်လေး အဖြစ်ဆိုးနေခဲ့သလို ပွဲထွက်လူစာရင်း မတန်ဘူးလို့တောင် ဆိုရမလိုဖြစ်ခဲ့ပြီး ဗီနီးရှပ်စ်ရဲ့ အခွင့်အရေးကောင်းကိုလည်း နောက်ခံလူ မီလင်ကိုဗစ်ချ်က ပိတ်ဆို့သွားနိုင်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေပဲဖြစ်နေခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်စပြီးမှာ ဂိုးသမား မီလစ်ကိုဗစ်ချ်-ဆာဗစ်ချ်ရဲ့ ဂူဒယ်လီဆီ အန္တရာယ်ကြီးတဲ့ ပေးပို့မှုကနေ ရာဖင်ညာက လုပြီး ကန်ပေမယ့် ဆားဘီးယားဂိုးသမားက ပြန်ပိတ်ဆို့သွားနိုင်ခဲ့သလို ပွဲချိန် ၅၄ မိနစ်မှာလည်း ဗီနီးရှပ်စ် တင်ပေးတာကို နေမာက ဧရိယာထဲကနေ အလွတ်ကန်ခွင့် ရခဲ့ပေမယ့် ဘေးကိုပဲ လွဲချော်သွားခဲ့တဲ့နောက် အဲလက်စ် ဆန်ဒရိုရဲ့ အဝေးကန်ချက်ကလည်း တိုင်ထိထွက်ခဲ့တာပါ။
ပွဲချိန် ၆၂ မိနစ်မှာတော့ ဘရာဇီးလ်တို့ အချိန်အကြာကြီး စောင့်စားနေခဲ့တဲ့ ဦးဆောင်ဂိုးကို ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာထိပ်ကနေ နေမာ တစ်ကိုယ်တော်ဆွဲလာပြီး ဘောလုံးအပျက်မှာ ဗီနီးရှပ်စ်က ဝင်ကန်သွင်းခဲ့တာကို ဂိုးသမား မီလင်ကိုဗစ်ချ်-ဆာဗစ်ချ် ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ပြေးဝင်လာတဲ့ ရစ်ချာလစ်ဆန်က အနီးကပ် ပိတ်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၆၇ မိနစ်မှာတော့ ကောင်တာကနေ နေမာ ဘောလုံးပေးဖို့ နောက်ကျနေခဲ့ပြီး ဆားဘီးယားနောက်ခံလူနဲ့ ငြိပြီး ထွက်လာတာကို ဗီနီးရှပ်စ် ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဧရိယာထဲမှာ ချော်လဲသွားခဲ့လို့ နှမြောစရာဖြစ်ခဲ့ရအပြီးမှာတော့ ဆားဘီးယားတို့ဘက်က တိုက်စစ်မြှင့်ကစားဖို့အတွက် ဗလာဟိုဗစ်ချ်နဲ့ လာဇိုဗစ်ချ်တို့ကို ထည့်သွင်းလာခဲ့တာပါ။
ပွဲချိန် ၇၃ မိနစ်မှာတော့ ဘရာဇီးလ်တို့ကပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ နေမာ ပေးတာကို ဗီနီးရှပ်စ်က ဖြတ်တင်ပေးတာကို ဧရိယာထဲက လူကပ်မခံရဘဲ လွတ်နေတဲ့ ရစ်ချာလစ်ဆန်က တစ်ချက်ထိန်းပြီး မြောက်နေတဲ့ ဘောလုံးကို လေထဲမှာပဲ တစ်ပတ်လှည့်ပြီး ဘိုင်စကယ်ကစ်နဲ့ လှလှပပ ကန်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။
