Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၁၂.၉.၂၀၂၀

– ကြင္းလယ္လူ အန္ဂိုလို ကြန္ေတဟာ အသင္းအတြက္ အေျခခံ အုတ္ျမစ္လို အေရးပါတဲ့ ကစားသမားျဖစ္ၿပီး အင္တာမီလန္အသင္းက ကမ္းလွမ္းလာေပမယ့္လည္း ေရာင္းခ်သြားဖို႔ အစီအစဥ္မရွိဘူးလို႔ နည္းျပ ဖရန္႔ လမ္းပတ္ေျပာၾကား။

– ေအဒူယာ မန္ဒီအတြက္ ခ်ဲလ္ဆီးအသင္းနဲ႔ ရင္းေနးအသင္းတုိ႔ၾကားမွာ ေျပာင္းေရႊ႕ေၾကး ယူ႐ို ၂၂ သန္းနဲ႔ သေဘာတူညီႏုိင္ခဲ့ၿပီျဖစ္ၿပီး အျမန္ဆုံး လန္ဒန္ကို လာေရာက္ေဆးစစ္သြားဖို႔ ရွိေနၿပီး အဂၤလန္ရဲ႕ ကြာရန္တင္းေတြနဲ႔ေတာ့ ရင္ဆုိင္ရဦးမွာျဖစ္တယ္လုိ႔ဆုိ။

– ဒက္ကလန္ ႐ိုက္စ္ကို ေခၚယူဖို႔ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၈၀ ကို အျပည့္အဝ မေပးေခ်ခ်င္ခဲ့ေပမယ့္လည္း ႀကဳိးစားမွဳတစ္ခုအေနနဲ႔ ကြင္းလယ္လူ ေရာ့စ္ ဘာကလီကို အလုိက္ေပးၿပီး ဝက္စ္ဟမ္းအသင္းဆီ ခ်ဲလ္ဆီးကမ္းလွမ္းမယ္လုိ႔ သတင္းထြက္ေပၚလာ။

– အသင္းရဲ႕ လူငယ္ေတာင္ပံကစားသမား ဟဒ္ဆန္-အိုဒြဳိင္းအေနနဲ႔ ကစားခြင့္နည္းလာႏုိင္တဲ့ ျပႆနာကို အငွားထြက္ခြာျခင္းနဲ႔ပဲ ေျဖရွင္း သြားရဖြယ္ရွိေနၿပီး နည္းျပ လမ္းပတ္ကလည္း သူ႕ရဲ႕ စိတ္သေဘာထားနဲ႔ ခံယူခ်က္ကို မႏွစ္သက္တာေၾကာင့္ သင့္ေတာ္တဲ့ ကမ္းလွမ္းမွဳကို လက္ခံသြားဖို႔ရွိေန။

– ဒက္ကလန္ ႐ိုက္စ္ကို လိုခ်င္ေနခဲ့ေပမယ့္ သူတုိ႔ရဲ႕ ပစ္မွတ္ကို ဝက္စ္ဟမ္းဘက္က ေရာင္းခ်လုိျခင္း မရွိတာေၾကာင့္ တျခားပစ္မွတ္ေတြကို ေျပာင္းလဲစဥ္းစားဖြယ္ရွိေနၿပီး အဂၤလန္သားအတြက္ ေခၚေဈး ေပါင္သန္း ၈၀ ကို အသုံးျပဳဖို႔ေတာ့ စိတ္ကူးမရွိဘူးလို႔ ႐ိုမာႏိုထုတ္ေဖာ္။

– ဂိုးသမားတစ္ဦးနဲ႔ ဗဟိုခံစစ္မွဴးေကာင္းတစ္ဦးကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ လိုအပ္ေနဆဲျဖစ္ၿပီး ကီပါ အာရီဇာဘာလာဂါနဲ႔ သီယာဂို ေဆးလ္ဗားတုိ႔ဟာ အေျဖမဟုတ္ေသးေၾကာင္းနဲ႔ အသင္းရဲ႕ အနာဂတ္အတြက္ ေရရွည္အသုံးျပဳႏုိင္မယ့္ ကစားသမားေတြ လိုအပ္ေနတယ္လုိ႔ ေဂ်မီ ကာေရဂါ ေဝဖန္။

