Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၁၂.၉.၂၀၂၀

– လူငယ္ဂိုးသမား မာဆယ္လို ပီတာလူဂါအတြက္ ဖလူမီနန္စီအသင္းနဲ႔ လီဗာပူးလ္အသင္းတုိ႔ၾကား ေျပာင္းေရႊ႕ေၾကး သေဘာတူညီမွဳ ရရွိခဲ့ၿပီျဖစ္ၿပီး သုံးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆုိသြားမွာျဖစ္သလို အသက္ ၁၈ ႏွစ္ မျပည့္ေသးေပမယ့္ ဂ်ာမန္ပတ္စ္ပုိ႔စ္ကို ကိုင္ေဆာင္ထားတဲ့ ကစားသမားအေနနဲ႔ ေစာင့္ဆုိင္းဖို႔ မလိုဘဲ အျမန္ဆုံးေရာက္လာဖို႔ရွိေန။

– ေဂ်ာ္ဂ်င္နီယို(ဂ်ီနီ) ဗိုင္နယ္လ္ဒြမ္အေနနဲ႔ အသင္းကေန ထြက္ခြာဖို႔ မရွိေတာ့ဘဲ ဘာစီလိုနာနည္းျပ ေရာ္နယ္လ္ ကိုးမန္းနဲ႔ ပူးေပါင္းဖို႔ အႀကံကို စြန္႔လႊတ္လုိက္ၿပီျဖစ္သလို တစ္ႏွစ္က်န္ စာခ်ဳပ္သက္တမ္းကိုလည္း တုိးျမႇင့္သြားဖို႔ လီဗာပူးလ္နဲ႔ ေဆြးေႏြးေနတယ္လို႔ဆုိ။

– အန္ဒါလက္ခ်္အသင္းရဲ႕ ဘယ္လ္ဂ်ီယမ္လူငယ္ေတာင္ပံကစားသမား ယယ္ရမီ ဒိုကူကို ေရာင္းခ်မယ္ဆုိတဲ့ သတင္းေတြကို ဥကၠဌက ျငင္းဆုိျခင္း မျပဳဘူးလို႔ သိရၿပီး လီဗာပူးလ္အေနနဲ႔ ေပါင္ ၂၃ သန္းတန္ ကမ္းလွမ္းမွဳကို ျပဳလုပ္ဖို႔ စိတ္ဝင္စားေန။

– ပရိသတ္မပါတဲ့ အန္းဖီးလ္ဟာ အန္းဖီးလ္နဲ႔ မတူေတာ့ဘူးလို႔ ေျပာထားတဲ့ လိဒ္စ္နည္းျပ ဘီယယ္လ္ဆာကို ယာဂန္ ကေလာ့ပ္က ဒါဟာ မိမိတုိ႔ လီဗာပူးလ္အသင္းရဲ႕ အိမ္ကြင္းျဖစ္ေနတာေၾကာင့္ သူ႕ရဲ႕ ေျပာစကား မမွန္ေၾကာင္းနဲ႔ တစ္ခါမွ မကစားဖူးေသးတဲ့ အသင္းက ဘာေတြ ထူးျခားတယ္ဆုိတာကို လက္ေတြ႕သိရလိမ့္မယ္လို႔ တုံ႔ျပန္ေျပာၾကား။

– လီဗာပူးလ္အသင္းရဲ႕ တုိက္စစ္မွဴးေဟာင္းတစ္ဦးျဖစ္တဲ့ နီးလ္ မယ္လာက ကြင္းလယ္အတြက္ သီယာဂို အယ္လ္ကန္တာရာကို အျမန္ဆုံး ေခၚယူသြားဖို႔နဲ႔ ေတာင္ပံအတြက္ မာေနးရဲ႕ လက္ေရြးစင္အသင္းေဖာ္ အစၥမုိင္လာ ဆားရ္ကို ေခၚယူဖို႔ အသင္းကို တုိက္တြန္း။

REF: INTENET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လူငယ်ဂိုးသမား မာဆယ်လို ပီတာလူဂါအတွက် ဖလူမီနန်စီအသင်းနဲ့ လီဗာပူးလ်အသင်းတို့ကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး သုံးနှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်သလို အသက် ၁၈ နှစ် မပြည့်သေးပေမယ့် ဂျာမန်ပတ်စ်ပို့စ်ကို ကိုင်ဆောင်ထားတဲ့ ကစားသမားအနေနဲ့ စောင့်ဆိုင်းဖို့ မလိုဘဲ အမြန်ဆုံးရောက်လာဖို့ရှိနေ။

– ဂျော်ဂျင်နီယို(ဂျီနီ) ဗိုင်နယ်လ်ဒွမ်အနေနဲ့ အသင်းကနေ ထွက်ခွာဖို့ မရှိတော့ဘဲ ဘာစီလိုနာနည်းပြ ရော်နယ်လ် ကိုးမန်းနဲ့ ပူးပေါင်းဖို့ အကြံကို စွန့်လွှတ်လိုက်ပြီဖြစ်သလို တစ်နှစ်ကျန် စာချုပ်သက်တမ်းကိုလည်း တိုးမြှင့်သွားဖို့ လီဗာပူးလ်နဲ့ ဆွေးနွေးနေတယ်လို့ဆို။

– အန်ဒါလက်ချ်အသင်းရဲ့ ဘယ်လ်ဂျီယမ်လူငယ်တောင်ပံကစားသမား ယယ်ရမီ ဒိုကူကို ရောင်းချမယ်ဆိုတဲ့ သတင်းတွေကို ဥက္ကဌက ငြင်းဆိုခြင်း မပြုဘူးလို့ သိရပြီး လီဗာပူးလ်အနေနဲ့ ပေါင် ၂၃ သန်းတန် ကမ်းလှမ်းမှုကို ပြုလုပ်ဖို့ စိတ်ဝင်စားနေ။

– ပရိသတ်မပါတဲ့ အန်းဖီးလ်ဟာ အန်းဖီးလ်နဲ့ မတူတော့ဘူးလို့ ပြောထားတဲ့ လိဒ်စ်နည်းပြ ဘီယယ်လ်ဆာကို ယာဂန် ကလော့ပ်က ဒါဟာ မိမိတို့ လီဗာပူးလ်အသင်းရဲ့ အိမ်ကွင်းဖြစ်နေတာကြောင့် သူ့ရဲ့ ပြောစကား မမှန်ကြောင်းနဲ့ တစ်ခါမှ မကစားဖူးသေးတဲ့ အသင်းက ဘာတွေ ထူးခြားတယ်ဆိုတာကို လက်တွေ့သိရလိမ့်မယ်လို့ တုံ့ပြန်ပြောကြား။

– လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ နီးလ် မယ်လာက ကွင်းလယ်အတွက် သီယာဂို အယ်လ်ကန်တာရာကို အမြန်ဆုံး ခေါ်ယူသွားဖို့နဲ့ တောင်ပံအတွက် မာနေးရဲ့ လက်ရွေးစင်အသင်းဖော် အစ္စမိုင်လာ ဆားရ်ကို ခေါ်ယူဖို့ အသင်းကို တိုက်တွန်း။

REF: INTENET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.