ရစ်ချာလစ်ဆန်ကတော့ နေမာရဲ့ နောက်မှာ ဒုတိယမြောက် ဘရာဇီးလ် ကစားသမားအဖြစ် ပထမဆုံး ကမ္ဘာ့ဖလားပွဲထွက်မှာ နှစ်ဂိုးသွင်းယူနိုင်သူလည်း ဖြစ်လာခဲ့ပြီး သူ့ရဲ့ သွင်းဂိုးနှစ်ဂိုးကြောင့်တော့ ချေပဂိုးရဖို့ တင်ကစားနေတဲ့ ဆားဘီးယားတို့ရဲ့ စိတ်ဓာတ်ပိုင်းကို ရိုက်ချိုးလိုက်သလိုဖြစ်ခဲ့သလို လက်ကျန် ပွဲချိန်တွေမှာ ဘရာဇီးလ်တို့ ထိန်းချုပ်သွားနိုင်ခဲ့တာပါ။
လက်ကျန်ပွဲချိန်တွေမှာတော့ ဘရာဇီးလ်တို့ဘက်က လူးကပ်စ် ပါကေးတာ၊ ဗီနီးရှပ်စ်၊ ရစ်ချာလစ်ဆန်၊ နေမာ၊ ရာဖင်ညာတို့အစား ဖရက်ဒ်၊ ရိုဒရီဂို၊ ဂျေဆူးစ်၊ အန်တိုနီနဲ့ မာတီနယ်လီတို့ကို ထည့်သွင်းကစားသွားခဲ့ကြပြီး ဂိုးပေါက်တစ်ကြိမ်မှ မတည့်ဖူးလိုက်တဲ့ ဆားဘီးယားတို့ကတော့ စိတ်လျှော့လိုက်တဲ့အနေနဲ့ မီထရိုဗစ်ချ်အစား နောက်ခံလူ မက်ခ်ဆင်မိုဗစ်ချ်ကို ထည့်သွင်းသွားခဲ့တာဖြစ်ပါတယ်။
ပွဲချိန်အပြည့်မှာတော့ ဘရာဇီးလ်တို့က ဆားဘီးယားတို့ကို ရစ်ချာလစ်ဆန်ရဲ့ သွင်းဂိုးတွေနဲ့အတူ နှစ်ဂိုး-ဂိုးမရှိရလဒ်နဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး အုပ်စု(G) ကို ဦးဆောင်ခဲ့ကြသလို အစောပွဲမှာ ကင်းမရွန်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူထားတဲ့ ဆွစ်ဇာလန်ကို ကျော်တက်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ဆားဘီးယားအသင်းကတော့ ဂိုးသမား ဗားညာ မီလင်ကိုဗစ်ခ်ျ-ဆာဗစ်ခ်ျ၊ ခံစစ်မှာ မီလင်ကိုဗစ်ခ်ျ၊ ဗယ်လီကိုဗစ်ခ်ျနဲ့ ပဗ်လိုဗစ်ခ်ျတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ လူကစ်ခ်ျ၊ ဂူဒယ်လီ၊ မလာဒင်နိုဗစ်ခ်ျ၊ ဂျိဗ်ကိုဗစ်ခ်ျ၊ တာဒစ်ခ်ျ၊ ဆာဂေး မီလင်ကိုဗစ်ခ်ျ-ဆာဗစ်ခ်ျတို့ကို ခင်းကျင်းခဲ့သလို တိုက်စစ်မှာတော့ မီထရိုဗစ်ခ်ျတစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။
ဘယ်ခြမ်းက ဗီနီးရှပ်စ်ကို ဆားဘီးယားတို့ အသည်းအသန် ထိန်းခဲ့ရပြီး ပွဲချိန် ၁၃ မိနစ်မှာ ထောင့်ကန်ဘောကို ဂိုးထဲ တိုက်ရိုက်ကန်ထည့်ခဲ့တဲ့ နေမာရဲ့ ဉာဏ်ကြီးရှင်အကွက်က တိကျပြီး ချီးကျူးစရာဖြစ်ခဲ့ပေမယ့် ဂိုးသမား မီလင်ကိုဗစ်ခ်ျ-ဆာဗစ်ခ်ျ ကာကွယ်သွားနိုင်ခဲ့သလို လာဇီယိုကွင်းလယ်လူရဲ့ ညီဖြစ်သူအနေနဲ့ ပွဲချိန် ၂၇ မိနစ်မှာ ဗီနီးရှပ်စ်ရဲ့ ခြေထဲက ဘောလုံးကိုလည်း ဆွဲလုရဲခဲ့တာပါ။