– အဂၤလန္ေျမကို ဒီရာသီမွာမွ စတင္ေျခခ်ခဲ့ၿပီး ခ်ဲလ္ဆီးအသင္းနဲ႔ တရားဝင္ပြဲတစ္ပြဲမွ မကစားရေသးေပမယ့္ ဂ်ာမန္တုိက္စစ္မွဴး တီမို ဗာနာဟာ ပရီးမီးယားလိဂ္ရဲ႕ ေရႊဖိနပ္ဆုကို ရယူႏုိင္သူစာရင္းမွာ ထည့္သြင္းၿပီး ထင္ေၾကးေပးခံေနရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ကွင်းလယ်လူ အန်ဂိုလို ကွန်တေဟာ အသင်းအတွက် အခြေခံ အုတ်မြစ်လို အရေးပါတဲ့ ကစားသမားဖြစ်ပြီး အင်တာမီလန်အသင်းက ကမ်းလှမ်းလာပေမယ့်လည်း ရောင်းချသွားဖို့ အစီအစဉ်မရှိဘူးလို့ နည်းပြ ဖရန့် လမ်းပတ်ပြောကြား။

– အေဒူယာ မန်ဒီအတွက် ချဲလ်ဆီးအသင်းနဲ့ ရင်းနေးအသင်းတို့ကြားမှာ ပြောင်းရွှေ့ကြေး ယူရို ၂၂ သန်းနဲ့ သဘောတူညီနိုင်ခဲ့ပြီဖြစ်ပြီး အမြန်ဆုံး လန်ဒန်ကို လာရောက်ဆေးစစ်သွားဖို့ ရှိနေပြီး အင်္ဂလန်ရဲ့ ကွာရန်တင်းတွေနဲ့တော့ ရင်ဆိုင်ရဦးမှာဖြစ်တယ်လို့ဆို။

– ဒက်ကလန် ရိုက်စ်ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ ကို အပြည့်အဝ မပေးချေချင်ခဲ့ပေမယ့်လည်း ကြိုးစားမှုတစ်ခုအနေနဲ့ ကွင်းလယ်လူ ရော့စ် ဘာကလီကို အလိုက်ပေးပြီး ဝက်စ်ဟမ်းအသင်းဆီ ချဲလ်ဆီးကမ်းလှမ်းမယ်လို့ သတင်းထွက်ပေါ်လာ။

– အသင်းရဲ့ လူငယ်တောင်ပံကစားသမား ဟဒ်ဆန်-အိုဒွိုင်းအနေနဲ့ ကစားခွင့်နည်းလာနိုင်တဲ့ ပြဿနာကို အငှားထွက်ခွာခြင်းနဲ့ပဲ ဖြေရှင်း သွားရဖွယ်ရှိနေပြီး နည်းပြ လမ်းပတ်ကလည်း သူ့ရဲ့ စိတ်သဘောထားနဲ့ ခံယူချက်ကို မနှစ်သက်တာကြောင့် သင့်တော်တဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖို့ရှိနေ။

– ဒက်ကလန် ရိုက်စ်ကို လိုချင်နေခဲ့ပေမယ့် သူတို့ရဲ့ ပစ်မှတ်ကို ဝက်စ်ဟမ်းဘက်က ရောင်းချလိုခြင်း မရှိတာကြောင့် တခြားပစ်မှတ်တွေကို ပြောင်းလဲစဉ်းစားဖွယ်ရှိနေပြီး အင်္ဂလန်သားအတွက် ခေါ်ဈေး ပေါင်သန်း ၈၀ ကို အသုံးပြုဖို့တော့ စိတ်ကူးမရှိဘူးလို့ ရိုမာနိုထုတ်ဖော်။

– ဂိုးသမားတစ်ဦးနဲ့ ဗဟိုခံစစ်မှူးကောင်းတစ်ဦးကို ချဲလ်ဆီးအသင်းအနေနဲ့ လိုအပ်နေဆဲဖြစ်ပြီး ကီပါ အာရီဇာဘာလာဂါနဲ့ သီယာဂို ဆေးလ်ဗားတို့ဟာ အဖြေမဟုတ်သေးကြောင်းနဲ့ အသင်းရဲ့ အနာဂတ်အတွက် ရေရှည်အသုံးပြုနိုင်မယ့် ကစားသမားတွေ လိုအပ်နေတယ်လို့ ဂျေမီ ကာရေဂါ ဝေဖန်။

– အင်္ဂလန်မြေကို ဒီရာသီမှာမှ စတင်ခြေချခဲ့ပြီး ချဲလ်ဆီးအသင်းနဲ့ တရားဝင်ပွဲတစ်ပွဲမှ မကစားရသေးပေမယ့် ဂျာမန်တိုက်စစ်မှူး တီမို ဗာနာဟာ ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုကို ရယူနိုင်သူစာရင်းမှာ ထည့်သွင်းပြီး ထင်ကြေးပေးခံနေရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.