ပွဲချိန် ၃၄ မိနစ်မှာ လှပတဲ့ တွဲလုံးကနေ လွတ်ထွက်သွားပြီး တစ်ယောက်တည်း ကန်ခွင့်ရတာကို ဂိုးသမားတည့်တည့် ခပ်ပျော့ပျော့ ကန်ခဲ့တဲ့ ရာဖင်ညာကတော့ တော်တော်လေး အဖြစ်ဆိုးနေခဲ့သလို ပွဲထွက်လူစာရင်း မတန်ဘူးလို့တောင် ဆိုရမလိုဖြစ်ခဲ့ပြီး ဗီနီးရှပ်စ်ရဲ့ အခွင့်အရေးကောင်းကိုလည်း နောက်ခံလူ မီလင်ကိုဗစ်ခ်ျက ပိတ်ဆို့သွားနိုင်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေပဲဖြစ်နေခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်စပြီးမှာ ဂိုးသမား မီလစ်ကိုဗစ်ခ်ျ-ဆာဗစ်ခ်ျရဲ့ ဂူဒယ်လီဆီ အန္တရာယ်ကြီးတဲ့ ပေးပို့မှုကနေ ရာဖင်ညာက လုပြီး ကန်ပေမယ့် ဆားဘီးယားဂိုးသမားက ပြန်ပိတ်ဆို့သွားနိုင်ခဲ့သလို ပွဲချိန် ၅၄ မိနစ်မှာလည်း ဗီနီးရှပ်စ် တင်ပေးတာကို နေမာက ဧရိယာထဲကနေ အလွတ်ကန်ခွင့် ရခဲ့ပေမယ့် ဘေးကိုပဲ လွဲချော်သွားခဲ့တဲ့နောက် အဲလက်စ် ဆန်ဒရိုရဲ့ အဝေးကန်ချက်ကလည်း တိုင်ထိထွက်ခဲ့တာပါ။
ပွဲချိန် ၆၂ မိနစ်မှာတော့ ဘရာဇီးလ်တို့ အချိန်အကြာကြီး စောင့်စားနေခဲ့တဲ့ ဦးဆောင်ဂိုးကို ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာထိပ်ကနေ နေမာ တစ်ကိုယ်တော်ဆွဲလာပြီး ဘောလုံးအပျက်မှာ ဗီနီးရှပ်စ်က ဝင်ကန်သွင်းခဲ့တာကို ဂိုးသမား မီလင်ကိုဗစ်ခ်ျ-ဆာဗစ်ခ်ျ ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ပြေးဝင်လာတဲ့ ရစ်ချာလစ်ဆန်က အနီးကပ် ပိတ်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၆၇ မိနစ်မှာတော့ ကောင်တာကနေ နေမာ ဘောလုံးပေးဖို့ နောက်ကျနေခဲ့ပြီး ဆားဘီးယားနောက်ခံလူနဲ့ ငြိပြီး ထွက်လာတာကို ဗီနီးရှပ်စ် ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဧရိယာထဲမှာ ချော်လဲသွားခဲ့လို့ နှမြောစရာဖြစ်ခဲ့ရအပြီးမှာတော့ ဆားဘီးယားတို့ဘက်က တိုက်စစ်မြှင့်ကစားဖို့အတွက် ဗလာဟိုဗစ်ခ်ျနဲ့ လာဇိုဗစ်ခ်ျတို့ကို ထည့်သွင်းလာခဲ့တာပါ။
လက်ကျန်ပွဲချိန်တွေမှာတော့ ဘရာဇီးလ်တို့ဘက်က လူးကပ်စ် ပါကေးတာ၊ ဗီနီးရှပ်စ်၊ ရစ်ချာလစ်ဆန်၊ နေမာ၊ ရာဖင်ညာတို့အစား ဖရက်ဒ်၊ ရိုဒရီဂို၊ ဂျေဆူးစ်၊ အန်တိုနီနဲ့ မာတီနယ်လီတို့ကို ထည့်သွင်းကစားသွားခဲ့ကြပြီး ဂိုးပေါက်တစ်ကြိမ်မှ မတည့်ဖူးလိုက်တဲ့ ဆားဘီးယားတို့ကတော့ စိတ်လျှော့လိုက်တဲ့အနေနဲ့ မီထရိုဗစ်ခ်ျအစား နောက်ခံလူ မက်ခ်ဆင်မိုဗစ်ခ်ျကို ထည့်သွင်းသွားခဲ့တာဖြစ်ပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.